အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၈ နိုဝင်ဘာ ၂၀၁၆

၂၀:၂၂:၁၃
790712

အေမာမ်မဲဟ်ဒီ (အ.ဂျ) နှင့်ပတ်သက်သည့် အချို့ သိစရာများ

အေမာမ်မဲဟ်ဒီ (အ.ဂျ) နှင့်ပတ်သက်သည့် အချို့ သိစရာများ တင်ပြအပ်ပါတယ်။






၁ ။ အေမာမ်(အ.ဂျ) သည် ဟီဂျရီ သက္ကရာဇ် ၂၅၅ ခုနှစ် တွင် အီရတ်နိုင်ငံ စာမရာမြို့တွင် ဖွားမြင် တော်မူ ခဲ့ပါသည်။

၂ ။ ကွန်နီယသ်တော်မှာ အဘူလ်ကာစင်မ် ဖြစ်ပါသည်။

၃ ။ အလ်ကာဗ်တော်များမှာ မဲဟ်ဒီယေမောင်အူဒ် (အ.ဂျ) ၊ အေမာမ်မေ အစ်္စရ် (အ.ဂျ) ၊ဆွာဟေဗွန်ဇ် ဇမာန် (အ.ဂျ) ၊ ဗကီးယာသွလ္လာဟ် (အ.ဂျ) ၊ ကာအေမ် (အ.ဂျ) တို့ ဖြစ်ပါသည်။

၎ ။ ဖခမည်းတော်မှာ အေမာမ် ဟစန်အစ္စကရီ (အ.စ) ဖြစ်ပြီး မယ်တော်မှာ နရ်ဂျစ်ခါတွန် (ခ) စူစန် (စ.အ) ဖြစ်ပါသည်။

၅ ။ (၅) နှစ်သားအရွယ်အထိ ဖခမည်းတော်၏ အုပ်ထိန်းမှု အောက်တွင် နေထိုင်ခဲ့ရပါသည်. (၅)နှစ်သား အရွယ်၌ ပင် ဖခမည်းတော်သည် အစ္စလာမ့် ရန်သူ ၊အဟ်လေ့ဘိုက်သ် (အ.စ) ၏ ရန်သူ မင်းဆိုး မင်းညစ်မှ ရှဟီးဒ်လုပ်ခြင်း ခံခဲ့ရတော်မူလေသည်။

၆ ။ အေမာမ်(အ.ဂျ) ၏ ဂိုက်ဗိုသ်သေဆိုဂ်ရာသည် ဟီဂျရီ သက္ကရာဇ် ၂၆၀ မှ ၃၂၉ အထိ ယေဘုယျ အားဖြင့် နှစ်ပေါင်း ၇၀ နီးပါး ကြာမြှင့်ခဲ့ ပါသည်။

၇ ။ အေမာမ်(အ.ဂျ)၏ ဂိုက်ဗိုသ်သေကိုဗ်ရာသည် ဟီဂျရီ သက္ကရာဇ် ၂၆၀ မှ အလ္လာဟ်ဟို အရှင်မြတ် သခင် ကိုယ်တော်အား ထင်ထင်၊ရှားရှား ဖူးပွင့်တော်မူခွင့် ပေးချိန် အထိ ဖြစ်ပါသည်။ ယခု လက်ရှိ အချိန်သည် ကိုယ်တော်၏ ဂိုက်ဗိုသ်သေကိုဗ်ရာ အချိန် ဖြစ်ပါသည်။

၈ ။ အေမာမ်(အ.ဂျ) ကဲ့သို့ ဟဇရသ် ခေဇ်ရ် (အ.စ) ၊ဟဇရသ် အီဒရစ်ဇ် (အ.စ) ၊ဟဇရသ် အီလယာစ် (အ.စ) ၊ဟဇရသ် အီစာ (အ.စ) အား မြတ်အလ္လာဟ် မှ အကွယ်တွင် ထား တော်မူထား ပေ သည်။

၉ ။ အေမာမ်(အ.ဂျ) ၏ ဂိုက်ဗိုသ်သေကိုဗ်ရာ အချိန်တွင် အေမာမ်(အ.ဂျ) ၏ ကိုယ် စား လှယ် တော်များ မှာ ဟဇရသ် အွစ်မန်ဗင်စအီးဒ် (ရ.ဟ) ၊ ဟဇရသ် မိုဟမ္မဒ်ဗင် အွစ်မန် (ရ.ဟ) ၊ ဟဇရသ် ဟိုစိုင်း(န) ဗင် ရိုဟ် (ရ.ဟ) ၊ ဟဇရသ် အလီ ဗင် မိုဟမ္မဒ် စမရီ (ရ.ဟ) တို့ ဖြစ်ပါသည်။

