အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၀ ဇန်နဝါရီ ၂၀၁၇

၂၀:၀၅:၀၅
804188

မရ်ဟွန်ဦးမောင်မောင်တာ (ခ) အတာ ရှီးရာဇီး ၏ ၉၂နှစ်မြောက်မွေး နေ့အလှူနှင့် မောင်မောင်တာဖောင်ဒေး ရှင်း ဖွင့်ပွဲ ကျင်းပ + ဓာတ်ပုံမျာ

မရ်ဟွန်ဦးမောင်မောင်တာ (ခ) အတာ ရှီးရာဇီး ၏ ၉၂နှစ်မြောက်မွေး နေ့အလှူနှင့်မောင်မောင်တာဖောင်ဒေး ရှင်း ဖွင့်ပွဲ အားယခုနှစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ တွင် ရန်ကုန်မြို့ မဂို ရှီအာ ခန်းမ တွင် စည်းကား အောင်မြင်စွာကျင်းပပြီး စီးခဲ့နိုင်ကြောင်း ၎င်းအခမ်းအနား တွင် ဘာသာပေါင်းစုံနှင့် စွန္နီ ရှီအဟ် သက်ကြီး ၁၄၀နှင့် သက်လတ်ပိုင်း ၄၈ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။



မရ်ဟွန်ဦးမောင်မောင်တာ (ခ) အတာ ရှီးရာဇီး ၏ ၉၂နှစ်မြောက် မွေးနေ့အလှူ နှင့်မောင်မောင်တာဖောင်ဒေး ရှင်း ဖွင့်ပွဲ အားယခုနှစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ တွင် ရန်ကုန်မြို့ မဂို ရှီအာ ခန်းမ တွင် စည်းကား အောင်မြင်စွာကျင်းပပြီး စီးခဲ့နိုင်ကြောင်း ၎င်းအခမ်းအနား တွင် ဘာသာပေါင်းစုံနှင့် စွန္နီ ရှီအဟ် သက်ကြီး ၁၄၀နှင့် သက်လတ်ပိုင်း ၄၈ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။

ဤပွဲကို ကွယ်လွန်သူ ဦးမောင်မောင်မှ မြင်စေလို ကြောင်း ၎င်း ၏ဇနီး မှ ပြောကြားခဲ့ပါတယ်။

အခမ်းအနားကို ကွယ်လွန်သူ မရ်ဟွန် ဦးမောင်မောင်တာ (ခ) အတာ ရှီးရာဇီး ကိုရည်စူးပြုလုပ်ခြင်းဖြစ်ပါတယ်။ ပထမဦးစွာ ဟာဂျီ မုဟမ္မဒ်ဖိုင်ဇယ် (ခ) ဦးဇော်မင်းမှစူရဟ် ယာစင်န် ဖတ်ရွတ်ပြီး အခမ်းအနား ကို စတင်ခဲ့ပါတယ်။

ပြီးနောက် မဂိုရှီအဟ်ဂျာမေမဇ်ဂျစ်ဒ်လက်ရှိ ရှေ့ဆောင်နမာဇ် မောင်လာနာ မုဟမ္မဒ်ဘာကရ်မာဟ်မူဒီ (ခ)ဦးမင်းသွင် မှ မရ်ဟွမ် ဦးမောင်မောင်တာ၏ သက်တမ်း နောက်ဆုံး ကာလ တွင် ၎င်း နှင့် အနီးကပ်ရှိကြောင်း မရ်ဟွန်၏ နီယဒ် အကြောင်းတို့အား ပြောကြားပေးခဲ့ပါတယ်။ မောင်လာနာ မုဟမ္မဒ် ဘာကရ် သည် မောင်မောင်တာဖောင်ဒေးရှင်းရဲ့နာယက နှင့်သဘာပတိ တာဝန် ရှိသူလည်း ဖြစ်ပါ တယ်။

ပြီးနောက် ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) အစ္စလာမ်သာသနာ ရေးရာကောင်စီဌာနချူပ်-နာယက-အလ်အဇ်ဟာ အစ္စလာမ္မစ် စင်တာကျောင်းအုပ်ကြီး မှ မရ်ဟွန်မ်၏ ဘဝသမိုင်းကို တင်ပြခဲ့ပါတယ်။ ၎င်းသည် မောင်မောင်တာ ဖောင်ဒေးရှင်းအကြံပေးပုဂ္ဂိုလ် လည်း ဖြစ်ပါတယ်။

ဦးမောင်ဂိုဂဖာရီ(အစ္စလမ့်အလင်း)(Ambassador for peace-IIFWP) မှ လည်း လိုအပ်ချက်များ ကိုပြောကြားတင်ပြခဲ့ပါတယ်။ ၎င်းသည်မောင်မောင်တာ ဖောင် ဒေးရှင်း အမှု ဆောင် တစ်ဦး ဖြစ်ပါတယ်။

၎င်းအပြင် ပန်းဘဲတန်းမြို့နယ်စာပေနှင့်စာနယ်ဇင်းဥက္ကဌ စာရေး ဆရာမရွှေဘို သီရိမာလာ(မောင်မောင်တာဖောင်ဒေးရှင်းအမှုဆောင်)၊ ရွှေတိုင်ဦးမြတ်ကို (ရုပ်ရှင် အစည်း အရုံး) ( မောင်မောင်တာဖောင်ဒေးရှင်းအမှုဆောင်)၊ဒေါက်တာသက်စုထွေး ၊မဂိုရှီအဟ်ဂျာမေမဇ်ဂျစ်ဒ်ဂေါပကအဖွဲ့ဝင်ဦးကျော်စွာထွန်း(မောင်မောင်တာဖောင်ဒေး ရှင်းအတွင်းရေးမှူး) နှင့် တက်ရောက်လာသော ဧည့်သည်တော်အားလုံး ကို အထူးကျေးဇူးတင်ရှိကြောင်း မရ်ဟွန် ၏ ဇနီး ma so fia မှ ပြောကြားခဲ့ပါတယ်။ ဝမ်းနည်းဝမ်းသာဖြစ်ရလွန်းလို့အသံတုန်ပြီး သေချာ မပြောနိုင်ကြောင်း ဖောင်ဒေးရှင်း ၏ ဥက္ကဋ္ဌ တာဝန် ကို မိမိ အနေဖြင့် ကျေပွန်စွာ ဆောက်ရွက်ဖို့ ကြိုးစားမည် ဖြစ်ကြောင်း ဖောင်ဒေးရှင်း၏ ဘဏ္ဍာရေးမှူးးနှင့် စာရင်းစစ် အဖွဲ့ဝင်များအား ဆက်လက်ကြေညာ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
==========================
251 / End