အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA / FB
သောကြာနေ့

၁ မတ် ၂၀၁၉

၁၉:၄၈:၅၀
931278

မောင်လာအလီ (အ.စ) မမိန့်ခဲ့သည့် ကို ဟဒီး ဟု ထင်ပြမှု အား ဖော်ထုတ်ခြင်း

မောင်လာအလီ (အ.စ) မမိန့်ခဲ့သည့် ကို ဟဒီး ဟု ထင်ပြမှု အား ဖော်ထုတ်ခြင်း ကို အောက်ပါအတိုင်း ဖော်ပြထားပါတယ် ...

ဟက်နှင့် အမှန်တရားကို သိရှိထားသည့် အာလင်မ် တစ်ပါး ဖြစ်စေ အိုလမာယေ ဟက်၏ တရားစစ် တရားမှန်ကို ရယူနေသည့် မနုဿလူသား တစ်ဦးတစ်ယောက်အတွက် ဖြစ်စေ … မည်ကဲ့သို့ပင် ဖြစ်နိုင်ပါစေ လမ်းလွဲလမ်း မှားနေသူများ လမ်းချော် နေသူများ ပညာမဲ့သူများ ကို လမ်းညွှန် တည်မတ်ပေးရန် ကြိုးပမ်း သင့်ပါတယ် … ကြိုးစားရပေမည် ...

အကြောင်းမှာ လူထု အား လမ်းမှန် လမ်းညွှန်ရန် စိုးရိမ် စိတ်ထားခြင်းသည် အကောင်း တစ်ကာ အကောင်းဆုံး အေဗာဒသ် အဖြစ် သတ်မှတ်ထားသည့် အတွက်ကြောင့် ဖြစ်ပါတယ် … ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ နီးကပ်မှု ကို ရရှိရန်အတွက် အကြောင်းခံလည်း ဖြစ်ပါတယ် …

 

ဤကိစ္စ နှင့်ပတ်သက်ပြီး အရေးပါမှု ကို ကျမ်းတော်မြတ် ကုရ်အာန်တွင် အောက်ပါ အတိုင်း မိန့်ဆို ထားပါတယ် …

 

وَمَنْ اَحْيَاہَا فَكَاَنَّمَآ اَحْيَا النَّاسَ جَمِيْعًا[سورہ مائدہ، آیت:۳۲]

 

(( အကြင်သူ အနေဖြင့် အသက်တစ်ချောင်းကို ရှင်သန်အောင် ပြုခဲ့မည်ဆိုလျှင် တစ် နည်း အားဖြင့် လူသားထု တစ်ရပ်လုံးအား ရှင်သန်အောင် ပြု ခြင်း ဖြစ်ပါသည်။ )) ဤအာယသ်တော်တွင် အသက် ရှင်အောင်ပြုခြင်း ၏ ဆိုလိုချက်မှာ လူထု အား လမ်းမှန် ညွှန်ပြခြင်း ဖြစ်ပါတယ် ။

 

အကယ်၍ ကျွန်ုပ်တို့ အတွင်းမှ ယောက်တိုင်း ကိုယ်စီ မိမိကိုယ်တိုင် နှင့်တစ်ကွ အခြားသူများကို လမ်းမှန်ညွှန်ပြရန် ဆိုပြီး စိုးရိမ်စိတ်ထားသင့် ပေသည် … ထိုအတူ အလ္လာဟ်ဟိုအရှင်မြတ် သခင်မှ ကျွန်ုပ်တို့ အား အမိန့်ပေးထားသည့် အတိုင်း ဘဝတည်ဆောက်ကြမည်ဆိုလျှင် ဧကန် မုချ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် သည် အဲဟ်လေ့ဘိုက် (အ.စ) ၏ နောက်လိုက်အစစ်များ ဖြင့် တည်ဆောက် ထားသည့် ပတ်ဝန်း ကျင် ဖြစ်လာပေမည်။

 

بسم اللہ الرحمن الرحیم

 

အဲဟ်လေ့သရှိုင်းယို အားဆန့်ကျင်သည့် လုပ်ကြံ ဟဒီးစ် အတုများ စာအုပ် ဝဟာဘီ ဘက်မှ ထုတ်ဝေ

