အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၄ ဖေဖော်ဝါရီ ၂၀၁၉

၁၇:၀၁:၄၈
927704

ဟဇရသ် ဇဲဟ်ရာ (စ.အ) သခင်မကြီးသည် ရှိက်ခ်ခိုင်း ( အဘူဗကဲရ် နှင့်အိုမရ် ) တို့ အပေါ် ကျေနပ်ခဲ့ ပါ သလား?

ဟဇရသ် ဇဲဟ်ရာ (စ.အ) သခင်မကြီးသည် ရှိက်ခ်ခိုင်း ( အဘူဗကဲရ် နှင့်အိုမရ် ) တို့ အပေါ် ကျေနပ်ခဲ့ ပါ သလား? ဆိုထားလေးကို အထောက်အထား အကိုးအကားများဖြင့် အောက်ပါအတိုင်း လေ့လာ ဆုံးဖြတ်နိုင်ပါတယ် ။

 

ဟဇရသ် ဇဲဟ်ရာ (စ.အ) သခင်မကြီးသည် ရှိက်ခ်ခိုင်း ( အဘူဗကဲရ် နှင့်အိုမရ် ) တို့ အပေါ် ကျေနပ်ခဲ့ ပါ သလား?

မေးခွန်း ။ ။ အကယ်၍ ဘီဘီ ဇဲဟ်ရာ သခင်မကြီး (စ.အ) သည် ကာလတစ်ချို့ ရှိက်ခ်ခိုင်း ( အဘူ ဗကဲရ် နှင့်အိုမရ် ) တို့ အပေါ် တို့ အပေါ် စိတ်ဆိုး ခဲ့သည် ဟု မှတ်ယူပါလေ။ သို့သော် ဘီဘီဇဲဟ်ရာ (စ.အ) သခင်မကြီး ၏ နောက်ဆုံး ဘဝ အချိန် ၏ ရက်ပိုင်းများတွင် ရှိက်ခ်ခိုင်း သခင်မကြီး ထံ ရောက်လာပြီး တောင်းပန် ပြီး ကျေနပ်မှု ကို ရယူခဲ့ သည်ဆိုတာလည်း အထောက် အထား ရှိပါတယ်။ သာဓက အားဖြင့် ဗိုင်ဟကီ နှင့် အခြား ကျမ်းတွင် ဆင့်ပြန်လာရှိပါတယ် ။

عنالشعبيقاللمامرضتفاطمةأتاهاأبوبكرالصديقفأستئذنعليهافقالعلييافاطمةهذاأبوبكريستئذنعليكفقالتأتحبأنأأذن؟قالنعمفأذنتلهفدخلعليهايترضاهاوقالواللهماتركتالداروالمالوالأهلوالعشيرةإلالإبتغاءمرضاةاللهومرضاةرسولهومرضاتكمأهلالبيتثمترضاهاحتيرضيت.

ဟဇရသ် ဖွာသွေမာ (စ.အ) ဖျားနာသည့်အချိန် အဘူဗကဲရ် အနေဖြင့် သခင်မကို ကျေနပ် အောင်ပြုရန် အတွက် သခင်မထံ ရောက်လာ၏။ သခင်မနှင့်တွေ့ဆုံရန် ခွင့်တောင်းလေ၏ ။ အလီ (အ.စ) သခင် အနေဖြင့် ဖွာသွေမာ (စ.အ) သခင်မ အား ပြောကြားလေ၏။ အဘူဗကဲရ် အသင်ကို တွေ့ဖို့ ခွင့်တောင်းနေတယ် ။ဘီဘီ အနေဖြင့် အဖြေပေးလေ၏။ သူ ဤအိမ်ထဲ ဝင်တာကို အသင် လိုလား ပါသလား ? အလီ (အ.စ) ပြန်ဖြေလေ၏။ ဟုတ်တယ် လိုလားပါတယ် ။ ဖွာသွေမာ (စ.အ) သခင်မအနေဖြင့် ဟဇရသ် အလီ (အ.စ) ၏ ဤအဖြေကို နားထောင်ပြီး အဘူဗကဲရ်ကို ခွင့်ပြု လေ၏။ အဘူဗကဲရ် အိမ် အတွင်းသို့ရောက်လာလေ၏။ ဖွာသွေမာ သခင်မ ၏ ကျေနပ်မှု ကို ရယူရန် နှင့် တောင်းပန်ရန် အတွက် အဘူဗကဲရ် မှာပြောလေ၏။ အလ္လာဟ်ဟို အရှင်မြတ် အား ကျိန်ဆိုပါ၏။ ကျွန်ုပ်အနေဖြင့် မိမိ၏ အိမ် ၊ မိမိ၏ ဥစ္စာ ၊ပစ္စည်း ၊ မိမိ၏ ဆွေမျိုးသားချင်း စသည် တို့ကို အလ္လာဟ်ဟို အရှင်မြတ် ၊ ရစူလ်လေခိုဒါ (ဆွ) နှင့် ကိုယ်တော်မြတ် ၏ အဲဟ်လေ့ ဘိုက်(သ) (အ.စ) တို့၏ ကျေနပ်မှု ရရှိရန်အတွက် စွန့်လွတ်ခဲ့ပါတယ်။ ဤစကားကို နားထောင်ပြီး ဖွာသွေမာ (စ.အ) ၎င်းကိုကျေနပ် သွားလေ၏။