၁၀။ရှိက်ခ် ဇိုင်နွတ်ဒ်ဒီးန် အလီ အေဗ်နေဖွာဇေလ် မာဇင်ဒရာနီ (ရ.ဟ) သာသနာ့ပညာရှင်ကြီးမှ ဟီဂျရီ သက္ကရာဇ် ၂၉၀ တွင် ဂျဇီးရေဟ်ခေဇ်ရဟ် တွင် အေမာမ် (အ.ဂျ) နှင့်တွေ့ဆုံခဲ့ပါသည်။

၁၁။ ရှိက်ခ် ဇိုင်နွတ်ဒ်ဒီးန် အလီ အေဗ်နေဖွာဇေလ် မာဇင်ဒရာနီ (ရ.ဟ) သာသနာ့ပညာရှင်ကြီးမှ ဟီဂျရီ သက္ကရာဇ် ၂၉၀ တွင် ဂျဇီးရေဟ်ခေဇ်ရဟ် တွင် အေမာမ် (အ.ဂျ) နှင့်တွေ့ဆုံခဲ့ကြောင်း ဗေဟာကျမ်းတွင် ပါရှိပြီး မဂျာလစ် စိုလ် မိုမေနီဆိုသည့် စာအုပ်တွင်လည်း လေ့လာနိုင်ပါသည်။

၁၂ ။ ဤ ခရီးစဉ်သည် (၁၇) ရက်ကြာပြီး ထိုကျွန်း(ဂျဇီးရေဟ်ခေဇ်ရဟ်) တွင် ရှိက်ခ် ဇိုင်နွတ်ဒ်ဒီးန် အလီ အေဗ်နေဖွာဇေလ် မာဇင်ဒရာနီ (ရ.ဟ) မှ (၁၈) ရက်တာ နေထိုင်ခဲ့ပါသည်။

၁၃ ။ အေမာမ် (အ.ဂျ) အထင် အရှား စတင်ဖူးပွင့်မည့် မြို့ မှာ မက္ကာဟ် ရွှေမြို့ တော် ဖြစ်ပါသည်။

၁၄။ ကိုယ်တော်(အ.စ) ၏ (အထူး) သာဝကတော်ပေါင်း ၊ (အထူး) တပ်သားပေါင်း ၃၁၃ ပါး ဖြစ် ပါ သည်။

၁၅ ။ ကိုယ်တော်(အ.စ) ၏ (အထူး)သာဝကတော်ပေါင်း ၊ (အထူး) တပ်သားပေါင်း ၃၁၃ ပါး သည် ယေဘုယျအားဖြင့် ၁၀၁ မြို့ မှ ဖြစ်ပေမည်။

၁၆ ။ ကိုယ်တော် (အ.ဂျ) ၏ တပ်သားပေါင်း အစ ပထမတွင် ၃၁၃ ယောက် ရှိမည် ဖြစ်ပြီး နောက် တွင် ၁သောင်း ကျော် သွားပေမည်။

၁၇ ။ ကိုယ်တော် (အ.စ) ၏ တပ်သားအများစု မှာ ၊ သွာလေကန်မြို့ မှ ၂၄ ဦး ၊ ကွမ်းမြို့ မှ ၁၈ ဦး ၊ နေရှာပူရ် မြို့ မှ ၈ ဦး ၊ မဒါအင်မြို့ မှ ၈ ဦး ၊ အဆွာဗေကာဖ် ၇ ဦး၊ ကူဖာ မြို့ မှ ၁၄ ဦး ၊ မဒီနာ မြို့ မှ ၁၀ ဦး ၊ ကာရှမ်းမြို့ မှ ၈ ဦး ၊ အာဗဒန်မြို့ မှ ၉ဦး ၊ကတ်ဇ်ဝီးမြို့ မှ ၁၀ ဦး (စသည်…. ) ဖြစ်ပါသည်။

၁၈ ။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာဒစ် ရှီးရာဇီး မှ မိမိ၏ကျမ်း ( المهدی عج فی القرآن ) တွင် အေမာမ်(အ.ဂျ) နှင့်ဆက်နွယ်နေသည့် အာယသ် တော်ပေါင်း ၁၀၆ ပါး ရှိကြောင်း ရေးသား သီးကုံးထားပါသည်။

၁၉ ။ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) အနေဖြင့် ဂိုက်ဗိုသ်သေကိုဗ်ရာ အချိန်တွင် ဒိုအာယေ ဂရီးက် ကို များများ ဖတ်ရွတ်ရန် မိန့်ကြားတော်မူထားပါသည်။

၂၀ ။ အေမာမ် (အ.ဂျ)နှင့်ပထမဆုံး ဗိုင်အသ် ပြုမည့်သူမှာ ဟဇရသ် ဂျီဗရီအီး (အ.စ) ဖြစ်ပေသည်။

