အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရဲဟ်ဗရ် ရေ အင်န်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါအေနာအီ အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ် သခင်၏ အိမ်တော် ကို ဟဂ်ျလာပြုသည့် ဟာဂျီများ အား ကို ရည်ညွှန်းပြီး မိမိ၏ အရေးကြီး၊အရေးပါသည့် မိန့်ခွန်းကို မိန့်ကြားခဲ့ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အနေဖြင့်မိမိ ၏မိန့် ခွန်းတွင် ဟာဂျီများကို အရေးကြီး ပွိုင့်များ နှင့် ဟဂ်ျ၏ အရေးကြီး ရှုထောင့် များကို မီးမောင်းထိုး ဟောကြားခဲ့ပါသည်။
မိန့်ခွန်း စာအပြည့်အဆုံးကို ယနေ့ H.I နဝါးဗ်( ရဲဟ်ဗရ်အင်န်ကေလာဗ်၏ အီရန် နိုင်ငံသားများ ဟဂ်ျရေးရာ ကိုယ်စားလှယ်တော် ) မှ အရ်ဖါသ် ကွင်းပြင်တွင် ဖတ်ကြားပြခဲ့ပါတယ်။ မိန့်ခွန်း၏ စာသား မှာ အောက်ပါအတိုင်းဖြစ်ပါ၏။
بسم اللّه الرحمن الرحیم
والحمد للّه رب العالمین و صلّی اللّه علی رسوله الکریم الامین، محمد خاتم النبیین، و علی آله المطهّرین سیّما بقیة اللّه فی الارضین، و علی اصحابه المنتجبین و من تبعهم باحسانٍ الی یوم الدین
ဟဂ်ျ ရာသီသည် နှစ်စဉ် နှစ်တိုင်း မွတ်စလင်မ် အွန်မသ် အတွက် အလ္လာဟ်ဟို အရှင်မြတ် ဘက်မှ နေအ်မသ် တော် ကျရောက်ရန် အသက်သွင်းပေးခြင်း ဖြစ်ပါသည် ။ကျမ်းတော်မြတ် ကုရ်အာန် တွင်အလ္လာဟ် ဟို အရှင်မြတ် သခင်မိန့်တော်မူသည်မှာ - «و اذّن فی الناس بالحج»[1] အမှန်တကယ် သမိုင်း တစ်လျှောက်လုံးတွင် ရဲဟ်မသ် ၏ လက်ဆုံ စားပွဲတွင်လူသားအားလုံးကို ဖိတ်ခေါ်ခြင်း ဖြစ်ပါသည်။အလ္လာဟ် ဟို အရှင်မြတ် အား စူးစမ်းရှာဖွေသူများ ၏ နှလုံး နှင့် အသက် ကို စဉ်းစား ဆင်ခြင်ဖို့ အကျင့်ပြုပေးခြင်းဖြစ်ပါသည် ။၎င်းတို့၏ အတွေး နှင့် အမြင် နှင့် ကျက်သရေ မင်္ဂလာများ ကို အသုံးပြု နိုင်ရန် ဖြစ်ပါသည်။နှစ်စဉ်နှစ်တိုင်း ဟဂ်ျ၏ မိန့်ခွန်းများ ၊သင်ကြားပို့ချမှုများသည် အုပ်စု လိုက် အုပ်စု လိုက် အသွင် ဖြင့် လာရောက်ကြသူများ မှ တဆင့် အစ္စလာမ့် ကမ္ဘာ သို့ ရောက်ရှိရန် ဖြစ်ပါသည်။
