အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၃ မတ် ၂၀၁၇

၂၀:၀၅:၂၃
815443

မွတ်စလင်မ်များ မေ့နေသည့် အဲဟ်လေ့ဘိုက်သ် (အ.စ) (၂)

မွတ်စလင်မ်များ မေ့နေသည့် အဲဟ်လေ့ဘိုက်သ် (အ.စ) (၂) ဆိုသည့်ဆောင်းပါးလေး ကို အောက်ပါအတိုင်း ဖတ်မှတ်လေ့လာ နိုင်ပါတယ်။



ဟဒီးစ်တော်အမှတ်(၉၀၃)
အီရတ်နိုင်ငံ၌ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်သည် ဟဇရတ်(သ) အေဗ်ပနေအွရ်မာရ်ထံ မေမြန်းလျောက်ထားသည်မှာ-အကယ်၍ အဝတ်အပေါ် ၌ ခြင်၊ သတ္တဝါ၏ သွေးစွန်းသွားလျှင် မည်ကဲ့သို့ ဥပဒေ အမိန့်ရှိပါသနည်း? ဟဇရတ်(သ) အေဗ်ပနေအွရ်မာရ် အဖြေပေးတော်မူသည်မှာ အိုလူထုအပေါင်းတို့ ၎င်းအား ရှုကြကုန်လော့။ ခြင်၊ သတ္တဝါ၏ သွေးနှင့်ပတ်သက်သော ပြသာနာကို မေးမြန်း၏။ သို့သော် နဘီရေခိုဒါ(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ မြေးတော်ကို ၎င်းတို့သည် ရှာဟီးဒ် ပြုလုပ်ခဲ့ကြသည်။ ကျွန်ုပ်သည် တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ မိန့်ကြားတော်မူသည်ကို ကြားနာရသည်မှာ ဧကန်အမှန်(သားတော်) ဟစန် (အလိုင်ဟစ် စလာမ်) နှင့် ဟိုစိုင်း(န) (အလိုင်ဟစ်စလာမ်)သည် ကျွန်ုပ်လောက ပန်းဥယျာဉ်၏ ပန်းပွင့်လေးနှစ်ပွင့် ဖြစ်ပေသည်။

ဟဒီးစ်တော်အမှတ်(၁၉၀၄)
ဟဇရတ်(သ)အွမ်မေဇလ်မာ(ရ.သွေ့) မိန့်ကြားတော်မူသည်မှာ ကျွန်မသည် အိမ်မက်၌ တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) အား ဖူးတွေ့ရသည်မှာ တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ ဦးခေါင်းနှင့် မုတ်ဆိတ်တော်များအပေါ်၌ မြေမှုန့်များ ပေကျံနေသည်ကို ဖူးတွေ့ရသည်။ ကျွန်မသည်တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ် )အားမေးမြန်းတော်မူ၏။
အို - အလ္လာဟ်၏ရစူလ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မြေမှုန့်များ အဘယ်ကဲ့သို့ပေကျံနေရပါသနည်း? တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) အဖြေပေးတော်မူသည်မှာ ကျွန်ုပ်သည် ဟိုစိုင်း(န) (အလိုင်ဟစ်စလာမ်)သခင်၏ ရှာဟီးဒ်အဖြစ်ခံယူပြီး နောက် လာရောက်ခြင်း ဖြစ် သည်။

ဟဒီးစ်တော်အမှတ်(၁၉၀၆)
ရစူလ်လွလ္လာဟ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မင်ဘဲရ် တရားပလ္လင်ပေါ် ကြွမြန်းသွားပြီးနောက် မိန့်ကြား တော်မူသည်မှာ-ဒီအကျွန်ုပ်၏ သား ဟစန်(အလိုင်ဟစ်စလာမ်)သည် ဦးသျှောင် ခေါင်းဆောင် ဖြစ်တော်မူ ၏။ အလ္လာဟ်ဟိုအရှင်မြတ်သည် ၎င်းအား အုပ်စုနှစ်ခု၏ အလယ်၌ ငြိမ်းချမ်းစွာ စေ့စပ်ဖြန်ဖြေ ပေးသူအဖြစ် စွမ်းဆောင်နိုင်ရန် စွမ်းအား ပေးတော်မူမည်။

ဟဒီးစ်တော်အမှတ်(၁၉၀၈)
ဟိုစိုင်း(န)(အလိုင်ဟစ်စလာမ်)သည် ကျွန်ုပ် မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) ဖြစ်ချေသည်။ ကျွန်ုပ်သည် ဟို စိုင်း(န) (အလိုင်ဟစ်စလာမ်)မှဖြစ်ချေသည်။ အလ္လာဟ်ဟိုအရှင်မြတ် ဟိုစိုင်း(န) (အလိုင်ဟစ် စလာမ်) သခင်အား အချစ် ထားသောသူအား ချစ်ခင်မြတ်နိုးတော်မူပါ။ ကျွန်ုပ်၏ မြေးတော်များအနက်မှ ဟိုစိုင်း(န) (အလိုင်ဟစ်စလာမ်)သည် မြေးတော်တစ်ပါးဖြစ်၏။


ဟဒီးစ်တော်အမှတ်(၁၉၁၁)
အနစ်ဗင်မာလစ် မိန့်ကြားတော်မူသည်မှာ- ကျွန်ုပ်သည် အေဗ်နေဇရသ် (လ.န)၏အနီး၌ ရှိတော်မူ၏။ ထိုအချိန်အေမာမ်ဟိုစိုင်း(န)(အလိုင်ဟစ်စလာမ်) သခင်၏ ဦးခေါင်းတော် ယူဆောင်လာ၏။ ထို့နောက် ၎င်း(မလ်အူး(န)) အဗ်နေဇရသ် (လ.န)သည် အေမာမ်၏ နှာခေါင်းတော်အား တုတ်ဖြင့်ရိုက်၏။ ထို့နောက် ပြောကြားသည်မှာ ငါသည် ဟိုစိုင်း(န) (အလိုင်ဟစ်စလာမ်) ကဲ့သို့ အလှအပ တရား၌ လှပတင့်တယ်သူ၊ မည်သူ့ကိုမျှမတွေ့ရပေ။ ၎င်းဟိုစိုင်း(န) (အလိုင်ဟစ်စလာမ်) ၏ အကြောင်း ဇေကရ် အဘယ်ကြောင့် ပြုကြရသနည်း? အနစ်ဗင် မာလစ်အနေဖြင့် တင်ပြသည်မှာ ရစူလွလ္လာဟ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)နှင့် အများဆုံး၊ အဆင်တူဆုံး သူများ၏ မာတိကာ၌ ဟိုစိုင်း(န)(အလိုင်ဟစ်စလာမ်) သခင်သည်လည်း တစ်ပါး အပါအဝင်ဖြစ်ချေသည်။

