အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ဗုဒ္ဓဟူးနေ့

၁၂ ဇူလိုင် ၂၀၁၇

၁၈:၄၈:၁၂
841958

နိုင်ငံတကာနှင့် ပိုမိုကင်းကွာအောင် တွန်းအားပေးခဲ့သည့် ထရန့်၏ ဂျီ-၂၀ လုပ်ဆောင်ချက်များ

ကမ္ဘာ့စီးပွားရေးအင်အား ကြီးနိုင်ငံများ စုဖွဲ့ ထားသည့် ဂျီ-၂၀ အဖွဲ့၏ ထိပ်သီးညီလာခံကို ဂျာမနီနိုင်ငံတွင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ အငြင်းပွားဖွယ်မူဝါဒ များကြောင့် လူသိများသော ဒေါ်နယ်ထရန့်က အမေရိကန်သမ္မတ အနေဖြင့် ပထမဆုံးအကြိမ် ဂျီ-၂၀ ညီလာခံသို့ တက်ရောက်ခဲ့ရာ ၎င်း၏ လုပ်ဆောင်ချက်များအပေါ် နိုင်ငံတကာက ပိုမို၍ အလေးထား စောင့်ကြည့်ခဲ့ကြသည်။



ကမ္ဘာ့စီးပွားရေးအင်အား ကြီးနိုင်ငံများ စုဖွဲ့ ထားသည့် ဂျီ-၂၀ အဖွဲ့၏ ထိပ်သီးညီလာခံကို ဂျာမနီနိုင်ငံတွင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ အငြင်းပွားဖွယ်မူဝါဒ  များကြောင့် လူသိများသော ဒေါ်နယ်ထရန့်က အမေရိကန်သမ္မတ
အနေဖြင့် ပထမဆုံးအကြိမ် ဂျီ-၂၀ ညီလာခံသို့ တက်ရောက်ခဲ့ရာ ၎င်း၏ လုပ်ဆောင်ချက်များအပေါ် နိုင်ငံတကာက ပိုမို၍ အလေးထား စောင့်ကြည့်ခဲ့ကြသည်။


ဇူလိုင် ၉ ရက်တွင် ထရန့်သည် ဂျီ-၂၀ ညီလာခံမှ ပြန် ရောက်လာပြီး ဗာဂျီးနီးယားရှိ ဂေါက်ကလပ်၌ အပန်းဖြေ အနားယူလျက် ရှိနေပြီဖြစ်သည်။ထိုအတောအတွင်း မီဒီယာများကမူ ထရန့်၏ ဂျီ-၂၀ ညီလာခံကာလ အတွင်း လှုပ်ရှားမှုများအပေါ် ပြန်လည်သုံးသပ် ရေးသားလာကြ သည်။ CNN သတင်းဌာနက ထရန့် သည် နိုင်ငံတကာရပ်ဝန်းတွင် အမေရိကန်ကို လူမုန်းများသည့် အပယ်ခံဘဝသို့ရောက်အောင် ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်နိုင်ခဲ့ကြောင်း ခေါင်းစဉ် တပ် ဝေဖန်ခဲ့သည်။

Twitterပေါ်တွင် ၎င်း၏ အမြင်သဘောထားများကို အထိန်းအကွပ်မရှိ ဝေဖန်ရေးသားမှု များကလည်း ကမ္ဘာ့နိုင်ငံခေါင်း ဆောင်များ၊ အထူးသဖြင့် အမေရိကန်၏ မဟာမိတ်များက အမြင် မကြည်သည့် အနေအထားမျိုးသို့ ဦးတည်စေနိုင်ကြောင်း CNNက ဆိုသည်။ ဂျီ-၂၀ ညီလာခံတွင် ထရန့်က မည်သို့မည်ပုံစဉ်းစားဆုံးဖြတ်ခဲ့ကြောင်းကို ဆွေးနွေး သည့် အကြောင်းအရာ ကဏ္ဍအ လိုက် CNNက ယခုလိုစုစည်း ဖော်ပြခဲ့သည်။

ရာသီဥတု မူဝါဒ

ပါရီရာသီဥတုထိန်းသိမ်းရေး သဘောတူညီမှုကို နိုင်ငံပေါင်း ၁၇၅ ခုက ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ယင်းတို့အနက်မှ အမေရိကန်တစ်နိုင်ငံတည်းသာ ပြန်လည်နုတ်ထွက်မည်ဟု ကြေညာ ပြီး ယင်းသည် ထရန့်၏ ရွေးချယ်မှုဖြစ်လာသည်။ ဟမ်းဘတ်မြို့တွင် ဂျီ-၂၀ ညီလာခံ ကျင်းပရာ၌ကနဦးအဆင့်တွင် ရာသီဥတုထိန်း သိမ်းရေးမူဝါဒဆိုင်ရာ ညှိနှိုင်းမှု များ၌ ထရန့်က အမေရိကန်၏ နုတ်ထွက်ရေးကိုသာ အဓိကဦးတည် သွားခဲ့သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်လ် မက်ကရွန်ကမူ ရာသီဥတုထိန်းသိမ်းရေး သဘော တူညီချက် မူကြမ်းအတည်ပြု သည့် နှစ်ပတ်လည်နေ့ဖြစ်သော ဒီဇင်ဘာ ၁၂ ရက်တွင် အစည်းအဝေးထပ်မံကျင်းပရန် ဆွေးနွေးသွားသည်။ နိုင်ငံတကာက ကမ္ဘာ့ရာ သီဥတုဖောက်ပြန်မှုကို ကာကွယ် ထိန်းညှိရန် လိုလားတက်ကြွစွာ ကြိုးပမ်းနေချိန်၌ ထရန့်ကဘေး ထွက်ထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ကုန်သွယ်ရေး