البيهقي،احمدبنالحسين (متوفی 458هـ) دلائلالنبوة،ج 7،ص 281؛

البيهقي،احمدبنالحسين (متوفي 458هـ) الاعتقادوالهدايةإليسبيلالرشادعليمذهبالسلفوأصحابالحديث،ج 1،ص 354،تحقيق: أحمدعصامالكاتب،ناشر: دارالآفاقالجديدة - بيروت،الطبعة: الأولي، 1401هـ.

 

ဝေဖန်ချက် နှင့် သူတေသန ပြုချက်

ဆစ်ဒီကာ ရှဟီးဒါ ဟဇရသ် ဇဲဟ်ရာ (စ.အ) အနေဖြင့် ရှိက်ခ်ခိုင်း ကို မကျေနပ်ခြင်းသည် ၎င်းတို့ ၂ဦး ၏ ခေလာဖသ် ကို အရင်းမှစ၍ ရှရီအသ် နှင့်မညီကြောင်း မတရားကြောင်း သတ်မှတ်လိုက်ပေးလိုက်လေ၏။ အကြောင်းမှာ ရစူလ် ခိုဒါ (ဆွ) ၏သမီးတော် ၊ စကြာဝဠာ ရှိ အမျိုးသမီးများ၏ ဦးသျှောင် ဂျန္နသ် သုခဘုံ တွင် ဝင်ရောက်ကြမည့် အမျိုးသမီးများ၏ ခေါင်းဆောင် ၏မကျေနပ်မှုသည် အဘူဗကဲရ် နှင့်အိုမရ်၏ ခေလာဖသ်ကို ကန့်ကွက်မှု ဖြစ်ပေသည်။ ၎င်းတို့ ၂ဦးကို စိတ်ဆိုးနေခြင်းလည်း ဖြစ်ပေသည်။ အဲဟ်လေ့စွန္နသ် ၏ စဟီး အဖြစ်ဆုံး ကျမ်းများမှ စဟီးဒ် စနဒ် ဖြင့် လာရှိသည်မှာ - ဖွာသွေမာ (စ.အ) သခင်မ ၏ ကျေနပ်မှုသည်၊ ရစူလ်လေခိုဒါ (ဆွ) ၏ ကျေနပ်မှု ဖြစ်လေ၏။ ဖွာသွေမာ (စ.အ) သခင်မ၏ စိတ်ဆိုးမှုသည်၊ ရစူလ်လေခိုဒါ (ဆွ) ၏ စိတ်ဆိုး မှု ဖြစ်လေ၏။

ဤအတွက်ကြောင့် အဲဟ်လေ့စွန္နသ် ၏အိုလမာ အနေဖြင့် မိမိတို့၏ ခလီဖွာ အဘူဗကဲရ် နှင့်အိုမရ် တို့၏ ခေလာဖသ် ကို ကာကွယ်ရန် အတွက် ရီဝါယသ် အတု ၊လုပ်ကြံရီဝါယသ် ကိုပြုစုလေ၏။ ဤအတွက်ကြောင့် သက်သေအထောက်အထား အဖြင့်ရှိက်ခ်ခိုင်း ( အဘူဗကဲရ် နှင့်အိုမရ် ) တို့ သည် ရစူလ်လေခိုဒါ (ဆွ) ၏ သမီးတော်၏ နောက်ဆုံး ဘဝခရီး၏ ရက်ပိုင်း အတွင်း သခင်မကြီးကို စိတ်ဆိုးအောင် ပြုလုပ်ပြီးနောက် သခင်မကြီး၏အိမ် လူနာမေးဖို့ သွားရောက်ခဲ့ပြီး သခင်မကြီး ၏ ကျေနပ်မှုကို ရရန် တောင်းပန်ခဲ့ကြကြောင်း သခင်မကြီးမှလည်း ခွင့်လွတ်ခဲ့ကြောင်း ပြောပြကြပါ တယ်။

ကျွန်ုပ်အနေဖြင့် အဖြေပေးရမည်ဆိုလျှင် …

ပထမအချက်မှာ - ဤရီဝါယသ်တော် သည် မိုရ်စာလ်مرسل ) ) ဖြစ်ပါတယ်။ အကြောင်းမှာ တင်ပြသူရာဝီ ရှအ်ဘီသည် သာဗေအီးန် မှ ဖြစ်ပါတယ်။ ဤအတွက်ကြောင့် ဤအဖြစ်အပျက်၏ မျက်မြင် သက်သေ မဟုတ်ပေ။ မျက်မြင် သက်သေ မဟုတ်ပေ။ ဤရီဝါယသ် တွင် အဲဟ်လေ့စွန္နသ် အနေဖြင့် ဗလာဇရီ နှင့် သွဗရီ ၏ ရီဝါယသ်များကို စောဒကတက် ဝေဖန်ချက်ထားသည့် အတိုင်း လာရှိနေပါတယ်။