ဟဒီးစ်တော်အမှတ်(၁၉၁၂)
ဟဇရတ်(သ) အလီကရီးမွတ်လ္လာဟိုဝါဂျဟိုး (အလိုင်ဟစ်စလာမ်) မိန့်ကြား တော်မူသည်မှာ-အေ မာမ်ဟိုစိုင်း(န)(အလိုင်ဟစ်စလာမ်) သခင်သည် ရစူလွလ္လာဟ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ ရင်ဘတ်တော်မှစ၍ ဦးခေါင်းအထိ၎င်း ဟိုစိုင်း(န)(အလိုင်ဟစ်စလာမ်) သခင်သည် ရစူလွလ္လာဟ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ ရင်ဘတ်တော်အောက်ပိုင်း၌ ၎င်း အများဆုံး အဆင်တူဆုံး ဖြစ်ချေ၏။


ဟဒီးစ်တော်အမှတ်(၁၉၁၄)    
တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်ကြားတော်မူသည်မှာ ကောင်းကင် တမန်တစ်ပါး သည်၎င်း “ည”၏အလျှင်း မြေပြင်ပေါ်သို့မဆင်းသက်ခဲ့ပေ။ ၎င်း,ကောင်းကင်တမန် တစ်ပါးသည် အလ္လာဟ်ဟိုအရှင်မြတ်ထံ ခွင့်တောင်းပြီးနောက် အကျွန်ုပ် မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)အား “စလာမ်” ဆုပြုတော်မူ၏။ ထို့နောက် ဤကဲ့သို့ သတင်းကောင်း ပါးတော်မူ၏။ ဟဇရတ်(သ)ဖွာတေ မာဇဟ်ရာ (အလိုင်ဟာစလာမ်) သခင်မကြီးသည် “ဂျန္နတ်သုခဘုံ” အမျိုးသမီးထု၏ ဦးဆောင်၊ ဦးသျှောင် ဖြစ်ကြောင်း အေမာမ်ဟစန်(အလိုင်ဟစ်စလာမ်) နှင့် အေမာမ်ဟိုစိုင်း (အလိုင်ဟစ်စလာမ်)သခင် တို့သည် “ဂျန္နတ်သုခဘုံ”၏ လုလင်ပျိုတို့၏ ဦးစီး ဦးသျှောင် ခေါင်းဆောင် ဖြစ်ကြောင်း သတင်းကောင်းပေးတော်မူ၏။

ဟဒီးစ်တော်အမှတ်(၁၉၁၆)    
ရစူလ်လေအာကာရမ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) သည် အေမာမ်ဟစန်(အလိုင်ဟေမွစ်စလာမ်) သခင်ကို မိမိ၏ ပခုံးတော်၌တင်၍ ထားတော်မူစဉ်တစ်ဦး, တစ်ယောက်မှ ပြောကြားသည်မှာ ဘယ်လောက်ကောင်း တဲ့(သည်) စီးနင်းစရာလည်း ဟု ပြောကြား လေ၏။ တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) ချက်ချင်း မြွက် ကြားတော် မူသည်မှာ- စီးနင်းသူ လည်းပဲ ဘယ်လောက်ကောင်းသလဲ? ဟုမိန့်ကြား, တော်မူ၏။

ဟဒီးစ်တော်အမှတ်(၂၀၀၀)
ရစူလွလ္လာဟ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)သည် ဟဇရတ်(သ)အလီရေမွရ်သဇာ(အလိုင်ဟာစလာမ်) ဟဇရတ်(သ) ဖွာတေမာဇဟ်ရာ (အလိုင်ဟာစလာမ်) သခင်မကြီး အေမာမ်ဟစန် (အလိုင်ဟစ်စလာမ်) နှင့် အေမာမ်ဟိုစိုင်း(အလိုင်ဟစ်စလာမ်) သခင်တို့အား မိန့်ကြား တော်မူသည်မှာ- အသင်တို့ မည်သူ့အား တိုက်ခိုက်မည်နည်း? ကျွန်ုပ် သည်လည်းပဲ ၎င်းအားတိုက်ခိုက်မည်။ ထို့အပြင် အသင်တို့ မည်သူဖြင့် ငြိမ်းချမ်းရေး ရယူမည်နည်း? ကျွန်ုပ်သည်လည်းပဲ ၎င်းနှင့်ငြိမ်းချမ်းရေးပြုမည်။

ဟဒီးစ်တော်အမှတ်(၂၀၀၁)
ရစူလ်လေအာကာရမ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) သည် ဟဇရတ်(သ) အလီရေမွရ်သဇာ (အလိုင်ဟစ်စလာမ်), ဟဇရတ်(သ) ဖွာတေမာဇဟ်ရာ(အလိုင်ဟာစလာမ်)သခင်မကြီး အေမာမ်ဟစန် (အလိုင်ဟစ် စလာမ်) နှင့် အေမာမ်ဟိုစိုင်း(အလိုင်ဟစ်စလာမ်)သခင်တို့အား ခြုံစောင်အတွင်းသို့ ခေါ်ယူ၍ မိန့်ကြားတော်မူသည်မှာ- အို“ အလ္လာဟ်ဟိုအရှင်မြတ် ဤလေးပါးစလုံးသည် ကျွန်ုပ်၏ အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)ဖြစ်၏။
ပြီးနောက် အကျွန်ုပ်၏ အထူးသီးခြား သီးသန့်ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ၎င်းတို့အား “နေဂျစသ်” အညစ်အကြေး အတွင်းပိုင်း အပြင်ပိုင်းမှ ကင်းဝေးစွာ ထားတော်မူပါ။ ၎င်းတို့အား အကောင်းဆုံး၊ အသန့်ပြန့်ဆုံး၊ အသန့်ရှင်းဆုံး အဖြစ်ထားတော်မူပါ။ ဟဇရတ်(သ) အွလ်မေစလ်မား (ရ.သွေ့) သခင်မ မြေးမြန်း လျောက်ထားရာ ကျွန်တော်မျိုးမသည်လည်းပဲ ၎င်းတို့နှင့်အတူပါဝင်ပါသလော? ဟူ၍ လျောက်ထား ရာ၌ တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) အဖြေပေး မိန့်ကြားတော်မူသည်မှာ အသင်မ သည် လည်းပဲ အသင်မ၏နေရာ မိမိ၏နေရာ၌ကောင်းပေသည်။

