အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၅ စက်တင်ဘာ ၂၀၁၈

၁၀:၄၃:၁၇
910479

ဂိုက်ဗသ်ကာလတွင် ဓမ္မသတ်ပညာရှင်များဘက်သို့ ဦးလှည့်ခြင်း

( သို့သော် ခေတ်ကာလတိုင်း တွင် ဖြစ်ပေါ်လာသည့် အဖြစ် အပျက် များနှင့်ပတ်သက်ပြီး ကျွန်ုပ်၏ ဟဒီးစ်တော်များကိုတင်ပြ သည့် ရာဝီ များဘက်သို့ ဦးလှည့်ပါလေ။အကြောင်း မှာ ၎င်း တို့ သည် အသင်တို့အပေါ် ကျွန်ုပ်၏ ဟွဂ်ျဂျသ် (စံမှတ် ကျောက်) ဖြစ်ပါသည်။ ကျွန်ုပ်သည် ၎င်းတို့အေပါ် အလ္လာဟ် ဟို အရှင်၏ ဟွဂ်ျဂျသ် (စံမှတ်ကျောက်) ဖြစ်ပါသည်။ )

) اٴَمَّا الْحَوٰادِثُ الْوٰاقِعَةُ فَارْجِعوُا فیهٰا إِلٰی رُوٰاةِ حَدیثِنٰا، فَإِنَّهُمْ حُجَّتِي عَلَیْكُمْ وَ اٴَنَا حُجَّةُاللهِ عَلَیْهِمْ(

 

စကားပြေအဓိပ္ပာယ်

     ( သို့သော် ခေတ်ကာလတိုင်း တွင် ဖြစ်ပေါ်လာသည့် အဖြစ် အပျက် များနှင့်ပတ်သက်ပြီး ကျွန်ုပ်၏ ဟဒီးစ်တော်များကိုတင်ပြ သည့် ရာဝီ များဘက်သို့ ဦးလှည့်ပါလေ။အကြောင်း မှာ ၎င်း တို့ သည် အသင်တို့အပေါ် ကျွန်ုပ်၏ ဟွဂ်ျဂျသ် (စံမှတ် ကျောက်) ဖြစ်ပါသည်။ ကျွန်ုပ်သည် ၎င်းတို့အေပါ် အလ္လာဟ် ဟို အရှင်၏ ဟွဂ်ျဂျသ် (စံမှတ်ကျောက်) ဖြစ်ပါသည်။ )[1]

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ် အဗ်နာ) သတင်းဌာန

 

     ဤဟဒီးစ်တော်သည် အေမာမ်ဇမာန်း(အ.ဂျ) အနေဖြင့် အစ်္စ ဟက် ဗင်ယအ်ကူဗ် ၏ မေးခွန်းများကို ဖြေကြား မိန့်တော် မူထား သည့် အဖြေများ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ ဤ မြင့်မြတ် သည့် ဟဒီးစ်တော်တွင် အေမာမ် (အ.ဂျ) အနေဖြင့် ဂိုက်ဗသ် ကာလတွင် မိမိ၏ရှီအာများကို ဖြစ်ပေါ်လာ သည့် အဖြစ် အပျက်များ နှင့်ရင်ဆိုင်ရချိန် ဆောင်ရွက်ရမည့် တာဝန် ဝတ္တရား ဘက်သို့ ညွှန်ပြ မိန့်ကြားထားပါသည်။

     ကိုယ်တော် (အ.ဂျ) အနေဖြင့် ရှီအာများကို အဲဟ်ကာမ် မေရှ ရီအီ နှင့် အခြား ဥပဒေသပညတ်တော်များ ကိုနားလည် သဘော ပေါက် ဟဒီးစ်တော်များ၏ရာဝီ များ (တစ်နည်းအားဖြင့် ) ရှီအာ ဖိုကဟာများ (မရ်ဂျာတော်များ) ဘက်သို့ ဦးလှည့်ရန် မိန့်ထား တော်မူသည်။ အကြောင်းမှာ ၎င်း(မရ်ဂျာတော်များ) သည် ဟဒီးစ်တော်များ ကို ကောင်းမွန်စွာ သဘောပေါက် နားလည် သည့်အတွက်ကြောင့် ဖြစ်ပါသည်။ ထိုပြင် (ပညာရပ်ဆိုင်ရာ အသုံးအနှုန်း ဖြစ်သည့် ) အာမ် (عام) ၊ ခါစ် (خاص) ၊ မိုဟ်ကမ်(محکم) ၊ မိုသရှာဗေ (متشابه) ၊ ဆဟီး (صحیح ) နှင့် ဗသွေ (باطل) များကို နားလည်သဘောပေါက်ပေသည်။

     အေမာမ်ဇမာန်း(အ.ဂျ)အမြင်တွင် ((ဟဒီးစ်တော်များ ရာဝီ)) ဆိုသည်မှာ ရီဝါယသ်ကိုသာလျှင် ဆင့်ပြန်သူကို မခေါ်ဆိုချေ။ ၎င်းအပြင် ထို (ဟဒီးစ် (ခ)ရီဝါယသ်) ကို မှန်ကန်စွာ သဘော မပေါက်နားမလည်သူ ကိုမခေါ်ဆိုပေ။ အကြောင်းမှာ ဤ ကဲ့သို့ သော် ပုဂ္ဂိုလ်များ သည် ဖေက်ဟီ နှင့်အခြားပြဿနာ များ၏ အခက် အခဲအထုံးကို ဖြေနိုင်မည်မဟုတ်ချေ။

     ဂိုက်ဗိသ် ကာလတွင် ဖိုကဟာများ (မရ်ဂျာတော်များ) ဘက် သို့ ဦးလှည့်ခြင်းသည် မွတ်သဟဗ် အလုပ် တစ်ခုမဟုတ်ပါ။ တနည်း အားဖြင့် ဝါဂျစ်ဗ်ဗေရှရီအီ (အစ္စလာမ့်တရားတော်အရ မပြုမနေရ) ဖြစ်ပါသည်။ အကြောင်းမှာ ဖိုကဟာများ (မရ်ဂျာ တော်များ) သည် အေမာမ်ဇမာန်း(အ.ဂျ)ဘက်မှ ဤကိစ္စ အတွက် ခန့်အပ် ထားသူများ ဖြစ်ပါသည်။ အေမာမ်ဇမာန်း(အ.ဂျ) ၏အမိန့် ကို ဆန့်ကျင် သွေဖည်၍ မရချေ။

 

[1] کمال الدین، ج2، ص484، ح10، الغیبة، شیخ طوسی، ص291، ح247، احتجاج، ج2 ، ص284،اعلام الوری، ج2، ص271، کشف الغمة، ج3، ص338، الخرائج و الجرائح، ج3،ص1114، بحار الانوار، ج53، ص181، ح10، وسائل الشیعہ، ج27، ص140، ح33424

====================

251 / End