အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၂၅ မေ ၂၀၁၇

၁၉:၂၇:၅၁
831961

ဒေါ်နယ်ထရန့်၏ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ် မဟာဗျူဟာအခင်းအကျင်းများ

အမေရိကန် သမ္မတ ရာထူးကို ဆက်ခံခဲ့ ပြီးနောက် ဒေါ်နယ် ထရန့်သည် ၎င်း၏ ပထမဆုံး တရားဝင် ပြည်ပခရီးစဉ်ကို လှည့် လည် သွားလာလျက်ရှိသည်။ ထရန့်၏ နိုင်ငံခြားခရီးစဉ်သည် အရှေ့အလယ်ပိုင်းနှင့် ဥရောပ ရှိ အရေးပါသော အမေရိကန် မဟာမိတ်များထံ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ အမေရိ ကန်သာ ပဓာနဆိုသော ၎င်း၏ အငြင်းပွားဖွယ် မူဝါဒကြောင့် အမေရိကန်နှင့် မဟာမိတ်နိုင်ငံ များ၏ ဆက်ဆံရေးအပေါ် တစ် ကမ္ဘာလုံးက အလေးထားစောင့် ကြည့်နေကြချိန်တွင် ထရန့်၏ ခရီးစဉ်က စိတ်ဝင်စားစရာဖြစ်လာ ခဲ့သည်။



အမေရိကန် သမ္မတ ရာထူးကို ဆက်ခံခဲ့ ပြီးနောက် ဒေါ်နယ် ထရန့်သည် ၎င်း၏ ပထမဆုံး တရားဝင် ပြည်ပခရီးစဉ်ကို လှည့် လည် သွားလာလျက်ရှိသည်။ ထရန့်၏ နိုင်ငံခြားခရီးစဉ်သည် အရှေ့အလယ်ပိုင်းနှင့် ဥရောပ ရှိ အရေးပါသော အမေရိကန် မဟာမိတ်များထံ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ အမေရိ ကန်သာ ပဓာနဆိုသော ၎င်း၏ အငြင်းပွားဖွယ် မူဝါဒကြောင့် အမေရိကန်နှင့် မဟာမိတ်နိုင်ငံ များ၏ ဆက်ဆံရေးအပေါ် တစ် ကမ္ဘာလုံးက အလေးထားစောင့် ကြည့်နေကြချိန်တွင် ထရန့်၏ ခရီးစဉ်က စိတ်ဝင်စားစရာဖြစ်လာ ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က စတင်သော ကိုးရက်ကြာ ခရီးစဉ်တွင် ထရန့်သည် ဆော်ဒီအာ ရေးဗီးယား၊ အစ္စရေး၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗာတီကန်သို့ သွားရောက်ရန် စီစဉ်ထားသည်။ မေလ ၂၂ ရက်ထိ အခြေအနေအရ ထရန့်သည် ဆော်ဒီခရီးစဉ် ပြီးဆုံး ပြီး အစ္စရေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်း၏ခရီးစဉ် မတိုင်မီက တည်းက အစ္စရေးတွင် လုံခြုံရေး ကို တင်းတင်းကျပ်ကျပ်မြှင့်တင် သတ်မှတ်ပြီး ထောက်လှမ်းရေး အေးဂျင့်များ အထူးအလုပ်ရှုပ်နေခဲ့သည်။

ထရန့်၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်ကိုလည်း မဟာဗျူဟာ ကျကျ ရွေးချယ်စီစဉ်ထားဟန်ရှိနေပြီး နိုင်ငံတကာရေးရာ စောင့်ကြည့်သူများ၏ အာရုံကို ဆွဲဆောင်နေသည်။ ထရန့်သည် ရွေးကောက် ပွဲကြိုမဲဆွယ်မှု ကာလများအတွင်း မွတ်စလင်များအပေါ် ခါးသီးသည့်သဘောထားမှတ်ချက်များ ပေးခဲ့ ဖူးသည်။ သို့သော် ၎င်း၏ ပထမဆုံး နိုင်ငံတကာခရီးစဉ်သည် မွတ်စလင်ဘာသာရေးတွင် အခေါင်အ ချုပ်သဖွယ်ဖြစ်နေပြီး အမေရိကန် ၏ အရေးပါသည့် စစ်ရေးမဟာ မိတ်ဆော်ဒီဖြစ်နေသည်။ ထို့အ ပြင် အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အဓိကအကျဆုံး မဟာ မိတ်ဟု ဆိုရမည့် အစ္စရေးအပြင် ပါလက်စတိုင်းနယ်မြေများသို့ပါ သွားရောက်ရန် ထရန့်က စီစဉ် ထားသည်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်သည် NATO မဟာမိတ်အဖွဲ့၏ ဌာနချုပ်အခြေစိုက်ရာ မြို့ဖြစ်ပြီး ထရန့်ကNATO စစ်အုပ်စု ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ အီတလီတွင်မူ စစ္စလီနှင့်ရိုမန်ကက်သလစ်ခရစ်ယာန် ဘာသာ၏ အထွတ်အမြတ်နယ်မြေဖြစ် သော ဗာတီကန်တို့သည် ထရန့်၏ ခရီးစဉ် အစိတ်အပိုင်းများ ဖြစ်နေ ပါသည်။

