အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၁ စက်တင်ဘာ ၂၀၁၈

၁၅:၁၈:၃၆
909988

ရှီအာများ ကိုဘေးဒုက္ခ များမှ ကင်းဝေအောင် ထားခြင်း

 اٴَنَا خٰاتَمُ الْاٴَوْصِیٰاءِ، وَ بِي یَدْفَعُ اللهُ عَزَّ وَجَلَّ الْبَلاٰءَ عَنْ اٴَهْلي وَ شیْعَتِى  စကားပြေအဓိပ္ပာယ်  ကျွန်ုပ်သည် နောက်ဆုံး အောင်စီယာ ဖြစ်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ်သည် ကျွန်ုပ်ကြောင့် ဘေးအန္တ ရာယ် ၊ဘေး ဒုက္ခ များကို ကျွန်ုပ်၏ အိမ်တော်သူ အိမ်တော် သားများ ကျွန်ုပ်၏ ရှီအာ များ နှင့် ကင်းဝေးစေတော်မူသည်။ 

 

စကားပြေအဓိပ္ပာယ်

     ( ကျွန်ုပ်သည် နောက်ဆုံး အောင်စီယာ ဖြစ်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ်သည် ကျွန်ုပ်ကြောင့် ဘေးအန္တ ရာယ် ၊ဘေး ဒုက္ခ များကို ကျွန်ုပ်၏ အိမ်တော်သူ အိမ်တော် သားများ ကျွန်ုပ်၏ ရှီအာ များ နှင့် ကင်းဝေးစေတော်မူသည်။ ) [1]

 

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ် အဗ်နာ) သတင်းဌာန

 

     ဤ ဟဒီးစ်တော်မြတ်အား ရှိက်္ခစဒူက်္ခ(ရ.ဟ) နှင့် ရှိက်္ခသူစီ (ရ.ဟ) တို့သည် အဘူနစ်ရ်ခါဒမ် ထံမှ ဆင့်ပြန်ထားပါသည်။ အဘူနစ်ရ် ပြောကြားသည်မှာ -

     ကျွန်တော် အနေဖြင့် အေမာမ်(အ.ဂျ )၏ရှေ့တော်မှောက် တွင် အခစားဝင်ရောက်သည့်အခါ အေမာမ် မှမိန့်တော်မူသည်။ ((အသင်ကျွန်တော်ကို သိပါသလား?))ကျွန်တော်ပြန်လျှောက် ထား ပါ သည်။ ((ဟုတ်ကဲ့)) ၊ပြီးနောက်အေမာမ် မိန့်လေ၏။ ((ကျွန်တော်ဘယ်သူ လဲ ?)) ကျွန်တော်ပြန် လျှောက်ထား ပါ သည်။ ((အရှင်သည် ကျွန်တော်၏ အရှင် နှင့်ကျွန်တော်အရှင် ၏ သား တော် ဖြစ်ပါသည်။)) အေမာမ် မိန့်တော်မူ၏။ ((ကျွန် တော် အနေဖြင့်အသင်ကိုဤမေးခွန်း မေးတာ မဟုတ် ပါ။)) ကျွန်တော်ပြန်လျှောက်လေ၏။ ((အလ္လာဟ်ဟိုအရှင်မြတ်သခင် ကျွန်တော်အား သခင်အပေါ် စတေးနိုင် စွမ်းပေး သနား တော် မူပါစေ။ အရှင်ကိုယ်တော်တိုင် မိမိအခြေအနေကို ရှင်းပြပေး တော်မူပါ။ )) အေမာမ် မိန့်တော်မူ၏။ ((ကျွန်ုပ်သည် နောက်ဆုံး အောင်စီယာ ဖြစ်ပါသည်။ အလ္လာဟ်ဟို အရှင်မြတ်သည် ကျွန်ုပ်ကြောင့် ဘေးအန္တ ရာယ် ၊ဘေး ဒုက္ခ များကို ကျွန်ုပ်၏ အိမ်တော်သူ အိမ်တော် သားများ ကျွန်ုပ်၏ ရှီအာ များ နှင့် ကင်းဝေး စေတော်မူသည်။))

     ဟဒီးစ်တော်၏ ဤအစိတ်အပိုင်း တွင် အေမာမ် (အ.ဂျ) အနေ ဖြင့် ပွိုင့် နှစ်ခုဘက်သို့ ညွှန်ပြ၍ မိန့်ထားပါသည်။

     ၁။ အေမာမ် (အ.ဂျ)သည် နောက်ဆုံး အောင်စီယာ ဖြစ်ပါ သည်။ဝစွာယသ် ( وصایت) နှင့် အေမာမ်မသ် (امامت) သည် ကိုယ် တော် အပေါ်အဆုံးသတ်သွားပါသည်။ဖြစ်ကောင်း ဖြစ်နိုင်ပါ သည်။ ဤနေရာတွင် ဝစွာယသ် ( وصایت) ဆိုသည်မှာ ဟဇရသ် အာဒမ် (အ.စ) ၏သားတော် ဟဇရသ် ဟာဘီးလ် သို့မဟုတ် ဟဇ ရသ် ရှီးစ် မှစတင်ပြီး အေမာမ်ဇမာန်း (အ.ဂျ) အပေါ်အဆုံးသတ် တာ ဖြစ်ပါသည်။ ဤကဲ့သို့ ဝစွာယသ် ( وصایت) အဆုံးသတ်ခြင်း ကို ဆိုလိုတာ လည်း ဖြစ်နိုင်ပါသည်။ (ထို ဝစွာယသ် ( وصایت) မှာ) ဟဇရသ် အလီအစ်ဗ်နေအဘီသွာလစ်ဗ် (အ.စ) မှအစပြုတာ ဖြစ်ပါသည်။ မည်သူပင်ဆိုစေကာမူ ကိုယ်တော် ပြီးနောက် မည် သည့် အေမာမ်မျှ ရှိတော့မည်မဟုတ်ချေ။ အကြင်မည်သူမဆို အေမာမ်မသ် နှင့်ပတ်သက်ပြီး (အေမာမ်ဖြစ်ကြောင်း) အခိုင် အမာ ပြောဆိုမည်ဆိုလျှင် ၎င်း၏ပြောဆိုမှုသည် အမှားဖြစ်ပြီး လိမ်လည်မှုသာ ဖြစ်ပါသည်။

