အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၀ အောက်တိုဘာ ၂၀၁၈

၂၀:၁၅:၅၈
912323

စဂ်ျဒယေ ရှိုက်ရ် အရေးအကြီးတကာ အရေးအကြီးဆုံး ၊ ဝါဂျစ်ဗ်တကာ ဝါဂျစ်ဗ် ဖြစ်သည့် မွတ်စ်သဟဗ်တော်များ မှ တစ်ခု ဖြစ်ပါသည်။ … ဧကန်မုချ ဝါဂျစ်ဗ် (နမာဇ်များ ) ပြီးနောက် ဒိုအာ နှင့် သက်စ်ဘီ ၏ ကြီးကျယ်မြင့်မြတ်မှု ၊နာဖေလာ နမာဇ် များ ပြီးနောက် ဒိုအာများ ကြီးကျယ်မြင့်မြတ်မှု ရှိ သလို ဖြစ်ပါသည်။ ဝါဂျစ်ဗ် နမာဇ်များသည် မွတ်စ်သဟဗ်နမာဇ်များ ထက် ကြီးကျယ်မြင့်မြတ် သကဲ့သို့ စဂ်ျဒဟ်၊ ဒိုအာ နှင့် သက်စ်ဘီ သည်လည်း ကြီးကျယ် မြင့်မြတ်လေ၏။


 

)سَجْدَةُ الشُّكْرِ مِنْ اٴَلْزَمِ السُّنَنِ وَ اٴَوْجَبِهٰا   فَإِنَّ فَضْلَ الدُّعٰاءِ وَالتَّسْبِیْحِ بَعْدَ الْفَرٰائِضِ عَلَی الدُّعٰاءِ بِعَقیبِ النَّوٰافِلِ، كَفَضْلِ الْفَرٰائِضِ عَلَی النَّوٰافِلِ، وَ السَّجْدَةُ دُعٰاءُ وَ تَسْبِیحْ(

စကားပြေအဓိပ္ပာယ်

     ( စဂ်ျဒယေ ရှိုက်ရ် အရေးအကြီးတကာ အရေးအကြီးဆုံး ၊ ဝါဂျစ်ဗ်တကာ ဝါဂျစ်ဗ် ဖြစ်သည့် မွတ်စ်သဟဗ်တော်များ မှ တစ်ခု ဖြစ်ပါသည်။ … ဧကန်မုချ ဝါဂျစ်ဗ် (နမာဇ်များ ) ပြီးနောက် ဒိုအာ နှင့် သက်စ်ဘီ ၏ ကြီးကျယ်မြင့်မြတ်မှု ၊နာဖေလာ နမာဇ် များ ပြီးနောက် ဒိုအာများ ကြီးကျယ်မြင့်မြတ်မှု ရှိ သလို ဖြစ်ပါသည်။ ဝါဂျစ်ဗ် နမာဇ်များသည် မွတ်စ်သဟဗ်နမာဇ်များ ထက် ကြီးကျယ်မြင့်မြတ် သကဲ့သို့ စဂ်ျဒဟ်၊ ဒိုအာ နှင့် သက်စ်ဘီ သည်လည်း ကြီးကျယ် မြင့်မြတ်လေ၏။ ) [1]

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ် အဗ်နာ) သတင်းဌာန

 

     ဤဟဒီးစ်တော်သည် မိုဟမ္မဒ် ဗင် အဗ်ဒိုလ္လာဟ် ဟိုမိုင်ရီ ၏မေးခွန်းများကို အေမာမ် မဲဟ်ဒီ (အ.ဂျ) သခင်ဖြေထားသည့်အဖြေမှတစ်စိတ်တစ်ဒေသဖြစ်ပါသည်။ဤဟဒီးစ်တော်တွင်ကိုယ်တော် (အ.ဂျ) အနေဖြင့်အရေးကြီးမွတ်စ်သဟဗ်တော်များမှတစ်ခုဖြစ်သည့်တစ်နည်းအားဖြင့်စဂ်ျဒါယေရှိုက်ရ် ဘက်သို့ မိန့်ကြားတော်မူထားပါသည်။ ဝါဂျစ်ဗ်နမာဇ်များ ပြီး နောက် ဒိုအာ နှင့် သက်စ်ဘီ နှင့် စပ်လျဉ်း မိန့်ကြားပြီး ၊ ဤ (စဂ်ျဒါ ၊ ဒိုအာ ၊ သက်စ်ဘီ ) တို့ ၏ ကြီးကျယ်မြင့်မြတ် မှုသည် ဝါဂျစ်ဗ်နမာဇ်များ သည် မွတ်စ်သဟဗ်နမာဇ်များထက် ကြီးကျယ် မြင့်မြတ် သကဲ့သို့ ဖြစ်ပါသည်။ ထိုနည်းတူ စဂ်ျဒဟ် အစစ် နှင့် မြေကြီးအပေါ် နဖူးကို တင်၍ စဂ်ျဒါဟ်ပြုခြင်း ၏ စဝါးဗ် ကို ဒိုအာ နှင့် သက်စ်ဘီ ၏ စဝါးဗ် နှင့်အတူတူ သတ်မှတ်မိန့်ကြား ထား ပါသည်။