ဒုတိယအချက်မှာ - သာဗေအီးန်၏ မိုရ်စာလ်مرسل ) ) ရီဝါယသ် ကို လက်ခံသည်ဘဲ ထားဦး ရှအ်ဘီ ၏ ရီဝါယသ် ကို လက်ခံ၍ မရချေ။အကြောင်းမှာ ရှအ်ဘီ သည် အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ ရန်သူများမှ တစ်ဦး ဖြစ်ပြီး နာစေဘီ (အဲဟ်လေ့ဘိုက်(အ.စ) ဆဲဆိုသူ မကောင်းပြောသူ ဖြစ်လေသည်။ သာဓက အားဖြင့် ဗလာဇရီ နှင့် အဘူဟာမစ် ဂဇာလီတို့မှ ရှအ်ဘီ ထံမှ ဆင့်ပြန်ထားလေ၏။

عنمجالدعنالشعبيقال: قدمناعليالحجاجالبصرة،وقدمعليهقراءمنالمدينةمنأبناءالمهاجرينوالأنصار،فيهمأبوسلمةبنعبدالرحمنبنعوفرضياللهعنه... وجعلالحجاجيذاكرهمويسألهمإذذكرعليبنأبيطالبفنالمنهونلنامقاربةلهوفرقاًمنهومنشره....

ကျွန်ုပ်သည် ဗဆွရဟ် မြို့တွင် အချို့ လူများ နှင့်အတူ ဟဂျာဂ်ျထံ သွားခဲ့ပါတယ်။ ထိုနေရာမှာ မိုဟာဂျေရီးန် နှင့် အန်ဆွာ တို့၏ သားသမီးများ မှ ကုရ်အာန် ကာရီအုပ်စု ရှိနေပါတယ်။ ထိုအုပ်စု သည် မဒီနာ မြို့ မှ လာတာ ဖြစ်ပါတယ်။ အဘူစလ်မာ အေဗ်နေ အဗ်ဒိုရဲဟ်မန် အေဗ်နေအောက်ဖ် လည်းဘဲ ပါဝင်ပါတယ်။ ဟဂျာဂ်ျ နှင့် စကားပြောနေပါတယ်။ စကားပြောရင်းပြောရင်း အလီ အေဗ်နေအဘီသွာလစ် (အ.စ) အကြောင်းလည်းပါလာပါတယ်။ ဟဂျာဂ်ျ အနေဖြင့် ဟဇရသ် အလီ (အ.စ) မကောင်းတဲ့ စကားစု နှင့် ပြောခဲ့ပါတယ်။ ကျွန်ုပ်အနေဖြင့်လည်း ဟဂျာဂ်ျ ကျေနပ်အောင် သူ စကားအတိုင်း လိုက်ပြောပြီး အလီ (အ.စ) ကို မကောင်း ပြောခြင်း ကို စခဲ့ပါတယ် ….

البلاذري،أحمدبنيحييبنجابر (متوفي279هـ) أنسابالأشراف،ج 4،ص 315؛

الغزالي،محمدبنمحمدأبوحامد (متوفي505هـ)،إحياءعلومالدين،ج 2،ص 346،ناشر: دارالمعرفة - بيروت.

ကျွန်ုပ်တို့အတွက် နာစေဘီ (အဲဟ်လေ့ဘိုက်(အ.စ) ဆဲဆိုသူ မကောင်းပြောသူ ) ၏ ရီဝါယသ် သည် မှတ်ကျောက် ဖြစ်ပါသလား ?

အဲဟ်လေ့စွန္နသ် ၏ စဟီး အဖြစ်ဆုံး ကျမ်းများ မှ ဟဇရသ် ဇဲဟ်ရာ (စ.အ) သည် အဘူဗကဲရ် အပေါ် စိတ်ဆိုးခဲ့သည့် မှတ်တမ်း

ပထမ အနေဖြင့်

ဟဇရသ် ဇဲဟ်ရာ (စ.အ) အနေဖြင့် အဘူဗကဲရ် နှင့်အိုမရ် အပေါ် စိတ်ဆိုး အမျက်ထွက် ခဲ့ခြင်း ၊ဤကိစ္စသည် အားလုံးအတွက် နေ့ပမာ ရှင်းလင်းပြတ်သားနေပါတယ်။ မည်သူမျှ ငြင်းလို့မရသည့် ကိစ္စ ဖြစ်ပါတယ်။ အဲဟ်လေ့စွန္နသ် ၏ ကျမ်းတော်မြတ် ကုရ်အာန် ပြီးနောက် အမှန်ကန်ဆုံး ကျမ်း အဖြစ်လက်ခံထားသည့် စဟီဘုခါရီ ကျမ်းတွင်လာရှိပါတယ်။ ဟဇရသ် ဇဲဟ်ရာ (စ.အ) အနေဖြင့် အဘူဗကဲရ်အပေါ် စိတ်ဆိုးအမျက်ထွက်မှုသည် အလ္လာဟ်ဟို အရှင်မြတ် အမိန့်ခံသွားသည့် အထိ ဖြစ်ကြောင်း လာရှိပါတယ်။

ဘုခါရီ အနေဖြင့် ခွမ်းစ် (خمس)ကဏ္ဍ တွင် ရေးသားထားပါတယ် …

فَغَضِبَتْفَاطِمَةُبِنْتُرسولاللَّهِصلياللهعليهوسلمفَهَجَرَتْأَبَابَكْرٍفلمتَزَلْمُهَاجِرَتَهُحتيتُوُفِّيَتْ.