ထရန့်၏ ပထမဆုံးနိုင်ငံခြား ခရီးစဉ်သည် ပြည်တွင်းတွင် ကြုံ တွေ့နေရသည့် ဖိအားများကို လျှော့ချနိုင်မည့် ထွက်ပေါက်တစ် ခုဖြစ်ခဲ့ကြောင်းလည်း အမေရိကန် မီဒီယာများက ဖော်ပြကြသည်။ ထရန့်သည် အက်ဖ်ဘီအိုင် ထောက်လှမ်းရေးဌာန အကြီးအ ကဲဂျိမ်းစ်ကိုမီကို ရာထူးမှ ဖယ်ရှားလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ဝေဖန်မှုများစွာ ရင်ဆိုင်နေရသည်။

ထရန့်၏ အစိုးရအဖွဲ့က ကိုမီ၏ အရည်အသွေးကို ယုံကြည်မှုမရှိ သဖြင့် ရာထူးမှ ဖယ်ရှားလိုက်ခြင်း ဟု ကြေညာသော်လည်း အတိုက် အခံဒီမိုကရက်များက ထရန့်နှင့် ရုရှားအစိုးရကြား ဆက်နွှယ်မှုများကို အက်ဖ်ဘီအိုင်က ခြေရာခံစစ် ဆေးနေသဖြင့် ကိုမီကို ဖယ်ရှားခဲ့ သည်ဟု စွပ်စွဲကြသည်။

ထိုအတောအတွင်း ထရန့် သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ကို ဝါရှင်တန်၌ လက်ခံတွေ့ဆုံခဲ့ရာတွင် အိုင် အက်စ်စစ်သွေးကြွများနှင့် ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက် အဆင့် အချက်အလက်များကို အ သိပေးခဲ့ကြောင်း သတင်းထွက်လာပြန်သည်။ ထိုအချက်အလက် များကို အစ္စရေးထံမှ ရရှိခဲ့ပြီး ရုရှားထံ ဝေမျှပေးရန် အစ္စရေးက ခွင့်ပြုမထားခဲ့ဟု ဆိုသည်။ ထရန့်၏နှုတ်ဖွာမှုကြောင့် အိုင်အက်စ်တပ် ဖွဲ့အတွင်း စိမ့်ဝင်လှုပ်ရှားနေသည့် အစ္စရေးသူလျှိုများအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း အမေရိကန်သတင်းစာများက ဝေဖန်ရေးသားခဲ့သည်။ ထို့အပြင် အဆိုပါကိစ္စကို အခြေခံ၍ အမေရိကန် အပေါ် မဟာမိတ်များ၏ ယုံကြည် မှုကိုပါ ထိခိုက်လာနိုင်ကြောင်း ထောက်ပြကြသည်။

ယင်းကဲ့သို့ ဘက်ပေါင်းစုံဖိအားများကြုံနေချိန်တွင် ဝါရှင် တန်ကို စွန့်ခွာလာခြင်းကြောင့် ထရန့်အနေဖြင့် အတိုင်းအတာ တစ်ခုထိ အသက်ရှူချောင်သွား သည်ဟု ဆိုနိုင်သည်။ ထို့အပြင် ၎င်း၏ ပြည်ပခရီးစဉ်သည်လည်း မူဝါဒပိုင်းအရ အောင်မြင်မှုအချို့ ရရှိနေခြင်းကြောင့် ပိုမို၍ ကျေနပ် စရာ ဖြစ်လာခဲ့သည်။

ထရန့်သည် သမ္မတဖြစ်ပြီးပြီးချင်း ဦးစားပေးကိစ္စအနေဖြင့် မွတ်စလင်နိုင်ငံ ခုနစ်ခုကို ပြည်ဝင် ခွင့်ပိတ်ပင်သည့် အထူးအမိန့်မျိုး ထုတ်ပြန်ခဲ့သော်လည်း ဆော်ဒီ ခရီးစဉ်တွင်မူ ပိုမိုညက်ညောသော သဘောထားမျိုးဖြင့် ချဉ်းကပ်လာခဲ့သည်။ ၎င်းက အစ္စလာမ်ဘာ သာသည် ခိုင်မာအားကောင်းသော အယူဝါဒတစ်ခုအဖြစ် ချီးကျူးခဲ့ပြီး အစ္စလာမ်နိုင်ငံများ အားလုံးက အစွန်းရောက်အစ္စလာမ်မစ်အကြမ်းဖက်ဝါဒကို စုပေါင်းတိုက်ဖျက်ကြ စေလိုကြောင်း တောင်းဆိုခဲ့သည်။

