အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၂၆ အောက်တိုဘာ ၂၀၁၆

၁၉:၅၁:၂၄
788050

မိန်းကလေးငယ်များကို မဖွယ်မရာလုပ်ခဲ့သည့် သြစတြေးလျနိုင်ငံသား ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်မှာ မိန်းကလေးငယ်တွေကို မဖွယ်မရာ လုပ်ခဲ့တဲ့ သြစတြေးလျ အမျိုးသားတယောက်ကို တရားရုံးက ထောင် ၁၅ နှစ် ကျခံစေဖို့ အမိန့်ချလိုက်ပါတယ်။

 



အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်မှာ မိန်းကလေးငယ်တွေကို မဖွယ်မရာ လုပ်ခဲ့တဲ့ သြစတြေးလျ အမျိုးသားတယောက်ကို တရားရုံးက ထောင် ၁၅ နှစ် ကျခံစေဖို့ အမိန့်ချလိုက်ပါတယ်။

အသက် ၇၀ အရွယ် ရောဘတ်အန်ထရူး ဖက်ဒီအဲရစ် ဆိုတဲ့ အမျိုးသားဟာ အသက် ၇ နှစ်နဲ့ ၁၇ နှစ်အရွယ်ကြား ရှိတဲ့ ကလေး ၁၁ ယောက်ကို ကျန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ မဖွယ်မရာ လုပ်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ဒီနှစ်ဆန်းပိုင်းမှာ အဖမ်းခံခဲ့ရပါတယ်။

အခုတော့ သူ့မှာ ပြစ်မှု ထင်ရှားကြောင်း တွေ့ရှိရတဲ့အတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တဲ့အကြောင်း တရားသူကြီး ဝါယန် စူကာနီလာက အမိန့်ချပါတယ်။ တရားခံရဲ့ ရှေ့နေကတော့ အမှုကို အယူခံ ဝင်သွားမယ်လို့ ပြောပါတယ်။

အမိန့်ချအပြီးမှာ မစ္စတာအဲရစ်က သူ့အနေနဲ့ ဝမ်းနည်းတဲ့အကြောင်း ပြောရုံကလွဲလို့ တခြား ပြောစရာ စကားမရှိဘူးလို့ ပြောသွားပါတယ်။

ဘာလီကျွန်းပေါ်က ဒီလို အမှုတွေမှာ  သြစတြေးလျနိုင်ငံသား အတော်များများ စွပ်စွဲခံထားရပါတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံ ရဲအဖွဲ့တွေဟာ သြစတြေးလျကနေ အင်ဒိုနီးရှားသွားပြီး ကလေးငယ်တွေကို မဖွယ်မရာ လုပ်မယ့် လူတွေကို တားဆီးဖို့ ပူးပေါင်းဆောင်ရွက်နေပါပြီ။

အင်ဒိုနီးရှားမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဖြစ်လာရင် ၉၀ ရာခိုင်နှုန်းက လူသိမခံဘဲ ဖုံးကွယ်ထားတဲ့အတွက် တိကျတဲ့ အရေအတွက် သိရဖို့ ခက်ခဲပါတယ်။

======================================
251/End