အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၂၈ ဒီဇင်ဘာ ၂၀၁၆

၁၅:၅၁:၀၈
801339

တရုတ်နိုင်ငံကို ဓားစာခံလုပ်ရန် ကြိုးပမ်းနေသော ဒေါ်နယ်ထရန့်

အမေရိကန်၏ ရွေးကောက် ခံသမ္မတ ဒေါ်နယ်ထရန့်က အ ချက်အလက်များကို ကပြောင်းက ပြန်ဖြစ်အောင် လုပ်လိုက်ပြန်ပြီ ဖြစ်သည်။ မမျှမတ ကုန်သွယ်ရေး မူဝါဒဖြင့် အမေရိကန်၏ စီးပွား ရေးကို မတရားပြုကျင့်ခဲ့ခြင်းအ တွက် တရုတ်အား အရေးယူရန် ကျယ်ပြန့်သော ကြိုးပမ်းမှု၏ တစ် စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံ အပေါ် စွပ်စွဲချက်များကို ဒေါ်နယ် ထရန့်က ထပ်မံဆန်းသစ်နေ သည်။ နိုင်ငံခြားပို့ကုန်များအ တွက် အသာစီးရရှိရန် တရုတ်နိုင်ငံက ၎င်းတို့၏ ငွေကြေးကို ခြယ် လှယ်နေသည်ဟု ဒေါ်နယ်ထရန့် က စွပ်စွဲခြင်းဖြစ်သည်။ ယင်းသို့ ပြောကြားမှုများမှာ အန္တရာယ်ရှိသ လို လက်တွေ့အခြေအနေနှင့် လည်း မကိုက်ညီပေ။




အမေရိကန်၏ ရွေးကောက် ခံသမ္မတ ဒေါ်နယ်ထရန့်က အ ချက်အလက်များကို ကပြောင်းက ပြန်ဖြစ်အောင် လုပ်လိုက်ပြန်ပြီ ဖြစ်သည်။ မမျှမတ ကုန်သွယ်ရေး မူဝါဒဖြင့် အမေရိကန်၏ စီးပွား ရေးကို မတရားပြုကျင့်ခဲ့ခြင်းအ တွက် တရုတ်အား အရေးယူရန် ကျယ်ပြန့်သော ကြိုးပမ်းမှု၏ တစ် စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံ အပေါ် စွပ်စွဲချက်များကို ဒေါ်နယ် ထရန့်က ထပ်မံဆန်းသစ်နေ သည်။ နိုင်ငံခြားပို့ကုန်များအ တွက် အသာစီးရရှိရန် တရုတ်နိုင်ငံက ၎င်းတို့၏ ငွေကြေးကို ခြယ် လှယ်နေသည်ဟု ဒေါ်နယ်ထရန့် က စွပ်စွဲခြင်းဖြစ်သည်။ ယင်းသို့ ပြောကြားမှုများမှာ အန္တရာယ်ရှိသ လို လက်တွေ့အခြေအနေနှင့် လည်း မကိုက်ညီပေ။

တရုတ်နိုင်ငံက ငွေကြေး ခြယ်လှယ်ကစားနေသည်ဆိုသော စွပ်စွဲမှုများမှာ အချက်အလက်ခိုင် မာမှုမရှိပေ။ ယင်းနှင့် ဆန့်ကျင်စွာ ပင် အမေရိကန်ဒေါ်လာနှင့် နှိုင်း ယှဉ်လျှင် ယွမ်ငွေတန်ဖိုး အလွန် ကျဆင်းမသွားစေရေး တားဆီး ရန် တရုတ်၏ ဗဟိုဘဏ်က လွန်ခဲ့ သော ၂ နှစ်ခွဲကာလအတွင်း ငွေ ကြေးဈေးကွက်များတွင် ကြားဝင် ကိုင်တွယ်ခဲ့သည်။

