အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၁၇ နိုဝင်ဘာ ၂၀၁၆

၂၀:၂၈:၅၈
792636

ထရမ့် သမ္မတ ဖြစ်လာပါက အမေရိကန်ရှိ မွတ်ဆလင်များ သီးသန့် မှတ်ပုံတင်ရဖွယ်ရှိ

ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန်တွင် အမေရိကန်ရှိ မွတ်ဆလင်များကို သီးခြား မှတ်ပုံတင်စေမည့် အစီအစဉ်မျိုး ကျင့်သုံးလာနိုင်ကြောင်း ၎င်း၏ အာဏာလွှဲပြောင်းယူရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အရိပ်အမြွက် ပြောကြားခဲ့သည်။



ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန်တွင် အမေရိကန်ရှိ မွတ်ဆလင်များကို သီးခြား မှတ်ပုံတင်စေမည့် အစီအစဉ်မျိုး ကျင့်သုံးလာနိုင်ကြောင်း ၎င်း၏ အာဏာလွှဲပြောင်းယူရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အရိပ်အမြွက် ပြောကြားခဲ့သည်။

ထရမ့်သည် ရွေးကောက်ပွဲကြို မဲဆွယ်မှုများ အတောအတွင်း၌ အမေရိကန်တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်မလာအောင် ဟန့်တားရန် မွတ်ဆလင်များကို ပြည်ဝင်ခွင့် ပိတ်ပင်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သူ ဖြစ်သည်။ အဆိုပါ သဘောထားမျိုးက အမေရိကန်ရှိ အမျိုးသားရေးဝါဒ ပြင်းထန်သည့် မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။

ယခုအခါ အာဏာလွှဲပြောင်းယူရေး ညှိနှိုင်းဆောင်ရွက်နေသည့် ထရမ့်၏ ကိုယ်စားလှယ် အဖွဲ့သည် ပြည်တွင်းနေ မွတ်ဆလင်များ၏ လှုပ်ရှားသွားလာမှုများကို ခြေရာခံ စောင့်ကြည့်နိုင်မည့် မှတ်ပုံတင်ရေး အစီအစဉ် တစ်ခုကို အကောင်အထည်ဖော်ရန် တိုင်ပင် ဆွေးနွေးလျက်ရှိကြောင်း ကန်းဆက်စ် လွှတ်တော်အမတ် တစ်ဦးဖြစ်သည့် ခရစ်ခ်ျ ကိုဘက်ခ်ျက ပြောကြားခဲ့သည်။

ဒီမိုကရက် ပါတီဘက်က ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတ ဖြစ်လာမည့် ထရမ့်အနေဖြင့် အဆိုပါ အစီအစဉ်ကို အကောင်အထည် ဖော်ဖြစ်ခဲ့ပါက ဆိုးရွားလွန်းသည့် လူမျိုးရေးခွဲခြား ဆက်ဆံမှု တစ်ခုဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ဝေဖန်ထားသည်။

မွတ်ဆလင် မုန်းတီးရေး သီအိုရီများ ဖြန့်ဝေခြင်းကြောင့် လူသိများသော ဖရန့်ခ် ဂက်ဖ်နေးမှာ ထရမ့်၏ ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်နေခြင်းကြောင့် မွတ်ဆလင်များကို မှတ်ပုံတင်စေမည့် အစီအစဉ်တစ်ရပ် ထရမ့်အစိုးရ လက်ထက်တွင် ကျင့်သုံးလာမည်ဟု ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပြီး ဖြစ်သည်။

ဂက်ဖ်နေးသည် လက်ယာစွန်း အယူဝါဒအဖွဲ့ တစ်ခုဖြစ်သည့် လုံခြုံရေးမူဝါဒ စင်တာကို ဖွဲ့စည်းထားသည်။ အဆိုပါ အဖွဲ့သည် ၂၀၁၂ တွင် ဟီလာရီ ကလင်တန်၏ အဓိက နိုင်ငံရေး အကြံပေး တစ်ဦးဖြစ်သူ အစ္စလာမ် ဘာသာဝင် ဟူမာ အေဘီဒင်သည် မွတ်ဆလင် ဘရားသားဟုဒ် အဖွဲ့၏ လျှို့ဝှက် အေးဂျင့်တစ်ဦးဟု လူသိရှင်ကြား စွပ်စွဲခဲ့ဖူးရာ ရီပတ်ဘလစ်ကန်များရော၊ ဒီမိုကရက်များကပါ ဂက်ဖ်နေးအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့ဖူးသည်။

===================    
251 / End