ဟဒီးစ်တော်အမှတ်(၂၀၀၂)
ဟဇရတ်(သ)အာအေရှာမိန့်ကြားတော်မူသည်မှာ- ကျွန်တော်မျိုးမသည် ရစူလွ လ္လာဟ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ သမီးတော်ကြီး ဖွာတေမာဇဟ်ရာ(အလိုင်ဟာစလာမ်)သခင်မ ထက်ပို၍ မည်သူကိုမျှ တမန်တော် မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ ဆင်တူမှု  အခြေအနေ၌၎င်း လှပတင့်တယ်ပြီး၊ ပီပြင်လှသည့်ဘဝ၊ တည်ဆောက်မှု၌၎င်း၊ မည်သူကိုမျှမတွေ့ ဖူးချေ။ သခင်မကြီးသည် တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)ထံဝယ် လာရောက်သည့်အခါ တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)သည် သခင်မကြီးအတွက် မတ်တပ်ထရပ် ပေးတော်မူသည်။ ထို့နောက်သခင်မကြီးအား နမ်းတော်မူသည်။
တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီ ဝစလာမ်)သည် သခင်မကြီး(သမီးတော်)ထံ ကြွမြန်းလာသည့်အခါ သခင်မကြီး (သမီးတော်)သည် တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝ စလာမ်)အား အရိုအသေ၊ အလေးအမြတ်ပြုရန်၊ မတ်တပ်ထရပ်တော်မူခြင်း၊ နမ်းတော်မူခြင်း၊ ပြုလုပ်ပေသည်။ တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)အား အနီး၌ ထိုင်စေတော်မူ၏။ တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) သည်လည်းပဲ မိမိ၏ သမီးတော်သည် မိမိထံကြွမြန်းလာတော်မူချိန်၌ မတ်တပ် ထရပ်ခြင်း၊ နမ်းတော်မူခြင်း အပြင် မိမိအနီး၌ ထိုင်စေတော်မူ၏။ တမန်တော်မြတ် ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မကျန်းမာသောကာလတွင် ဟဇရတ်(သ) ဖွာတေမာဇဟ်ရာ (အလိုင်ဟာစလာမ်) သခင်မကြီးသည် ကြွမြန်းလာပြီး၊ မိမိ၏ ဦးခေါင်းအား ဦးညွတ်၍ တမန် တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)အား နမ်းတော်မူပြီး ငိုကြွေးတော်မူ၏။ နောက်တဖန် ဦးခေါင်း ညွတ်၍ နမ်းတော်မူပြီး ဦးခေါင်း ထောင်တော်မူ၍ ပြုံးရွှင်တော်မူ၏။ ရယ်တော်မူ၏။ ဟဇရတ်(သ)အာအေရှာ “မိမိနှလုံးသား၌” ပြောကြားသည်မှာ ကျွန်တော်မျိုးမသည် ဖွာတေမာ (အလိုင် ဟာစလာမ်)ကို အမျိုးသမီးများ အားလုံးထက် ဥာဏ်ပညာ အရှိဆုံး အမျိုးသမီး ဟုထင်ခဲ့မိသည်။ သို့သော် “ဒီနေ့”သိရသည်မှာ ၎င်းသည်လည်းပဲ သာမန်အမျိုးသမီးများကဲ့သို့ ဖြစ် ချေသည်။

    တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) “ဝဖသ်” ကွန်လွန်သွားချိန်၌ ကျွန်ုပ် “အာအေရှာ” သည် ဖွာတေမာ(အလိုင် ဟာစလာမ်)သခင်မအား မေးမြန်းသည်မှာ- အသင်မသည် အဘယ်ကြောင့် တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မကျန်းမာဖြစ်ချိန် ထိုနေ့တွင် တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) အပေါ် ဦးခေါင်းတင်၍ ငိုကြွေးခြင်း၊ ထို့နောက်ပြုံးရယ်ခြင်း သည် အဘယ်ကြောင့်နည်း?
သခင်မကြီး အဖြေပေးတော်မူသည်မှာ ထိုအချိန်၌ လျို့ဝှက်ချက်ကို ထုတ်ဖော်ရန် မသင့်တော်ပေ။ သို့သော် ယနေ့ ကျွန်ုပ်(ဖွာတေမာ (အလိုင် ဟာစလာမ်)) အသင့်အားပြောပြမည်။ ကျွန်တော်မျိုးမအား တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) သတင်းပေးတော်မူသည်မှာ-  ကျွန်ုပ် မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ “ဝဖသ်” ကွန်လွန်ခြင်း သည် ဤမကျန်းမာမှု၌ အဆုံးသတ်ပေမည်။ ဤသတင်းကို နားထောင်ပြီး ကျွန်မ သည် ငိုကြွေးခဲ့ရခြင်းဖြစ်ပါသည်။ ထို့နောက် ထပ်၍ သတင်းပေးသည်မှာ - အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)အနက် ပထမဆုံး ကျွန်ုပ် မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) နှင့်တွေ့ဆုံမည့်သူ သည် အသင်မ (သမီးတော်) ဖြစ်ချေသည်။  ဤသတင်းနားစွင့်၍ ပြုံးရယ်တော် မူခဲ့ခြင်း ဖြစ်ပါသည်။။

ဟဒီးစ်တော်အမှတ်(၂၀၀၃)
ဟဇရတ်(သ)အာအေရှာ သခင်မအား မေးမြန်းရာ တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)အနီးရှိ အမျိုးသမီးများ၌ အချစ်တကာ့ အချစ်ဆုံးသည် မည်သူဖြစ်သနည်း? အဖြေပေးရာ၌ ဟဇရတ်(သ) ဖွာတေမာဇဟ်ရာ(အလိုင်ဟာစလာမ်) ထို့နောက် ထပ်၍ မေးမြန်းရာ-အမျိုးသား များတွင် အချစ်တကာ့ အချစ်ဆုံးသည် မည်သူ ဖြစ်သနည်း? အဖြေပေးသည်မှာ- ၎င်း၏ခင်ပွန်း ဟဇရတ်(သ)အလီ (အလိုင် ဟစ်စလာမ်) ဖြစ်ချေသည်။ ကျွန်မ ဤအတိုင်းအတာ အထိ သိရှိသည်မှာ-၎င်း ဟဇရတ်(သ)အလီ(အလိုင် ဟစ်စလာမ်) သည် ဧကန်မုချရိုဇာ (ဥပုသ်၊ သီလ) အလွန် စောင့်ထိန်းသူ နှင့် ည များကို အေဘာဒသ်၌ အသုံးချသူဖြစ်လေသည်။



