အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
သောကြာနေ့

၁၈ ဩဂုတ် ၂၀၁၇

၁၉:၃၀:၂၂
849117

မြောက်ကိုရီးယားကို စစ်တိုက်ရန် ဖြစ်နိုင်ခြေ ရှိနေဆဲဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဆို

တိုက်ချင်းပစ် ဒုံးကျည်နည်းပညာ ဖော်ဆောင်ရေးကို မြောက်ကိုရီးယားက အငမ်းမရ ဆက်လက် ဖော်ဆောင်နေမည် ဆိုပါက စစ်ရေးအရ အရေးယူရန် ဖြစ်နိုင်ခြေ ရှိနေဆဲဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တိုင်လာဆန်က ပြောကြားခဲ့သည်။



တိုက်ချင်းပစ် ဒုံးကျည်နည်းပညာ ဖော်ဆောင်ရေးကို မြောက်ကိုရီးယားက အငမ်းမရ ဆက်လက် ဖော်ဆောင်နေမည် ဆိုပါက စစ်ရေးအရ အရေးယူရန် ဖြစ်နိုင်ခြေ ရှိနေဆဲဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တိုင်လာဆန်က ပြောကြားခဲ့သည်။

အစောပိုင်းက အိမ်ဖြူတော် မဟာဗျူဟာရေးရာ အကြီးအကဲ စတိဗ်ဘန်နွန်က မြောက်ကိုရီးယားကို စစ်တိုက်ပြီး ပြဿနာ ဖြေရှင်းရန် လတ်တလော အစီအစဉ် မရှိဟု မဂ္ဂဇင်းတစ်စောင်နှင့် အင်တာဗျူးတွင် မှတ်ချက် ပေးခဲ့သော်လည်း တိုင်လာဆန်ကမူ အခြေအနေတိုင်းကို ထည့်သွင်း စဉ်းစားထားရမည်ဟု မှတ်ချက်ပေးခဲ့သည်။

ပြီးခဲ့သည့် လပိုင်းအတွင်း မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်လာသည့်နောက် အမေရိကန်နှင့် ဆက်ဆံရေးမှာ အတင်းမာဆုံး အဆင့်ထိ မြင့်တက်လာသည်။ ထိုအတောအတွင်း မြောက်ကိုရီးယားက အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးကျည်ဖြင့် ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ရာ အခြေအနေ ပိုဆိုးသွားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ယင်းကိစ္စနှင့် ပတ်သက်၍ မြောက်ကိုရီးယားက လေသံ ပြန်လျှော့သွားသည်။

တိုင်လာဆန်က “ကျွန်တော်တို့ဘက်က ပြင်ဆင်စရာ ရှိတာကိုတော့ ပြင်ဆင်ထားရမှာပဲလေ။ ကိုယ်တိုင် စစ်ပြင်ထားရမှာ ဖြစ်သလို မဟာမိတ်တွေကိုလည်း စစ်ရေးအရ တုံ့ပြန်ဖို့ အသင့်အနေအထား ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်”ဟု တိုင်လာဆန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

၎င်းသည် အမေရိကန်-ဂျပန် လုံခြုံရေး အစည်းအဝေး အပြီးတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်နှင့်အတူ သတင်းထောက်များကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားကို စစ်တိုက်ရန် ထည့်သွင်း စဉ်းစားထားသော်လည်း ထိုနည်းလမ်းသည် မိမိတို့ လိုလားသည့် ကိစ္စ မဟုတ်ဟုလည်း တိုင်လာဆန်က ဖြည့်စွက် မှတ်ချက်ပေးသွားခဲ့သည်။

မက်တစ်ကလည်း မြောက်ကိုရီးယားသည် ညှိနှိုင်းရေး လမ်းကြောင်းကို လက်မခံဟု သေချာသွားပြီ ဆိုပါက အမေရိကန်က စစ်တိုက်ရန် စဉ်းသားရလိမ့်မည်ဟု ဆိုသည်။ “ဒီအတောအတွင်း မြောက်ကိုရီးယားရဲ့ ရန်လိုမှုတွေ အစပြုလာရင်လည်း ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူ တုံ့ပြန်တာမျိုး ဖြစ်လာနိုင်ပါတယ်”ဟု မက်တစ်က ပြောကြားသွားသည်။

တိုင်လာဆန်က မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု မြင့်တက်လာခြင်းကြောင့် အမေရိကန်နှင့် ဂျပန် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို လက်ရှိထက် အရှိန်မြှင့် အကောင်အထည် ဖော်သွားမည်ဟုလည်း အတည်ပြု ကြေညာသွားခဲ့သည်။

=====================
251/ End