ဟဂ်ျ တွင် ရှည်လျားသည့် ဇေက်ရ် ၊ အလ္လာဟ်ဟို အရှင်မြတ် ၏ကျေးကျွန် ပီသမှု ၊ တစ်ဦးတည်း နှင့် ပတ်ဝန်းကျင်အတွက် သွန်သင်မှု ၊တိုးတက်မှု ၊အဆင့်ဆင့် အတွက် သော့ချက်များ ဖြစ်ပါသည်။ အစုအဝေး နှင့် စည်းရုံးမှု နှင့် အတူ တစ်ခုတည်းသော အွန်မသ် ၏ အသွင်ပုံစံ ကိုဖြစ်စေပါသည်။ ထိုနည်းတူစွာ တစ်ခုတည်းဗဟိုအချက်အချာ ဌာန ၏ အနီး အနား ၊ တစ်ခုတည်းသော် လမ်းတွင် ရည်ရွယ်ချက် တူမှုများ နှင့်အတူ လှုပ်ရှား သွားလာမှု သည် တစ်ဆူတည်းတစ်ပါး အရှင်အား ခဝပ် ကိုးကွယ်ခြင်းအတွက် အွန်မသ်၏ ကြိုးပမ်းအားထုတ် မှု ၏ လက္ခဏာ ဖြစ်ပါသည်။ ထိုနည်းတူစွာ ဟဂ်ျ ပြုလုပ်သူများ တွင် အချင်းချင်း အပြန်အလှန် ချက်ညီမှု သည် ခွဲခြား ဆက်ဆံမှု နှင့် စည်းလုံးရေးကို ပြိုပျက်စေမှုကို ရုပ်သိမ်းစေပြီး အခြေအနေကို အများ သိအောင်ပြု သည့် အမှတ် အသား ဖြစ်ပါသည်။
အစ္စလာမ်မီ အသိုင်းအဝိုင်း ၏ အစ်အမှန် အခြေခံကြီးများ ၏ တစ်နေ ရာ တည်းတစ်စု တဝေးတည်း တိုတောင်းသည့်အချိန်အခါတွင် တင်ပြခြင်း ဖြစ်ပါသည်။ အဲဟ်ရာမ် ဝတ်ခြင်း ၊ သွဝါဖ်ပြုခြင်း ၊ ဆိုင်အ်ပြုခြင်း (စဖာ နှင့်မရ်ဝါ တောင်အကြားပြေးခြင်း) ၊ ဝူကူးဖ် ပြုခြင်း (အရ်ဖသ် ကွင်းပြင်တွင် ဇေလ်ဟဂ်ျလ ၉ရက်နေ့ ဇဟိုအချိန်မှ မဂ်ရေဗါအထိ နားခြင်း ) ၊ ရှိုင်တွန်ကို ခဲနှင့် ပစ်ခြင်း၊ သွားခြင်း၊ရပ်ခြင်း မှ ဟဂ်ျအတွက်လုပ်ရသည့် ကျင့်စဉ်များ ဖြစ်ပြီး ဤ လုပ်ရပ်တိုင်းသည် ထူးဆန်း မှုဖြစ်ရပ်တစ်ခုခု ဘက်သို့ အရိပ်အရောင် ပြနေပါသည်။ အစ္စလာမ် သာသနာ တော် အနေဖြင့် မိမိလိုလားသည့် စုဝေး ပေါင်းစည်းမှု ကို တင်ပြထားခြင်း ဖြစ်ပါသည်။ နိုင်ငံပေါင်းစုံ နှင့် ဝေးသထက်ဝေးသည့်နေရာများရှိ လူထုများ အကြား လက်တွေ့လိုက်နာ ကျင့်သုံးမှု ၊ အသိများ ကို အပြန်အလှန် ဖလှယ် မှု ၊ အသိအမြင် နှင့် အတွေ့အကြုံများ ကို အများ သိအောင် ပြုမှု ၊ တစ်ဦး၏ အခြေအနေ ကို တစ်ဦး က သိရှိ မှု ၊ အထင်မှား အမြင်မှား မှုများကို ဖြေရှင်း နိုင်မှု ၊ နှလုံးသားချင်း နီးကပ်မှု ၊ ဘုံရန်သူ ကို ရင်ဆိုင်ရန် အတွက် တတ်နိုင်ကြသည့် စွမ်းအား ၊အင်အားများကို စုစည်း ကြမှု တို့သည် ဟဂ်ျ၏ ရှင်သန် နေမှု နှင့် ကြီးမားသည့် ရလာဒ် တစ်ခု ဖြစ်ကြောင်းပြနေပါသည်။
