အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၄ ဖေဖော်ဝါရီ ၂၀၁၉

၁၇:၁၁:၂၀
927708

မောင်လာအလီ (အ.စ) သည် မိမိ၏ ခေလာဖသ် အချိန် အခါ တွင် အဘယ်ကြောင့် ဖေဒက်ခြံ ကို ပြန်မယူခဲ့ပါသနည်း ?

မောင်လာအလီ (အ.စ) သည် မိမိ၏ ခေလာဖသ် အချိန် အခါ တွင် အဘယ်ကြောင့် ဖေဒက်ခြံ ကို ပြန်မယူခဲ့ပါသနည်း ? ဆိုတာကို လေးကို အောက်ပါအတိုင်းလေ့လာ ကြည့်ပါမည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


ရှိက်္ခ စဒူက် (ရ.ဟ) မိန့်ပါတယ်။
ကျွန်ုပ် အနေဖြင့် အဲဟ်မဒ် ဗင် ဟစန် ကသွာန်မှတဆင့် ၎င်း မှ အဲဟ်မဒ် အေဗ်နေစအီးဒ် ဟမ်ဒါနီ မှ တဆင့် ၎င်း မှ အလီ အေဗ်နေ ဟစန် အေဗ်နေအလီအေဗ်နေ ဖဆွာလ် မှ တဆင့် ၎င်း မှ မိမိ၏ ဖခင် မှတဆင့် ၎င်းဖခင်မှ မောင်လာ အလီ အေဗ်နေ မူစာ အလ်ရေဇာ (အ.စ) အားမေးမြန်းလျှောက်ထားလေ၏။

အိုမောင်လာသခင် (အ.စ) …
မောင်လာအလီ (အ.စ) သည် မိမိ၏ ခေလာဖသ် အချိန် အခါ တွင် အဘယ်ကြောင့် ဖေဒက်ခြံ ကို ပြန်မယူခဲ့ပါသနည်း ?

အေမာမ် (အ.စ) အဖြေပေး မိန့်လေ၏။
ကျွန်ုပ်တို့ အဲဟ်လေ့ဘိုက်သ် (အ.စ) သည်  ဇိုလ်မ် ( ရက်စက် ညှဉ်းပမ်းမှု ) ဖြင့် အလု ခံထားရသည့် မိမိတို့၏ ရပိုင်ခွင့် ပြန်မယူချေ။
အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ ) နှင့် ကျွန်ုပ်တို့ (မိုဟမ္မဒ် (ဆွ) နှင့် အာလေမိုဟမ္မဒ်  (အ.စ) ) သည် မိုအ်မင်များ၏ အုပ်ထိန်းသူနှင့် ဘုရင် ဖြစ်ပါတယ် ။ မိုအ်မေနီ အလုခံရသည့် ရပိုင်ခွင့်များကို ပြန်လည် ရယူပေးပါတယ်။ သို့သော် မိမိတို့ အလုခံရသည့် ရပိုင်ခွင့်များ ကို ပြန်မယူချေ။
အေမာ် ဂျအ်ဖွာဆွာဒစ် (အ.စ) ထံ ဤမေးခွန်းကို ထပ်၍ မေးမြန်း၍ ဖေဒက်ခြံ နှင့်ပတ်သက် ပြီး မေးမြန်း လေ၏။
ထိုအခါ အေမာမ် (အ.စ) အနေဖြင့် မိန့်တော်မူလေ၏။
အလီ (အ.စ) အနေဖြင့် ဖေဒက်ခြံကို ပြန်မယူခဲ့ချေ။ အကြောင်း မှာ ရက်စက် ညှဉ်းပမ်းသူ နှင့် ရက်စက် ညှဉ်းပမ်းမှု ကိုခံရသူ  ၂ ဦး စလုံး အလ္လာဟ် ဟို အရှင်မြတ် ထံတော်ရောက်ရှိချိန် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် ရက်စက် ညှဉ်းပမ်းမှုခံရသူကို စဝါးဗ် ပေးပြီး ရက်စက် ညှဉ်းပမ်းသူကို ပစ်ဒဏ်ပေးမည် ဖြစ်ပါတယ်။

အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ ) အနေဖြင့် ရက်စက် ညှဉ်းပမ်းမှုခံရသူ (ဖွာသွေမာ (စ.အ) သခင်မကို ကို စဝါးဗ် ရပြီး  ရက်စက် ညှဉ်းပမ်းသူ (အဘူဗကဲရ် နှင့်နောက်လိုက်များ ) ကို ပြစ်ဒဏ်ရရန်အတွက် ဤလမ်းကိုရွေးခဲ့ခြင်းဖြစ်ပါတယ်။ (ပြန်မယူခဲ့ခြင်း ဖြစ်ပါတယ်။)

ကျမ်းကိုး
အေလလွရှ်ရှရာအေအ် ကျမ်း အတွဲ  (၁) စာမျက်နှာ ၁၁၇ ၊ ဟဒီးစ်တော် အမှတ် ၁ ၊ အခန်း ၁၂၄  

တင်ပြသူ
ဆရက်ဒ် အဒီးလ်အဘာစ် ရှားဟ်နကဝီ

============================
251 / End