တရုတ်နိုင်ငံသည် မကြာ သေးမီကာလအတွင်း နိုင်ငံမှ ငွေ ကြေးစီးထွက်မှုများ ရင်ဆိုင်နေရ သည်။ ယင်းအတွက် ယွမ် (ရန် ဘီနီ)ငွေလဲလှယ်နှုန်းအပေါ် တန် ဖိုးကျဆင်းရေး ဖိအားများရှိလာ ခဲ့သည်။ ထိုသို့ငွေကြေးစီးဆင်း ထွက်ခွာမှုများမှာ အရင်းအနှီးငွေ ကြေးကန့်သတ်ချက်များအပေါ် တရုတ်အစိုးရက လျှော့ပေါ့ပေး လာခြင်းကြောင့်လည်းဖြစ်သည်။ ယင်းမှာလည်း မိသားစုများ၊ ကော်ပိုရေးရှင်းများနှင့် အဖွဲ့အ စည်းအလိုက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နိုင်ငံခြားပိုင်ဆိုင်မှုများ ကို တိုးမြှင့်နိုင်ရေး အစိုးရက လမ်း ဖွင့်ပေးခြင်းလည်းဖြစ်သည်။ ထို သို့ငွေကြေးစီးထွက်မှုများမှာ တရုတ်စီးပွားရေးအလားအလာ အပေါ် စိုးရိမ်မှုများကြောင့်ဖြစ်ပြီး သမ္မတစီကျင်းပင်၏ ခြစားမှုတိုက် ဖျက်ရေးလုပ်ငန်းမှာ ၎င်းတို့အ တွက် ပစ်မှတ်ဖြစ်လာနိုင်သည်ဟူ သော ကြွယ်ဝချမ်းသာသည့် တရုတ်သူဌေးကြီးများ၏ စိုးရိမ်ပူ ပန်မှုများကြောင့်လည်းဖြစ်သည်။

ဈေးကွက်က ပြဋ္ဌာန်းသလို ယွမ်ငွေတန်ဖိုးကျဆင်းခွင့်ပြုမည့် အစား နိုင်ငံမှ ငွေကြေးစီးထွက်မှု များ လျော့နည်းရန်နှင့် ယွမ်ငွေ တန်ဖိုးကျဆင်းခြင်း ဖိအားများ လျော့ပါးစေရန် အလို့ငှာတရုတ် ဗဟိုဘဏ်က ကြားဝင်ခဲ့သည်။ ယင်းအတွက် ကုန်ကျမှုများရှိပါ သည်။ အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပြီး တရုတ်ယွမ်ငွေ၏ တန်ဖိုး တည်ငြိမ်မှုရှိစေရန် တရုတ်ဗဟို ဘဏ်၏ ကြားဝင်ကိုင်တွယ်မှုမှာ တရုတ်အစိုးရအတွက် ကန်ဒေါ် လာ ၉၀၀ ဘီလီယံခန့်ကုန်ကျသွား စေခဲ့သည်။ တရုတ်နိုင်ငံ၏ နိုင်ငံ ခြားအရန်ငွေကြေးများတွင်ပါ ၀င်သော ယူရိုငွေနှင့် ဂျပန်ယန်း ငွေတန်ဖိုးများ ကျဆင်းလာခြင်း ကြောင့်လည်း ထိုမျှကုန်ကျစရိတ် များပြားသွားခြင်းဖြစ်သည်။

ထိုကဲ့သို့ တရုတ်နိုင်ငံ၏ ကိုင်တွယ်မှုမှနေ၍ အမေရိကန်နိုင်ငံ အမြတ်ထွက်ခဲ့ပါသည်။ အကယ်​၍ ၎င်း၏ရှေ့မှ သမ္မတများလုပ် ဆောင်ခဲ့သလို တရုတ်အနေဖြင့် ယွမ်ငွေတန်ဖိုးအား ဈေးကွက်က ပြဋ္ဌာန်းသည့်အတိုင်း ထားရှိရန် ဒေါ်နယ်ထရန့်က တောင်းဆိုခဲ့ မည်ဆိုပါကလည်း ယွမ်ငွေတန်ဖိုး ပို၍ မြန်မြန်ဆန်ဆန်ကျဆင်း သွားမည်ဖြစ်ကာ အမေရိကန်- တရုတ်တိုက်ရိုက်ကုန်သွယ်မှုတွင် တရုတ်၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမို ၍ တိုးတက်သွားစေပါလိမ့်မည်။ ဈေးကွက်အတိုင်း ယွမ်ငွေတန်ဖိုး ကျဆင်းမှုကို ရပ်တန့်အောင်လုပ် ရေး ဒေါ်နယ်ထရန့်က တောင်းဆို ခဲ့ပါကလည်း ငွေကြေးဈေးကွက် တွင် တိုက်ရိုက်ဝင်ရောက်ကြား ၀င်ကိုင်တွယ်ခြင်း မပြုလုပ်ရန် အမေရိကန်က အစဉ်တစိုက် ရှုတ်ချခဲ့သော အပြုအမူကို အား ပေးခြင်းဖြစ်ပါလိမ့်မည်။

