အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၃ ဇန်နဝါရီ ၂၀၂၀

၂၁:၂၂:၀၂
998924

အာယာသွလ္လာဟ် စစ်သာနီ မှ ကာစင်မ် ဆိုလိုင်မန်နီ နှင့် အဘူ မဲဟ်ဒီ အလ်မို ဟန်ဒစ် တို့ အပေါ် အမေရိကန် ၏ တိုက်ခိုက်မှု အား ပြစ်တင်ဝေဖန်

အီရတ် နိုင်ငံ ၏ထိပ်တန်း ဘာသာရေး အဓိပတိ မရ်ဂျာယေ သက္က်လီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ အနေဖြင့် အီရတ် နိုင်ငံ ဘဂ္ဂဒက် မြို့ လေဆိပ်အနီး တွင် ဟာဂ်ျ ဗိုလ်ချုပ်ကြီး ကာစင်မ် ဆိုလိုင်မန်နီ နှင့် အဘူ မဲဟ်ဒီ အလ်မို ဟန်ဒစ် တို့ အပေါ် အမေရိကန် ၏ တိုက်ခိုက်မှု အား ပြင်းပြင်းထန်ထန်ရှုတ်ချ ဝေဖန် ပြစ်တင်ပြီး အမေရိကန် အနေဖြင့် အီရတ် နိုင်ငံ ၏ ဥပဒေများကို အထင်အရှား ချိုးဖောက် နေကြောင်း မိန့် ကြားခဲ့ပါတယ်။

 


ရေစာ သတင်းဌာန၏ သတင်း အထောက်အထား အရ ရှိက်္ခ အဗ်ဒိုလ်မဲဟ်ဒီ အလ်ကရ်ဗလာအီ အနေဖြင့် သောကြာခွသ်ဗာ တွင် မရ်ဂျာယေ သက္က်လီးဒ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ၏ သဝဏ်လွှာ ကို တင်ပြပြီး ဟောကြားသည်မှာ - အာယာသွလ္လာဟ် စစ်သာနီ အနေဖြင့် ဟာဂ်ျ ဗိုလ်ချုပ်ကြီး ကာစင်မ် ဆိုလိုင်မန်နီ နှင့် အဘူ မဲဟ်ဒီ အလ်မို ဟန်ဒစ် ပြီးနောက် ၎င်းတို့ နှင့်အတူ ၈ဦး တို့ ၏ ရှဟီးဒ် ဖြစ်မှု ကိစ္စ အပေါ် အလွန်တရာ သောက ၊ဒုက္ခ ဖြစ်ခံပြီး ဝမ်းနည်း ကြောင်း ထုတ်ဖော် ဟောကြား၍ အမေရိကန် အနေဖြင့် အီရတ် နိုင်ငံနှင့် နိုင်ငံတကာဆိုင်ရာ ဥပဒေများကို အထင်အရှား ချိုးဖောက် နေကြောင်း မိန့် ကြားခဲ့ပါတယ်။

အာယာသွလ္လာဟ်ကြီးမှ ဆက်လက်ပြီး အီရတ် အစိုးရအား အမေရိကန် အား အီရတ် နိုင်ငံ ၏ ဥပဒေများ ကို ချိုးဖောက်ခွင့် မပြုရန် အီရတ် မြေပြင်မှ မသန့်ရှင်းသည့်အမေရိကန် ၊ လာဒ် မရှိသည် အမေရိကန် ကို ရှင်း ထုတ် နိုင်ဖို့ ကြိုးစား ရန် တိုက်တွန်း မိန့် ကြားခဲ့ပါတယ်။

ကရ်ဗလာ မြို့ သောကြာနမာဇ် ရှေ့ဆောင် ရှိက်္ခ အဗ်ဒိုလ်မဲဟ်ဒီ အလ်ကရ်ဗလာအီ အနေဖြင့် အမေရိကန် အနေဖြင့် အီရတ် ပြည်သူလူထု ၏ လုံခြုံ မှု ငြိမ်ဝပ်ပိပြားမှုကို ပစ်မှတ်လုပ်နေကြောင်း ဒေသအတွင်း မတည်ငြိမ် အောင် ပြုနေကြောင်း ပြောကြားခဲ့ပါတယ်။

===========================

END / 251