အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္ဂနွေနေ့

၃၀ ဧပြီ ၂၀၁၇

၁၅:၀၃:၄၂
826953

ရက်ပေါင်း ၁၀၀ ပြည့် လူထုစုဝေးပွဲတွင် ဒေါ်နယ်ထရန့်က မီဒီယာကို တိုက်ခိုက်

ရက်ပေါင်း ၁၀၀ ပြည့် လူထုစုဝေးပွဲတွင် ဒေါ်နယ်ထရန့်က မီဒီယာကို တိုက်ခိုက်



သမ္မတဖြစ်လာသည့် ရက်ပေါင်း ၁၀၀ ပြည့်ခြင်းအထိမ်းအမှတ် လူထုစုဝေးပွဲ အခမ်းအနားတစ်ခုတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မီဒီယာများကို တိုက်ခိုက်ပြောဆိုခဲ့ပြီး မိမိအနေဖြင့် ကတိတစ်ခုပြီး တစ်ခုတည်အောင် ဖြည့်ဆည်းနေသည်ဟု ပြောသည်။

 ၎င်းအပေါ် ဝေဖန်သူများသည် လက်တွေ့အခြေအနေနှင့် ကင်းကွာနေသည့် ဂျာနယ်လစ်များ၏ သတင်းအတုအယောင်များဟု ၎င်းက ပယ်ချပြောဆိုသည်။
    
ဒေါ်နယ်ထရန့်သည် သမ္မတဖြစ်လာပြီးနောက် အိမ်ဖြူတော်သတင်းထောက်များ၏ ညစာစားပွဲသို့ မတက်ရောက်ခဲ့ဘဲ ၁၉၈၁ က ရော်နယ်ရေဂင်လုပ်ကြံခံရပြီး သေနတ်ဒဏ်ရာကြောင့် မတက်ရောက်နိုင်ဘဲရှိပြီးနောက် အဆိုပါညစာစားပွဲသို့ မတက်ရောက်သော ပထမဆုံးသမ္မတဖြစ်လာသည်။
    
ပထမဆုံးရက် ၁၀၀ အတွင်း အောင်မြင်မှုများကို သတင်းပေးပို့မှုနှင့် ပတ်သက်၍ မီဒီယာအဖွဲ့များကို အနုတ်လက္ခဏာကြီးကြီးဖြင့် စာမေးပွဲချသင့်ပြီး မိမိအနေဖြင့်
ဝါရှင်တန်မှ မိုင်ပေါင်း၁၀၀ ကျော်ဝေးနေ၍  အလွန်ဝမ်းမြောက်မိသည်ဟု ပင်ဆယ်ဗေးနီးယားပြည်နယ်၏ မြို့တော်ဟားရစ်ဘာ့ဂ်မြို့ လူထုစုဝေးပွဲတွင်
ဒေါ်နယ်ထရန့်က ပြောသည်။
    
မိမိ၏ ပထမဆုံးသမ္မတသက်တမ်းရက် ၁၀၀ သည် အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး အလုပ်များစွာပြီးမြောက်ခဲ့သည်ဟု ထရန့်က ပြောသည်။
    
အမေရိကန်အလုပ်အကိုင် ခိုးယူမှုများကို အဆုံးသတ်၍ ယင်းအလုပ်အကိုင်များကို အမေရိကန်သို့ ပြန်လည်ဆောင်ကြဉ်းလာခဲ့သည်ဟု ဆိုသည်။
    
ကျောက်မီးသွေးစစ်ပွဲနွှဲမှုကို အဆုံးသတ်ခဲ့ပြီး စွမ်းအင်ရှာဖွေရေး စည်းမျဉ်းများ လျှော့ချပေးခဲ့သည်ဟု ပြောသည်။
    
အမေရိကန်အတွက် အကျိုးမရှိသော ကုန်သွယ်ရေးစာချုပ်များမှ နုတ်ထွက်ခဲ့သည်ဟု ဒေါ်နယ်ထရန့်က အောင်မြင်မှုများနှင့် ပတ်သက်၍ ပြောကြားသည်။

===================
251/End