ရီးယာဒ့်မြို့တွင် မွတ်စလင်နိုင်ငံ ၅၅ ခုမှ ထိပ်တန်း အရာရှိများကို တွေ့ဆုံစကားပြောခဲ့ရာ၌ မိမိသည် မွတ်စလင်နိုင်ငံများကို အမေရိကန်၏ နည်းလမ်းအတိုင်း ကျင့်သုံးနေထိုင်ရန် တောင်းဆိုမည် မဟုတ်ကြောင်း၊ သို့သော်အစွန်းရောက်ဝါဒကို တိုက်ဖျက်ခြင်း သည် ယုံကြည်ကိုးကွယ်မှု ကွဲပြားခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ဘဲ အတူတကွ လက်တွဲသင့်သည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း ထရန့်က စည်းရုံးတိုက်တွန်းခဲ့ သည်။ ‘‘ဒါဟာ အယူဝါဒကွဲပြားမှုရဲ့ တိုက်ပွဲမဟုတ်ပါဘူး။ ကောင်းခြင်းနဲ့ ဆိုးခြင်းကို ခြားနားလိုက် မယ့် တိုက်ပွဲသာ ဖြစ်ပါတယ်’’ဟု ထရန့်က ဆိုသည်။

ထရန့်၏ မိန့်ခွန်းနှင့် ပတ်သက်၍ သက်ရောက်တုံ့ပြန်မှု အမျိုးမျိုးရှိခဲ့သည်။ ထရန့်အနေ ဖြင့် ၎င်း၏ အခြေခံ သဘောထားကို ကြီးကြီးမားမား မပြောင်းလဲစေဘဲ သံတမန်ဆန်ဆန် မိန့်ခွန်းပြောသွားခဲ့ကြောင်း ထောက်ခံမှုများရှိနေသည်။ အတိုက်အခံများက လည်း ထရန့်၏ သဘောထားများ သည် နိုင်ငံတကာ ဆက်ဆံရေးတွင် ယုံကြည်မှု ပျက်ပြားစေမည့် အခြေအနေမျိုးရှိနေဆဲဟု ဝေဖန်ထောက်ပြကြသည်။ မည်သို့ပင် ဖြစ်စေ အမေရိကန်စီးပွားရေးကို အထူးပြု စဉ်းစားမည်ဆိုသော ထရန့်၏ မူဝါဒသည် ဆော်ဒီခရီး စဉ်တွင် ရုပ်လုံးပေါ်လာသည်။

ထရန့်သည် ဆော်ဒီထံသို့ ဒေါ်လာ ဘီလီယံရာနှင့်ချီ တန်ဖိုးရှိသော လက်နက်များ ရောင်းချမည့်သဘောတူ စာချုပ်ကို ရီးယာဒ့် တွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစာချုပ်သည် ဒေါ်လာ ၁၁၀ ဘီလီယံမျှ တန်ကြေးရှိသော်လည်း ၁၀ နှစ်တာ ကာလရှည်အတွင်း တန်ဖိုး ဒေါ်လာ ၃၅၀ ဘီလီယံထိ မြင့်တက်လာနိုင်ကြောင်း အိမ်ဖြူ တော်က သတင်းထုတ်ပြန်ကြေ ညာခဲ့သည်။ ထို့အပြင် ယီမင်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်၌ ဆော်ဒီ၏ ပါဝင်စွက်ဖက်မှု သဘောထားကို အမေရိကန်က ထောက်ခံကြောင်းလည်း ထရန့်က အသိပေးခဲ့သည်။ စာချုပ်အရအမေရိကန်သည် လက်နက်ကြီးများ၊ တင့်ကားများ၊ ရေဒါစနစ် များ၊ သယ်ယူပို့ဆောင်ရေးယာဉ် များနှင့် Black Hawk ဘက်စုံသုံး ရဟတ်ယာဉ်များကို ဆော်ဒီသို့ ရောင်းချမည် ဖြစ်သည်။