ဤရလာဒ် အား ယခုလုပ်နေကြ ရာပေါင်းများစွာသော် ညီလာခံများ ကို ကျင်းပ၍လည်း ရနိုင်မည် မဟုတ်ချေ။ ရွံ့ မုန်းပြီး မနှစ်မြို့ကြောင်း ကြေညာ မှုသည် ခေတ်ကာလတိုင်း ၏ မောက်မာ ဆိုးသွမ်း သည့် ရန်သူ အင်အား များ၏ အကြင်အနာ ကင်းမှု မှန်သမျှ ၊ ရက်စက်၊လူမဆန်မှု ၊ မကောင်းမှု နှင့် မခေါင်း သည့် ခေါင်းစဉ်ကို ရွံ့ မုန်း မှု၊ မနှစ်သက်မှု နှင့် မောက်မာ ဆိုးသွမ်းမှု မျိုးစုံ ၏ အင်အား များကို ဖမ်းချုပ် ထိန်းသိမ်းနိုင်မှု သည် ခိုင်မာသည့် နည်းလမ်းများကို ဇွဲရှိရှိ ရင်ဆိုင်ခြင်း ၏ အဓိပ္ပာယ် ကိုဆောင်နေ ပါသည်။ ဟဂ်ျ၏ ဘရ်ကသ် (မင်္ဂလာ) များ မှ တစ်ခု သည်ကား အနှိပ်စက် အယုတ်မာ ခံနေရသည့် မွတ်စလင်မ် လူမျိုးစုများ အတွက် ရွှေကဲ့သို့ အဖိုးတန် အခွင့်အရေး ဖြစ်ပါသည်။
ယနေ့ မောက်မာ ဆိုးသွမ်းသည့် အင်အားများ ၊၎င်းအင်အားများ၏ မာတိက တွင် ပထမဆုံး မှာအမေရိကန် ဖြစ်ပါသည်။ ကူဖ်ရ် နှင့် ရှေးရ်က် တိုက်ပွဲ တွင် ရွံ့ မုန်း မှု ၊မနှစ်သက်မှု ကို ကြေညာ ခြင်း ဆိုသည်မှာ နှိပ်စက် ယုတ်မာ ၊လူမဆန် မှု ကို ခံနေသူများ ၏ မျိုးတုန်း သတ် ဖြတ်မှု နှင့် စစ်ပွဲ ကိုနိုးကြားစေမှု အား ရွံ့ မုန်းခြင်း မနှစ်သက်ခြင်းပင် ဖြစ်ပါသည်။ အမေရိကန် ၏ ညစ်ညမ်းမှု နှင့် ဒါအေရှ် (is) ကဲ့သို့ အကြမ်းဖက် အဖွဲ့ ၏ ဌာနများ ကိုပြစ်တင်ရှုတ်ချ ခြင်း ဖြစ်ပါသည်။ ရွံ့ မုန်း မှု ၊မနှစ်သက်မှု ကို ကြေညာ ခြင်း ဆိုသည်မှာ ကလေးငယ်များ ကို သတ်ဖြတ်နေသည့် ဇီယွန် အစိုးရ နှင့်၎င်း အစိုးရ ကို အားပေးကူညီ ဖေးမ နေသူများကိုဆန့်ကျင်ပြီး အွန်မသ်သေ အစ္စလာမ် မီယာ ၏ မိုးကိုပေါက်စေသည့် တိုင်တည်မှု တစ်ခု ဖြစ်ပါသည် ။ ဤအတွက် ဆိုလိုသည်မှာ အာရှအနောက်ပိုင်း နှင့် အာဖရိက တောင်ပိုင်း ရှိ ထိလွယ် ရှလွယ် သည့်ဒေသများ တွင် အမေရိကန် နှင့် ၎င်း၏ မဟာမိတ်များ စစ် မဖြစ် ၊ဖြစ်အောင် နိုးဆော် နေမှု ကို ပြစ်တင် ရှုတ်ချ ခြင်းဖြစ်ပါသည်။ ၎င်း(အမေရိကန် နှင့် မဟာမိတ်များ ) အနေဖြင့် လူမျိုးစုများ ၏ သောက ၊ဒုက္ခ၊အပူအပင် ၊နာကျင်မှု ၊(များ)ကို အဆုံးတိုင်အောင် ပို့ထားပါသည်။