     ၂။အေမာမ်(အ.စ) ၏ ရှီအာများသည် သမိုင်းတစ်လျှောက်လုံး ဘေးဒုက္ခ၊ဘေးအန္တရာယ် အမျိုးမျိုး တို့နှင့် ရင်ဆိုင်ရပေမည်။ ဤ ဟဒီးစ် တော်မြတ်တွင် အေမာမ် ဇမာန်း(အ.ဂျ) မိန့်တော်မူသည်။

     ( အလ္လာဟ်ဟို အရှင်မြတ်သည် ကျွန်ုပ်ကြောင့် သာလျှင် ဘေးအန္တ ရာယ် ၊ ဘေး ဒုက္ခ များကို ကျွန်ုပ်၏ အိမ်တော်သူ အိမ်တော် သားများ ကျွန်ုပ်၏ ရှီအာ များ နှင့် ကင်းဝေး စေ တော် မူသည်။ )

ဤဟဒီးစ်တော်တွင် ဖြစ်နိုင်ခြေ နှစ်ခု ပါဝင်ပါသည်။

(က) အေမာမ်ဇမာန် (အ.ဂျ) ဆိုလိုသည်မှာ ဂိုက်ဗသ် ကာလကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဤအခြေအနေတွင် ဆိုလိုသည်မှာ ရှီအာ များသည် ဂိုက်ဗသ်ကာလတွင် အေမာမ် နှင့် သဝစူလ်နှင့် သာ လျှင် ဘေးအန္တရာယ်များ ဘေးဒုက္ခများမှ ကင်းဝေးနိုင်ပါသည်။

အေမာမ် မဲဟ်ဒီ (အ.ဂျ) အနေဖြင့် မိမိအဖြေပေးစာချွန်တော်တွင် ရှိက်္ခ မိုဖီးဒ် (ရ.ဟ) အား မိန့်ကြားထားပါသည်။

     ( ကျွန်ုပ်တို့အနေဖြင့် အသင်တို့အား စိစစ်စစ်ဆေး ရာတွင်၊ အုပ်ထိန်း မှုပြုရာတွင် ပျက်ကွက်မှု ၊ဂရုမစိုက်မှု ကိုမပြုပါ။ အသင်တို့၏ သတိရတမ်းတမှု ကိုမည်သည့်အခါမှ မမေ့ပါ ၊အကယ်၍ ဤကဲ့သို့သာ မပြုခဲ့မည်ဆိုလျှင် အသင်တို့အပေါ် အခက် အခဲများ ၊ ဘေးဒုက္ခများကျရောက်လာပေမည်၊ ရန်သူ များ အသင်တို့ကို အမြစ်ပြတ်တိုက်ခိုက် မည်ဖြစ်ပေသည်။ )[2]

(ခ) အေမာမ်ဇမာန် (အ.ဂျ) ဆိုလိုသည်မှာ ဖူးပွင့်ပြီး ကာလကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဤအခြေအနေတွင် ဆိုလိုသည်မှာ အလ္လာဟ်ဟိုအရှင်မြတ် သခင်သည် ကိုယ်တော်အားဖူးပွင့်တော် မူခြင်းဖြင့် မတရားရက်စက်ညဉ်းပမ်း နှိပ်စက်သူများအား လုံး အပေါ် အားသာစေမည်။ (လွမ်းမိုးစေမည်။) ဘေးအန္တရာယ်များ ၊ ဘေးဒုက္ခများ၊ဆင်းရဲဒုက္ခများ ကိုမိမိ၏ အိမ်တော်သူ အိမ်တော် သားများနှင့်ရှီအာများ နှင့်ဝေးကွာအောင်ထားလေသည်။

     ဖြစ်နှစ်ခြေနှစ်ခုစလုံးကို ပေါင်း၍လည်းဖြစ်နိုင်ခြေရှိသည်မှာ - ဤ အဓိပ္ပာယ်ဖြစ်လေ၏။ အေမာမ်ဇမာန် (အ.ဂျ) သည်မိမိ၏ ဂိုက်ဗသ် ကာလ တွင်ဖြစ်စေ ဖူးပွင့်သည့်ကာလတွင်ဖြစ်စေ ရှီအာများကို ဆင်းရဲဒုက္ခများ ၊အခက်အခဲများ ဝေးအောင်ပြု ပေး လေသည်။

 

+++

 251 / END

[1] کمال الدین، ج2، ص441، ح12، الغیبة، طوسی، ص246، ح215، بحار الانوار، ج52، ص30، ح25

[2] احتجاج، ج2، ص323، الخرائج والجرائج، ج2، ص903، بحارالانوار، ج53، ص175، ح7