ယင်းမှာ အမှန်တကယ်ဖြစ် ပေါ်နေသည့် အချက်အလက်များ ဖြစ်သည်။ သို့သော်ဒေါ်နယ်ထရန့် က အချက်အလက်များနှင့် အလုပ် မလုပ်ပေ။ ထို့အပြင် ယခုဆိုလျှင်  ဒေါ်နယ်ထရန့်မှာ သမ္မတနေရာ ယှဉ်ပြိုင်သူတစ်ဦးမဟုတ်တော့။ ၎င်း၏ စွပ်စွဲချက်များကိုလည်း ထင်ရာမြင်ရာ စွတ်ပြောသော စကားများအဖြစ် ဖယ်ရှားထား၍ မရတော့ပေ။ ဒေါ်နယ်ထရန့်အိမ် ဖြူတော်သို့ ရောက်လာပြီဆိုလျှင် ငွေကြေးခြယ်လှယ်ကစားမှုဖြင့် တရုတ်အား တရားဝင်စွဲချက်တင် ကာ တရုတ်နိုင်ငံမှ သွင်းကုန်အား လုံးအပေါ် ကြီးလေးသော အခွန် အတုတ်များ ချမှတ်မည့်အရေးမှာ ဖြစ်နိုင်ခြေအလွန်ကြီးမားလာ သော ကိစ္စဖြစ်လာခဲ့သည်။

အမေရိကန်၏ ကုန်ထုတ် လုပ်ရေးကဏ္ဍ ပြန်လည်အား ကောင်းလာစေရေး ပြည်တွင်းမူ ၀ါဒ အပြောင်းအလဲများလုပ်၍ အမေရိကန်ကုမ္ပဏီများ နိုင်ငံတ ကာတွင် ယှဉ်ပြိုင်နိုင်စွမ်းမြင့် တက်လာရေး လုပ်ဆောင်ရန်မှာ ခက်ခဲသည်ဆိုခြင်းကို ဒေါ်နယ်ထ ရန့််တစ်ယောက်ကောင်းကောင်း သိပါသည်။

၎င်းအတွက်ဆိုလျှင် တရုတ် နိုင်ငံအပေါ် စကားလုံးများနှင့်အ တူ လုပ်ရပ်များဖြင့် တင်းကျပ်စွာ ကိုင်တွယ်ခြင်းမှာ သင့်တင့် လျောက်ပတ်သော ကိုင်တွယ်မှု ဖြစ်ပုံရပါသည်။

သို့သော်လည်း ထိုကဲ့သို့ သော လုပ်ရပ်များမှာ ထရန့်၏ ရည်မှန်းချက်များကို တိုးတက်စေ မည့်အစား တရုတ်နိုင်ငံထံမှ ရန်လိုသော ချက်ချင်းလက်ငင်းတုံ့ပြန် မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။ ယင်းအတွက် ဖြစ်နိုင်ခြေရှိသော ရလဒ်မှာ နှစ်ဖက်ကုန်သွယ်ရေးအ ပေါ် အပြန်အလှန်လက်တုံ့ပြန် မှု၊ အရေးယူမှုများနှင့်အတူ ကုန် သွယ်မှု ထိုးကျနိုင်သည့်အခြေအ နေဖြစ်ပါသည်။

သက်သက်ညှာညှာဖွင့်ဆိုရ မည်ဆိုလျှင် လက်တွေ့ဆန်သော စီးပွားရေးသမား တစ်ယောက်အ နေဖြင့် ဒေါ်နယ်ထရန့်သည် ခိုင် မာသော အပေးအယူပြုလုပ်နိုင် သည့် အနေအထားရရှိရန် ခြိမ်း ခြောက်မှုများကို အသုံးချနေပြီး နောက်ဆုံး၌ ကျိုးကြောင်းဆင်ခြင် မှုက အောင်ပွဲခံမည်ဟူ၍ ဖြစ် သည်။ သို့သော်ဒေါ်နယ်ထရန့်၏ မီးထိုးပေးသော စကားလုံးများ ဆက်လက်တာရှည်လေ၊ လက် တွေ့စစ်မှန်သော အကျိုးဆက်များထွက်ပေါ်ရန် နီးစပ်လာလေဖြစ် နိုင်ပါသည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ် ရေးစစ်ပွဲအလားအလာရှိနေသည် ဆိုခြင်းကပင် အမေရိကန်၏ စီး ပွားရေးကို ထိခိုက်နိုင်ပါသည်။ ယခုပင်လျှင် ဒေါ်နယ်ထရန့်၏ ရွေးကောက်ပွဲအလွန် မူဝါဒကြေညာ ချက်များနှင့်အတူ မရေရာသော အခြေအနေများ ဖန်တီးခဲ့မှုကြောင့် အမေရိကန်ဒေါ်လာဈေးနှုန်းများ ကို မြင့်တက်သွားစေခဲ့ပါသည်။