ရစူလ်လေခိုဒါ (ဆွ) ၏ သမီးတော် သည် အဘူဗကဲရ် အား စိတ်ဆိုး သွားလေသည်။ ၎င်းနှင့် စကားလည်း မပြောတော့ချေ။ ၎င်းနှင့် နောက်ဆုံး ကွယ်လွန်သည့်အချိန် အထိ စကားမပြောဘဲ နေခဲ့ပါသည်။

البخاريالجعفي،محمدبنإسماعيلأبوعبدالله (متوفي256هـ)،صحيحالبخاري،ج 3،ص 1126،ح2926،بابفَرْضِالْخُمُسِ،تحقيقد. مصطفيديبالبغا،ناشر: دارابنكثير،اليمامة - بيروت،الطبعة: الثالثة،

အလ်မဂါဇီအခန်း ၏ (غزوة خیبر) ကဏ္ဍ ၏ ဟဒီးစ်တော် အမှတ် ၃၉၉၈ တွင်လည်း ဘုခါရီ မှာ ပြောကြားသည်မှာ -

فَوَجَدَتْفَاطِمَةُعليأبيبَكْرٍفيذلكفَهَجَرَتْهُفلمتُكَلِّمْهُحتيتُوُفِّيَتْ،

ဖွာသွေမာ (စ.အ) သည် အဘူဗကဲရ် အား စိတ်ဆိုး သွားလေသည်။၎င်းနှင့် နောက်ဆုံး ကွယ်လွန် သည့်အချိန် အထိ စကားမပြောဘဲ နေခဲ့ပါသည်။

البخاريالجعفي،محمدبنإسماعيلأبوعبدالله (متوفي256هـ)،صحيحالبخاري،ج 4،ص 1549،ح3998،كتابالمغازي،بابغزوةخيبر،تحقيقد. مصطفيديبالبغا،ناشر: دارابنكثير،اليمامة - بيروت،الطبعة: الثالثة،

ဘုခါရီအနေဖြင့် အလ်ဖရာအေစ် အခန်း၏ (بَابقَوْلِالنبي (ص) لانُورَثُماتَرَكْنَاصَدَقَةٌ) ကဏ္ဍ ၏ ဟဒီးစ်တော် အမှတ် ၆၃၄၆ တွင် ရေးသား သီးကုံးထားသည်မှာ -

فَهَجَرَتْهُفَاطِمَةُفلمتُكَلِّمْهُحتيمَاتَتْ

ထိုနောက်ဖွာသွေမာ (စ.အ) သည် အဘူဗကဲရ် နှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်လေ၏။ ကွယ်လွန်ချိန် အထိ ၎င်း (အဘူဗကဲရ် ) နှင့် စကား မပြောဘဲနေလေ၏။

البخاريالجعفي،محمدبنإسماعيلأبوعبدالله (متوفي256هـ)،صحيحالبخاري،ج 6،ص 2474،ح6346،كتابالفرائض،بَابقَوْلِالنبي (ص) لانُورَثُماتَرَكْنَاصَدَقَةٌ،تحقيقد. مصطفيديبالبغا،ناشر: دارابنكثير،اليمامة - بيروت،الطبعة: الثالثة،

အေဗ်နေကိုသိုင်ဗာ ၏ ရီဝါယသ်တွင်လာရှိသည်မှာ -       အဘူဗကဲရ် နှင့် အိုမရ်သည် သခင်မကြီး ဖျားနေသည်ကို ကြည့်ရန် အိမ်သို့ရောက်လာပြီး ခွင့်တောင်းရာမပေးခဲ့ကြောင်း ၊၎င်းတို့ ၂ဦးမှ မတတ်နိုင်သည့် အဆုံး အလီ (အ.စ) နှင့်စကားပြောခဲ့ကြောင်း ၊ ဟဇရသ် အလီ (အ.စ) မှ ဟဇရသ် ဇဲဟ်ရာ (စ.အ) ကိုပြောချိန် ဘီဘီအနေဖြင့် အမီးရွလ်မိုအ်မေနီ အလီ(အ.စ)အား အဖြေပေး သည်မှာ -

البيتبيتك.

