အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁ မတ် ၂၀၁၇

၂၀:၂၁:၅၄
815028

မွတ်စလင်မ်များ မေ့နေသည့် အဲဟ်လေ့ဘိုက်သ် (အ.စ) (၁)

မွတ်စလင်မ်များ မေ့နေသည့် အဲဟ်လေ့ဘိုက်သ် (အ.စ) (၁) ဆိုသည့်ဆောင်းပါးလေး ကို အောက်ပါအတိုင်း ဖတ်မှတ်လေ့လာ နိုင်ပါတယ်။


အိန္ဒိယနိုင်ငံ နှင့် ကမ္ဘာပေါ်၌ကြီးမား သော မွတ်(စ)လင်(မ) ဖေရ်ကာ(အုပ်စု)နှစ်ခုသည် ရပ်တည်လျက်ရှိသည်။ ဖေရ်ကာတစ်ခု၏ အမည်မှာအဟ်လေ့သရှိန်းယို(ရှီအာ)ဖြစ်၍ ကျန်တစ်ခု၏အမည်မှာအဟ်လေ့စွတ်န္နတ်၊အဟ်လေ့သစနွန်း(စွန်နီ)ဖြစ်သည်။ရှီအာ(အဟ်လေ့သရှိန်းယို)၏ အဟ်ကမ်မေရှာရီးအီး (သာသနာ့ ဥပဒေသများ)ကိုသဘောပေါက်စေရန် အတွက် ဥပဒေသများကို သိရှိ နားလည်စေရန်အတွက်နည်းလမ်းလေးသွယ်ကိုအသုံးပြုကြောင်း သိရှိရပေမည်။ တစ်နည်းဆိုရလျှင် အခြေခံအုတ်မြစ် “လေးခု” ပေါ် ၌ တည်ရှိပေသည်။
မွတ်စလင်မ်များ မေ့နေသည့် အဲဟ်လေ့ဘိုက်သ် (အ.စ) အိန္ဒိယနိုင်ငံနှင့် ကမ္ဘာပေါ်၌ကြီးမား သော မွတ်(စ)လင်(မ) ဖေရ်ကာ(အုပ်စု) နှစ်ခုသည်ရပ်တည်လျက်ရှိသည်။ ဖေရ်ကာတစ်ခု၏ အမည်မှာ အဟ်လေ့သရှိန်းယို(ရှီအာ)ဖြစ်၍ကျန်တစ်ခု၏အမည်မှာ အဟ်လေ့စွတ်န္နတ်၊အဟ်လေ့သစနွန်း(စွန်နီ)ဖြစ်သည်။ရှီအာ(အဟ်လေ့သရှိန်းယို)၏အဟ်ကမ်မေရှာရီးအီး (သာသနာ့ ဥပဒေသများ) ကိုသဘောပေါက်စေရန် အတွက်ဥပဒေသများကို သိရှိ နားလည်စေရန်အတွက် နည်းလမ်းလေးသွယ်ကိုအသုံးပြုကြောင်းသိရှိရပေမည်။ တစ်နည်းဆိုရလျှင် အခြေခံ အုတ်မြစ် “လေးခု” ပေါ် ၌ တည်ရှိပေသည်။ (ပထမ)    ။     ။     ကျမ်းတော်မြတ်ကုရ်အာန်။(قرآن مجید)    (ဒုတိယ)။     ။    စွတ်န္နတ်သေရစူလ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝါအာလေ             ဟီဝစလာမ်) နှင့် အအေမာယေမအ်စူမီး(န)(အလိုင်ဟေမွစ်စလာမ်)             (၁၂ပါး)၏ဘဝ ကျင့်စဉ် ကျင့်ရပ်  များနှင့် မကန့်ကွက်မှုများ။             ဟဇရတ်(သ)ဖွာသေမာ (စလာမ်မွန်လ္လာဟ်အလိုင်ဟာ)             သခင်မ ပါ ပါဝင်ပေသည်။ ( سنت رسول(ص) فعل وقول و تقریر معصومین(ع)) (တတိယ)။      ။    အေဂ်ျမာ (اجماع) သာသနာ့သုခမိန်ကြီးများ၊ အများစု၏ ညီညွတ်             သဘောတူမှု၊ အေမာမ်ဇမာမ်နာ(အလိုင်ဟစ်စလာမ်)လည်း             ပါဝင်ပေသည်။   သို့ သော် ပါဝင်ကြောင်း မသိကြပါ။ (စတုတ္ထ)။    ။    အကဲလ်(عقل) တည်းဟူသော ဆင်ခြင်တုံတရား, အသိဥာဏ်တို့             ဖြစ်ချေသည်။     သို့သော် အမှန်တကယ်အသေအချာပြန်လည် သုံးသပ်ကြည့်လျှင် အေဂ်ျမာ သည်စွတ်န္နတ်သေရစူလ် (ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝအာလေဟီဝစလာမ်) နှင့်အအေမာယေမအ်စူမီး (န) (အလိုင်ဟေမွစ်စလာမ်) (၁၂ပါး) ၏ ဘဝကျင့်စဉ် ကျင့်ရပ်များနှင့် မကန့်ကွက်မှုများ၌ပါဝင်နေပါသည်။အဟ်လေ့စွန္နတ်ညီနောင်တို့အနေဖြင့်လည်း အဟ်ကမ်းမေရှာရီးအီး၊ သာသနာ့ဥပဒေသများကို သဘောပေါက်စေရန်အတွက်နှင့် ဥပဒေသအဖြစ် သတ်မှတ်ရန် အတွက် (ပထမ)    ။     ။     ကျမ်းတော်မြတ်ကုရ်အာန်။(قرآن مجید) (ဒုတိယ)။      ။     စွတ်န္နတ်သေရစူလ်(ဆွ) ။( سنت رسول(ص ) ) (တတိယ)။      ။     အေဂ်ျမာ  (اجماع)သာသနာ့သုခမိန် ကြီးများ,အများစု၏ ညီညွတ်             သဘောတူမှု။ (စတုတ္ထ)    ။      ။     ကရား(စ်) (قیاس) ခေါ်အရာတစ်ခုအား ခြုံငုံပြီး မိမိအထင်ဖြင့်             ခန့်မှန်း ဆုံးဖြတ် ခြင်းတို့အပေါ်အခြေခံပေသည်။     ၎င်းအပြင် အာဆွာဟဟ်တော်ကြီးများ၊သာဝကကြီးများ၏ ကျင့်စဉ်၊ကျင့်ရပ်ကို လည်းပဲသက်သေ အထောက်အထား အဖြစ်လက်ခံကျင့်သုံးကြသည်။သို့သော်ဝမ်းနည်းစွာ မိမိလိုဘက်၊ လုပ်ရပ်အတွက်သာ အာဆွာဟဟ် တော်ကြီးများ၊သာဝကကြီးများ၏ကျင့်စဉ်၊ ကျင့်ရပ်ကိုသက်သေ အထောက် အထား ဖြင့်အသုံးပြုကြသည်။           အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်) ၏ ဘဝနှင့်မိန့်ချွေချက်များ ကိုအဟ်ကမ်းမေရှာရီးအီး သာသနာ့ဥပဒေသ များအဖြစ် သတ်မှတ်၍မိမိဘဝတည်ဆောက်ဖို့အတွက် အဟ်လေစွန္နတ် အများစုသည် မနှစ်သက်ကြပေ။မနှစ်မြို့ကြပေ။ တချို့သည်လုံးဝမသိရှိကြချေ။ ၎င်းတို့၏ အကြီးအကဲများကမျက်စိ၊နားပိတ်ထားကြပေသည်။ သို့သော်လည်း၊ မည်သို့ဆိုစေ၊ လက်ရှိခေတ်ကာလ၌အဟ်လေ့စွန္နတ်၏အကျော်အမော်သာသနာ့ပညာရှင် မောင်လာနာမောင်ဒူဒီဆပ်သည် “ရစာအေလ်လိုမာဆာ အေလ်” ဆိုသည့် စာအုပ်၌ ဤကဲ့သို့ရေးသားထား၏။ ((အကဲလ်အသိဥာဏ်ကို လက်မခံနိုင်သည့် အချက်မှာ အလုပ်တစ်ခုအား သန်းပေါင်းများစွာသော၊ထောင်ပေါင်းများစွာသောလူသားတို့သည် အတူတစ်ကွ ပူးပေါင်း၍ ပြုလုပ်ကြသည်။သို့သော် သိန်းပေါင်းများစွာသော, လူသားတို့သည် မျက်လုံးဖြင့်ကိုယ်တိုင်ကိုယ်ကျ, မျက် မြင်တွေ့ရှိချက်များကို တစ်နည်းဆိုရလျှင် စွန္နတ်၊ဥပဒေသများ, ကျင့်ရပ်များကိုသိရှိ စေရန်၊ သဘောပေါက်စေရန် တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) ၏ အိမ်တော်သူ၊ အိမ်တော်သား (အနွယ်တော်မွန်) များထံမှ ရယူရမည့် အချက်သည် မဖြစ်နိုင်ချေ။))တစ်မျိုးဆိုရလျှင်၊ အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)အား“စံ”နမူနာမှတ်ကျောက်အဖြစ်သတ်မှတ်ဖို့ မလိုပေဟူ၍ ဖြစ်ပေသည်။     မောင်လာနာမောင်ဒူဒီ၏ ရေးသားချက်ကို လေ့လာသုံးသပ်ခြင်းဖြင့်ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား၊ ကွက်ကွက်ကွင်းကွင်း၊ လေ့လာသုံးသပ်နိုင်သည်မှာ- အစ္စလာမ် ဥပဒေသများ, စွန္နတ်တော်များကို မိမိဘဝ၏ စံမှတ်ကျောက်အဖြစ်၊ အာဆွာဘေရစူလ် (ရ.သွေ့)ကို သတ်မှတ်၊ ကျင့်သုံးနိုင်ကြောင်းသိရှိရပေသည်။ တစ်နည်းဆိုရလျှင်-အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)၏ဘဝနှင့် မိန့်ချွေချက်များ၊ ကျင့်စဉ်ကျင့်ရပ်များထက် တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ သာဝကကြီး များ၏ဘဝ၊ မိန့်ရပ်၊ကျင့်စဉ် ကျင့်ရပ်ကို သတ်မှတ်အသိပြု၍ အလေးထားကြရန် ဖြစ်ပေသည်။     မောင်လာနာ မောင်ဒူဒီသည် လှည့်ပတ်မှုနှင့်၊လှည့်ဖြား၊လှည့်စားမှု၌ကျွမ်းကျင်သောကြောင့် ကျော်ကြားပေသည်။ ၎င်း၏“ရစာအေလ်လိုမာဆာအေလ်”စာအုပ်၌ လည်းမွတ်(စ)လင်(မ်)လူထုအား၊ တည်းတည်းမှတ်မှတ်၊ကျမ်းမြတ်ကုရ်အာန်နှင့်အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်) ၏ မြဲမြံမှု၊ ထပ်တူထပ်မျှ ဖြစ်မှုကိုလှည့်ဖြားရန် ကြိုးစားမှုနှင့် မွတ်(စ)လင်(မ်) လူထုကြီးအား အဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်)နှင့် ဝေးကွာအောင် ကြိုးစားထားပေသည်။ ကျွန်တော်ဆိုလိုသည်မှာ ဤသို့လုံးဝ မဟုတ်ပေ။ တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေဝအာလေဟီဝစလာမ်)၏ သာဝကကြီး များထံမှမည်သည့်ပုစ္ဆာကိုမျှ၊မမေးမြန်းရန်ဆိုလိုသည့် အချက်ဖြစ်ပါသည်။ တစ်နည်းဆို ရလျှင်-လည်းကောင်းတို့၏ မိန့်ချက်၊ လုပ်ဆောင်ချက်များကိုစံနမူနာအဖြစ်မကျင့်သုံးပဲ၊ အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်) ထံမှသာပုစ္ဆာကိုသီးသန့် မေးမြန်းရန် မဟုတ်ပေ။ အရာရာတိုင်းအားသူနေရာနှင့်သူထားတတ်ရန် ဖြစ်ပေသည်။ အလုပ်တစ်ခုအား တစ်နည်းဆိုရလျှင်တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ လုပ်ဆောင်ချက်တစ်ခုအားကြည့်ရှုသူ, တမန် တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေဝအာလေဟီဝစလာမ်) နှင့်အတူ ထို အလုပ်ကို လုပ်ဆောင်ခြင်းနှင့်တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) သည်မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သည့်စိတ်ဆန္ဒဖြင့် ပြုလုပ်သည်၊ စသည်တို့၏အဆင့်အတန်း အဆင့်ဆင့် ဖြစ်ပေသည်။တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ လုပ်ဆောင်ချက်တစ်ခုကို မြင်တွေ့ရုံဖြင့် တမန်တော်မြတ်ကြီး (ဆွ)၏  ဆိုလိုချက် ရည်ရွယ်ချက်များကို မသိရှိ၊ နားမလည်၊သဘောမပေါက်နိုင်ပေ။ တစ်နည်းဆိုရလျှင်-တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ လုပ်ဆောင်ချက်တိုင်း ဆန္ဒ အာသီသတိုင်းသည်အလ္လာဟ်ဟိုအရှင်မြတ် ၏ ဝဟီ “ဗျာဒိတ်တော်” များဖြစ်ချေသည်။     တစ်နည်းဆိုရလျှင်- အလ္လာဟ်ဟိုအရှင်မြတ် ၏ မိန့်ရပ်တိုင်း၊ ရည်ရွယ်ချက်တိုင်း၊ နှစ်မြို့မှုကို အလ္လာဟ်နဗီသာလျှင် သိရှိသဘောပေါက်နှိင်သည်။ထို့အပြင် အေလ်မေလာသွန်နီး (علم لدنی)  ပိုင်ရှင်များသာလျှင်သိရှိနိုင်ပေသည်။ မနုသာ လူသားတိုင်း၊ သိရှိသဘော ပေါက်နိုင်ခြင်းသည်မဖြစ်နိုင်ပေ။ အကယ်၍ မနုသာ လူသားတိုင်းသဘောပေါက်မည် ဆိုလျှင်အလ္လာဟ်ဟိုအရှင်မြတ် သည် ဤဘဒ္ဒာ၊ ကမ္ဘာလောက၌ တစ်သိန်း နှစ်သောင်းလေးထောင်သောနဗီတမန်တော် များကို စေလွတ်တော်မူရန်၊ သောင်ရတ်(သ) توریت ၊ ဇဘူးလ် زبور ၊အင်ဂျီးလ်  انجیل၊  ကုရ်အာန်ကျမ်းတော်မြတ် قرآن مجید   များနှင့် တစ်ကွ၊အခြားကျမ်းငယ်များကို ပို့ချရန်မလိုအပ်ပေ။ တိုက်ရိုက်လူသားနှင်၊့ဆက်သွယ်ပေမည်။ အလွန်ရှင်းလင်း ပြတ်သား ပေသည်။     မောင်လာနာမောင်ဒူဒီဆပ်၏ အတွေးအခေါ်ထားရှိသူများအား၊ နားလည် သဘောပေါက်စေရန်ဥပမာ-သာဓက၊ တစ်ခုပေးရလျှင် “အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး၊ဗိသုကာကြီး၊ မဟတ္တမဂန္ဒီ ၏ ဘဝကိုလေ့လာ သုံးသပ် နိုင်ပေသည်။ မဟတ္တမဂန္ဒီဘာတွေလှုပ်ရှားခဲ့ကြောင်း၊ ဘယ်လို အခက်အခဲတွေနှင့် ရင်ဆိုင်ရကြောင်း၊ဘာတွေမိန့်ချွေခဲ့ကြောင်းကို ထောင်ပေါင်း များစွာသော သိန်းပေါင်းများစွာသောလူထုသည် တွေ့မြင်ခဲ့ကြပေသည်။ ထို့အပြင် ရဲဘော်၊ ရဲဘက်များသည်လည်းမဟတ္တမဂန္ဒီ နှင့် တစ်ကွ တိုက်ပွဲဝင် ခဲ့ကြပေသည်။ သို့သော်လည်းပဲ မဟတ္တမဂန္ဒီနှင့်အတူ၊ တိုက်ပွဲ တိုက်ခဲ့သူများ၊ ဂန္ဒီကြီး ၏ လုပ်ရပ်ကိုမြင်ခဲ့သူများအားလုံးသည် ဂန္ဒီကြီး ၏ အဓိကရည်ရွယ်ချက်၊ ဂန္ဒီကြီး ဘာတွေနှစ်ခြိုက်၊နှစ်မြို့၊ နှစ်သက်ကြောင်း၊ မနှစ်သက်ကြောင်း ဂန္ဒီကြီး ၏ ရှေ့အနာဂတ်၏ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ပန်းတိုင်၊ အစီအစဉ်များကို ဂန္ဒီကြီး ၏အနီးကပ်တပည့်များ အချိန်ပြည့် ၄င်းနှင့်အတူ ရှိသောသူများထက် ပို၍မည်သူမှမသိရှိနိုင်ပေ။  ဤသာဓကသည် အသိဥာဏ်ပိုင်ဆိုင်ထားသော လူသားတိုင်းအတွက် အလွန်ထင်ရှားသောသာဓက တစ်ခုပင်တည်း။     အကယ်၍ တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်ချွေတော်မူသည်မှာ “ကျွန်ုပ်၏နောက် ပိုင်း၌ ကျွန်ပ်သည် အလ္လာဟ်ဟိုအရှင်မြတ်၏ စာအုပ်၊ ကျမ်းတော်မြတ်ကုရ်အာန်နှင့် ကျွန်ုပ်၏ အနွယ်မွန်၊ မြတ်အဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) အား မြဲမြံစွာ လက်ကိုင်ထားကြ ကုန်လော့၊ ဤကဲ့သို့လက်ကိုင်ထားမည်ဆိုလျှင် အကျွန်ုပ်၏ လမ်းစဉ်၊ တစ်မျိုးပြောရလျှင် “ ဒီးနေဟက်(က) ” ပေါ်မှလုံးဝ၊ မတိမ်းစောင်း၊ မချွတ်ချော် သွားနိုင်ပေ။”       ဦးနှောက်အသိဥာဏ်ဆင်ခြင်တုံတရား၏နှလုံးသားပိုင်ရှင်တိုင်း ဆုံးဖြတ်ချက် ချနိုင်သည်မှာ  ပြဿနာတိုင်း၊ ပုစ္ဆာတိုင်း၊ ဥပဒေ အဟ်ကမ်တိုင်း ကိုအဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်) ထံမှသာ ရယူဆည်းပူးနိုင်ပေသည်။ မိမိဘဝ၏မှတ်ကျောက်အဖြစ် စံနမူနာအဖြစ်၊ ဘဝ တည်ဆောက်နိုင်ပေသည်။ ထောင်ပေါင်းများစွာသော သာဝကကြီးများ၏ ထင်မြင်ချက် လုပ်ဆောင် ချက်ထက်အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)၏ ထင်မြင်ချက်၊ လုပ်ဆောင်ချက်များကိုအလေးပြု ဦးစားပေး ရပေမည်။     အကြောင်းသည်ကား- အဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) နှင့် ကျမ်းမြတ် ကုရ်အာန်အား မြဲမြံစွာ လက်ကိုင်ထားရန်မိန့်ချွေထားသောကြောင့်ဖြစ်၏။ အဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်)၏ထင်မြင်ယူဆချက်၊ လုပ်ဆောင်ချက်၊ မိန့်ရပ်တိုင်းသည် တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ ထင်မြင်ယူဆချက်၊လုပ်ဆောင်ချက်၊ မိန့်ရပ်ဖြစ်ပေသည်။ တမန်တော်မြတ်ကြီး မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်)၏  ထင်မြင်ယူဆချက်၊ လုပ်ဆောင်ချက်၊မိန့်ရပ်တိုင်းသည် ထာဝရအရှင်သခင်, အလ္လာဟ်ဟို အရှင်မြတ်၏  ထင်မြင်ယူဆချက်၊လုပ်ဆောင်ချက်၊ မိန့်ရပ်ဖြစ်ပေသည်။     ကျွန်တော်တို့ယုံကြည်သည့်မောင်လာနာမောင်ဒူဒီဆပ် သည် အဟ်လေ့ဘိုက် (သ)(အလိုင်ဟေမွစ်စလာမ်) “ ဒီးနေဟက်(က)” အား မွတ်(စ)လင်(မ်) လူထုကြီးနှင့် ဝေးကွာအောင်တိုက်ရိုက်ကြိုးစားထားကြောင်း သိနိုင်ပေသည်။ ယခုလက်ရှိ၊ မျက်မှောက်ခေတ် ကာလ၏အကျော်အမော် အဟ်လေစွန္နတ် ဂျမာအတ်၏ သာသနာ့ပညာရှင် မောင်လာနာမောင်ဒူဒီဆပ်၏စာအုပ် များ၊ ရေးသားချက်များ၊ လေ့လာသုံးသပ်ခြင်းဖြင့်ထင်ရှားစွာသိနိုင်သည်မှာ-ယခုခေတ်တိုင် သာသနာ့ ဥပဒေသများ၏ ရေသောက်မြစ်သည်အဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ထက် သာဝက ကြီးများအား အလေးပေးကြောင်းဖြစ်ပေသည်။ဤအချက်သာသနာ့စာပေ လိုက်စားသူတိုင်း သိရှိပေသည်။ သိလျက်နှင့်မသိယောင် ဆောင်နေသူများလည်း ရှိပေသည်။ (ဤအကြောင်းအရာနှင့်ပတ်သက်၍) အချို့တရားမျှတသည့် နှလုံးသားပိုင်ရှင် စွန်နီ သာသနာ့ပညာရှင်အချို့၏  ရေးသားမှုကိုလေ့လာမှတ်သားနိုင်သည်။အကြောင်းသည်ကား (အဟ်လေ့စွန္နတ်ဂျမာအတ်၏ အဓိကစဟီးစစ်သာ  ကျမ်းကြီး ခြောက်ကျမ်းအနက်မှ တစ်ကျမ်းဖြစ်သော “စဟီးသီးရ်မေဇီးကျမ်း” အတွဲ(၂)စာမျက်နှာ ၂၉၈၊ ၂၉၉၊ ပုံနှိပ်ဒါရွလ်ကုရ်အာန်၊ ဂျအ်မေ့အ်မစ်ဂျစ်ဒ်၊ ဒေ(ဟ)လီ အိန္နိယအူရ်ဒူဘာသာပြန်-အလ္လာမာဆရက်နဇီးရွဟ်ဟက်(က)ဆပ်၊ ကာသရီး၊ ဖွဖ်သီအာလာရေးသားသည်မှာ....