 

 

မောင်လာအလီ (အ.စ) မမိန့်တော်မူခဲ့သည့် ဟဒီးစ် အတု စာအုပ်အဖုံး

ဟဒီးစ် အတု လုပ်ကြံ ထားသည့်ဟဒီးစ် တစ်ခု ဖြစ်သည့် لا أؤتى برجل یفضلنی على بی بکر وعمرအား ဗေဟာရွလ်အန်ဝါကျမ်း ရှင် ရှီအာ အာလင်မ် ကြီး အလာမာ မဂျလစ်စီ မှ လာရှိဟု ဆိုထားပါတယ်။ ဤလိမ်ညာမှု ၊မုသားဆိုမှု အား အောက်ပါအတိုင်း ရှင်းပြ မီးမောင်းထိုးပြ သွားမည် ဖြစ်ပါတယ် ။

 

စကီဖာ၏ နောက်လိုက် နောက်သားများ ဘက်မှ စာအုပ် တစ်အုပ် အား ရေးသား ပြုစု ခဲ့ပါတယ် ။ ထိုစာအုပ်တွင် အဲဟ်လေ့ဘိုက် (အ.စ) မှ ခိုလာဖာယေ စလာစာ ကို ချီးမွမ်းထောပနမှု ပြုထားသည့် များကို စုစည်း တင်ပြထားပါတယ်။ စာအုပ်အမည်မှာ - (الیواقیت والدُّرر فی ثناء الآل على أبی بکر و عمر) ဖြစ်ပြီး ဂျမအီယသ် သေ အာလ်မှ ရေးသား ပြုစု ထားပါတယ်။ ဘာရိန်း နိုင်ငံ မှာ ထုတ်ဝေ ဖြန့်ချိ ခဲ့ပါတယ်။

 

လူကြီးမင်းအနေဖြင့် ဤ စာအုပ် အတွင်း ဖော်ပြထားသည့် ရှီအာ ကျမ်းကိုးများကို အမှန်တရား ကို လက်ကိုင်ပြီး အစွန်း မရောက် ဘဲ ဂရုပြု ဖတ်ရှု လေ့လာ မည်ဆိုလျှင် စကီဖာ၏ နောက်လိုက် နောက်သားများ ၏ လိမ်ညာမှု ကို တွေပရှိရမည် ဖြစ်ပါတယ်။

 

ဤအတွက် အောက်ဖော်ပြပါ လင်းခ် လေးများကို လေ့လာယုံဖြင့် လုံလောက်ပါ တယ်။ သာဓက အားဖြင့် ဖော်ပြရမည် ဆိုလျှင် စာမျက်နှာ ၂၁ တွင် အမီးရွလ် မိုအ်မေနီ မောင်လာအလီ (အ.စ) မှ မိန့်တော်မူသည် ဆိုပြီး ဟဒီးစ် တစ် ပုဒ် အား တင်ပြထားပါတယ်။

ဟဒီးစ်တော်မှာ -

لا أؤتى برجل یفضلنی على أبی بکر وعمر إلا جلدته حد المفتری

 

အကြင်မည်သူမဆို ကျွန်ုပ်၏ ရှေ့ဝယ် ကျွန်ုပ်၏ ဖဇီလသ် ကို အဘူဗကဲရ် နှင့်အိုမရ် ထက် ပို၍များသည်ဟု မှတ်ယူမည်ဆိုလျှင် ကျွန်ုပ်အနေဖြင့် ၎င်း အား အသရေပျက်မှု ပြစ်ဒဏ်ကို ပေမည် ဖြစ်ပါသည်။ ))

 

စာမျက်နှာ၏ အောက်ခြေ မှတ်ချက် တွင် ဟဒီးစ် လိပ်စာ ကို ရှီအာ ကျမ်းမှ ဆင့်ပြန်ထားပြသည်။ လိပ်စာ တစ်ခုမှာ ရှီအာ အာလင်မ် ကြီး အလာမာ မဂျလစ်စီ ၏ ဗေဟာရွလ်အန်ဝါကျမ်း (417/10 ؛ 192/42 ؛ 127/109 ) ဟု၍ လာရှိပါတယ်။

 

 

ttp://s3.picofile.com/file/8190490734/yavagh.jpg

http://s3.picofile.com/file/8190610734/behar.gif

 

လူကြီးမင်းအနေဖြင့် ပေးထားသည့် လင်းခ်လေးများ ကို ဂရုပြု လေ့လာမည်ဆိုလျှင် ဤကဲ့သို့သော် ဟဒီးစ်တော် သည် ဗေဟာရွလ်အန်ဝါကျမ်း တွင် မရှိချေ။ သို့သော် အတွဲ ၄၉ စာမျက်နှာ ၁၉၂ နှင့် ၁၉၃ တွင် အကြောင်းအရာ တစ်ခု လာရှိပါတယ်။ ရီဝါယသ် တစ်ခု အဖြစ်မဟုတ်ဘဲ မိုနာစေရဟ် (ချီတုံချတုံ ဝေဖန်ဆွေးနွေးပွဲ (သို့) အမှန် တရား ကို သက်သေထူပွဲ ) တစ်ခု တွင် သုံးထားတာ ဖြစ်ပါတယ်။ မိုနာစေရဟ် မှာ မာမွန် အဘာစီ နှင့် အဲဟ်လေ့ ဟဒီးစ် တို့ အကြား ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ် ။ ထိုပွဲတွင် မာမွန်အဘာစီ အနေဖြင့် ဤ ဟဒီးစ်တော်အား ပယ်ချပြီး မှားကြောင့် ပြောဆို ထားပါတယ်။

http://s6.picofile.com/file/8190608526/chehel.gif

http://s3.picofile.com/file/8190608826/192.gif

http://s3.picofile.com/file/8190608976/193.gif

بحار الأنوار ج109 ص127

http://s3.picofile.com/file/8190609068/fehres.gif

http://s6.picofile.com/file/8190609142/109.gif

 

ဤ ကဲ့သို့ ဟဒီးစ်အတုများ ပေးရသည့် လူလိမ်များ၏ ရည်ရွယ်ချက်မှာ ၂ ခု ရှိပေ သည်။

ပမထအချက်မှာ - ခိုလာဖာ နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက် (အ.စ) အကြား ဆင်ဆံရေး ကောင်းမွန် ခဲ့ကြောင်း ပြရန် ဖြစ်ပါတယ်။

 

ဒုတိယ အချက်မှာ - ဤဟဒီးစ် အတု ရီဝါယသ် အတု အား ရှီအာ ကျမ်း အများအပြား တွင်လာရှိကြောင်း ၎င်းတို့ ၏ အတုကို အစစ်ဖြစ်အောင် လုပ်ခြင်း ဖြစ်ပါတယ်။

လူကြီးမင်းအနေဖြင့် ၎င်းတို့ ပေးထားသည့် ရှီအာ ကျမ်းကိုး အစစ်များကိုလေ့လာ မည်ဆိုလျှင် ရှီအာအိုလမာ အနေဖြင့် ၎င်း ဟဒီးစ် အား စွန်နီ များ မှ ဆင်ပြန်ပြပြီး မှားယွင်းကြောင်း သက်သေထူထားသည်ကို တွေ့နိုင်ပေသည်။

 

အမှန်တရား ကို ချစ်မြတ်နိုးသူတိုင်း

မောင်လာအမီးရ်ရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ကို အချစ်ထားသူတိုင်း

အဲဟ်လေ့ဘိုက် (အ.စ) ကို အချစ်ထားသူတိုင်း အနေဖြင့် ဤ ပို့စ်အား များများ ရှယ်၍ ဝဟာဘီများ၏ လုပ်ကြံ ဟဒီးစ်ကို မွတ်စလင်မ် အားလုံး သိအောင် share သင့် ဖြန့်သင့်ပါတယ်။

 

မှတ်သားစရာ ။ ။  ဆယက်ဒ် လေယာကသ်အလီ ၏ ဆောင်းပါးအား အဓိက မှီငြမ်းထားပါတယ်။

===========================

251 / End