ထရန့်သည် ဗြိတိန်ဝန်ကြီး ချုပ် ထရီဆာမေနှင့် တွေ့ဆုံခဲ့ရာ တွင် ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂ မှ နုတ်ထွက်ခဲ့ခြင်းကြောင့် ကောင်းကျိုးများ ခံစားရလိမ့်မည်ဟု

မှတ်ချက်ပေး ပြောဆိုခဲ့သည်။ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက် မှုက အဖွဲ့ဝင်နိုင်ငံများအပေါ် သဘောထားကွဲလွဲသည့် ဂယက် ရိုက်ခတ်မှုများ ဖြစ်ပေါ်လာစေ သည်။ ထိုအခြေအနေတွင် ထရန့် က ဗြိတိန်၏ ခွဲထွက်မှုကို ထောက် ခံခြင်းက မဟာမိတ်ဥရောပနိုင်ငံ အစိုးရများအတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။ ထရန့်က ဥရောပ နှင့် ဗြိတိန်ကဲ့သို့ သီးခြားလွတ်လပ် စွာ ရပ်တည်သော နိုင်ငံများသည် ကုန်သွယ်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် ပိုမိုထိ ရောက် အဆင်ပြေနိုင်ကြောင်း ဆိုသည်။ ထိုအချိန်တွင် ဥရောပသ မဂ္ဂနှင့် တရုတ်တို့က ကုန်သွယ်ရေး အရှိန်အဟုန်မြှင့်တင်ရန် ပိုမိုကြိုးစားလာသည်။ တရုတ်သည် ဥရောပ၏ Airbus လေကြောင်း ကော်ပိုရေးရှင်းထံမှ ဒေါ်လာ ၂၂ ဘီလီယံတန်ဖိုးရှိ လေယာဉ် အစီး ရေ ၁၄၀ ဝယ်ယူရန် သဘောတူ စာချုပ်ခဲ့သည်။

ရုရှားအရေး

ရွေးကောက်ပွဲတွင် ထရန့်အနိုင်ရစေရန် ရုရှားဟက်ကာ များက ကူညီခဲ့သည့် သဘောမျိုးစွပ်စွဲချက်များ ထွက်ပေါ်ခဲ့ခြင်းနှင့် အတူ ဂျီ-၂၀ ညီလာခံတွင် ထရန့်

နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့ တွေ့ဆုံမှုအပေါ် စိတ်ဝင်တ စား စောင့်ကြည့်ခဲ့ကြသည်။ ထရန့်၏ အစိုးရအဖွဲ့က ယင်းကိစ္စအ ပေါ် နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့ပြီး ပူတင်အပေါ် ထရန့်အနေဖြင့် တိုက်ရိုက်ကျကျ မေးခွန်းများ ထုတ်ခဲ့ကြောင်း ကြေညာ သည်။ ထို့အပြင် ဆီးရီးယားပြည် တွင်းစစ်ဆိုင်ရာ မူဝါဒပိုင်းနှင့် အခြားသော ကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ သို့သော် ကိစ္စအများစုကို လျှို့ဝှက် အဆင့်အနေဖြင့် ဆွေးနွေးခဲ့ပြီး တိကျစွာ ထုတ်ပြန်ခြင်းမျိုးမရှိ သေးချေ။ ထရန့်နှင့် ပူတင်တို့၏ ဆက်ဆံရေး နွေးထွေးသည့် အနေအထားက ရုရှား၏ ရန်သူတော်နှင့် အမေရိကန်၏ အဓိကမဟာမိတ် ဖြစ်သော NATO တပ်ဖွဲ့ဝင် ဥရောပမဟာမိတ်များအတွက် စိတ်ပူစ ရာဖြစ်လာသည်။ အတိုက်အခံ ရီပက်ဘလေကန်ပါတီကမူ ထရန့်သည် ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်ပိုင်ဆိုင်မှု အပြီးတိုင် စွန့်လွှတ်ရေးအတွက် ပူတင်ထံ အ ဘယ်ကြောင့် ဖိအားမပေးခဲ့ ကြောင်း မေးခွန်းထုတ်ခဲ့သည်။