တစ်နေ့ထက် တစ်နေ့ လူမျိုးစုများ အပေါ် ကြီးမားသည့် သောကများ ဒုက္ခအပူအပင်များကို လွမ်းမိုးလာ အောင် လုပ်နေပါသည်။ ၎င်းတို့ အား ရွံ့ မုန်း မှု ၊မနှစ် သက်မှု ကို ကြေညာ ခြင်း ဆိုသည်မှာ ပထဝီမြေအနေအထားအရ (သို့) မျိုးနွယ်အရ (သို့) အသားအရေ အရ (သို့) အရောင်ကို အခြေခံပြီး စည်းလုံးရေးပျက်ပြားမှု နှင့် အမျိုး အနွယ် ကိုးကွယ်မှု ကို ရွံ့ မုန်း ခြင်း မနှစ်သက်ခြင်း ဖြစ်ပါသည်။ ၎င်းအား ရွံ့ မုန်း မှု ၊မနှစ် သက်မှု ကို ကြေညာ ခြင်း ဆိုသည်မှာ အစ္စလာမ် သာသနာတော်မှ ဖိတ်ခေါ်ထားသည့် ဂုဏ်ပေးမှု ၊လူကြီးလူကောင်းပီသ မှု ၊ကျောသားရင်သား မခွဲခြားမှု အား ဆန့်ကျင် သည့် ရန်လိုခြင်းနှင့် ပြဿနာ ဖန်တီးခြင်း ၏ စွမ်းအားများ မောက်မာ ဆိုးသွမ်း မှု နှင့် ကောက်ကျစ် စဉ်းလဲ မှု ကို ရွံ့ မုန်းခြင်း မနှစ်သက်ခြင်း ဖြစ်ပါသည်။ ဟဂ်ျဂျေအီဗရာဟီးမီ၏ ဗရကသ်များ မှ အသေးလေး တစ်ခုမှာ ကျွန်ုပ်တို့ အားစစ်မှန်သည့် အစ္စလာမ် သာသနာ ဘက်သို့ ဖိတ်ခေါ်နေခြင်း ဖြစ်ပါသည်။ ဟဂ်ျသည် အစ္စလာမ်မီ ပတ်ဝန်းကျင် အတွက် မြင့်မားသည့် ရည်ရွယ်ချက်များမှ အရေးကြီးသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ရုပ်လုံး ပေါ်နေ သည့် နမူနာ တစ်ခု ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း မွတ်စလင်မ်များ အား အမှီပြု၍ ဟဂ်ျ အတွက် လမ်းညွှန်းမှုမျာ တိုတောင်း အချက်ကျစေမှု နှင့် ဂုဏ်သရေ ရှိသည့် မြင်ကွင်းကို ဖြစ်စေပါသည်။
ပြီးနောက် မိမိသက်ဆိုင်ရာ စကားဖြင့် အားလုံးကို ဤကဲ့သို့ ပတ်ဝန်းကျင် ကို အသွင်ဆောင်လာစေဖို့ ကြိုးပမ်းရန် ဖိတ်ခေါ်နေပါသည်။ အစ္စလာမ့် ကမ္ဘာ၏ ပညာရှင်များ ၏ ပခုံး ပေါ် တွင် အလွန်ကြီးမားသည့် တာဝန် ဝတ္တရားရှိပါသည်။ ၎င်း ပညာရှင်များ မှ အချို့ သည် နိုင်ငံ ပေါင်းစုံ မှာ ရောက်လာပြီး ယခုအချိန် တွင် ဟဂ်ျ ကျင့်စဉ်များတွင် နေရာယူနေပြီး ဖြစ်ပါသည်။ ၎င်းတို့၏ မြင့်မားသည့် ရဲစွမ်းသတ္တိ နှင့် ပညာပိုင်းဆိုင်ရာ ဗျူဟာ တို့ကို အကြောင်းခံပြီး ဤ သင်ခန်းစာများ သင်ကြား ပို့ချမှုများ ကို လူမျိုးစု အားလုံး