အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၂ ဧပြီ ၂၀၁၉

၁၈:၄၂:၀၉
938006

အလ္လာဟ် ဟို အရှင်မြတ် အမျက်ဒေါသ အထွက်ခံရသူများ

အလ္လာဟ် ဟို အရှင်မြတ် အမျက်ဒေါသ အထွက်ခံရသူများ အကြောင်း ကိုလေ့လာ ကြပါစို့ ။

အလ္လာဟ် ဟို အရှင်မြတ် အမျက်ဒေါသ အထွက်ခံရသူများ

 

ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော် အမြောက်အများ နှင့် ရီဝါယသ်တော် အမြောက်အများ မှ မီးမောင်းထိုးပါနေသည်မှာ - တမန်တော်မိုဟမ္မဒ် (ဆွ)၏ အနွယ်တော်မွန်များ (အဲဟ်လေ့ဘိုက် (အ.စ) ) အပေါ် မိုဟဗသ် နှင့် မိုဝဒသ် ထားဖို့ ဝါဂျစ်ဗ် မပြုမနေဆိုပြီးလာ ရှိပါတယ်။

 

တစ်နည်းအား ဖြင့် အဲဟ်လ့ဘိုက် (အ.စ) အား အချစ်ထား ခြင်းကို ဒီးန် သာသနာ ၏ အစိတ်အပိုင်း အဖြစ် သတ်မှတ်ထားပါတယ်။ အဲဟ်လေ့ ဘိုက် (အ.စ) ကို မုန်းတီးမယ် ၊ ရန်ငြိုးထားမယ် ၊ မနာလိုစိတ် ရှိမယ်ဆိုလျှင် ထိုသူများ အတွက် မကောင်း သည့် ဆိုးကျိုး အာနိသင်များ ရှိကြောင်း ရီဝါယသ်တော်များ တွင် လာရှိ ပါတယ် ။ ၎င်းဆိုးကျိုးများ အနက်မှ တစ်ခု မှာ   အလ္လာဟ် ဟို အရှင်မြတ် အမျက် ဒေါသ အထွက်ခံရသူများ ဖြစ်ပါတယ် ။

 

ကိုယ်တော်မြတ် မိုဟမ္မဒ် (ဆွ) မှ မိန့်ကြား ထားပါတယ် ။ ကျွန်ုပ်အနေဖြင့် မေအ်ရာဂ်ျ ည မိုးကောင်းကင် ပေါ် ရောက်ရှိခဲ့ပါတယ် ။ ဂျန္နသ် (အမတသုခဘုံ) ၏ တံခါးတွင် (အောက်ပါအတိုင်း ) ရေးသားထားပါတယ် ။

 

لا الہ الا اللہ محمد رسول اللہ ، على حبيب اللہ الحسن و الحسين (ع) صفوة اللہ ، فاطمة خيرة اللہ و علی اعدائھم لعنة اللہ ،

 

အလ္လာဟ် မှအပ အခြား ခဝပ် ကိုးကွယ်ရန် အရှင်မရှိ ၊မိုဟမ္မဒ် (ဆွ) သခင်သည် ၎င်း အရှင် စေလွတ်တော် မူသည့် တမန်တော် ဖြစ်ပါတယ်။ အလီ (အ.စ) သည် ၎င်း အရှင်၏ ဝလီ (အချစ်တော် ) ဖြစ်ပါတယ်။ဖှသွေမာ (စ.အ) သည်၎င်း အရှင်၏ ကနီးစ် တော် ဖြစ်ပါတယ် ။ ဟစန် (အ.စ) နှင့် ဟိုစိန် (အ.စ) တို့သည် ၎င်း အရှင်မြတ် ၏ ရွေးချယ် တင်မြောက်ထားသူများ ဖြစ်ပါတယ်။ ၎င်းတို့၏ ရန်သူများ အပေါ်အလ္လာဟ် ဟိုအရှင်မြတ် သခင်၏ လအ်နသ် ကျရောက်ပါစေ ။

 

تاريخ بغداد 1 ص 259

 

تہذيب دمشق 4 ص 322

 

مناقب خوارزمى ص 302 حدیث 297

 

فرائد السمطين ج 2 ص 74 ح 396

 

امالى طوسى ص 355 ح 737

 

كشف الغمہ 1 ص 94

 

كشف اليقين ص 445 ح 551

 

فضائل ابن شاذان ص 71

 

مقتل خوارزمى 1 ص 108

 

خصال شیخ صدوق ص 324 ح 10

 

مائۃ منقبۃ ص 109 ح 54 روايت اسماعيل بن موسی

 

 

တမန်တော်မြတ် (ဆွ) မိန့်တော်မူပါတယ် ။

 

ဖွသွေမာ (စ.အ) သခင်မ ၏ မိသားစု ဝင်များမှ အပ မိသားစုဝင်တိုင်း သည် ၎င်းတို့ ၏ ဖခင်ဘက်မှ ဆင်းသက်လာပါတယ်။ ကျွန်ုပ်သည် ၎င်းတို့ ၏ အုပ်ထိန်းသူ နှင့် အမွေပေးသူဖြစ်ပါတယ်။ ဤပုဂ္ဂိုလ်များသည် ကျွန်ုပ်၏ အဲဟ်လေ့ဘိုက် (အ.စ) ဖြစ်ပါတယ်။ ကျွန်ုပ်ကို ဖန်ဆင်းပြီး ကျန်ရှိသည့်မြေ နှင့် ဖန်ဆင်းခံခဲ့ရသူများ ဖြစ်ပါတယ်။၎င်းတို့၏ ကြီးကျယ် မြင့်မြတ် မှု ကို ငြင်းပယ်သူများ အတွက် ဂျဟန္နမ် ဖြစ်ပါတယ်။ ၎င်းတို့ ၏ မိတ်ဆွေ သည် အလ္လာဟ် ဟို အရှင်မြတ်၏ မိတ်ဆွေ ဖြစ်ပြီး ၎င်းတို့၏ ရန်သူ သည် အလ္လာဟ် ဟိုအရှင်မြတ် ၏ ရန်သူဖြစ်ပါသည်။

 

كنز العمال ج 12 ص 98 ح 34168 روايت ابن عساكر

 

بشارة المصطفى ص 20 روايت جابر

 

 

တမန်တော်မြတ် (ဆွ) မိန့်တော်မူပါတယ် ။

သတိရှိပါလေ။ အကြင် မည်သူမဆို အာလေ့ မိုဟမ္မဒ် (အ.စ) (အဲဟ်လေ့ဘိုက် (အ.စ) ) အား မုန်းတီးမည်ဆိုလျှင် ၎င်း၏ နဖူး ပြင်တွင် ဤအဖန်ဆင်းခံသည် အလ္လာဟ် ရဲဟ်မသ်တော်များ မှ မျှော်လင့်ချက်မဲ့ရသူဟု ရေးထားမည်ဖြစ်ပြီး                                                                                                                                                                                                                                                                                                                                          ကေယာမသ်နေ့တွင် ရှင်ပြန်ထမြောက် ခြင်းခံရပါမည်။

 

مناقب خوارزمى ص 73

 

مقتل خوارزمى 1 ص 40

 

مائتہ منقبہ 150 / 95 ، روايت ابن عمر

 

كشاف 3 ص 403

 

فرائد السمطين 2 ص 256 ح 524

 

بشارة المصطفى ص 197

 

العمدة ص 54 ح 52 ، روايت جرير بن عبد اللہ،

 

احقاق الحق ج 9 ص

==============================

251 / end