အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
စနေနေ့

၁၉ ဩဂုတ် ၂၀၁၇

၁၈:၃၂:၂၃
849322

အိမ်ဖြူတော် မဟာဗျူဟာရေးရာ အကြံပေး အရာရှိချုပ် ရာထူးမှ ထုတ်ပယ်ခံရ

အစည်းအဝေးတစ်ခုတွင် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့်အတူ တွေ့ရသည့် စတိဗ်ဘန်နွန်။ အိမ်ဖြူတော်မှ မဟာဗျူဟာရေးရာ အကြံပေး အရာရှိချုပ် စတိဗ်ဘန်နွန်သည် ၎င်း၏ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။



အစည်းအဝေးတစ်ခုတွင် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့်အတူ တွေ့ရသည့် စတိဗ်ဘန်နွန်။

အိမ်ဖြူတော်မှ မဟာဗျူဟာရေးရာ အကြံပေး အရာရှိချုပ် စတိဗ်ဘန်နွန်သည် ၎င်း၏ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ ဆာရာ ဟက်ကာဘီး ဆန်းဒါးစ်က ဩဂုတ် ၁၈ ရက်သည် အိမ်ဖြူတော်တွင် ဘန်နွန် အလုပ်ဆင်းသည့် နောက်ဆုံးနေ့ဖြစ်ကြောင်း ထုတ်ပြန် အတည်ပြုခဲ့သည်။ ယင်းသည် အမေရိကန် သမ္မတ ထရမ့်၏ အစိုးရအဖွဲ့အတွင်း ထိပ်တန်း ရာထူးနေရာ အပြောင်းအလဲများ၏ နောက်ဆုံးပေါ် ကိစ္စလည်း ဖြစ်လာသည်။

အိမ်ဖြူတော် အရာရှိချုပ် ဂျွန်ကယ်လီက ဘန်နွန်၏ ရာထူးနေရာနှင့် ပတ်သက်၍ ထရမ့်ထံ အစီရင်ခံ သုံးသပ်မှု တစ်ခုအပြီး၌ ဘန်နွန်နှင့် အိမ်ဖြူတော် လမ်းခွဲရန် အကြောင်းဖန်လာခြင်းဟု ဆိုသည်။ ဘန်နွန်က ၎င်းယခင်က တာဝန်ယူခဲ့သည့် Breitbart.com ဝက်ဘ်ဆိုက်၏ အမှုဆောင်ချုပ်အဖြစ် ပြန်လည် အလုပ်လုပ်မည်ဟု ပြောကြားထားပြီး ထရမ့်အပေါ် ဆက်လက် ထောက်ခံ အားပေးနေမည်ဟု မှတ်ချက်ပေးခဲ့သည်။

အသက် ၆၃ နှစ်ရှိ ဘန်နွန်သည် ရွေးကောက်ပွဲကြို ကာလကတည်းက ထရမ့်၏ အောင်နိုင်ရေးအတွက် ထဲထဲဝင်ဝင် ကူညီခဲ့သူ တစ်ဦးဖြစ်သည်။ အထူးသဖြင့် ထရမ့်၏ ရွေးကောက်ပွဲ မဲဆွယ်မှုဖြစ်သည့် အမေရိကန် ပထမ ဆောင်ပုဒ်ကို ရုပ်လုံးဖော်ရာ၌ ဘန်နွန်သည် အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့သည်။

အစိုးရ အဖွဲ့အတွင်း အပြောင်းအလဲ နောက်တစ်ရပ် အနေဖြင့် ဘီလီယံနာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် ကားလ်အီကန်ကလည်း မိမိသည် ထရမ့်၏ ပုံမှန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဆိုင်ရာ အထူးအကြံပေး အဖြစ်မှ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။

ထရမ့်သည် သမ္မတ ရာထူးကို ဆက်ခံပြီးနောက် ဘန်နွန်ကို အမျိုးသား လုံခြုံရေးကောင်စီ အဖွဲ့ဝင် တစ်ဦးအဖြစ် ခန့်အပ်ခဲ့သည့်နောက် လေ့လာသူများကိုယ်တိုင် အံ့အားသင့်ခဲ့ရသည်။ အဆိုပါ ကောင်စီသည် အမျိုးသား လုံခြုံရေးနှင့် နိုင်ငံခြားရေး ကဏ္ဍများတွင် သမ္မတ၏ ပင်မ အတိုင်ပင်ခံ အဖွဲ့အစည်းဟုလည်း ဆိုနိုင်သည်။

အတွင်းသတင်းများအရ ထရမ့်သည် ရွေးကောက်ပွဲတွင် အနိုင်ရခြင်းမှာ ၎င်း၏ ကိုယ်ရည်ကိုယ်သွေး သက်သက်ကြောင့်ဟု ဝါကြွားလေ့ရှိပြီး ဘန်နွန်၏ အခန်းကဏ္ဍကို မျက်ကွယ်ပြုရန် အားထုတ်ခြင်းကြောင့် ထိုပုဂ္ဂိုလ် နှစ်ဦးကြား ပြဿနာအချို့ ရှိနေကြောင်းလည်း သိရသည်။

=====================
251/ End