အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၉ နိုဝင်ဘာ ၂၀၁၆

၁၇:၀၆:၀၇
790903

အန်ဒိုရာနိုင်ငံဝန်ကြီးချုပ် အန်တိုနီမာတီ

အန်တိုနီမာတီပီတစ်သည် ဥရောပတွင် ပြင်သစ်နှင့် စပိန်နိုင်ငံကြား တည်ရှိသော အန်ဒိုရာနိုင်ငံ မှ နိုင်ငံရေးသမားနှင့် ဗိသုကာ ပညာရှင်တစ်ဦးဖြစ်ပြီး ယင်းနိုင်ငံ ၀န်ကြီးချုပ်အဖြစ် ၂၀၁၁ မေလ ကပင် စတင်တာဝန်ယူခဲ့သည်။ ၂၀၁၅ ပါလီမန်ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက် တင်မြှောက်ခံခဲ့ရသည်။



အန်တိုနီမာတီပီတစ်သည် ဥရောပတွင် ပြင်သစ်နှင့် စပိန်နိုင်ငံကြား တည်ရှိသော အန်ဒိုရာနိုင်ငံ မှ နိုင်ငံရေးသမားနှင့် ဗိသုကာ ပညာရှင်တစ်ဦးဖြစ်ပြီး ယင်းနိုင်ငံ ၀န်ကြီးချုပ်အဖြစ် ၂၀၁၁ မေလ ကပင် စတင်တာဝန်ယူခဲ့သည်။ ၂၀၁၅ ပါလီမန်ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက် တင်မြှောက်ခံခဲ့ရသည်။


မာတီကို အက်စ်ကယ်လ် ဒက်စ်အန်ဂေါဒါနီဒေသတွင် မွေး ဖွားခဲ့ပြီး တူလောက်စ်တက္ကသိုလ် အမျိုးသား ဗိသုကာကျောင်း၌ ပညာသင်ကြားခဲ့ကာ ၎င်း၏ အ လုပ်အကိုင်မှာ ဗိသုကာပင်ဖြစ် သည်။

မာတီသည် ၁၉၉၃ က နိုင်ငံ ရေးပါတီများ ပါဝင်ပတ်သက် သော ပထမဆုံးပါလီမန်ရွေး ကောက်ပွဲတွင် လစ်ဘရယ်ယူနီယံ အဖွဲ့ဝင်အဖြစ် ရွေးကောက်တင် မြှောက်ခံခဲ့ရသည်။ ၁၉၉၄ နှင့်၂၀၀၁ ရွေးကောက်ပွဲများတွင်လည်း ပါလီမန်အမတ်အဖြစ် ထပ်မံရွေးကောက်တင်မြှောက်ခံရ သည်။

၂၀၀၄ တွင်မူ မာတီက ပါလီ မန်အဖွဲ့မှ နုတ်ထွက်ခဲ့ပြီး အန်ဒို ရာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သော အက်စ်ကယ်ဒက်စ်အန် ဂေါ်ဒါနီမြို့တော်ဝန်အဖြစ် ရွေး ချယ်ခံရသည်။

၂၀၁၁ အထိ မြို့တော်ဝန် သက်တမ်းနှစ်ကြိမ်ဆက်တိုက်တာ ၀န်ထမ်းဆောင်ခဲ့သည်။

၂၀၀၉ ရွေးကောက်ပွဲတွင် လစ်ဘရယ်ပါတီ (ယခင်လစ်ဘ ရယ်ယူနီယံ)က ပြုပြင်ပြောင်းလဲ ရေးမဟာမိတ်အဖွဲ့နှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ယင်းရွေး ကောက်ပွဲတွင် ဆိုရှယ်ဒီမိုကရက် တစ်ပါတီကို ရှုံးနိမ့်ခဲ့သော်လည်း ၂၀၁၁ ရှောင်တခင်ရွေးကောက်ပွဲ ၌ အနိုင်ရရှိကာ မာတီလည်း ၀န် ကြီးချုပ်ဖြစ်လာသည်။

၂၀၁၁ တွင် မျက်နှာစာများ စွာ၌ ပူးပေါင်းဆောင်ရွက်ရေး မာတီက ဥရောပသမဂ္ဂနှင့် ညှိနှိုင်း ဆွေးနွေးမှုများ စတင်ခဲ့သည်။ ယင်းညှိနှိုင်းမှုများအတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြုပြင်ပြောင်းလဲခဲ့ပြီး ၎င်းတို့အား နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သည်။ ပြင်သစ်၊ စပိန်တို့နှင့်လည်း အခွန် နှစ်ထပ်ကောက်ယူမှု မရှိစေရေး သဘောတူညီချက် ရယူခဲ့သည်။ အီးယူနှင့် ညှိနှိုင်းမှုများအပြီး ၂၀၁၁ ဇွန်လတွင် ယူရိုငွေကို အန်ဒိုရာနိုင်ငံ၏ တရားဝင်ငွေကြေး အဖြစ် သုံးစွဲမှု စတင်ခဲ့သည်။ သို့သော် နှောင့်နှေးမှု အများအပြားကြောင့် ၂၀၁၅ တွင်မှ ယူရိုငွေကို တရားဝင် စတင်သုံးစွဲနိုင်ခဲ့သည်။

===================    
251 / End