ဟဒီးစ်တော်အမှတ်(၂၀၁၈)
 တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်ကြားတော်မူသည်မှာ- “ဂျန္နတ်သုခဘုံ” ရှိ အမျိုးသမီးများအနက် အကောင်းဆုံး အမျိုးသမီးများမှာ ဟဇရတ်(သ)ခတီဂျာဗင် သေခါဝါလစ် (အလိုင်ဟာစလာမ်) ဟဇရတ်(သ) ဖွာတေမာဗင် သေမိုဟမ္မဒ် (အလိုင် ဟာစလာမ်) ဟဇရတ်(သ) မဲရ်ရမ်းဗင်သေအေမရမ်း (အလိုင် ဟာစလာမ်)နှင့် ဖေရ်အောင်၏ ဇနီး ဟဇရတ်(သ)အာစီယာ(ရ.သွေ့) တို့ဖြစ်ကြသည်။
အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)၏ မြင့်မြတ်မှုနှင့် ပတ်သက်၍ အနည်းငယ်ကို စဟီးသေရ်မီးဇီးကျမ်းမှ အသင် ရှုစားပြီးဖြစ်သည်။ ၎င်း“ဟဒီးစ်” အားလုံးကို လေ့လာသုံးသပ်ပြီး၊ ဝေဖန် ဆုံးဖြတ်မည်။ မိမိနှလုံးသား၌ အမြဲတမ်းအမှန်တရားကို ဦးစားပေးမည် ဆိုလျှင် အထောက်အထား အခိုင်အမာ သိရသည်မှာ-“ဂျန္နတ်အမတသုခဘုံ”  အမျိုးသား အမျိုးသမီးထု၏ ဦးစီး ဦးသျှောင် ခေါင်းဆောင်သည် အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်) သာလျှင် ဖြစ်ချေ၏။ သာဝကကြီးများ သာဝကမကြီးများ သည် “ဂျန္နတ်အမတသုခဘုံ”၏ ဦးစီး ဦးသျှောင် ခေါင်းဆောင်များ မဟုတ်ကြောင်း သိရပေသည်။ ဤဟဒီးစ်တော်များကို လေ့လာရှုမြင် သုံးသပ်ခြင်းဖြင့်၊ အဟ်လေ့ဘိုက်(သ)(အလိုင် ဟေမွစ်စလာမ်)၏ ကြီးကျယ် မြင့်မြတ်မှုကို ထင်ထင်ရှားရှား  ပြတ်ပြတ်သားသား တွေ့ရပါသည်။
အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)၏ ကြီးကျယ်မြင့်မြတ်ခြင်းကို အပြစ် ငရဲသား အမှားအယွင်း ကျူးလွန်သူ မနုသာလူုသားတို့သည် ခံစားတတ်မည် မဟုတ်ပေ။ စဉ်းစား ဆင်ခြင်ဖို့ ခက်ခဲလှသည့် အကြောင်းအရင်းတစ်ခုက-အဟ်လေစွန္နတ်၏ ကျမ်း၌ အဟ်လေ့ဘိုက်(သ)(အလိုင် ဟေမွစ်စလာမ်)၏ မြင့်မြတ်မှု ကြီးကျယ်ခန့်ညားမှု ရှိနေပါလျက် အဟ်လေစွန္နတ်ဂျမအတ်အိုလမာ သာသနာ့ ပညာရှင်ကြီးများ အနေဖြင့် အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်) ထက် သာဝကကြီးများ သာဝကမ ကြီးများကို ဦးစားပေးနေသောအချက်ပင်တည်း ။ ….!!
ကျွန်တော် ပထမပိုင်း၌ တင်ပြခဲ့သည့်အတိုင်း မောင်ဒူဒီဆပ်၏ ရေးသားမှုကို သုံး သပ်ကြည့်လျှင်- သာသနာ့ဥပဒေသများ သာဝကကြီးများ ထံမှာရယူဆည်းပူးရန် အပြင်း အထန် ကြိုးစားတိုက်တွန်း ထားပေသည်။ မောင်ဒူဒီနှင့် ၎င်းကဲ့သို့ အခြားသော စွန်နီအိုလမာကြီးများ ရေးသားပြောကြားသည်မှာ သာက်ဝါ ရှိသော အပြစ်ငရဲ ရှောင်ကြဉ်သူ ကောင်းမြတ်သူ အဖြစ်ကျော်ကြားသူ၊ သာဝကကြီးများထံမှ- ဟဒီးစ်ကို ရယူရမည်။ ၎င်း (အရည်အချင်းနှင့်) ဆန့်ကျင်ဘက် ဖြစ်လျှင် ၎င်း၏ ဟဒီးစ်တော်များကို ရှောင်ရှားရမည်။ ဤအရေးအသားသည် ထိုက်တန်သော ရေးသားချက်ဖြစ်ပြီး အစ္စလာမ်အစစ် “ရှီအာလမ်းစဉ်”  နှင့် နီးကပ်စေသော အတွေး အခေါ်၊ အယူအဆဖြစ်ပေသည်။
သို့သော်လည်းပဲ၊ အဟ်လေ့စွန္နတ် တို့်အနေဖြင့် သာဝကကြီးများ အားလုံးကို တစ်နေရာတည်း၌ ထားခြင်းသည် ၎င်းတို့၏ မှန်ကန်တိကျသော ကျမ်ကြီးများနှင့် ဆန့် ကျင်ဘက်ဖြစ်သည်။ သိသာထင်ရှားစေရန် ဖေါ်ပြရလျှင် စဟီးသီးရ် မေဇီးကျမ်း ဟဒီးစ်အမှတ်(၁၃၁၂)တွင် ပါရှိသည်မှာ တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်ကြားတော် မူသည်မှာ-  အကျွန်ုပ်၏ အွန်မတ်မှ မြောက်များစွာသော လူထုအား ခေါ်ဆောင်ပြီး ကျွန်ုပ်၏ညာဘက်သို့ ပို့ဆောင်တော် မူမည်။ ထို့နောက် “အိုအလ္လာဟ်ဟိုအရှင်မြတ်” ဤသူများသည် ကျွန်ုပ်၏ သာဝကကြီးများ ဖြစ်ကြကုန်၏။ “အလ္လာဟ်ဟိုအရှင်မြတ်”  ပြန်လည်၍ ဖြေကြားတော် မူမည်။ အသင် မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) အသင်၏ နောက်ပိုင်း၌ ၎င်းသူတို့သည် (သာဝကကြီးများ) ဘာတွေလုပ်ခဲ့သနည်း? ဆိုတာကို မသိရှိပေ။
ဤအကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)သည် ကောင်းမြတ်သော ကျင့်စဉ်၊ ကျင့်ရပ်ကို တည်ဆောက် သူ၊ ဟဇရတ်(သ)အီဆာ(အလိုင် ဟစ်စလာမ်) (အသင့်၏) ဘန်ဒါ ကျေးကျွန်ကဲ့သို့ လျောက်ထားမည်။
ကျွန်ုပ်မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) သည် ၎င်းတို့နှင့်အတူတကွ ရှိစဉ်ကာလပတ်လုံး ကျွန်ုပ်အနေဖြင့် ၎င်းတို့အား ကြည့်ရှုစောက်ရှောက် ခဲ့ပါသည်။ ကျွန်ုပ်အား အသင်ခေါ်ယူပြီး (ဝဖာသ် ဖြစ်ခြင်း) နောက်အသင်သည် ၎င်းတို့အား ထိန်းသိမ်းစောင့်ရှောက်တော် မူခဲ့သည်။ အို “အလ္လာဟ်ဟိုအရှင်မြတ်” အသင်သည် အရာဝတ္တုတိုင်းအား ကြည့်ရှု စောင့်ရှောက်တော်မူသော အရှင်မြတ်ဖြစ်တော်မူသည်။ အကယ်၍ အသင်သည် ၎င်းတို့အား အပြစ်ပေးမည် ဆိုလျှင် ၎င်းတို့သည်, (အသင်၏) ဘန်ဒါ  ကျေးကျွန်များ ဖြစ်ကြလေ၏။  အကယ်၍ ခွင့်မလွှတ်မည် ဆိုလျှင်လည်း (ရပေသည် အဘယ်ကြောင့်ဆိုသော်)  အသင်သည် ဂုဏ်သိက္ခာရှိ တော်မူသော အရှင်မြတ်(နှင့်) ဆင်ခြင်တုံ တရားရှိတော်မူသော အရှင်မြတ်ဖြစ်ပါသည်။
ထိုအခါ အလ္လာဟ်ဟိုအရှင်မြတ်  မိန့်ကြားတော်မူသည်မှာ- အသင်သည် ၎င်းတို့ အား စွန့်ခွါသွားပြီး နောက်ပိုင်း ၎င်း သူတို့၏ ခြေလှမ်းသည် အမြဲလိုလို အစ္စလာမ် နှင့် ဆန့်ကျင်ခဲ့ကြသည်။ ဤဟဒီးစ်တော်သည် ဟိုစ်နေစဟီး(ခ)လှပ မှန်ကန်သော ဟဒီးစ်တော် ဖြစ်၏။
စဟီးသီးရ်မေဇီးကျမ်း စာမျက်နှာအမှတ်(၃၃)နှင့် (၃၄)၌ ရေးသား ထားသည်မှာ-စဟီး(صحیح)မှန်ကန်သော ဟဒီးစ်သည် ဤကဲ့သို့ဖြစ်၏။ ၎င်းအားဆင့်ပြန်သူ “ရာဝီး”  သည် တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) ၏ခေတ်ကာလနှင့် ပတ်သက် ဆက်နွယ်နေရမည်။ တနည်းဆိုရလျှင်- တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ ဟောပြောမှုနှင့် ဆက်နွယ်နေရမည်။ “ရာဝီး” တိုင်း မှတ်သားဥာဏ် မှတ်သားမှု မှန်ကန်ခြင်း၊ ပတ်ကားမွတ်သကီး ဖြစ်ခြင်းနှင့် ရီဝါယတ်၏ ဆန့်ကျင်မှုများနှင့် လျှို့ဝှက်ချက်များ (အတွင်းပိုင်း၊ အပြင်ပိုင်း) နှင့် ပတ်သက်သည့် အကြောင်းအရာ ကို မထိန်ချန်သူ ဖြစ်ရမည်။(حسن)ဟု ဆိုသည်မှာ လှပပြီး မှန်ကန်မှုအထိ အဆင့် ရောက်နေ သော ဟဒီးစ်တော်ဖြစ်ပေသည်။ ဤဟဒီးစ်တော် အတွင်း ရီဝါယတ်တော်၌ မည်သို့သော လိမ်လည်မှု၊ စွပ်စွဲမှုများ မရှိခြင်း၊ ဤဟဒီးစ်ကို ဒုတိယနည်းလမ်းဖြင့် ရီဝါယတ်ပြန်ဆို ခြင်း ရှိရမည်။ ဆာဟာဘာ သာဝကြီးများသည် သာသနာကို မည်ကဲ့သို့ ပြုပြင်၊ ပြောင်းလဲခဲ့ကြောင်း ၎င်းတို့၏ လုပ်ရပ် ပုံရိပ်အား စဟီးသီးရ်မေဇီးကျမ်း ဟဒီးစ်တော် အမှတ်(၆၂၄)၌လည်း ရှုစား နိုင်သည်။
ဟဇရတ်(သ)အနစ် မိန့်ကြားတော်မူသည်မှာ ကျွန်ုပ် တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) ၏ ခေတ်ကာလ သမယ၌ ပြုလုပ်ခဲ့သောအလုပ်များ တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) ကျင့်သုံးခဲ့သော ကျင့်ရပ်များကို ကျင့်ဆောင်ခဲ့သူဖြစ်သည်။ ၎င်း တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ ကျင့်စဉ် များအနက် အချို့ကို ကျွန်ုပ် မမှတ်မိတော့ချေ။ ဆိုလိုသည်မှာ- ကျင့်စဉ်များ ပြောင်းလဲ သွားကြကုန်သောကြောင့် ဖြစ်ချေ၏။ သာဝကကြီးများ အနေဖြင့် ပြောကြားသည်မှာ- အသင်(အနစ်)သည် နမာဇ်ကို မမြင်ဘူး ခဲ့သလော? နာမာဇ်သည် မိမိ၏အစစ်အမှန် နေရာ၌ ရှိနေပေသည်။ (မပြောင်းလဲပေ) ဟဇရတ်(သ) အနစ်ဖြေကြားသည်မှာ- နမာဇ်အတွင်း၌ အသင်တို့(သာဝကများ)သည် အသစ် အဆန်း ဝါကျများကို မထည့်သွင်း ထားကြကုန်လော့? ထို အသစ်အဆန်း ဝါကျများ အသင်တို့ သိရှိပေသည် .. ဟူ၍ အဖြေပြန်ပေးခဲ့လေသည်။
မက်သပေ သာရိုလ်ဖွရ်ကန် ဂျအ်မေ့အ်မစ်ဂျစ်ဒ် ဒေ(ဟ)လီ                      ((مکتب دارالفرقان/جامعه مسجد/دهلی  မှ စဟီးဘုခါရီးကျမ်း၌ နှစ်ကြိမ်သုံးကြိမ် စသည်ဖြင့် အကြိမ်ကြိမ်လာရှိသော ဟဒီးစ်တော် များကို တစ်ကြိမ်တည်း ဖော်ပြခြင်းပြုလုပ်၍ သဂ်ျသီးဒေဘုခါရီး((تجدید بخاری အမည်ဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည်။

