အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
ဗုဒ္ဓဟူးနေ့

၁၂ ဧပြီ ၂၀၁၇

၁၈:၄၀:၁၀
823482

ခရီးသည်ကို စော်ကားမိခဲ့သည့်အတွက် အမေရိကန်လေကြောင်းလိုင်း တောင်းပန်

လူပြည့်နေသည့် လေယာဉ်ပေါ်မှ ခရီးသည်တစ်ဦးကို အင်အားသုံးဆွဲချသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီးနောက် အမေရိကန်အခြေစိုက် United Airlines လေကြောင်းလိုင်း၏ အမှုဆောင်အကြီးအကဲ အော်စကာ မူနော့ဇ်က ယမန်နေ့တွင် ပြန်လည် တောင်းပန်လိုက်သည်။

 


 

လူပြည့်နေသည့် လေယာဉ်ပေါ်မှ ခရီးသည်တစ်ဦးကို အင်အားသုံးဆွဲချသည့် ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီးနောက် အမေရိကန်အခြေစိုက် United Airlines လေကြောင်းလိုင်း၏ အမှုဆောင်အကြီးအကဲ အော်စကာ မူနော့ဇ်က ယမန်နေ့တွင် ပြန်လည် တောင်းပန်လိုက်သည်။

 

အသက် ၆၉ နှစ်အရွယ် တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသား ဒေါက်တာ ဒေးဗစ် ဒါအိုမှာ ပြီးခဲ့သည့်တစ်ပတ်က အဆိုပါ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးကို စီးနင်းစဉ် လူပြည့်နေသောကြောင့် လေယာဉ်ဝန်ထမ်းများမှာ ၎င်းအား လေယာဉ်ပေါ်မှာ အင်အားသုံးကာ ဆွဲချခဲ့ပြီး ဒဏ်ရာအနာတရများလည်း ရရှိခဲ့သည်။

 

အဆိုပါဗီဒီယို အွန်လိုင်း၌ ပြန်နှံ့သွားပြီးနောက် ပြည်သူများမှာ ဝေဖန်မှုများ ရှိလာခဲ့ပြီး၊ အာရှနွယ်ဖွားဖြစ်သည့်အတွက် လူမျိုးရေးခွဲခြားမှု လုပ်ရပ်မျိုး ဖြစ်နေလားဆိုသည့် စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

 

“ဒီလေယာဉ်ခရီးစဉ်မှာ ဖြစ်ပျက်သွားတဲ့ကိစ္စအတွက် ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်။ ပြီးတော့ အတင်းအဓ္ဓမ ဆွဲချခံခဲ့ရတဲ့ ခရီးသည်နဲ့ လိုက်ပါစီးနင်းကြတဲ့ ခရီးသည်အားလုံးကို အနူးအညွှတ် တောင်းပန်ပါတယ်။ ကျွန်တော်တို့ဟာ ဒီအတွက် အပြည့်အ၀ တာဝန်ယူပြီး၊ မှန်မှန်ကန်ကန်ဆော

င်ရွက်သွားမယ်ဆိုတာကိုလည်း သိစေချင်ပါတယ်” ဟု မူနော့ဇ်က ပြောကြားခဲ့သည်။

 

သို့သော်လည်း စောစောပိုင်းတွင် မူနော့ဇ်က မိမိဝန်ထမ်းများမှာ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အခြေအနေကို ကိုင်တွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

လက်ရှိတွင် United Airlines လေကြောင်းလိုင်းအား သပိတ်မှောက်မှုများ ရှိနေပြီး အမေရိကန်ရှိ တရုတ်နွယ်ဖွား အမေရိကန်နိုင်ငံသားများ မဟာမိတ်အဖွဲ့ အကြီးအကဲက ချီကာဂိုတွင် မကြာခင်ပြုလုပ်မည့် ညီလာခံ၌ United လေကြောင်းလိုင်းကို မစီးရန် အဖွဲ့ဝင်များအား တိုက်တွန်းသွားမည်ဟု ဆိုသည်။

 

ထိုကိစ္စအတွက် အမေရိကန် ပို့ဆောင်ရေးဝန်ကြီးဌာနကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

 

Ref: Aljazeera

===================

251/End