အစ္စရေးတွင်မူ ထရန့်သည် တဲလ်အဗစ်နှင့် ဂျေရုဆလင်မြို့ များသို့ လှည့်လည်သွားရောက်ရန် စီစဉ်ထားသည်။ ဂျေရုဆလင်တွင်ထရန့်သည် အစ္စရေးသမ္မတ ရူဗန်ရစ်ဗ်လင်နှင့် တွေ့ဆုံပြီး ပါလက်စတိုင်းနယ်မြေအချို့သို့ပါ သွားရောက်မည်ဟု ဆိုသည်။ ထို့နောက်ဆီလ်ပူချားဝတ်ကျောင်းတော်နှင့် အနောက်ဘက်တံတိုင်းကြီးတို့သို့လည်း လည်ပတ်မည် ဖြစ်သည်။ယင်းနောက်တွင်မူ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုနှင့် ထရန့်တို့ ဆွေးနွေးကြမည် ဖြစ်သည်။ အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက် က အစ္စရေးနှင့် ဆက်ဆံရေးသိ သိသာသာ ဆုတ်ယုတ်ခဲ့ရာ ထရန့်နှင့် နေတန်ညာဟုတို့ တွေ့ဆုံမှုသည် အမေရိကန်၏ ထိလွယ်ရှလွယ် အရှေ့အလယ်ပိုင်း မူဝါဒနှင့် ပတ်သက်၍ အရေးပါသော အလှည့်အပြောင်းလည်း ဖြစ်လာ နိုင်သည်။

မေလ ၂၄ ရက်တွင် ထရန့် သည် ရောမသို့ ရောက်ရှိပြီး ဗာတီကန်နန်းတော်တွင် ပုပ်ရဟန်းမင်း ကြီး ဖရန်စစ်နှင့် တွေ့ဆုံမည်ဖြစ် သည်။ ကမ္ဘာပေါ်တွင် ဩဇာအကြီး ဆုံးပုဂ္ဂိုလ်နှစ်ဦးသည် ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှု၊ ဒုက္ခသည်ပြဿနာအစရှိသည့် ကဏ္ဍများ ကို ဆွေးနွေးဖွယ်ရှိနေသည်။ ပုပ် ရဟန်းမင်းကြီးက ၎င်းအနေဖြင့် ထရန့်နှင့် တွေ့ဆုံရာတွင် သဘော ထားပွင့်ပွင့်လင်းလင်းဖြင့် ဆက်ဆံမည်ဟု မိန့်ကြားထားသည်။ ထိုနေ့ညနေတွင် ထရန့်သည် ဘယ်လ်ဂျီယံသို့ ရောက်ရှိကာ ဘုရင်ဖိလစ်၊ ဝန်ကြီးချုပ် ချားလ် မိုက်ကယ်တို့က ၎င်းကို ကြိုဆိုမည် ဖြစ်သည်။

မေလ ၂၅ ရက်တွင်မူ ဘရပ် ဆဲလ်မြို့၌ ပြင်သစ်သမ္မတသစ် အီမန်နျူရယ်မက်ကရွန်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံခေါင်းဆောင်အချို့နှင့် တွေ့ဆုံပြီး နောက် NATO ညီလာခံ တစ်ခုသို့လည်း တက်ရောက်ရန် ထရန့်ကစီစဉ်ထားသည်။ ထိုညီလာခံတွင် ထရန့်က NATO အဖွဲ့ဝင် နိုင်ငံများ၏ ကာကွယ်ရေးစရိတ် အသုံးပြုမှုကို မြှင့်တင်ရန် တောင်းဆိုထားမှု ကို အလေးအနက်ဆွေးနွေးဖွယ် ရှိနေသည်။ မေလ ၂၆ ရက်တွင်မူ စစ္စလီရှိ တာအိုမီနာမြို့သို့ ရောက်ရှိကာ G7 ထိပ်သီးညီလာခံ တက်ရောက်ပြီး ၎င်း၏ နိုင်ငံခြား ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ် သည်။

ထရန့်၏ နိုင်ငံခြားခရီးစဉ် သည် အမေရိကန်၏ စီးပွားရေး မူဝါဒသစ်များ ပိုမိုထိရောက် အကောင်အထည်ဖော်ရေးကို အဓိကထားစီစဉ်ထားကြောင်း အမေရိ ကန်အစိုးရ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဟားဘတ်မက်မာစတာက ဆိုသည်။ ထိုအဆိုအတိုင်း အမှန်တကယ် အောင်မြင်ဖြစ်မြောက်မှု ရှိ၊ မရှိဆိုသည်မှာမူ ခရီးစဉ်ပြီးဆုံးချိန် ထွက်ပေါ်လာ မည့် ရလဒ်များကို အခြေပြုသုံး သပ်ရမည် ဖြစ်သည်။

===================
251/End