     ကျမ်းတော် မြတ်ကုရ်အာန်၏ အာယသ်တော်များ ၊ ဟဒီးစ် တော်များကို လေ့လာ စိစစ်သုံးသပ်၍ ရရှိလာသည့် ရလာဒ် မှာ - ရှိသမျှ ဝါဂျစ်ဗ် အားလုံး နှင့် မွတ်စ်သဟဗ် အားလုံးသည် အတူတူ မဟုတ်ချေ။ သာဓက အားဖြင့် ဝါဂျစ်ဗ်များ အကြား နမာဇ် ၏ အရေးကြီးအလေးပါမှု မှာ အားလုံးထက် ပို၍ ပိုပါ သည်။ အကြောင်းမှာ - ကောင်းမှု ကုသိုလ်များ၏ သဘောတူ လက်ခံမှုသည် နမာဇ် ကို လက်ခံခြင်း နှင့် စပ်ဈဉ်းနေပါသည်။ ဤအတွက်ကြောင့် ဤဟဒီးစ်တော်အရ မွတ်စ်သဟဗ်တော်များ အကြား စဂ်ျဒဟ်ယှေိုက်ရ် ၏ အရေးပါ အရေးကြီးမှုမှာ အခြား မွတ်စ်သဟဗ်တော်များ ထက်ပိုမို၍ ကောင်းမြတ်ပါသည်။ စဂ်ျဒဟ်ယှေိုက်ရ် သည် နေအ်မသ်တော်များ ကိုပို၍တိုး စေ သည် သော့ချက် ဖြစ်သည့်အတွက်ကြောင့် ဖြစ်နိုင်ပါသည်။ အဓိပ္ပာယ်မှာ - အချိန်တိုင်း မနုဿ လူသား အနေဖြင့် နေအ်မသ် တော်ကို မြင်မည် (သို့) နေအ်မသ်တော်ကို ရရှိပြီး နောက် အလ္လာဟ် ဟိုအရှင်မြတ် သခင်အား ကျေးဇူးတင်မည်ဆိုလျှင် ၎င်း၏ နေအ်မသ်တော်သည် ကျန်နေမည်ဖြစ်ပြီး အခြား နေအ်မသ်တော်များကို လည်း ကျရောက် စေပါသည်။ ဤ ပွိုင့် အချက်ကို ကျမ်းတော်မြတ် ကုရ်အာန်တွင် ရှင်းလင်းပြတ်သားစွာ မိန့်ကြား ထားပါသည်။

)لَئِنْ شَكَرْتُمْ لَاٴَزِیدَنَّكُمْ(

( အကယ်၍ အသင်အနေဖြင့် ကျွန်ုပ်(အလ္လာဟ်) အား ကျေးဇူး တင်ရှိ မည်ဆိုလျှင် ကျွန်ုပ်သည် (နေအ်မသ်တော်များတွင်) တိုးပွား ၊ပွားများမှုကို ထည့်ပေးတော်မူမည်။ ) [2]

 

     အေမာမ် ဇမာန်း (အ.ဂျ) အနေဖြင့် ဤဟဒီးစ်တော် အတွင်း အချို့ ပွိုင့်အချက်အလက်များ ဘက်သို့ အလင်းပြထားပါသည်။

 