    ၎င်းစာအုပ်၏ ဟဒီးစ်တော်အမှတ်(၂၁၂၃)တွင်ရေးသားထားသည်မှာ-ကေယာမတ် (ကမ္ဘာ့တရားစီရင်မည်နေ့)၌ တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)သည် အုပ်စု တစ်စုအား ရှုစား ကြည့်ရှုတော်မူမည်။ ထို့နောက် တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေ ဟီဝစလာမ်)သည် ၎င်းတို့ကိုမှတ်မိပေသည်။ ဤအုပ်စုသည် ကျွန်ုပ်(မိုဟမ္မဒ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်))၏ သာဝကကြီးများ ဖြစ်ကြ၏။ ထိုအချိန် ပုဂ္ဂိုလ် တစ်ဦးသည် တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) နှင့် ၎င်းအုပ်စု အခြားမှ ထွက်ပေါ်လာမည်။ ၎င်းသည် ဤအုပ်စုအား ခေါ်ဆောင်သွားမည်။ ကျွန်ုပ် (မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်))သည် မေးမြန်းသည်မှာ - အသင်သည် ၎င်းတို့အား အဘယ်အရပ်သို့ ခေါ်ဆောင်သွားမည်နည်း? ၎င်းအဖြေပေးသည်မှာ-ဂျဟန္နမ် “ငရဲဘုံ”သို့ ခေါ်ဆောင်သွားမည်။ ဘာကြောင့်လဲဟု? ရစူလ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မေးမြန်းတော်မူမည်။ ၎င်းပုဂ္ဂိုလ် အဖြေပေး သည်မှာ- အို တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီ ဝစလာမ်) အသင်၏ နောက်ပိုင်း၌ ၎င်းသူတို့သည် အမိန့်များကို ချိုးဖေါက်ပစ်ကြ ကုန်၏။ ကျွန်တော်ထင်သည် ၎င်းတို့အထဲမှ အနည်းငယ်သာ လွတ်မြောက်ကြ ပေမည်။ စာရှုသူသည် ဤကျမ်းငယ်ကို အစ အဆုံး ကိုယ် စိတ် နှလုံးဖြင့် ဖတ်ရှု၍ သာသနာ့ ဥပဒေကို မည်သူ့ထံမှရယူ၍ မိမိဘဝကိုတည်ဆောက် သင့်ကြောင်း “ဆုံးဖြတ်ပေးနိုင်ပါသည်။
ကိုယ်တော်မြတ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ လက်ထက် မှစ၍ လက်ရှိ မျက်မှောက်ခေတ်အထိ ထို့နောက်   ကမ္ဘာ့တရား စီရင်မည်နေ့အထိ မည်သည့် ဖေရ်ကာ မည်သည့်အုပ်စုသာလျှင် ကျမ်းတော် မြတ်ကုရ်အာန်နှင့် အဟ်လေ့ဘိုက် သေရစူလ်(အလိုင်ဟေမွစ်စလာမ်)ကို ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့် လက်ခံ ကျင့်သုံးခဲ့ကြောင်း ကျင့်သုံးနေကြောင်း ကျင့်သုံးမည်ဖြစ်ကြောင်း စစ်မှန်သည့်သမိုင်းစာမျက်နှာများ လက်တွေသာဓကများ ခိုင်လုံသော ဟဒီးစ်တော် များက အဆက်မပြတ် ဖော်ပြနေပေသည်။ ရှီအာတို့၏ ခေါင်းဆောင် အယာသွလ္လာဟ် အလ်အွစ်(ဇ)မာအေ မာမ်ခိုမေနီး(ရ.ဟ)သာလျှင် ကျမ်းတော်မြတ် နှင့် ကိုယ်တော်မြတ်(ဆွ)အား တိုက်ခိုက်ပြီး စော်ကားသူ မဟုတ် မတရားစွပ်စွဲ ရေးသားထားသူ မသူတော်၊ မိစ္ဆာဒိဋ္ဌိ မလ်အူး(န) စလ်မန်းရူရှ်ဒီး အား သေဒဏ် အမိန့်ပေးခဲ့ပေသည်။ ဤအမိန့်ကို ခေါင်းဆောင် အယာသွလ္လာဟ် အလ်အွစ်(ဇ) မာအေမာမ်ခိုမေနီး(ရ.ဟ) အနေဖြင့်(၆)လ နေပြီးမှပေးခဲ့ပေသည်။ အင်မတန် အမြော်အမြင် ကြီးမားလှပေသည်။