တမန်တော်မြတ်ကြီးဟဇရတ်မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်ချွေတော် မူသည်မှာ------- “အိုလူထုအပေါင်းတို့ကျွနှ်ပ်သည် အသင့်တို့အကြား၌ နှစ်ခုသောအရာကို ထားခဲ့တော်မူမည်။အသင်တို့သည် ၎င်းအရာနှစ်ခုအား မြဲမြံစွာလက်ကိုင်ထားမည် ဆိုလျှင်လုံးဝဥဿုန်လမ်းလွှဲ၊ လမ်းမှားမည်မဟုတ်ပေ။ တစ်ခုသည်ကား အလ္လာဟ်ဟိုအရှင်မြတ်၏ကျမ်းတော်မြတ်ကုရ်အာန် နှင့် ကျန်တစ်ခုသည်ကား ကျွန်ုပ်၏အနွယ်တော်မွန် အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်) ဖြစ်ပေသည်။” ထို့နောက်အူရ်ဒူဘာသာပြန်ဆိုသူအလာမာဆရက်ဒ် နဇီးရွဟ်ဟက်(က)ဆပ် သည် မိမိသုံးသပ်၊ရှုမြင်ချက်ကိုဤကဲ့သို့ရင်ဖွင့်ထားပေသည်။ ဤဟဒီး(စ်)တော်၌ အပြည့်အဝ စဉ်းစားဆင်ခြင်သုံးသပ်ရန်မှာ- တမန်တော်မြတ်ကြီး ဟဇရတ် မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေဝအာလေဟီဝစလာမ်) သည် ကျမ်းမြတ် ကုရ်အာန်အား မိမိ၏အနွယ်တော်မွန်အဟ်လေ့ဘိုက်(သ(အလိုင်ဟေမွစ်စလာမ်) နှင့်အတူတကွ အဘယ်ကြောင့်ပေါင်းစပ်ပြီးထားခဲ့သနည်း? ၎င်းအရာနှစ်ခု၏ ပေါင်းစပ်ခြင်း၏ အကြောင်းသည် အဘယ်ကြောင့်နည်း? ကွက်ကွက်၊ ကွင်းကွင်းသိရှိပြီး၊ နားလည် သဘောပေါက်နိုင်သည့်အချက်မှာ-အဟ်လေ့ဘိုက် သေနဗဝီး(အလိုင်ဟေမွစ်စလာမ်) သာလျှင် ကျမ်းတော်မြတ်ကုရ်အာန်အား နားလည် သဘောပေါက်ပြီးထိန်းသိမ်းနိုင်ကြောင်း သီးသန့်ထင်ရှားစေရန် အမှတ်အသား တစ်ခုအဖြစ် သတ်မှတ်ထားကြောင်း ဖြစ်ပေသည်။ ထိုနောက်မိမိ၏အွန်မသ် (နောက်လိုက် နောက်သားများ) အတွက် အဟ်လေ့ဘိုက် (သ)(အလိုင်ဟေမွစ်စလာမ်)အား စံနမူနာ မှတ်ကျောက်အဖြစ် သတ်မှတ်ရန် ဖြစ်ချေသည်။သို့သော် အို! ဝမ်းနည်းဖွယ်၊ ရင်နာဖွယ်ကောင်းလေစွာ! ဖူးစာကံဆိုးသည်မှာ-အဟ်လေ့ဘိုက် (သ)(အလိုင်ဟေမွစ်စလာမ်) ၏ ကုရ်အာန် အဓိပ္ပါယ်ဖွင့်ဆိုချက် အတွေး အခေါ်နှင့် လုပ်ရပ်၏စံနမူနာများကို ကျွန်ုပ်တို့၏အစ္စလာမ်မီးရီဝါယတ် နှင့် လမ်းညွန်မှုများအဖြစ် မတွေ့မြင်နိုင်ပေ။ ထို့နောက် ဤဟဒီး(စ်)တော်ဖြင့် သက်သေ- သာဓက ပြုနိုင်သည်မှာ- အစ္စလာမ်သာသနာတွင်ဆွေမျိုးတော်စပ်မှုဖြင့် မည်သူကိုမျှ မြင့်မြတ်သူ အဖြစ် မသတ်မှတ်နိုင်ပေ။အဓိကအချက်မှာ ဿက်ဝါ (သီလသမာဓိ) (အလ္လာဟ်ဟိုအရှင်မြတ်၏ မိန့်မှာချက်များကိုထမ်းဆောင်ခြင်းနှင့် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်း) သာ မြင့်မြတ်မှု၏အဆင့်အတန်း၊ အရည်အချင်း အစစ် ဖြစ်ချေသည်။     အကယ်၍ဆရက်(ဒ်)ဖြစ်ပြီးဤကဲ့သို့ဆွေမျိုးတော်စပ်မှု နှင့်အတူ အစ်(ခ)လပ် (က)မွန်မြတ်သန့်စင်သောစာရိတ္တ၊ ဿက်ဝါ၊ ပါရေး(စ်)ကာရီ (သီလ၊ သမာဓိ) ရှိသူ၊ အာမာလေဆွာလေ (ကောင်းမွန်၊ မြင့်မြတ်သောလုပ်ရပ်များကို လုပ်ဆောင်သူ)ဖြစ်မည်ဆိုလျှင်“နူးရ်ရလ်အလာနူးရ်၊ နေနဲ့လရွှေနဲ့မြ”လုပ်ရပ်ပင်ဖြစ်ချေသည်။သို့သော်လည်းပဲဆရက်(ဒ်) မဟုတ်သူများ အနေဖြင့်လည်း ပဲသက်(က)ဝါ၊ ပါရေး(စ်) ကာရီရှိသူအဖြစ်ဘဝတည်ဆောက်နိုင်ဖို့ကြိုးစားရန် ဂရုပြုရပေမည်။ (ဆိုလိုသည်မှာ-ကျွန်ုပ်သည်ဆရက်(ဒ်)မဟုတ်၍ ဿက်ဝါ၊ ပါရေး(စ်)ကာရီ နှင့်မသက်ဆိုင်ဟူ၍ မထင်မိစေရန်ဖြစ်ပေသည်။ ဤကဲ့သို့ပင် လက်ရှိမျက်မှောက်ခေတ်၌အချို့ သူများသည် သာသနာဥပဒေများသည် မောင်လာနာ၊ မောင်လာနီများ၊ဂေါပကများနှင့် စသည့်တို့သာ သက်ဆိုင်သည်ဟု အထင်မှားနေသောအချက်ပင်ဖြစ်ပေသည်။     “အူရ်ဒူ ဘာသာပြန်ဆိုသူ အလာမာဆရက်(ဒ်)နဇီးရွတ်ဟက် သည် စဟီးသီးရ်မေဇီး” ကျမ်း ကို ဘာသာပြန်ဆိုပြီး နဖူးစာကံဆိုးသူအဖြစ် ရေးသားပြောဆို ကာ ဤကဲ့သို့ ရေးသား သီကုံးထားပါသည်။အဟ်လေ့ဘိုက်(သ) အသာဟာ (အလိုင်ဟေမွစ်စလာမ်)၏ ကုရ်အာန် အဓိပ္ပါယ်ဖွင့်ဆိုချက်အတွေးအခေါ် နှင့် လုပ်ရပ်၏ စံနမူနာများကို ကျွန်ုပ်တို့၏အစ္စလာမ် မီးရီဝါယတ်နှင့် လမ်းညွန်မှုများအဖြစ် မတွေ့မြင်ရပေ ဟူ၍ရေးသားထားပေသည်။ မေးခွန်း မေးစရာရှိသည်မှာ- အဘယ်ကြောင့်နည်း? အဟ်လေ့ဘိုက်(အလိုင်ဟေမွစ်စလာမ်)၏ စံနမူနာ၊ လုပ်ရပ်ဘဝ၊ တည်ဆောက်မှုများအမိန့်ဩဝါဒ တော်များမရှိသလော့? အဘယ်ကြောင့် အဟ်လေ့ဘိုက်(အလိုင်ဟေမွစ်စလာမ်)၏ စံနမူနာ၊ လုပ်ရပ်၊ ဘဝ တည်ဆောက်မှုများ အမိန့်ဩဝါဒတော်များမတွေ့ရှိကြသလော့? အဟ်လေ့ဘိုက်(အလိုင်ဟေမွစ်စလာမ်) ၏ စံနမူနာလုပ်ရပ်၊ဘဝတည်ဆောက်မှုများ အမိန့်ဩဝါဒတော်များ ရှိသော်လည်းပဲ၊ အကျိုးအမြတ်အဖြစ်အသုံးမပြု တတ်၍လော့? အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်) ၏ စံနမူနာ၊လုပ်ရပ်၊ ဘဝ တည်ဆောက်မှုများ အမိန့်ဩဝါဒ တော်များကို ဖျက်စီးပစ်၍လော့? မှတ်သား စရာပင်တည်း။ ၎င်းကဲ့သို့ ရေးသားရန် သတ္တိရှိသူ၊ ရဲရင့်သူသည်အလွန်ပင်နည်းပါး ပေသည်။     အတိတ်သမိုင်းက ပြဆိုနေသည်မှာ “စကီးဖာ” တွင်(ဟူးကူးမတ်) အစိုးရ အဖြင့် အာဏာသိမ်းယူပြီး နောက်နှင့်အစ္စအလာမ်နိုင်ငံအများစု၌ အဟ်လေစွန္နတ်၏ ဥပဒေသများ ကနေရာယူထားပြီးနောက် အဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ၏ ဥပဒေသများ၊ စံနမူနာလုပ်ရပ်၊ ဘဝတည်ဆောက်မှုများသည်အဘယ်ကြောင့် ပျောက်ပြယ် နေရပါသနည်း? မည်သို့သော် တရားခံ၊ ဥပဒေသချိုးဖေါက်သူ၊ ဆန့်ကျင်သူတို့၏ အမိန့် အာဏာကြောင့် ပျောက်ပြယ်နေရပါသနည်း? သို့မဟုတ် အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)၏ စံနမူနာ မှတ်ကျောက်မိန့်ရပ်ဩဝါဒ တော်များနှင့် ဘဝ တည်ဆောက်မှုများရှိနေသော်လည်း အဘယ်ကြောင့် မျက်မှောက်ခေတ် “ အိုလမာ သာသနာ့ ပညာရှင်ကြီးများ”  အနေဖြင့်  အကျိုး၊ အမြတ်၊မထုတ်ကြပါသလော့? လည်း ကောင်း မေးခွန်း များအားလုံး၏ အဖြေရလဒ်မှာထင်ထင်ရှားရှား ဤသို့ဖြစ်၏။ “မြန်မာစကား အရပြောရလျှင် ဗေဒင်သွားမမေးနှင့် ဆန်သာ ကုန်မည် ဖြစ်၏။” အဟ်လေ့ဘိုက်(အလိုင်ဟေမွစ်စလာမ်)၏အမိန့်အာဏာ ဘဝ တည်ဆောက် မှုများကို ဖျောက်ဖျက်ရန်၊ ဖျက်ဆီးချေမှုန်းရန်အတွက်အာဏာရှင် (အစ္စအလာမ့် အမည်ခံ)တို့သည် အမိန့်အာဏာကို အရေးအကြီးဆုံးအခန်းဏ္ဍအဖြစ် အသုံးပြု ခဲ့ကြပေသည်။ ထိုခေတ် ကာလ၌ ရှိကြကုန်သော သာသနာ့ပညာရှင်အိုလမာကြီးများ သည်လည်းပဲ၊ အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်) ၏ စံနမူနာမှတ်ကျောက် ဩဝါဒ၊ မိန့်ရပ်များနှင့် လုပ်ဆောင်ချက်များကိုသိရှိကြသော်လည်းပဲ၊ အာဏာရှင်တို့၏ ရန်အသွယ်သွယ် တို့ကြောင့် မျက်ကွယ်ပြုကြကုန်၏။ဤကဲ့သို့ ဖျက်ဆီးချေမှုန်းမှုသည် အတိတ်ကာလ၌ ဖြစ်ချေ၏။ ယခုမျက်မှောက်ကာလတွင်လည်းပဲ အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)၏ စံနမူနာမှတ်ကျောက် ဩဝါဒမိန့်ရပ် များနှင့်ဘ ဝတည်ဆောက်မှုလုပ်ရပ်များကို ဆက်လက်၍ဖျက်ဆီးချေမှုန်းရန်၊ ဖျက်သိမ်းရန်ကြိုးစား နေကြသည်။ ၎င်းတာဝန်ကို “ဝါဟာဘီ (ခ)စလ်ဖီး၊ သဗာလီး(ဂ)ဂျမအတ်”တို့မှာ တာဝန်ယူလုပ်ဆောင်လျက် ရှိပေသည်။နောက်ဆုံး အဖြေရလဒ်မှာ မအ်ဝေယာ(လ.န)၊ ရဇီး(ဒ)(လ.န)၏ ခေလာဖသ်နှင့် ပတ်သက်၍  ``ခေလာဖသ်မအ်ဝေယာဝါယဇီး(ဒ)´´   ( خلا فت معاویه(لع) و یزید(لع ဆိုသော စာအုပ်ကို ပုံနှိပ်ထုတ်ဝေပြီးဖြစ်ပေသည်။ယနေ့ခေတ်ကာလအချိန်တွင် ယဇီး(ဒ)မလ်အူးမ်၊ လာနတ်သွလ္လာဟ်ကို လမ်းမှန်ပေါ်၌ရှိသူ ဟူ၍ပြောဆိုနေသူများသည် နောင်တရစွာဖြင့် မိမိ၏ ဦးခေါင်းကို ဦးညွတ်ခြင်းမပြုသည့်အပြင် မွတ်(စ)လင်(မ) လူထုကြီးအား တိုက်ရိုက် အခြေခံကျကျ၊သင်ခန်းစာများ ပို့ချလျက်ရှိပေသည်။ အေမာမ်ဟိုစိုင်း (န) (အလိုင် ဟစ်စလာမ်)သခင်ကြီး၏ လုပ်ရပ်၊ ရပ်တည်ချက်များကို ယဇီး(ဒ)(လ.န)နှင့် ယှဉ်ပြိုင်မည်ဆိုလျှင်(معاذالله) အေမာမ်ဟိုစိုင်း(န) (အလိုင်ဟစ်စလာမ်) သခင်ကြီး၏လုပ်ရပ်သည် မှားယွင်းသည် ဟုသင်ခန်းစာများ စသည်ဖြင့်... ပေး လျက်ရှိ၏။မည်သည့်လုပ်ရပ်မဆို၊လုပ်ဆောင်ချက်မဆို မှားယွင်းပါသည်ဟု ပြောဆိုရန် လွယ်ကူသော်လည်းပဲ၊၎င်းမှားယွင်းမှုကို သက်သေအထောက်အထားပြရန်မှာ အလွန်ခက်ခဲ သော လုပ်ရပ်ဖြစ်သည်။အေမာမ်ဟိုစိုင်း(န) (အလိုင်ဟစ်စလာမ်) သခင်ကြီး၏ လုပ်ရပ်နှင့်၊ရပ်တည်ချက်အား မှားယွင်းပါသည်ဟု ပြောဆိုနေ ကြသူများသည်အေမာမ်ဟိုစိုင်း(န)(အလိုင်ဟစ်စလာမ်) အားရှာ ဟီးဒ်(شهید)  “သာသနာ့အာဇာနည်သူရဲကောင်း” ဖြစ်သည်ကိုလည်းပဲ လက်ခံ အတည်ပြု ကြပေ သည်။သနားစရာကောင်းလှသည်မှာ မှားယွင်းမှု၌ ရပ်တည်သူ မှားယွင်းမှုကိုလုပ်ဆောင်သူသည် အဘယ်သို့ ရှာဟီးဒ် ဖြစ်သွားသနည်း? ၎င်းအုပ်စု တို့သည် ယခုလက်ရှိအချိန်အထိ အေမာမ်ဟိုစိုင်း(န) (အလိုင်ဟစ်စလာမ်) အား ရှာဟီးဒ်ဖြစ်ခြင်းမှငြင်းပယ်ရန် အစွမ်းသတ္တိမရှိကြသေးပေ။ အဟ်လေ့စွန္နတ် ဂျမာအတ်၏  အချို့သာသနာ့ပညာရှင်ကြီး များသည် အေမာမ်ဟစန် (အလိုင် ဟစ်စလာမ်) သခင်ကြီး နှင့်အေမာမ်ဟိုစိုင်း(န)(အလိုင်ဟစ်စလာမ်) သခင်ကြီး၏ ရှာဟီးဒ်၊ ရှာဟာဒသ် အားအမှန်တကယ် ရစူလ် လွလ္လာဟ်တမန်တော်မြတ်ကြီး ဟဇရတ်မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ ရှာဟာဒသ် အဖြစ် အသိအမှတ်ပြု ယုံကြည်ကြပေသည်။အကယ်၍ ဤအချက်ကို လေ့လာ သုံးသပ်၊ ဖတ်ရှုလိုလျှင်  "سرالشهادتینစေရို(ရှ)ရှာဟာဒသ်သိုင်း(န) စာအုပ်၌ အထင်အရှား လေ့လာမှတ်သားနိုင်ပေသည်။ အခုလို ပျော့ပျောင်းသည့်ခေတ် (အရောင်ဆိုးထားသည်ခေတ်)ကာလ၌ အဟ်လေ့ဘိုက် (သ) (အလိုင်ဟေမွစ်စလာမ်) ((معرفت  မအ်ရေဖတ်(သ)  ရှိဖို့ရန် အလွန်အရေးကြီး ပေသည်။ အကြောင်းမှာကားဝါဟာဘီး(ခ)သဗာလီး(ဂ)ဂျမာအတ်၏ ဥာဏ်နီ၊ ဥာဏ်နက် များဖြင့် ပြည့်နှက်နေသော အန္တရာယ်အသွယ်သွယ်တို့အား ခုခံကာကွယ်နိုင်ဖို့အတွက် ဖြစ် ချေသည်။ဤကဲ့သို့အဟ်လေ့ဘိုက် (သ) (အလိုင်ဟေမွစ်စလာမ်) (معرفت)မအ်ရေဖတ် (သ) နှင့် ပတ်သက်ပြီးပီပီ ပြင်ပြင်သိရှိ နားလည်ရန် ကြိုးစားအားထုတ်ခြင်း သည် မွတ်(စ)လင်(မ)ဘာသာဝင်တိုင်း ၏ သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ပေသည်။ အဟ်လေ့ဘိုက် (သ)(အလိုင်ဟေမွစ်စလာမ်)၏ မြင့်မြတ်သန့်စင် မှုတို့နှင့်ပက်သက်၍အဟ်လေ့စွန္နတ်ဂျမာအတ် ၏ ကျမ်းကြီးများ၌ အထင်အရှားတွေ့ရှိ နိုင်ပေသည်။သိရှိစေရန် အနည်းအကျဉ်း ဖေါ်ပြရမည်ဆိုလျှင် ကျွန်ုပ်(စာရေးသူ)သည်အကျဉ်းချုပ် ကျမ်းငယ်ရေးသား သီကုံးရာ၌ ဟဒီးစ်တော်၏ ဟဒီးစ် နံပါတ်ကိုသာ ဖေါ်ပြမည်။ဤဟဒီးစ်တော်များသည် စဟီးသီးရ်မေဇီး၏ ဟဒီးစ်တော်များ ဖြစ်ပေသည်။အကယ်၍သီးရ်မေဇီးဟဒီးစ်ကျမ်း၏အူရ်ဒူဘာသာပြန်သူအလာမာ၏ထူးခြားမှု ရေးသားဖွဲ့ဆိုသီကုံးမှုများရှိလျှင်ဖေါ် ပြမည်။ဟဒီးစ်တော်အမှတ်(၁၉၁၉) “တမန်တော်မြတ်မိုဟာမ္မဒ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီ ဝစလာမ်) သခင်ကြီး မိန့်ကြားတော်မူသည်မှာ- - “ကျွန်ုပ်သည်အသင်တို့အတွက် ထိုအရာနှစ်ခုကို ထားပေးခဲ့တော်မူမည်။ အကယ်၍ ၎င်းအရာနှစ်ခု၏သာမာမ် “ဝတ်ယုံ” ကိုမြဲမြံစွာဆုပ်ကိုင်ထားမည် ဆိုလျှင်(၎င်းအရာနှစ်ခု၏အမိန့်ဩဝါဒများကို သေသေ ချာချာလိုက်နာကျင့်သုံးခြင်း ပြုမည်ဆိုလျှင်)ကျွန်ုပ်၏ နောက် လုံးဝ၊ လုံးဝ၊ ဥဿုန်၊ လမ်းလွှဲ၊ လမ်းမှားသို့ရောက်မည်မဟုတ်ပေ။ ၎င်းအရာနှစ်ခုသည် ကြီးကျယ် မြင့်မြတ်သန့်စင်လှပေသည်။၎င်းအရာနှစ်ခုအနက်-တစ်ခုသည်ကား အလ္လာဟ်ဟိုအရှင်မြတ်၏ ကျမ်းဂန်၊ ကျမ်းမြတ်ကုရ်အာန် “အလ္လာဟ်ဟို အရှင်မြတ်၏ ကြိုးတော်” ဖြစ်ပေသည်။ ၎င်းကြိုးတော်သည်မိုးကောင်းကင်မှ ပထဝီမြေပြင်အထိ ဆက်သွယ်လျက် ရှိသည်။ ထို့နောက် အကျွန်ုပ်၏အနွယ်တော်မွန် အဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) ဖြစ်ချေသည်။၎င်းအရာနှစ်ခုသည် လုံးဝ၊ လုံးဝ၊ ဥဿုံ၊ ခွဲခွာ၊ ကွဲကွာသွားမည် မဟုတ်ပေ။တစ်ခုနှင့်တစ်ခု(ကုရ်အာန်နှင့် အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)) နှစ်ခုစလုံးသည် အရေးပေးရမည့်အရာနှင့် အရေးကြီးသောအရာများ ဖြစ်ပေသည်။အကျွန်ုပ်ထံ“ဟောင်စေကောင်စဲရ်” အထိ ရောက်ရှိလာပေမည်။ အကျွန်ုပ်မရှိသည့်နောက် ၎င်းအရာနှစ်ခု၏လမ်း စဉ်ကိုသာမျက်နှာမူရှေ့ရှုကြရမည်။အူရ်ဒူဘာသာပြန်ဆိုသူရေးသားတင်ပြသည်မှာ တမန်တော်မြတ် မိုဟာမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေဝအာလေဟီဝစလာမ်)သခင်ကြီးသည် ပြင်းပြင်း၊ ထန်ထန်၊ လမ်းမှန်ကို ညွှန်ပြ၍မိန့်ချွေ ထားသည်။ ကျွန်ုပ်တို့အားလုံးသည် ကျမ်းမြတ်ကုရ်အာန်နှင့်အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)ကို မြဲမြံစွာ အသေအချာ အခိုင်အမာဆုပ်ကိုင်ထားရ မည်။တစ်နည်းဆိုရလျှင်“ဟေဒါရတ်တည်းဟူသောလမ်းမှန်၊လမ်းစစ်”ကိုရှာဖွေလိုလျှင်ကျမ်းမြတ်ကုရ်အာန်ဘက်သို့ အာရုံပြုရမည်။ အကယ်၍ သန့်ရှင်းသန့်ပြန့်မှု၏စံနမူနာမှတ်ကျောက် ပိုင်ရှင်ကို ရှာဖွေလိုလျှင် အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)ဘက်သို့ အာရုံပြုရမည်။ အဟ် လေ့ဘိုက် (အလိုင်ဟေမွစ်စလာမ်) အပေါ်အချစ်မေတ္တာထားခြင်းနှင့် ယုံကြည်ခြင်းကို အီမာန်၏အစိတ်အ ပိုင်းအဖြစ် နားလည်သဘောပေါက်ရမည်။ဤကဲ့သို့“အာကီသာသက်ဝင်ယုံကြည်ချက်” ထားခြင်းသာလျှင်အစ္စလာမ် မီးဇင် သာကီးအစ္စလာမ်ဘဝ တည်ဆောက်မှု အတွက်စံနမူနာမှတ်ကျေက်ဖြစ်သည့်အခြေခံအုတ်မြစ် အရင်းအမြစ်ဖြစ်ပေသည်။ သို့သော်ဝမ်နည်းဖွယ်ကောင်းလေစွာအွန်မတ် (နောက်လိုက်နောက်သားများ)သည် ဟေဒါရတ် အမှန်တရားကုရ်အာန်ကျမ်းမြတ်ကို မျက်ကွယ်ပြု-ကျောပေး၍ အာဏာမက်မော ယစ်မူးကြပြီး တမန်တော်မြတ်ကြီး မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏မိန့်ရပ်ဩဝါဒကိုမေ့လျော့ပစ်ကြပြီး တမန်တော်မြတ်ကြီး မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ မြေးတော် အေမာမ်ဟိုစိုင်း(န) (အလိုင်ဟစ်စလာမ်)အား ကရ်ဗလာ(کربلا) ကွင်းပြင်၌ သုံးရက်တိုင်တိုင် အစာရေစာဖြတ်တောက်၍ ရှာဟီး(သ)ပြုခဲ့ကြသည်။ ရေစာလဒ်အနွယ်တော်မွန်တွေ၏ လှပတင့်တယ်မှုအလှအပ တရားကို ပျက်စီးပစ်ခဲ့ကြသည်။  سبحان الله ဘယ်လိုအစ္စလာမ်လဲ? ကူးဖာမြို့သူ/ မြို့သားတွေဟာ-မိုဟမ္မဒ် အရဘီ(ဆွလ်လ္လာဟ်ဟို အလိုင်ဟေဝအာလေဟီဝစလာမ်) ၏ကလ် မာکلمه))ကိုရွတ် ဖတ်သရဇ္ဈာယ်ပြီးနောက်-ကုရ်အာန်ကျမ်းမြတ် အပေါ် အီမာန် သက်ဝင်ယုံကြည်ပြီး နောက်-ရေစာလဒ်၏ပန်းဥယျာဉ်ကို လွင်ထီး၊ လွင်ပြင်အဖြစ် ပြုလုပ်ခဲ့ကြသည်။ ထို့နောက်လည်းပဲ၎င်းတို့၏ အီမာန်ပျက်စီး ပျောက်ကွယ်သွားပြီလို့ မယူဆကြပေ။ကောင်းလေစွ!