ဤအိမ်သည် အသင်၏ အိမ်ဖြစ်ပါတယ်။အသင်သဘောပါ ၊အသင် သဘောတူသူ ကို အိမ်အတွင်း ခေါ်နိုင် ပါတယ်။အမီးရွလ်မိုအ်မေနီ အလီ (အ.စ) အနေဖြင့် ကျွန်ုပ် တို့ အနေဖြင့် ရစူလ်လေခိုဒါ (ဆွ) သမီးတော် ကို ကျေနပ်အောင်ပြုဖို့ အိမ် သွားတာ အလီ က ဝင်ခွင့်မပေးပါဟု ဗဟာန ပြ ငြင်းခုန်၍ မရရန် အိမ်အတွင်း ဝင်ခွင့် ပြုလေ၏။

၎င်းတို့ ၂ဦးမှ တောင်းပန်သည့်အခါ ဟဇရသ်ဇဲဟ်ရာ (စ.အ) မှ လက်မခံခဲ့ချေ။ထိုပြင် ၎င်းတို့ ၂ဦးအား အောက်ပါအတိုင်း ဝန်ခံခိုင်းခဲ့လေသည်။

نشدتكمااللهألمتسمعارسولاللهيقول: رضافاطمةمنرضايوسخطفاطمةمنسخطيفمنأحبفاطمةابنتيفقدأحبنيومنأرضيفاطمةفقدأرضانيومنأسخطفاطمةفقدأسخطني،

ကျမအနေဖြင့် အသင်တို့ ၂ဦးစလုံးကို အလ္လာဟ်ဟို အရှင်မြတ်၏ ကစမ်ပေးပါတယ်။ အသင်တို့ ၂ဦးစလုံးမှ ရစူလ်လေခိုဒါ (ဆွ) ထံမှာ နားမထောင်ခဲ့ရပါသလော ? ကိုယ်တော်အနေဖြင့် မိန့်တော် မူသည်မှာ - ဖွာသွေမာ ၏ ကျေနပ်မှု သည် ကျွန်ုပ်၏ ကျေနပ်မှု ဖြစ်ပြီး ၊ သူမကို စိတ်ဆိုး အောင်ပြုခြင်းသည် ကျွန်ုပ်ကို စိတ်ဆိုးအောင်ပြု ခြင်း ဖြစ်လေ၏။ မည်သူမဆို ကျွန်ုပ်၏ သမီးတော် ဖွာသွေမာ (စ.အ) အား အချစ်ထား မည် ၊၎င်းကို လေးစားကြည်ညိုမည် ဆိုလျှင် ၎င်း အနေဖြင့် ကျွန်ုပ်အား အချစ်ထားပြီး လေးစား ကြည်ညိုခြင်း ဖြစ်ပါတယ်။အကြင် မည်သူမဆို ဖွာသွေမာ (စ.အ) အား ကျေနပ်အောင်ပြုခြင်းသည် ကျွန်ုပ်အား ကျေနပ်အောင် ပြုခြင်း ဖြစ်လေ၏။ အကြင်မည်သူမဆို ဖွာသွေမာ (စ.အ) အား စိတ်ဆိုး အောင်ပြုခြင်းသည် ကျွန်ုပ်အား စိတ်ဆိုး အောင် ပြုခြင်း ဖြစ်လေ၏။

အဘူဗကဲရ် နှင့်အိုမရ် ၂ဦးစလုံးမှာ ဝန်ခံ လေ၏ ။ ဟုတ်ကဲ့ … ကျွန်ုပ်တို့ အနေဖြင့် ဤစကားကို ရစူလ်လေခိုဒါ (ဆွ) ထံတော်မှ နားထောင်ခဲ့ရပါတယ်။

ဤကဲ့သို့ ဝန်ခံမှု ကို အဘူဗကဲရ် နှင့်အိုမရ် ၂ဦးစလုံးထံမှာ ရယူပြီး ဆစ်ဒီကာဟေသွာဟေရဟ် (စ.အ) မှ မိန့်တော်မူလေ၏ ။

فإنيأشهداللهوملائكتهأنكماأسخطتمانيوماأرضيتمانيولئنلقيتالنبيلأشكونكماإليه.

ပြီးနောက် ကျမအနေဖြင့် အလ္လာဟ်ဟို အရှင်မြတ် နှင့် ၎င်း၏ ကောင်းကင်တမန်များကို သက်သေ ထားပြီး ပြောပါတယ်။ အသင်တို့ ၂ဦး စလုံး အနေဖြင့် ကျမကို ဒုက္ခ ပေးခဲ့ပါတယ် ၊ စိတ်ဆိုး အောင်ပြုခဲ့ပါတယ် ။ကျမ ၊ကျမအဖေ ရစူလ်လေခိုဒါ (ဆွ) နှင့်တွေ့ ချိန် အသင်တို့ ၂ဦးစလုံးကို တိုင်ကြား မည် ဖြစ်ပါတယ် ။

ပြီးနောက် ဆက်လက်၍ မိန့်တော်မူလေ၏။

واللهلأدعوناللهعليكفيكلصلاةأصليها.