၂၁ ။ ဟဇရသ် ဂျီဗရီအီး (အ.စ) ပြီးနောက် (အထူး) သာဝကတော်ကြီး ၃၁၃ ပါး ဗိုင်အသ် ပြုကြမည် ဖြစ်ပါသည်။

၂၂ ။ မက္ကာဟ် ရွှေမြို့ တော်တွင် အေမာမ်(အ.ဂျ) ထံ လူ ၁သောင်း အထိ လူ စု လာကြပေမည်။

၂၃ ။ အေမာမ် (အ.ဂျ) အထင် အရှားဖူးပွင့်တော်မူ ပြီးနောက် မက္ကာဟ်ရွှေမြို့ တော်မှ ၊ မဒီနာ ရွှေမြို့ တော် ပြီးနောက် နဂျဖ်ဖေအရှရဖ် သို့ သွားကြွမြန်းတော်မူ ဖြစ်ပါသည်။ ကူဖာ မြို့  သည် ကိုယ်တော် (အ.ဂျ) ၏ နန်းဆိုက်မည့် မြို့ တော် ဖြစ်ပေမည်။

၂၄ ။ ။ အေမာမ် (အ.ဂျ) အထင် အရှားဖူးပွင့်တော်မူ ပြီးနောက် နဂျဖ်ဖေအရှရဖ် မြို့ တွင် ကမ္ဘာ့ အကြီးဆုံး မစ်ဂျစ်ဒ် တော်အား ဆောက်လုပ်တည်ထောင်မည် ဖြစ်ပါသည်။ ၎င်း မစ်ဂျစ်ဒ် ၏ တံခါး ပေါက်ပေါင်း ၁၀၀၀ ရှိမည် ဖြစ်ပါသည်။

၂၅ ။ အေမာမ် (အ.ဂျ) အထင် အရှားဖူးပွင့်တော်မူချိန် အေမာမ် မိုဟမ္မဒ်ဘာကေရ် (အ.စ)၏ ဟဒီးစ်တော်အရ မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏အလံတော် ၊ ဟဇရသ် ဆိုလိုင်မန်း(န) (အ.စ) ၏ လက်စွပ်တော် ၊ဟဇရသ် မူစာ (အ.စ) ၏ တောင်ဝှေးတော် နှင့် ကျောက်ခဲ အတူ ရှိနေမည် ဖြစ်ပါသည်။

၂၆ ။ အေမာမ် (အ.ဂျ) အထင် အရှားဖူးပွင့်တော်မူချိန် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ ဟဒီးစ်တော်အရ မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ပထမဆုံးဝတ်တော်မူခဲ့သည့် အဝတ် တော် ရှိမည် ဖြစ်ပါသည်။ ထို အဝတ်တော်၏ ညာဖက် လက်ကောက်ဝတ်နေရာတွင် ကိုယ် တော်မြတ် (ဆွ) ၏ သွားတော် ရှဟီးဒ် ဖြစ်စဉ်က ထွက်ခဲ့ သည့် သွေးအကွက် ရှိနေပေမည်။ ဟဇရသ် ယူစွဖ် (အ. စ) ၏ အဝတ်တော်လည်း ရှိပေမည်။ ကိုယ်တော်မြတ် (ဆွ) ၏ စဟာဗ် အမည်ရှိအမာမာ (ဗောင်းတော် ) ၊ စစ်အဝတ် နှင့် ဓားရှည်တော်လည်း ရှိပေမည်။

၂၇ ။ အေမာမ် (အ.ဂျ) ၏ နန်းသက်၊ အစိုးရ သက်တမ်း မှာ နှစ် ၇၀ ဖြစ်ပြီး နောက်ဆုံး ကိုယ်တော်(အ.ဂျ) ရှဟီးဒ်ဘွဲ့ ကို ခံယူတော်မူပေမည်။

၂၈ ။ အေမာမ် (အ.ဂျ) အား နိုက်ဗေ အေမာမ် ၂ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ် အွဇ်မာ ဆရက်ဒ် ရူဟိုလ္လာဟ် အေမာမ်ခိုမေနီး (ရ.ဟ) နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ် အွဇ်မာဆရက်ဒ် ရှဟာဘွဒ်ဒီး(န) မရ်အရှီးနဂျဖီ (ရ.ဟ) တို့မှ တွေ့ဆုံခွင့်ရခဲ့ကြပါသည်။

၂၉။ အေမာမ်(အ.ဂျ) ဖတ်ရွတ်တော်မူခဲ့သည့် ဇေယာရသ်နာမေ မှာ ဇေယာရသ်သေနာဟီယေ ဖြစ်ပါသည်။

၃၀ ။ အေမာမ်အစ္စကရီ (အ.စ) သခင် သည်မိမိသားတော် (အေမာမ်ဇမာန် (အ.ဂျ) အတွက် အကီ ကာ ပေါင်း ၃၀၀ ပြုပေးတော်မူခဲ့ပါသည်။
 
=====================================
251/End