……ဒီစကားဟာရှေးကျပြီး၊ ဟောင်းနွမ်းသွားပြီ ။ ပြီးခဲ့တာတွေလဲပြီးသွားပြီ။ ထို့နောက်ယနေ့ခေတ် သာမည တွင်လည်းပဲ ၎င်း(အဖိုးတန်)အရာ နှစ်ခုကိုဘယ်တော့ ဆုပ်ကိုင် ကြမည်နည်း? ကျွန်ုပ်တို့အားလုံးသည် မလွှဲသာ၊ မရှောင်သာ၍ကုရ်အာန်ကျမ်းမြတ်ကို ဆုပ်ကိုင် ထားကြသော်လည်းပဲ အဟ်လေ့ဘိုက် (သ) (အလိုင်ဟေမွစ်စလာမ်)အား အစ္စလာမ် မီးရီဝါယတ်မှသော်၎င်း ဒီးန် (دین)သာသနာ၏တာဝန်ပိုင်းဆိုင်ရာဏ္ဍတွေမှ၎င်း ထုတ်ပစ်ကြ သည်။ မလွှဲသာ၊ မရှောင်သာ၍ သက်သက်ပါးစပ်ဖြင့်၊ နုတ်ဖြင့်၊ ဓလေ့ရိုးရာတစ်ခု အဖြစ် အချစ်ထားခြင်းနှင့်ယုံကြည်သက်ဝင်ခြင်းကို ပြုကြသည်။ဟဒီးစ်တော်အမှတ်(၁၈၉၁)အဗ်သွလ်လ္လာဟ်အေဗ်ပနေရှာဖီး(က်)သည်ဟဇရတ်(သ)အာအေရှာ သခင်မ အား မေးမြန်း လျောက်ထားသည်မှာ သာဝကကြီးများတွင်တမန်တော်မြတ်ကြီး မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)သည်မည်သူကို အချစ်အထားဆုံး ဖြစ်ပါသနည်း? ဟဇရတ်(သ) အာအေရှာမိန့်ကြားတော်မူသည်မှာ ဟဇရတ်(သ)အဘူဘာကရ်၊ ထို့နောက်ထပ်၍ မေးမြန်းသည်မှာ၎င်းနောက်မည်သူကို အချစ်ဆုံး ဖြစ်ပါသနည်း? အဖြေပေး တော်မူသည်မှာဟဇရတ်(သ)အွရ်မာရ်၊ ထို့နောက်ထပ်၍ မေးမြန်းသည်မှာ ၎င်းနောက်မည်သူကိုအချစ်ဆုံးဖြစ်ပါသနည်း? အဖြေပေးတော်မူသည်မှာ- အဘူအိုဘိုင်းသာဗင်းဂျာရ၊ ထို့နောက်ထပ်၍ မေးမြန်းလျောက်ထားရာ ၎င်းမေးခွန်းကိုနားသောတဆင်၍ ဟဇရတ်(သ)အာအေရှာ သခင်မ သည်တိတ်ဆိတ် သွားချေသည်။အူရ်ဒူဘာသာပြန်ဆက်လက်၍ရေးသားသည်မှာ-ဂရုပြုသတိရှိသင့်သည်မှာ အဗ်သွလ်လ္လာဟ်အေဗ်ပနေရှာဖီး(က်)သည် သာဝကကြီးများ နှင့် ပတ်သက်၍မေးမြန်း ခဲ့သည်။ ဟဇ ရတ်(သ)အာအေရှာသခင်မ အဖြေပေးဖို့ တိတ်ဆိတ်သွားခြင်းတွင်ကျန်သော အဖြေမှာ-ဟဇရတ် (သ) အလီရေမွရ်သဇာ (အလိုင်ဟစ်စလာမ်)ကရီးမွတ်လာအ်ဟိုဝဂျာ ဟုဖြစ်ပေသည်။ ဟဇရတ်(သ) အလီ (အလိုင်ဟစ်စလာမ်)နှင့်ပတ်သက်၍ ဟဇရတ်(သ)အာအေရှာသခင်မ ကိုယ်တိုင် ရီဝါယတ် မိန့်ဆိုသည် မှာ… တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) ၏အချစ်တကာ့အချစ်ဆုံးသည် ဟဇရတ်(သ)အလီ (အလိုင်ဟစ်စလာမ်) ဖြစ်၏။ ထို့နောက်ဟဇရတ် (သ) အလီ (အလိုင်ဟစ်စလာမ်)သည် သာဝကကြီးများ၌ ဘွဲ့ရာထူးတွင် အမြင့်ဆုံးပိုင်ရှင် ဖြစ်၏။ဟဒီးစ်တော်အမှတ်(၁၈၄၇) “မုချ ဧကန် မလွှဲအလီ(အလိုင်ဟစ်စလာမ်) သည် ကျွန်ုပ်မိုဟမ္မဒ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေဝအာလေဟီဝစလာမ်)မှ ဖြစ်၍ကျွန်ုပ်သည် အလီ (အလိုင်ဟစ်စလာမ်) မှဖြစ်ပါသည်။ထို့နောက် အလီ(အလိုင်ဟစ်စလာမ်) သည် ကျွန်ုပ်၏ နောက်မို့မင်(န်)တို့၏ဝလီဖြစ်၏။” အထက်ပါဟဒီးစ်တော်ကို လေ့လာ သုံးသပ်မည်ဆိုလျှင် ကွက်ကွက်  ကွင်းကွင်းသိရှိရသည်မှာ ဟဇရတ်(သ) အလီ (အလိုင်ဟစ်စလာမ်) အား“ဝလီ” အဖြစ်လက်ခံယုံကြည်သူသည် မို့မင်(န်) ဖြစ်၍ လက်မခံသူသည် မွတ်စလင်(မ်) ဖြစ်၏။မိုမင်ဖြစ်လိုသူများ အထူးသတိပြုသင့် ပေသည်။ဟဒီးစ်တော်အမှတ်(၁၈၅၂)တမန်တော်မြတ်ကြီးမိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီ ဝစလာမ်) မိန့်ကြားတော်မူသည်မှာဟဇရတ်(သ) အလီ (အလိုင်ဟစ်စလာမ်) အား… မည်သည့်မိုနာဖစ်(က်) အရေခြုံတို့သည်အချစ် ထားကြမည်မဟုတ်။ မည်သည့် မိုမင်(န်)သူတော်စင်တို့သည် “မနာလိုစိတ်” အမုန်း ထားကြမည် မဟုတ်ပေ။ဟဒီးစ်တော်အမှတ်(၁၈၅၃)ရစူလ်လေအာကာရမ်(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်ကြားတော်မူသည်- အလ္လာဟ်ဟိုအရှင်မြတ် သည်ကျွန်ုပ်အား ပုဂ္ဂိုလ်လေးဦးအပေါ် ၌ (အချစ်၊ မေတ္တာသစ္စာတရား) ထားရန်အမိန့်ပေးတော်မူ၏။ သာဝကတော်များ မှမေးမြန်း လျောက်ထား ကြကုန်၏။  အိုအလ္လာဟ်ရစူလ် ၎င်းပုဂ္ဂိုလ် လေးဦး အမည်ကို လည်းပဲ မိန့်ကြားတော် မူပါ။ (အကြောင်းသည်ကား-ကျွန်ုပ်တို့လည်းပဲ ၎င်းတို့အပေါ် (အချစ်၊ မေတ္တာ၊ သစ္စာတရား)ထားနိုင် ရန်အတွက် ဖြစ်သည်။) တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်ကြား အဖြေပေး တော်မူသည်မှာ… ဟဇရတ် (သ)အလီ(အလိုင်ဟစ်စလာမ်)ဟူ၍ဖြစ်ပေသည်။ ကိုယ်တော်၏ အမည်ကိုတမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) သည် (၃)ကြိမ်တိုင်တိုင်မိန့်ကြားတော်မူခဲ့လေ၏ ထို့နောက်ဟဇရတ်(သ)အဘူဇရ်(ရ.သွေ့)၊ ဟဇရတ်(သ)မေခ်သာရ် (ရ.သွေ့)၊ ဟဇရတ်(သ)စလ်မမ်း(န)(ရ.