တရုတ်နိုင်ငံနှင့် ကုန်သွယ် ရေးစစ်ပွဲခြိမ်းခြောက်မှုနှင့် လက်ရှိ တွင် အမေရိကန်သည် ဆိုးရွား သော ကုန်သွယ်ရေးသဘောတူညီ ချက်များရရှိထားသည်ဟူသော ယူဆမှုများက လတ်တလောတွင် အမေရိကန်၏ စီးပွားရေးထက် တခြားနိုင်ငံများ၏ ရေတိုစီးပွားရေးအလားအလာများကို ထိခိုက်စေ ခဲ့သော်လည်း ဒေါ်လာတန်ဖိုးမြင့် တက်လာသည်ဆိုခြင်းမှာ ဒေါ်နယ်ထရန့်အတွက် သတင်းဆိုးဖြစ်ပါ သည်။

အမေရိကန်၏ နိုင်ငံခြား တင်ပို့မှုများ တိုးမြှင့်ရေးနှင့် အမေ ရိကန်ထက် အလုပ်သမားဈေးပေါ သော နိုင်ငံများမှ အလုပ်အကိုင် များ နိုင်ငံသို့ ပြန်လည်ဆောင်ယူ လာရေး ၎င်း၏ ကတိက၀တ်များ မှာ အကောင်းဆုံးအခြေအနေများ မှာပင် ဖြည့်ဆည်းရန် ခက်ခဲပါ သည်။ ဒေါ်လာတန်ဖိုးမြင့်လာ ခြင်းက အမေရိကန်ကုန်ထုတ်လုပ် မှုကဏ္ဍ၏ နိုင်ငံတကာယှဉ်ပြိုင် နိုင်စွမ်းကို တိုက်စားသွားချိန်တွင် ပို၍ပင် ခက်ခဲပါသည်။ အနည်းဆုံး ရေတိုကာလတွင် ဒုက္ခရောက် နိုင်ပါသည်။

ထိုကဲ့သို့ ကျရှုံးမှုများကို ဒေါ် နယ်ထရန့်က အလှည့်အပြောင်း ဖြစ်ရန် ကြိုးစားကောင်း ကြိုးစား နိုင်ပါသည်။ အထူးသဖြင့် ဒေါ် လာတန်ဖိုး ထိုးတက်သွားစေခဲ့ သော ငွေကြေးစီးဝင်မှုများမှာ ဖက်ဒရယ်အစိုးရ၏ ဘဏ္ဍာရေး ထောက်ပံ့မှုကုန်ကျစရိတ်များကို ကျဆင်းသွားစေခဲ့ခြင်းကြောင့် ထရန့်အတွက် ၎င်း၏ ဘဏ္ဍာရေး နှင့် ဘတ်ဂျက်ဆိုင်ရာမူဝါဒရည် မှန်းချက်များကို အကောင်အထည် ဖော်ရန် နေရာလွတ်ရလာခဲ့သည်။ မည်သို့ပင်ဆိုစေ အကယ်၍ ဒေါ် နယ်ထရန့်က ကိုယ်ကျိုးစီးပွား ကာကွယ်ရေးစကားများ ဆက် ပြောနေပါက ဒေါ်လာတန်ဖိုးဆက် လက်မြင့်တက်ကာ နိုင်ငံခြားတင် ပို့မှုများ အားနည်းလာပြီး ပို၍ကြီး မားသော ကုန်သွယ်ရေးလိုငွေပြမှု ဖြစ်ပေါ်လာမည်မှာ အသေအချာ ပင်ဖြစ်သည်။ တစ်ဖက်တွင်လည်း အင်အားမသေးသော တရုတ်နှင့် လည်း တင်းမာမှုများမြင့်တက်လာ မည်ဖြစ်သည်။

စကားလုံး ပြင်းပြင်းသုံး၍ ပြောဆိုမှုများမှာ အောင်ပွဲခံ အ ခမ်းအနားများတွင် အလုပ်ဖြစ်ပါ သည်။ သို့သော်အချက်အလက် များကို ပြောင်းလဲမသွားစေပါ။ ဒေါ်နယ်ထရန့်က လက်ရှိလမ်းစဉ် အတိုင်း ဆက်လုပ်နေမည်ဆိုလျှင် အမေရိကန်စီးပွားရေးထိခိုက်ပါ လိမ့်မည်။ ယင်းနှင့်အတူ မည်သည့်အကြောင်းပြချက်ကြောင့် ဖြစ်စေ ဒေါ်နယ်ထရန့်ကို ယုံကြည်နေကြ ဆဲ အမေရိကန်မဲဆန္ဒရှင်များ ကြား ယုံကြည်မှုကိုလည်း ထိခိုက် လာပါလိမ့်မည်။
===================    
251 / End