အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၂ ဩဂုတ် ၂၀၁၇

၁၉:၂၆:၁၉
849981

အေမာမ် မိုဟမ္မဒ် သကီ (ခ) အေမာမ် ဂျဝါဒ် (အလိုင်ဟေစ်စလာမ်) အကြောင်း အကျဉ်း

ဇီးကိုင်အ်ဒေဟ် လ ၂၉ ရက်နေ့ တွင် ကျရောက်လာသည့် အေမာမ် မိုဟမ္မဒ် သကီ (အ.စ) ၏ ရှဟာဒသ်နေ့ ဖြစ်ပါသည်။ ကိုယ်တော်မြတ် (ဆွ) နှင့် ကိုယ်တော် ၏ အနွယ်တော်မွန်များ (အ.စ) ကို အချစ်ထားသူတိုင်း ကို ဝမ်းနည်း ကြောင်း ပြောကြားအပ်ပါတယ်။ သခင်ကြီး နှင့်ပတ်သက်သည့် အချို့ အချက်များ ကို အဗ်နာ စာဖတ်ချစ်ပရိတ် သတ်ကြီး ကိုတင်ပြ အပ်ပါသည်။


အမည် - မိုဟမ္မဒ် (အလိုင်ဟေစ်စလာမ်)

ထင်ရှားသည်ဂုဏ်တော် - ဂျဝါဒ် (အ.စ) ၊သကီ (အ.စ)

ကွန်နီယတ်သ် - အဗူဂျအ်ဖရ် (အလိုင်ဟေစ်စလာမ်)

ခမည်းတော် - အေမာမ် အလီရေဇာ (အလိုင်ဟေစ်စလာမ်)

မယ်တော် - ဂျနာဗေ ခေဇ်ရာန် ခါသွန်မ်

ဖွားမြင်တော်မူသည်ကာလ - ဇီးကိုင်အ်ဒေဟ် လ (၁၀) ရက် ၊ ဟီဂျရီ ၁၉၅ ခုနှစ်

ဖွားမြင်တော်မူသည်နေရာ - မဒီနာရွှေမြို့တော်

ရှဟာဒတ်ခံယူသည်နေ့နှင့်နှစ် - ဇီးကိုင်အ်ဒေဟ် လ ၂၉ ရက်နေ့ ဟီဂျရီ ၂၂၀ ခုနှစ်

မိုအ်သစေမ် အဘာစ်စီ (လ.န) အမိန့် အရ အေမာမ် (အ.စ) ၏ ကြင်ယာတော် အိုမိုလ်ဖွဇ်လ် ဗင်သေ ဟရွန် (လ.န) မှ တဆင့် အဆိပ်တိုက် သတ်ဖြတ်ခဲ့ပါတယ်။
ရှဟီးဒ်လုပ်ရာ၌သုံးခဲ့သည်လက်နက် - အဆိပ်အတောက်
သက်တော် - ၂၅ နှစ်
ဒဖ်နာ ထားသည့် နေရာ - ဘဂ္ဂဒတ် ၊အီရတ်
ဒဖ်နာထားသည့်နေရာ ၊ရောင်ဇာတော် တည်ရှိနေသည့်နေရာ - ကာဇမိုင်းန် ဘဂ္ဂဒတ်မြို့အနီး

ဘဝခရီးစဉ် - အေမာမ်မသ် တာဝန် မထမ်းဆောင်မည် ၇ နှစ်

အေမာမ်မသ် တာဝန် ထမ်းဆောင်သည့် နှစ် - ၁၇ နှစ်
အေမာမ် (အ.စ) မာမူန် (လ.န) နှင့် မိုအ်သစေမ် အဘာစ်စီ (လ.န) မင်းဆိုး မင်းညစ် ၂ ဦးနှင့် ရင်ဆိုင်ခဲ့ရပါတယ်။


အေမာမ် မိုဟမ္မဒ် သကီ (အ.စ) သည် အသက် ၇ နှစ် အရွယ်တွင် အေမာမ်မသ် တာဝန် ကို စတင်ထမ်းဆောင်ရပြီး သက်တော် ၂၅ နှစ်တွင် ရှဟီးဒ် ဖြစ်ခဲ့ပါသည်။ ဤအတွက်ကြောင့် အေမာမ် ၁၂ ပါးအတွင်း အသက် အငယ်ဆုံး အေမာမ် ဖြစ်ပြီး လူငယ်အရွယ် ၌ ရှဟီးဒ် ဖြစ်တော်မူခဲ့ လေ သည်။
======================
251/end