မြောက်ကိုရီးယား ပြဿနာ

ဒုံးကျည်နည်းပညာ တီထွင်ဆန်းသစ်မှုများ အရှိန်မြှင့်လာ သော မြောက်ကိုရီးယားသည် ထရန့်၏ နိုင်ငံခြားရေးမူဝါဒအပေါ် အဓိက စိန်ခေါ်သည့် အင်အားစု ဖြစ်လာသည်။ ဂျီ-၂၀ ညီလာခံသို့မူ မြောက်ကိုရီးယားတက်ရောက် ခွင့် မရှိချေ။ ထရန့်သည် မြောက်ကိုရီးယား၏ အဓိက ကုန်သွယ်မိတ်ဖက်ဖြစ်သော တရုတ်အစိုးရကို သာ ဖိအားပေးခဲ့ရသည်။ ထရန့်နှင့် တရုတ် သမ္မတ စီကျင်းပင်တို့သည် သံတမန်ဆန်ဆန်ဖြင့် စိတ်ကျေနပ်စရာ ဆက်ဆံရေးမျိုး ရှိနေ ကြောင်း ပြသသွားသည့်တိုင် မြောက်ကိုရီးယားပြဿနာတွင် နှစ်နိုင်ငံအစိုးရများ သဘောတူညီ မှုတစ်ခု တည်ဆောက်နိုင်ရန် အချိန်လိုနေဆဲဟု ထရန့်က ဝန်ခံခဲ့သည်။ တစ်ဖက်တွင် မြောက်ကို ရီးယားက နျူကလီးယား ထိပ်ဖူးတပ်တိုက်ချင်းပစ် ဒုံးကျည်များ တည်ဆောက်ရေးကို အရှိန်မြှင့်နေပြီဖြစ်သည့်တိုင် တရုတ်ကို ဖိအားပေးရာတွင် အမေရိကန်အနေဖြင့် မျှော်မှန်းသလောက် ခရီးမပေါက် သေးဘဲ ရှိနေသည်။

မက္ကဆီကိုတံတိုင်း

ရွေးကောက်ပွဲ ကာလက တည်းက ထရန့်၏ လူသိအများ ဆုံးနှင့် အငြင်းပွားစရာ အဖြစ်ဆုံးအဆိုတစ်ရပ်မှာ မက္ကဆီကိုနှင့် နယ်စပ်တစ်လျှောက် တံတိုင်းကာရန် ဖြစ်သည်။ တောင်ပိုင်းနယ် နိမိတ်ကို ဖြတ်ကျော်ဝင်ရောက် လာသည့် တရားမဝင်လုပ်သားများကြောင့် အမေရိကန်အလုပ်သမားများ အခွင့်အရေးဆုံးရှုံးနေ ကြောင်း၊ ထို့ကြောင့် ယင်းနယ် နိမိတ် တစ်လျှောက်လုံးကို တံတိုင်း တစ်ခု ကာကွယ်တားဆီးပြီး ဆောက်လုပ်မှု ကုန်ကျစရိတ်ကို မက္ကဆီကိုအစိုးရက ကျခံသင့်ကြောင်း ထရန့်က ပြောကြားခဲ့ သည်။ ဂျီ-၂၀ညီလာခံတွင်လည်း ထရန့်သည် မက္ကဆီကိုသမ္မတ အန်ရီကေးပီနာနီတိုနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးပြီး တံတိုင်းကိစ္စ ကို ထပ်မံတောင်းဆိုခဲ့သည်။ နီတိုအနေဖြင့် ထရန့်ကို လိုအပ်သ လောက် ရဲရဲရင့်ရင့်တုံ့ပြန်နိုင်မှု မရှိကြောင်း မက္ကဆီကို ပြည်သူများက ဝေဖန်နေပြီး အကျိုးဆက်အနေဖြင့် ထရန့်သည် အိမ်နီးချင်း နိုင်ငံအစိုးရနှင့် ဆက်ဆံရေး ပိုမို အေးခဲသွားမည်သာ ဖြစ်သည်။

အဆုံးသတ် ဆိုရလျှင် ထရန့်သည် ၎င်း၏ အမေရိကန်သာ အဓိကဆိုသော မူဝါဒကို ခိုင်ခိုင်မာ မာကိုင်စွဲ အကောင်အထည်ဖော် နေကြောင်း ထောက်ခံသူများကို ပြသရန် ဂျီ-၂၀ ညီလာခံ၌ပါ ကြိုးစားခဲ့ဟန်ရှိသည်။ သို့သော် အကျိုးဆက်က မဟာမိတ်များ၊ အိမ်နီး ချင်းများ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံ များက အမေရိကန်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရေးကို ပိုမိုရှောင် ဖယ်စေမည့် အလားအလာများထံ ဦးတည်လာစေဖွယ် ရှိသည်။ ထရန့်သည် ဖြစ်တန်ခြေနည်းပါးလွန်းသည့် အချက်အလက်အချို့ကို လွန်လွန်ကျွံကျွံ ဆက်လက်ဆုပ်ကိုင်ထားခြင်းက ရေရှည်တွင် အမေရိကန်ကို နိုင်ငံတကာ နယ်ပယ်၌ အပယ်ခံအခြေအနေမျိုး ဖြစ်သွားစေနိုင်ကြောင်းလည်း CNN က ဖော်ပြသွားသည်။

=====================
251/ End