အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၄ ဇန်နဝါရီ ၂၀၁၇

၁၉:၄၄:၄၉
804935

ဘာရိန်း ပြည်သူများ နှင့် လုံခြုံရေး တပ်များ အကြား အကြီးအကျယ် တိုက်ခိုက်မှုများ ဖြစ်ပွား / လတ်တလော သတင်း

ဘာရိန်း နိုင်ငံ အလ်ဗလါဒ် ဒေအလ်ကဒီးမ် မြို့ တွင် ဘာရိန်း ပြည်သူများ နှင့် အာလေခလီဖွာ ၏ လုံခြုံရေး တပ်များ အကြား အကြီးအကျယ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါတယ်။


ဇန်နဝါရီလ ၁၄ရက်နေ့ စနေနေ့ ညနေခင်းအချိန် တွင် ဘာရိန်း နိုင်ငံ အလ်ဗလါဒ် ဒေ အလ်ကဒီးမ် မြို့ တွင် ဘာရိန်း ပြည်သူများ နှင့် အာလေ ခလီဖွာ ၏ လုံခြုံရေး တပ်များ အကြား အကြီးအကျယ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ အကြောင်းမှာ နိုင်ငံရေး သမား များ ကို သေဒဏ် ချမှတ်သည့်ကိစ္စ နှင့်ပတ် သက်ပြီးဆန္ဒပြ မှု ကို နှိမ်နင်းချိန် အကြီးအကျယ် နှစ်ဖက် အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ ပါတယ်။

ဂျမ်အီယသ် သေ အစ္စလာမ်မီ အလ်ဝဖါက် အဖွဲ့ ၏ အထွေထွေ အတွင်းရေမှူး ချုပ် ရှိက်္ခ အလီစလ်မန် မွေးဖွားခဲ့သည့်မြို့နေ ပြည်သူများအနေဖြင့် ဇန်နဝါရီလ ၁၄ရက်နေ့ တွင် သေဒဏ် ချမှတ်ခြင်း ခံခဲ့ရသူ နိုင်ငံရေး အကျဉ်းသား ၃ ဦး အတွက် သေဒဏ် အမိန့် ပယ်ချပေးရန် ဆန္ဒပြ ခဲ့ကြပါတယ်။ ၎င်း နိုင်ငံရေး ၃ ဦးအား ဗုံးပေါက်ခွဲ ရတွင်ပါဝင်သည့် ဆွဲ ချက်ဖြင့် သေဒဏ် ပေး ခဲ့ခြင်း ဖြစ်ပါတယ်။

ဘာရိန်း အိုလမာ နှင့် အာလင်မ်များ အနေဖြင့် ဆန္ဒပြပွဲ မပြုလုပ်မည် တစ်ရက်အလျင် ဇန်နဝါရီလ ၁၃ ရက်နေ့ တနင်္ဂနွေနေ့ တွင် လူငယ် နိုင်ငံရေး အကျဉ်း သားများ ကိုသေဒဏ်မှ ကယ်တင်နိုင်ရန် ဒေသ အစုံ မှ လမ်းများပေါ် သို့ ထွက်လာပြီး ဆန္ဒပြ ပေးကြရန် တိုက်တွန်း မေတ္တာ ရပ်ခံခဲ့ခြင်း ဖြစ်ပါတယ်။

တစ်ပတ်အလျင် မင်းစိုးမင်းညစ် အာလေခလီဖွာ တရားရုံး မှ စာမီ မရှီးမအ် ၊ အဘာစ် ဂျမီးလ် သွာဟေရ် အလ်စမီးအ် ၊ အလီ အလ်စန်ဂီးစ် အမည် ရှိ လူငယ် ၃ဦး တို့အား ဆန္ဒပြသူများကို နိုမ်နင်းခဲ့သည့် ယူအေအီ နိုင်ငံသား စစ်သားအချို့ ကို သတ်ခဲ့  သည်ဆိုသည့် ဆွဲချက်ဖြင့် မည်သည့် အထောက်အထား သက်သေ အခိုင်အလုံ မှ မရှိဘဲ သေဒဏ် အမိန့် ချခဲ့ပါတယ်။

ဤလူငယ် ၃ဦး အတွက် သေဒဏ်အမိန့်မှာ အတိပြုပြီး ဖြစ်ပါတယ်။ သေဒဏ်အား လက်တွေ့ အကောင် အထည် ဖော် နိုင်ရန် ဘာရိန်း လက်ရှိ ဘုရင် မလစ်ဟမ်ဒ် ၏ လက်မှတ် သာ ကျန်ရှိနေ ပါသည်။ ဤသေဒဏ်မှာ ၁၉၉၆ ခုနှစ်မှ ယခုနှစ် ၂၀၁၇ ဇန်နဝါရီလ ၁၃ရက် နေ့ အတွင်း ပထမဆုံး နိုင်ငံရေး သမားများ ကို ချမှတ်သည့် သေဒဏ် ဖြစ်ပါတယ်။ ထိုပြင် ၂၀၁၀ ခုနှစ်မှ ယခုနှစ် ၂၀၁၇ ဇန်နဝါရီလ ၁၃ရက် နေ့ အတွင်းမည်သည့် သေဒဏ်အမိန့် အား လက်တွေ့ ဖော်ဆောင်ခဲ့ခြင်း မရှိ သေးချေ။

ဘာရိန်း လုံခြုံရေး တပ်များ အနေဖြင့် ယနေ့ စနေနေ့ တွင် ((ဂျူ)) အမည်ရှိ ထောင်တွင် သေဒဏ် ချမှတ် ထားခြင်းခဲ့ထားရသည့် အထက်ဖော်ပြပါ လူငယ် နိုင်ငံရေး အကျဉ်းသမား ၃ဦး၏ မိသားစု အား နောက်ဆုံး အနေဖြင့် လာရောက်တွေ့ဆုံရန် ဆက်သွယ်ခဲ့ပါတယ်။

ဤဆက်သွယ်မှု သည် သေဒဏ်အား လက်တွေ့ လက်ဆောင်တော့မည် အသွင်ကို ဆောင်လာသဖြင့် ဘာရိန်းပြည်သူ လူထု မှ စိုးရိမ်ဆန္ဒပြရင်း အပြင်းအထန်း တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

 =========================

251 /End