(၆)လအချိန်မယူခဲ့လျှင်၊ အမည်ခံ၊ အရေခြုံမွတ်(စ)လင်(မ)များအတွက်၊စောဒကတက်ဖို့ လမ်းပွင့်သွားပေမည်။ ငါတို့သေဒဏ်ပေးမလိုလုပ်နေစဉ်၊ခိုမေနီးက၊ပေးလိုက်တာ……     

ယခုမျက်မှောက်၌လည်းမွတ်(စ)လင်(မ)များဘက်မှ၊အထူးသဖြင့်စစ်မှန်သည့် အစ္စလာမ့် (ရှီအာ အေမာမ်မီယာ )များဖက်မှ မားမားမတ်မတ်ရပ်တည်ပြီးတတ်စွမ်းသည့်ဖက်မှ သာ သနာပြု နေသည်မှာ ရှီအာ အေမာမ်မီယာ မရ်ဂျာများ ၊ အိုလမာ ၊အာလင်မ်များ တာ ဝန် သိ ၊မိုမေနီ၊မိုမေနတ်များ ဖြစ်ကြောင်း ရပ်သိ၊ရွှာသိ၊အများသိပင်တည်း

ဤအတွက်ကြောင့် .... ရိုးရိုးရှင်းရှင်း ကျင့်ရမည်မှာ ...

    အမှားကိုပစ်၍
            အမြင်မှန်ပြီး
                    အမှန်တိုင်း
        ကျင့်နိုင်ကြပါစေလိုထာဝရ၊ဆန္ဒပြုလိုက်ပါသည်။
စဉ်းစားပြီး အဆုံးအဖြတ်ပေးရန်
ဘာသာပြန်ဆိုသူ ကျွန်တော်၏ ကောက်နှုတ်ချက်အချို့

    ကျမ်းတော်မြတ် ကုရ်အာန် စူရဟ်နေစာ၊ အာယတ်တော် အမှတ် ၈၀၊ အစောင်(၅)တွင် မြတ်အလ္လာဟ် မိန့်တော်မူထားပါသည်။ အဓိပ္ပာယ်စကားပြေ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    ``အကြင် မည်သူမဆို မဟာတမန်တော်မြတ်ကြီး(ဟဇရတ်(သ)မိုဟမ္မဒ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်))၏ အမိန့်နာခံမှု ပြုမည်ဆိုလျှင် မြတ်အလ္လာဟ်ဟိုအရှင်မြတ်၏ အမိန့်နာခံသကဲ့သို့ ဖြစ်ပေမည်။´´
    ပြီးနောက် ကျမ်းတော်မြတ်ကုရ်အာန်၏ အခြားတစ်နေရာ စူရပ်အန်ဖာလ်၊ အာယတ်တော် အမှတ် ၂၄၊ အစောင်(၉)တွင်လည်း ထပ်ပြီး မြတ်အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် မိန့်ထားပြန်လေသည်။ ဆိုလိုသည့်အဓိပ္ပာယ်သည်ကား . . .
    ``အို အီမာန် သဒ္ဓါတရား သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်ဟို အရှင်မြတ်သခင် နှင့် တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) ၏ အသံအပေါ်(အမိန့်တော်များအပေါ်) နာခံကြောင်း ထွက်ဆို ပါလေ။ . . . တမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မှ ခေါ်ခြင်း၊(အမိန့်ပေးခြင်း) သည် အလ္လာဟ်ဟိုအရှင်မြတ်၏ ခေါ်ခြင်း၊(အမိန့်ပေးခြင်း) မည်လေ၏။ ကိုယ်တော်မြတ် နှင့် ``ဗိုင်အသ်´´ပြုခြင်းသည် အလ္လာဟ်ဟိုအရှင်မြတ် နှင့် ``ဗိုင်အသ်´´ပြုခြင်းပင် ဖြစ်ပေသည်။
    ထို့ပြင် စူရဟ်ဖသ်ဟ် အာယတ်တော် အမှတ် ၁၀၊ အစောင်(၂၆)တွင်လည်း ဤကဲ့သို့ လာရှိလေ၏။
    ``ထိုသူများအနေဖြင့် အသင် (တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်))နှင့် `ဗိုင်အသ်´ပြုခြင်းသည် တစ်နည်းအားဖြင့် အလ္လာဟ်ဟိုအရှင်မြတ်သခင် နှင့် `ဗိုင်အသ်´ပြုခြင်းဖြစ်လေ၏။
    အထက်ဖော်ပြပါ အာယတ်တော်များ၏ သက်သေအထောက်အထားအဖြစ် တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ အသက် ထင်ရှားရှိစဉ်အချိန်တွင် လေ့လာမှတ်သားနိုင်ပေသည်။ ဤအတွက်ကြောင့်လည်း ကိုယ်တော်မြတ် ဖြစ်ခဲ့သည့် မြေခဲအား မိမိ(အလ္လာဟ်ဟိုအရှင်မြတ်)ကိုယ်တိုင် ပစ်တော်မူခဲ့သည်ဟု မိန့်လေ၏။
``အို - တမန်တော်! ဤလုပ်ရပ်(ပစ်မှု)သည် အသင်လုပ်ခဲ့သည်၊ ပစ်ခဲ့သည် မဟုတ်ချေ။ တစ်နည်းဆိုရလျှင် အလ္လာဟ်ဟိုအရှင်မြတ်သခင် အနေဖြင့် လုပ်ခဲ့၊ ပစ်ခဲ့ခြင်း မည်လေသည်။´´
ကြည့် -  စူရဟ်အန်ဖာလ်၊ အာယတ်တော် အမှတ် ၁၇၊ အစောင်(၉)