အလ္လာဟ် ၏ ကစမ် ကျိန်ဆိုပါ၏။ ကျမ နမာဇ် ဝတ်ပြု ပြီးတိုင်း အသင်တို့ ၂ဦး အပေါ် ကျိန်စာ ပို့ပါ တယ်။

الدينوري،أبومحمدعبداللهبنمسلمابنقتيبة (متوفاي276هـ)،الإمامةوالسياسة،ج 1،ص 17،بابكيفكانتبيعةعليرضياللهعنه،تحقيق: خليلالمنصور،ناشر: دارالكتبالعلمية - بيروت - 1418هـ - 1997م.

ဤ အထောက်အထား အရ ဆစ်ဒီကာ ရှဟီးဒါဟ် (စ.အ) အနေဖြင့် ထို ၂ဦး (အဘူဗကဲရ် နှင့် အိုမရ် ) ၂ဦးစလုံးကို ကျေနပ် သွားသည်ဆိုမှာ မည်ကဲ့သို့ လက်ခံတာ ဖြစ်နိုင်မည်နည်း ? ဘုခါရီ ၏ ရီဝါယသ် ကို ရှေ့ တန်း တင်မည်လော ? (သို့မဟုတ် ) ဗိုင်ဟကီ၏ ရီဝါယသ် ကို ရှေ့တန်း တင်မည် လော ? ဗိုင်ဟကီ၏ ရီဝါယသ် လည်းဘဲ အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ ရန်သူ ၊ နစေဘီ မှ ဆင့်ပြန်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ ဤ ဖြစ်ရပ်မှန်၏ မျက်မြင် သက်သေလည်း မဟုတ်ချေ။

ဒုတိယအနေဖြင့် -

ဟဇရသ် ဇဲဟ်ရာ (စ.အ) အနေဖြင့် ၎င်းတို့ ၂ ဦး ကို စိတ်မဆိုးခဲ့ဘူးလို မှတ်ယူပါ ။ ဒီလို မှတ်ယူထား လျက် ဘာကြောင့် ဟဇရသ် ဇဲဟ်ရာ (စ.အ) သခင်မ မှ မောင်လာ အလီ (အ.စ) သခင် အား မိမိ၏ မိုင်ယသ် အား ည အချိန်တွင် ဒဖ်နာ ဖို့ ပြီးနောက် ကျမ အပေါ် ရက်စက် ညှဉ်းပန်းခဲ့သူများ ကို ကျမ ဈပနာ တွင် ပေးမလာဖို့ ၊ နမာဇ်စေ ဂျနာဇာ ပေးမဖတ်ဖို့ သေတမ်းမှာခဲ့ရပါသနည်း?

မိုဟမ္မဒ် ဗင် အေစ်မာအီးလ် ဘုခါရီ အနေဖြင့်ရေးသားထားသည်မှာ -

وَعَاشَتْبَعْدَالنبيصلياللهعليهوسلمسِتَّةَأَشْهُرٍفلماتُوُفِّيَتْدَفَنَهَازَوْجُهَاعَلِيٌّلَيْلًاولميُؤْذِنْبهاأَبَابَكْرٍوَصَلَّيعليها،

ရစူလ် ခိုဒါ (ဆွ) ၏ဝဖားသ် ပြီးနောက် ဖွာသွေမာ (စ.အ) သခင်မသည် ၆လ အထိ အသက်ရှင်ခဲ့ပါသည်။ သခင်မကြီး ကွယ်လွန်သွားချိန် ၎င်း၏ ခင်ပွန်းသည်ဖြစ်သူ အလီ (အ.စ) အနေဖြင့် သခင်မအား ည တွင် ဒဖ်နာ ပြုခဲပါသည်။ အဘူဗကဲရ်အား ဤ ကိစ္စ အတွက် လုံးဝ အသိမပေးခဲ့ချေ။ ကိုယ်တော်တိုင် ဂျနာဇာ နမာဇ် ဖတ်ပေးခဲ့ပါသည်။

البخاريالجعفي،محمدبنإسماعيلأبوعبدالله (متوفي256هـ)،صحيحالبخاري،ج 4،ص 1549،ح3998،كتابالمغازي،بابغزوةخيبر،تحقيقد. مصطفيديبالبغا،ناشر: دارابنكثير،اليمامة - بيروت،الطبعة: الثالثة، 1407 - 1987.

အေဗ်နေကိုသိုင်ဗာဒီနူရီ အနေဖြင့် မိမိ၏ ကျမ်း (تأويلمختلفالحديث ) တွင်ရေးသားထားသည်မှာ -                              

وقدطالبتفاطمةرضياللهعنهاأبابكررضياللهعنهبميراثأبيهارسولاللهصلياللهعليهوسلمفلمالميعطهاإياهحلفتلاتكلمهأبداوأوصتأنتدفنليلالئلايحضرهافدفنتليلا۔

ဖွာသွေမာ (စ.အ) အနေဖြင့် မိမိ၏ ဖခမည်းတော် ရစူလ်လေ ခိုဒါ (ဆွဝ ၏ အမွေကို အဘူဗကဲရ် ထံ မှ တောင်းလေ၏။ ပြီးနောက် အဘူဗကဲရ် မှ အမွေပေးဖို့ ငြင်းဆိုသည့်အချိန် သခင်မ အနေဖြင့် ၎င်း (အဘူဗကဲရ်) နှင့် စကားမပြောတော့မည်ဟု၍ ကျိန်ဆိုလေ၏။ပြီးနောက် ကျမကို ညအချိန်တွင်ဒဖ်နာ ရန် ထိုမှ သာ အဘူဗကဲရ် ကျမ မိုင်ယသ်တွင် မလာနိုင်မှ ဖြစ်ကြောင်း သေတမ်း အဖြစ် မှာကြားခဲ့ပါတယ်။

الدينوري،أبومحمدعبداللهبنمسلمابنقتيبة (متوفي276هـ)،تأويلمختلفالحديث،ج 1،ص 300،تحقيق: محمدزهريالنجار،ناشر: دارالجيل،بيروت، 1393، 1972.