     ၁။ စဂ်ျဒဟ်ယေ ရှိုက်ရ် ပြုရန် အတွက် မည်သည့် သီးသန့် အချိန် နှင့် မည်သည့် သီးသန့်နေရာ မှ မရှိချေ။ သို့သော် ဤ ဟဒီးစ် တော်ကို ဂရုပြုခြင်းဖြင့် သိရသည်မှာ - ဝါဂျစ်ဗ် နမာဇ်များ ၊ မွတ်စ်တဟဗ်နမာဇ်များ ပြီးနောက် ပြုလုပ် ခြင်းသည်အကောင်း တကာ အကောင်းဆုံး အချိန် ဖြစ်ပါသည်။

 

     ၂။ စဂ်ျဒဟ်သည် မနုဿလူသား အတွက် ပြီးပြည့် စုံလင် မှုနှင့် မြတ်အလ္လာဟ်၏ ရှေ့မှောက်ဝယ် အလွန် တရာ နှိမ့်ချခြင်း ဖြစ်ပါသည်။ စဂ်ျပြုချိန် လူသား အနေဖြင့် မိမိကိုယ်ကို မမြင်တော့ ဘဲ ရှိသမျှ ဘုန်းနှင့် ကြီးကျယ်မြင့်မြတ် မှု သည် အလ္လာဟ် ဟို အရှင်မြတ် အတွက်သာ ဖြစ်ကြောင်း သိရှိလေ၏။ ( မြင်လေ၏။) ဤအတွက်ကြောင့် ဤအခြေအနေ (စဂ်ျဒဟ်) သည် အဖန်းဆင်းခံ မနုဿလူသား အတွက် အကောင်းတကာ အကောင်းဆုံး အခြေအနေ ဖြစ်ပါသည်။အထူးသဖြင့် မနုဿာ လူသား အနေဖြင့် နှုတ်နှင့်နှလုံးသားပေါင်းစပ်၍ အလ္လာဟ် ဟို အရှင်မြတ် သခင်အား တမ်းတမည်၊ ၎င်းအား ကျေးဇူးတင် ( ရှိုက်ရ်) ပြု ချိန် ဖြစ်ပါသည်။

 

     ၃။ ဝါဂျစ်ဗ်နမာဇ်များ ပြီးနောက် ဒိုအာ နှင့် သက်စ်ဘီ ၏ စဝါးဗ် သည် မွတ်စ်သဟဗ်နမာဇ်များပြီးနောက် ဒိုအာ နှင့် သက်စ်ဘီထက် စဝါးဗ် ပို၍များပါသည်။ မွတ်စ်သဟဗ်နမာဇ် များ ထက် ဝါဂျစ်ဗ်နမာဇ်များ၏ ပို၍ကြီးကျယ် သကဲ့သို့ ဖြစ်ပါသည်။

 

          ၄။ ဟဇရသ် အေမာမ် မဲဟ်ဒီ (အ.ဂျ) မိန့်ထားသည့် စဂ်ျဒဟ်၊ ဒိုအာ ၊ သက်စ်ဘီ မိန့်မှာချက်ဖြင့်နားလည် သဘော ပေါက်ရ သည် မှာ - စဂ်ျဒဟ်ကိုယ်တိုင် ပင် လျှင် သက်စ်ဘီ နှင့် ဒိုအာ ၏ အမျိုး အစား တစ်ခု ဖြစ်ပါသည်။ နမာဇ်ပြီးနောက် အလ္လာဟ် ဇေက်ရ် ပြုခြင်း သည် နှစ်မြို့ဖွင်လုပ်ရပ်နှင့် မွတ်စ် သဟဗ် အလုပ် ဖြစ်သကဲ့သို့ ဖြစ်ပါသည်။ ဤနည်းအတိုင်း စဂ်ျဒဟ် ပြုခြင်း သည် လည်းပဲ မွတ်စ်သဟဗ် ဖြစ်ပါသည်။အကြောင်းမှာ ဒိုအာ နှင့် သက်စ်ဘီ ၏ ရည်ရွယ်ချက် သည် အလ္လာဟ် ဟို အရှင်မြတ် ရှေ့မှောက်ဝယ် အလွတ်တရာ နှိမ့်ချခြင်း နှင့် ခယ ဝယလုပ်ခြင်း ဖြစ်ပါသည်။စဂ်ျဒဟ်ပြုခြင်းတွင်လည်းဤ ရည်ရွယ် ချက် အပြည့်အဝ ပါဝင်

[1] احتجاج، ج2، ص 308؛ بحار الانوار، ج53، ص161، ح3؛ وسائل الشیعة، ج 6، ص490، ح 8514

[2] سور ہ ابراھیم، آیت7

==========================

251/ END