တဖန် စူရဟ်နဂ်ျမ် အာယတ်တော် အမှတ် ၃ နှင့် ၄၊ အစောင်(၂၇)တွင် မိန့် ထားလေ၏။
    ``၄င်း တမန်တော်မြတ် အနေဖြင့် မိမိ၏ စိတ်အာသီသ၊ ဆန္ဒဖြင့် ဘာမျှ မဆိုချေ။ ၄င်းသည် ၀ဟီဗျာဒိတ်တော် နှင့်အညီသာ ပြောကြားလေသည်။´´
ဤသို့ဆိုလျှင် . . . တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်တော်မူခဲ့သည့် . . .
“ကျွန်ုပ်အနေဖြင့် အသင်တို့အား အရာနှစ်ခုကို အမာနသ်(အလွဲသုံးစား မပြုရန်) အဖြစ် ထားပေမည်။ ၄င်းအရာနှစ်ခုအား မြဲမြံစွာ ဆုပ်ကိုင်ထားသမျှ ကာလပတ်လုံး၊ လုံးဝ ဥဿုန် လမ်းလွှဲ၊ လမ်းမှားမည် မဟုတ်ချေ။ တစ်ခုနှင့် တစ်ခုသည် အခြားတစ်ခုထက်ပို ၍ ကြီးကျယ်မြင့်မြတ်ပေသည်။ တစ်ခုသည်ကား မိုးကောင်းကင်မှ မြေပြင်ဘက်သို့ တွဲထားသော `ရဟ်မသ်´၏ ကြိုးတော်၊ အလ္လာဟ်ဟိုအရှင်မြတ်၏ ကျမ်းတော်မြတ် ကုရ်အာန် ဖြစ်ပေသည်။
နောက်တစ်ခုသည်ကား ကျွန်ုပ်၏ အိမ်တော်သူ/အိမ်တော်သားများ (အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်))ဖြစ်ပါသည်။ ဤအရာနှစ်ခုသည် တစ်ခု နှင့် တစ်ခု မည်သည့်အခါမျှ ကွဲကွာကြမည် မဟုတ်သည့်အပြင် ကျွန်ုပ်နှင့် လာရောက် ၍ ကောင်စဲရ်ရေကန်တော် ၌ လာဆုံကြပေမည်။ အသင်တို့(အွန်မသ်သားများ)သည် ကျွန်ုပ်မရှိသည့်နောက်ပိုင်း ၄င်းအရာနှစ်ခုနှင့် မည်ကဲ့သို့ ပြုမူဆက်ဆံခဲ့ကြောင်း ကျွန်ုပ် အနေဖြင့် (စောင့်မျှော်)ကြည့်ရှုရမည် ဖြစ်ပါသည်။”
မဟာတမန်တော်မြတ်ကြီး ဟဇရတ်(သ)မိုဟမ္မဒ်(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)သခင်
လေ့လာကြည့်ရှုရန် - စဟီးသီးရ်မေဇီးကျမ်း/စူနန်ကျမ်း၊ အတွဲ(၅)၊စာမျက်နှာ(၆၆၃)၊ ဟဒီးစ်တော်အမှတ်-၃၇၇၈၈။
    ဟဒီးတော်သည်လည်း အလ္လာဟ်ဟိုအရှင်မြတ်၏ ဟောကြားမှု၊ မိန့်ရပ် ဖြစ်သွားချေ၏။
    အထက်ပါသြ၀ါဒတော်မွန် အရ ကျွန်တော်တို့ မွတ်စလင်များ အားလုံးသည် -
-    ကုရ်အာန်နှင့် အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)ကိုသာလျှင် မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ . . .
-    ၄င်းအရာနှစ်ခုအား မြဲမြံစွာ မဆုပ်ကိုင် နိုင်လျှင် လမ်းလွှဲ၊ လမ်းမှားတွင် ရှိနေပေမည်။ . . .
-    ဤအရာနှစ်ခုအား မြဲမြံစွာ မဆုပ်ကိုင်ထားခဲ့လျှင် တစ်နေ့ မြတ် တမန်တော် မိုဟမ္မဒ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ စစ်ဆေးမေးမြန်းခြင်း၊ မြတ်အလ္လာဟ်၏ စစ်ဆေးမေးမြန်းခြင်းကို မလွဲမသွေ ခံရပေလိမ့်မည်။
အတိတ်နှင့်လက်ရှိတွင် ထင်ထင်ရှားရှား ကျမ်းတော်မြတ် ကုရ်အာန် နှင့် ကိုယ်တော်မြတ်၏ အိမ်တော်သူ အိမ်တော်သားများအား မြဲမြံစွာ လက်ကိုင် ထားပြီးနောက် ၄င်းတို့၏ သြ၀ါဒတော်မွန်များကို နာခံကျင့်သုံးခဲ့သူများ၊ ကျင့်သုံး နေသူများမှာ ရှီအာအေမာမ်မီယာများ သာလျှင် ဖြစ်ပါသည်။ အနာဂတ်တွင်လည်း ဤအတိုင်း ပင်တည်း။ . . .
    အထက်ပါဟဒီးတော်အရ ကုရ်အာန်နှင့်ဆွာဟာဗာတော်များကို မြဲမြံစွာ လက်ကိုင် ထားဖို့ မဟုတ်ကြောင်း ပြတ်သားထင်ရှားနေပါသည်။
    ပြီးနောက် မိမိတို့အသိဥာဏ်ရှိလျှင် ရှိသလောက် ပညာတတ်လျှင် တတ်သလောက် အချက်များစွာကို ဖြည့်စွပ် စဉ်းစားလေ့လာနိုင်ပါသေးသည်။
    ဤအတွက်ကြောင့် ရှီအာ အေမာမ်မီယာသာလျှင် မှန်ကန်သည့် ဖေရ်ကာ နှင့် စစ်မှန်သည့် အစ္စလာမ်အောင်မြင်သူများ ဖြစ်ချေသည်။ ပိုမိုပြီး တိကျခိုင်လုံ စေရန် ကိုယ်တော်မြတ် (ဆွ)၏ ဟဒီးစ်တော်မှန် တစ်ပါးအား အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။
ဟဒီးတော်မှန် မှာ ဤသို့ ဖြစ်ချေသည် -
 