ပြီးနောက် အဗ်ဒိုရ်ရဇက် စနအာနီ အနေဖြင့် ရေး သားထားပါတယ်။

عنبنجريجوعمروبندينارأنحسنبنمحمدأخبرهأنفاطمةبنتالنبيصلياللهعليهوسلمدفنتبالليلقالفربهاعليمنأبيبكرأنيصليعليهاكانبينهماشيء۔

ဟစန် အေဗ်နေ မိုဟမ္မဒ် ထံ မှဆင့်ပြန်ထားပါတယ် ။၎င်းမှ ပြောကြားသည်မှာ - ရစူလ်လေခိုဒါ (ဆွ) ၏ သမီး တော် ကို ညအချိန်တွင် ဒဖ်နာ ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုမှသာ အဘူဗကဲရ် အနေဖြင့် သခင်မ၏ မိုင်ယသ် အတွက် နမာဇ်စေ ဂျနာဇာ မဖတ်နိုင်ရန် ဖြစ်ပါတယ်။ အကြောင်း မှာ ၎င်း တို့ ၂ ဦး ( ဟဇရသ် ဇဲဟ်ရာ (စ.အ) နှင့် အဘူဗကရ် ) အကြား စိတ်ဆိုး မှု ရှိခဲ့သည့် အတွက် ကြောင့် ဖြစ်ပါတယ်။ (ဤအတွက်ကြောင့်လည်း သခင်မကြီး ကိုယ်တိုင် ဤ ကိစ္စ အတွက် သေတမ်းမှာ ခဲ့ ခြင်း ဖြစ်ပါတယ်။ )

ဆက်လက်ပြီး ရေးသားထားသည်မှာ -

عنبنعيينةعنعمروبندينارعنحسنبنمحمدمثلهالاأنهقالاوصتهبذلك.

ဟစန် ဗင်မိုဟမ္မဒ် မှ ဆင့်ပြန်သည့် ပထမရီဝါယသ် တော်အတိုင်း အခြား ရီဝါယသ် ဆင့်ပြန်ချက် လာရှိပါတယ်။ ထိုရီယါယသ် တော်တွင် ဖွာသွေမာ (စ.အ) သခင်မကိုယ်တိုင် မိမိအား ည အချိန်တွင် ဒဖ်နာ ဖို့ သေတမ်း မှာ ခဲ့ကြောင်း ရေးသား ထားပါတယ်။

الصنعاني،أبوبكرعبدالرزاقبنهمام (متوفي211هـ)،المصنف،ج 3،ص 521،ح 6554 وح 6555،تحقيقحبيبالرحمنالأعظمي،ناشر: المكتبالإسلامي - بيروت،الطبعة: الثانية،

သို့သော် လည်း တစ်ဦးတစ်ယောက် မှ အဘူဗကဲရ် နောက်ပိုင်းတွင်နောင်တ ရခဲ့ပြီး သောင်ဗာ လုပ်ခဲ့သည် ပြောနိုင်ပါတယ်။

ဤအတွက် အဖြေ တွင် ပြောပြမည်မှာ - သောင်ဗာ သည် သောင်ဗာ ပြုချိန် မနုဿ လူသား အနေဖြင့် သောင်ဗာ နှင့် အတူနောင်တ ရရန်လည်း လိုအပ်ပါတယ်။ ထိုအပြင် အတိတ်က ပြုလုပ်ခဲ့သည့် အမှား အတွက် အစားထိုး လျော်ပေးရမည်ဖြစ်ပါတယ်။ ဆိုလိုသည်မှာ သောင်ဗာ ပြုသူသည် မည်သူမဆို ၏ ရပိုင်ခွင့် ကို ပျက်စီး ထားလျှင်ပြန်၍ ပေးဆပ်ရမည် ဖြစ်ပါတယ်။ ယုတ်စွ ထိုရပိုင်ခွင့်သည် အလ္လာဟ် ၏ ရပိုင်ခွင့် ဖြစ်ပါစေ .. လူသား၏ ရပိုင်ခွင့် ဖြစ်ပါစေ … ပေးဆပ်ရမည် ဖြစ်ပါတယ်။