သွေ့) ၏ အမည်ကို မိန့်ကြားတော်မူ၏။ ထို့နောက် ဆက်လက်၍မိန့်ကြားတော်မူသည်မှာ… အလ္လာဟ်ဟိုအရှင်မြတ် သည် ကျွန်ုပ်မိုဟမ္မဒ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)အား ၎င်းတို့အပေါ်၌ အချစ်ထားရန်အမိန့်ပေးလေသည်။ သတင်း ကောင်းပေးလေသည်။ ***  စာရှု သူ ဟဒီးစ်တော်အမှတ် (၁၈၉၁)နှင့်(၁၈၅၃) ကိုယှဉ်၍ ဆုံးဖြတ်ချက်ချနိုင်သည်။ ***ဟဒီးစ်တော်အမှတ်(၁၈၅၄)  အလီ(အလိုင်ဟစ်စလာမ်)သည်ကျွန်ုပ်မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မှ ဖြစ်ချေသည်။အို အလီ(အလိုင်ဟစ်စလာမ်) အကျွန်ုပ် ဘက်မှ အသင်သည်၎င်း၊ အသင့်ဘက်မှအကျွန်ုပ်သည်၎င်း၊ တာဝန်ထမ်းဆောင် နိုင်ပေမည်။ မည်သူမျှ တာဝန်ထမ်းဆောင်နိုင်မည်မဟုတ်ချေ။ ဆိုလိုသည်မှာ- ဟဇရတ်(သ)အလီ(အလိုင်ဟစ်စလာမ်) လိုအပ်ချက် (အကူအညီ)ကို တမန်တော် မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မှအပ၊တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) လိုအင်ဆန္ဒ (အကူအညီ)ကို ဟဇရတ်(သ) အလီ(အလိုင်ဟစ်စလာမ်)မှအပ မည်သူမျှမပြုနိုင်ပေ။ဟဒီးစ်တော်အမှတ်(၁၈၅၆)ရစူလ်လွလ္လာဟ်(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်) ထံ၌ “ဖမ်းဆီးရထားသောကျေးငှက်” ရှိသည်။ တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်ကြားတော်မူသည်မှာ… “အိုအလ္လာဟ်ဟို အရှင်မြတ်… အသင်၏ အဖန်ဆင်းခံ၌ အကောင်းတကာ့ အကောင်းဆုံးအဖန်ဆင်းခံ အား ကျွန်ုပ်ထံ ဤ ကျေးငှက်အား စားသောက်ရန် စေလွှတ်တော်မူပါ။” ဟုဆုတောင်း လေ၏။ ပြီးနောက် ဟဇရတ်(သ) အလီ(အလိုင်ဟစ်စလာမ်) ကြွမြန်းလာ၏ ။ထို့နောက်တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) သည်ကိုယ်တော် အလီ (အလိုင်ဟစ်စလာမ်) နှင့် အတူတကွ ၄င်းကျေးငှက်အား စားသုံးတော်မူကြ လေ၏။  ဤဟဒီးစ်တော်အား လေ့လာခြင်းဖြင့်တမန်တော်မြတ်ကြီးမိုဟမ္မဒ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏အချစ်ဆုံး ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်သည် မည်သူ၊ မည်ဝါဖြစ်ကြောင်းသိနိုင်ပေသည်။ တရားမျှတသူတိုင်း၊ အယူမသည်း၊ အစွန်းမရောက်သူတိုင်းရှီအာတွေဟာအလီ၊ အလီ ဘဲလုပ်နေသည်ဟု စွပ်စွဲ ပုတ်ခတ်မည် မဟုတ်ချေ။ဟဒီးစ်တော်အမှတ်(၁၈၅၈)  ကျွန်ုပ်မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)သည်အမြော်အမြင်ဆင်ခြင်တုံတရား၏ အိမ်ဖြစ်၍ အလီ (အလိုင်ဟစ်စလာမ်)သည် ၎င်းအိမ်၏တံခါးဝဖြစ်ချေသည်။ ပညာလေ့လာ လိုက်စားသူတိုင်း မှတ်သား လိုက်နာ သင့်ပေသည်။ဟဒီးစ်တော်အမှတ်(၁၈၆၄)  ရစူလ်လေအာကာရမ်(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်ကြားတော်မူသည်… ဟဇရတ်(သ)အလီ (အလိုင်ဟစ်စလာမ်)သခင်အား အသင် နှင့် ကျွန်ုပ်၏ နီစ်ပတ်(သ်) ပတ်သက်မှုသည်ဟဇရတ်(သ)ဟရွမ်း (အလိုင်ဟစ် စလာမ်) နှင့် ဟဇရတ်(သ) မူစာ(အလိုင်ဟစ်စလာမ်)တို့ကဲ့သို့ ဖြစ်ချေသည်။ဟဒီးစ်တော်အမှတ်(၁၈၆၆)တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်) သည် မဇ်ဂျစ်သေနဘဝီ مسجدنبوی)) ၌  ဟဇရတ်(သ)အလီ(အလိုင်ဟစ်စလာမ်) သခင် ကြီး၏ တံခါးပေါက်မှအပ အားလုံးသောတံခါးပေါက်အားပိတ်ရန် အမိန့်ပေးလေသည်။ဟဒီးစ်တော်အမှတ်(၁၉၀၁)အလ္လာဟ်၏ရစူလ်(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့် ချွေတော်မူသည်မှာ-ဟစန်(အလိုင်ဟစ်စလာမ်)နှင့် ဟိုစိုင်း(န) (အလိုင်ဟစ်စလာမ်) သခင်သည် ဂျန္နတ်“ အမတသုခဘုံ” ၏လုလင်ပျို တို့၏ ဦးဆောင်၊ ဦးသျှောင် ဖြစ်တော်မူ၏။ဟဒီးစ်တော်အမှတ်(၁၉၀၂) “အစမားဘင်ဇိုက်မိန့်ချွေတော်မူသည်မှာ- အကျွန်ုပ်သည် ဟစန် (အလိုင်ဟစ်စလာမ်)နှင့်ဟိုစိုင်း(န)(အလိုင်ဟစ်စလာမ်) သခင်အား တမန်တော် မြတ်ကြီး (ဆွလ်လ္လာဟ်ဟိုအလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ ဒူးနှစ်ဘက်တော်၌ တွေ့တော်မူသည်။ တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်ချွေသည်မှာ-ဒီပုဂ္ဂိုလ်နှစ်ဦးသည် ကျွန်ုပ်၏ သားများ ဖြစ်၏။ ထို့နောက် ကျွန်ုပ်၏သမီးတော်၏ သားများ ဖြစ်ကြကုန်၏။ ၎င်းသူနှစ်ဦး ဟစန် (အလိုင်ဟစ်စလာမ်) နှင့်ဟိုစိုင်း(န)(အလိုင်ဟစ်စလာမ်)အား ကျွန်ုပ် မိုဟမ္မဒ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေဝအာလေဟီဝစလာမ်) သည် အချစ်၊ မေတ္တာ တရားထား တော်မူပါ၏။  အို “ အလ္လာဟ်ဟိုအရှင်မြတ်- အိုအရှင်- အရှင်ကိုယ်တိုင် သည်လည်း ၎င်းသူ နှစ်ဦးအားအချစ်ထားသူအပေါ်၌ အချစ်ထားတော်မူပါ။
ဆက်ရန် …. အင်န်ရှာအလ္လာဟ်

======================

251/End