`အို! အလီ(အလိုင်ဟစ်စလာမ်)အသင်နှင့်အသင်၏ ရှီအာ(အေမာမ်မီယာ)သည် သာလျှင် အောင်မြင်သူ (ဂျန္နတ်သီ)များ ဖြစ်ချေသည်။´´
ညွှန်း-
-    အေဗ်နေဟဂ်ျရ်ရေမက္ကီ ရေးသားထားသည့်`စ၀ါအေကိုလ်မိုဟ်ရေကာကျမ်း´ စာမျက်နှာ-၉၆။
-    န၀ါဗ်ဆွဒီးကီး ရေးသားထားသည့် `သဖ်စီးရေဖသ်ဟိုလ်ဗရန်းကျမ်း´ အတွဲ(၁၀)၊ စာမျက်နှာ-၃၂၃။
-    အလာမာရှောင်ကာနီရေးသားထားသည့် `သဖ်စီးရေဖသ်ဟိုလ်ကဒီးရ်ကျမ်း´ အတွဲ(၅)၊ စာမျက်နှာ-၆၂၄။
-    အလာမာဂျလာလွတ်ဒီး(န)စူယူသီး ရေးသားထားသည့် `ဒူရွလ်မန်ရှူးကျမ်း´ အတွဲ(၆)၊ စာမျက်နှာ-၃၇၉။
-    အထက်ပါ အာလင်မ်များသည် ရှီအာအေမာမ်မီယာ အာလင်မ်များ မဟုတ်ကြချေ။
-    မပြောကောင်း မဆိုကောင်း၊ ဟဒီးစ် မမှန်ခဲ့လျှင် ဤ အဟ်လေ့စွန္နတ်၏ အကျော်အမော်အာလင်မ်များ အနေဖြင့် မှတ်တမ်းတင် ရေးသားခဲ့ကြမည် မဟုတ်ချေ . . .
ရိုးသား ဖြူစင်စွာ ၀န်ခံရေးရမည့်ဆိုလျှင်-
    အို! အလီ (အလိုင်ဟစ်စလာမ်) ၏ နေရာတွင် အခြားပုဂ္ဂိုလ် သာဝကတော်ကြီးများ၊ ရှီအာအေမာမ်မီယာ နေရာ၌ အခြားစကားလုံးကို တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်) မိန့်တော်မမူခဲ့ကြောင်း နှင့် မည်သည့်စစ်မှန်သည့် စဟီးကျမ်းအကျော်အမော် အာလင်မ်များ၏ မှတ်တမ်းတွင် တွေ့ရမည် မဟုတ်ချေ။ မတော်တဆ တွေ့ခဲ့လျှင်လည်း နောက်ပိုင်းမှ လုပ်ကြံရေးသား သည့် လုပ် ဟဒီးစ်တု သာလျှင် ဖြစ်ပေမည် . . .
    ဤအတွက်ကြောင့် ကိုယ်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟို အလိုင်ဟေ ဝအာလေဟီဝစလာမ်)၏ ရှီအာ အေမာမ်မီယာအပေါ်နှင့် ကုရ်အာန် နှင့် အဟ်လေ့ဘိုက်(သ)(အလိုင်ဟေမွစ်စလာမ်)ကိုသာလျှင် မြဲမြံစွာ ဆုပ်ကိုင်ဖို့ ဟောထားသည့် ဟဒီးတော်ရှိနေပါလျက် . . .
အဖေထက် သားတစ်လကြီး သကဲ့သို့ တစ်နည်း -
ကျောက်ကောင်း၊ ကျောက်မြတ် ရောင်းသည့်နေရာတွင် ဆေးရိုးတန်က ၀င်ပြီး ပြဿနာရှာခြင်း၊ ရိုးသားမှု မရှိခြင်း၊ လိမ္မာမှုကင်းမဲ့ခြင်း၊ အမုန်းတရားကို လက်ကိုင်ထားခြင်း၊ မျိုးဖြင့် တစ်မျိုး-
အကျိုးမရှိ၊ မယဉ်မကျေး၊ အရှက်သိက္ခာကင်းမဲ့ပြီး အမှန်နှင့်အမှား အသေအချာ မသိရှိဘဲ တစ်သွင်. . .
ရှီအာ အေမာမ်မီယာ- ရှီအာ ဂျာအ်ဖရီယာ အား ကာဖေရ်၊ မိုရှ်ရေက်… ဟု ပြောဆို ရေးသား ဟောကြားသူများအတွက် အံ့သြစရာပင် . . .
ရင်လေးစရာပင် … သနားစရာပင် တည်း …
ဤကဲ့သို့သော ပုဂ္ဂိုလ်များသည် ဟဒီးမှန်များ ရှိလျက် ဗြောင်လိမ်၊ ဗြောင်စား လုပ်ခဲ့၊ လုပ်နေ၊ လုပ်မည် ဖြစ်သဖြင့် . . . မျက်စိချို့ယွင်း၊ ပျက်စီးနေသူများ မဖြစ်နိုင်ပါ. . . နှလုံးသား နှင့် စိတ်ထား ယုတ်ညံ့သူများသာ ဖြစ်ပါသည်. . .
သူယုတ်မာ ၊ မသူတော်များသာ ဖြစ်ပေသည်။ …

ဤကဲ့သို့
ရှီအာ အေမာမ်မီယာ- ရှီအာ ဂျာအ်ဖရီယာ အား ကာဖေရ်၊ မိုရှ်ရေက်၊ လမ်းမှား စသည်ဖြင့် ပြောဆို ရေးသား ဟောကြားသူများသည် ကမ္ဘာနှင့် မြန်မာ မွတ်စလင်များအကြား စနစ်တံဖြုတ်ထားသောဗုံးများနှင့် တူပေသည်။

ဤဘာသာပြန်ကျမ်းငယ် နှင့် အချို့ ကောက်နှုတ်ချက်များအား အနှိုင်းမဲ့၊ အတုမဲ့၊ မြတ်အလ္လာဟ်ဟိုအရှင်မြတ် အနေဖြင့် လောကီ၊ လောကုတ္တရာ နှင့် ကဗဲရ်အတွက် နှစ်မြို့၊ လက်ခံတော်မူပါစေ . . . အာမီး(န)
ဗေဟက်ကေ ကုရ်အာန်၊ မိုဟမ္မဒ်(ဆွ)၀အာလေ မိုဟမ္မဒ် (အ.စ)…

==================

251 / End