အခု ကျွန်ုပ်အနေဖြင့် ဤမေးခွန်းကို ထုတ်ချင်ပါတယ်။ ဟဇရသ် အဘူ ဗကဲ၇် အနေဖြင့် နောင်တရပြီး သောင်ဗာ ပြုခဲ့သည်ဆိုလျှင် ဟဇရသ် ဇဲဟ်ရာ (စ.အ) သခင်မကြီး ၏ ရပိုင်ခွင့် ဖေဒက်ခြံကို ပြန်ပေးခဲ့ပါသလား ? ထိုသို့ပြန်ပေး မှ သာ စစ်မှန် သည့် သောင်ဗာ အပြည့် အဝ ဖြစ်ပြီး အလ္လာဟ် ဟို အရှင်မြတ် သခင် လက်ခံတော် မူသည့် သောင်ဗာ ဖြစ်ပေမည်။

 

အနှစ်ချုပ် ၊ရလာဒ်

ဟဇရသ် ဇဲဟ်ရာ (စ.အ) အနေဖြင့် အဘူဗကဲရ် နှင့် အိုမရ် ကို မိမိကွယ်လွန်သည့်အချိန် စိတ်ဆိုးနေကြောင်း ၊ ၎င်းတို့ကို စကားမပြောတော့ကြောင်း ကိစ္စသည် အမှန်တရား တစ်ခု ဖြစ်ပြီး အဲဟ်လေ့စွန္နသ် ၏ စဟီးအဖြစ်ဆုံး ကျမ်းများတွင် ဤ အကြောင်း လာရှိနေခြင်း ဖြစ်ပါတယ်။ အဘူကေဲရ် နှင့် အိုမရ် တို့မှ တောင်းပန်လျက်ပင် ရစူလ်ခိုဒါ (ဆွ) ၏ သမီးတော် မှ ခွင့်မလွတ်ပေးခြင်း ၊ စိတ်ဆိုးမပြေခြင်းကို ကြည့်၍ သခင်မကြီး ၏ အလွန် စိတ်ဆိုးနေကြာင်းကို ရိပ်မိ နိုင်ပါတယ်။ သခင်မကြီး (စ.အ) ၏ စိတ်ဆိုး အမျက်ထွက်မှု သည် အချို့ အယူသန် ဂျဟေလ် ဝဟာဘီများ ပြောသကဲ့သို့ လောကီ နှင့် ပစ္စည်းဥစ္စာ ကြောင့် မဟုတ်ချေ။ ဧကန်မုချ သခင်မကြီး ၏ စိတ်ဆိုးမှု သည် အလ္လာဟ် ဟို အရှင်မြတ် ၏ လမ်းတွင် အလ္လာဟ် ဟို အရှင်မြတ် သခင်အတွက် စိတ်ဆိုး ခြင်း ဖြစ်ပါတယ် ။ ဤအတွက် အထောက်အထား ကို ရစူလ်ခိုဒါ (ဆွ) ၏ ဟဒီးစ်တော် (မည်သူမဆို ကျွန်ုပ်၏ သမီးတော် ဖွာသွေမာ (စ.အ) အား အချစ်ထား မည် ၊၎င်းကို လေးစားကြည်ညိုမည် ဆိုလျှင် ၎င်း အနေဖြင့် ကျွန်ုပ်အား အချစ်ထားပြီး လေးစား ကြည်ညိုခြင်း ဖြစ်ပါတယ်။ အကြင် မည်သူမဆို ဖွာသွေမာ (စ.အ) အား ကျေနပ်အောင်ပြုခြင်းသည် ကျွန်ုပ်အား ကျေနပ် အောင် ပြုခြင်း ဖြစ်လေ၏။ အကြင်မည်သူမဆို ဖွာသွေမာ (စ.အ) အား စိတ်ဆိုး အောင်ပြုခြင်း သည် ကျွန်ုပ်အား စိတ်ဆိုး အောင် ပြုခြင်း ဖြစ်လေ၏။) ဖြင့်နားလည် သဘော ပေါက်နိုင်ပေ သည်။

အဘူဗကဲရ် ၏ နောင်တ နှင့်သောင်ဗာ ပြုသည်ဆိုသည်မှာလည်း လုပ်ကြံထားမှု သာ ဖြစ်ပါတယ်။ မုသားဖြစ်ပါတယ်။ ပထမအချက်အနေဖြင့် ဗိုင်ဟကီ ကျမ်း တွင် ဟဇရသ် ဇဟ်ရာ (စ.အ) အဘူဗကဲရ် ကိုကျေနပ်သွားသည်၊စိတ်ဆိုးပြေသွားသည်ဟု လာရှိသည့်ရီဝါယသ် သည် စဟီးဘုခါရီ ၏ ရီဝါယသ်တော်နှင့် ဆန့်ကျင် နေပါသည်။ ဒုတိယ အချက်အနေဖြင့် ရီယွယသ် တင်ပြသူမှာ နစေဘီ တစ်ယောက် ဖြစ်နေသည့် အတွက်ကြောင့် တင်ပြသည့် ရီဝါယသ် သည် စဟီး မဖြစ်နိုင်ချေ။ ယုံကြည်စိတ်မချနိုင်ချေ။

ဒိုအာလိုလားလျက် …
=======================
251 / End