အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
သောကြာနေ့

၂၄ ဖေဖော်ဝါရီ ၂၀၁၇

၁၈:၂၈:၄၅
813848

အမေရိကန်၏ နျူကလီးယားလက်နက် အင်အားကို ချဲ့ထွင်သွားလိုကြောင်း ထရမ့်အတည်ပြု

အမေရိကန် ပြည်ထောင်စု၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို ချဲ့ထွင်သွားရန် ဆန္ဒရှိကြောင်း ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားလိုက်သည်။


အမေရိကန် ပြည်ထောင်စု၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို ချဲ့ထွင်သွားရန် ဆန္ဒရှိကြောင်း ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ အနိုင်ပြီးချိန်က အမေရိကန်၏ နျူကလီးယား လက်နက်တိုက်ကို တိုးမြှင့်ဖြည့်တင်းလိုကြောင်း ထရမ့်က Twitterတွင် ရေးသားဖူးသော်လည်း သမ္မတရာထူး ရရှိခဲ့သည့်နောက်ပိုင်း ယင်းကိစ္စနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့်နိုင်ငံ လုံးဝ မရှိတော့ပါက အံ့ဩကျေနပ်စရာဟု ဆိုနိုင်သော်လည်း ယင်းသို့မဟုတ်ပါက အမေရိကန်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်မှု ထိပ်ဆုံးနေရာသို့ ရောက်နေရန် လိုကြောင်း ထရမ့်က ဆိုသည်။

Reutersနှင့် တွေ့ဆုံချိန်၌ ထရမ့်က အမေရိကန်သည် နျူကလီးယား လက်နက်စွမ်းရည် ကဏ္ဍတွင် ပြိုင်ဘက်များထက် နောက်ကျကျန်နေသည်ဟု ခံစားမိကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။ လတ်တလောတွင် ကမ္ဘာ့အရေး ကျွမ်းကျင်သူများက အမေရိကန်နှင့် ရုရှားတို့မှာ နျူကလီးယား တိုက်ခိုက်မှု တစ်ခုကြုံလာပါ တုံ့ပြန်ရန် လိုအပ်သည့် ပမာဏထက် ပိုမိုသော နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားကြောင်း ဝေဖန်နေကြသည်။

အမေရိကန်တွင် နျူကလီးယားထိပ်ဖူး ၆၈၀၀ ကျော်နှင့် ရုရှားတွင် ၇၀၀၀ မျှထိ အသီးသီး ပိုင်ဆိုင်ထားကြသည်။ ထရမ့်က “တစ်ကမ္ဘာလုံး ဘယ်နိုင်ငံမှာမှ နျူကလီးယားလက်နက် မရှိတာမျိုးကို မြင်ချင်တဲ့သူတွေထဲမှာ ကျုပ်က ထိပ်ဆုံးပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလို မဖြစ်နိုင်ဘူး ဆိုရင်တော့ ကိုယ်က နောက်ကျကျန်မနေနိုင်ဘူး။ ခင်မင်ကျွမ်းဝင်တဲ့ နိုင်ငံတွေ ဖြစ်နေရင်တောင် နျူကလီးယား စွမ်းရည်ကဏ္ဍမှာ အမေရိကန်က တခြားသူတွေထက် နောက်ကျနေလို့ မရပါဘူး”ဟု ပြောကြားခဲ့သည်။

၎င်းက “နိုင်ငံအားလုံး နျူကလီးယားလက်နက် ကင်းစင်နေဖို့ ဆိုတာက အံ့ဩစရာ လှပတဲ့ အိပ်မက်တစ်ခုပါ။ ဒါပေမဲ့ နိုင်ငံတိုင်းက နျူကလီးယား လက်နက်တွေ ကိုင်ဆွဲထားတယ် ဆိုရင်တော့ အမေရိကန်က ဒီကဏ္ဍမှာ ထိပ်ဆုံးရောက်နေဖို့ လိုပါတယ်”ဟုလည်း ဆိုသည်။

Reuterနှင့် အင်တာဗျူးတွင် ထရမ့်က ဥရောပ သမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလားကြောင်း အတည်ပြုခဲ့ပြီး ငွေကြေးဈေးကွက်ကို လှည့်ဖျားကစားရာတွင် တရုတ်သည် ပြိုင်ဘက်မရှိ ထူးချွန်ကြောင်း စသဖြင့် ဝေဖန်ပြောဆိုမှုများပါ ပြုလုပ်သွားခဲ့သည်။

===================
251/End