ထံရောက်ရန် နှင့် အများထံရောက်အောင် ပြုရမည် ဖြစ်ပါသည်။ ပြီးနောက် ၎င်းတို့ကို အကြောင်းခံပြီး စဉ်းစား ဆင်ခြင်မှု များ ၊ ခံစားမှုများ နှင့်အတွေ့အကြုံများ နှင့် သိရှိမှု တို့၏ နာမ်ပိုင်းဆိုင်ရာ အပေးအယူ ကို ဆောင်ရွက် သင့်ပါသည်။ယနေ့ အစ္စလာမ်ကမ္ဘာ အတွက် အရေး အကြီးတကာ အရေးကြီး ဆုံး ကိစ္စ ၊ ပါလက်စတိုင်း ကိစ္စ ဖြစ်ပါသည်။ မည်သည့်နိုင်ငံသားဖြစ်စေ ၊ မည်သည့် မျိုးနွယ်က ဖြစ်စေ ၊မည်သည့်ဘာသာစကားကို ပြောသူဖြစ်စေ မွတ်စလင်မ် ဖြစ်လျှင် ၎င်း မွတ်စလင်မ်များ အားလုံး ၏ နိုင်ငံရေးဆိုင်ရာ ကိစ္စ များ ၏ မာတိကာ တွင် ထိပ်ဆုံးက ဖြစ်ပါသည်။
လက်ရှိအခြေအနေ တွင် အကြီးမားဆုံး တကာ အကြီးဆုံး ရက်စက် လူမဆန်မှုသည် ပါလက် စတိုင်း တွင် ဖြစ်နေပါသည်။ဤရင်နှစ်ဖွယ် ကိစ္စ မှာ လူမျိုးတစ်မျိုး၏ မြေ ၊အိမ် ၊လယ်ယာ ၊ ပစ္စည်း ဥစ္စာ နှင့် အသုံးအဆောင်ပစ္စည်းများ ၊ အမျိုးသမီးများ နှင့် အထောက်အထားအမှတ်အသား များ အားလုံးကို လုယူသွားခြင်း ဖြစ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ်သခင်၏ပေးသနားတော်မူထားသည့် စွမ်းအား ကြောင့် ဤလူမျိုးစု အနေဖြင့် အရှုံး မပေးသေးချေ။ နှုတ်ဆိတ်ပြီး မထိုင်နေချေ။
တစ်နည်းအားဖြင့် ထိုလူမျိုးသည် ယနေ့ အတိတ်ကထက် ပိုပြီး စိတ်အား ထက်သန် စွာ ဖြင့် ရဲစွမ်း သတ္တိရှိရှိ ကွင်းထဲ ဆင်းလာ ပါပြီး ။ ၎င်းတို့၏ ကွင်းထဲ ဆင်းလာမှု အတွက် ရလာဒ် (ကောင်း) ရရှိရန် အတွက် မွတ်စလင်မ် များ အားလုံး အနေဖြင့် ကူညီဖေးမ ရန် အရေးကြီးပါသည်။ တစ်ရာစုပြည့်နီးပါး ကြံစည်နေမှု ၎င်းကြံစည် နေမှု အတွက် ပြင်ဆင်မှုများကို ရက်စက်ယုတ်မာ လူမဆန်သည့် အမေရိကန် နှင့် ၎င်း၏ သစ္စာမရှိသည့် မဟာမိတ်များ ပြုလုပ်နေကြပါသည်။ ပါလက်စတိုင်း လူမျိုး တစ်မျိုးတည်း အတွက် မဟုတ်ဘဲ တစ်နည်းအားဖြင့် လူသားတစ်ရပ်လုံး အားဆန့်ကျင်မှု ပြုလုပ်နေကြသည့် ရာဇဝတ်မှု ဖြစ်ပါသည်။
ကျွန်ုပ်အနေဖြင့် ရန်သူ၏ ဤ ကောက်ကျစ် စဉ်းလဲ သည့် အကြံအစည်ကို အောင်နိုင်ရန် တွက် အားလုံးကို တက်ကြွ စွာကူညီဖေးမ မှု ပြုရန် ဖိတ်ခေါ် မေတ္တာ ရပ်ခံ အပ်ပါသည်။ အလ္လာဟ် ဟို အရှင်မြတ်၏ အကူအညီဖေးမမှု ဖြင့် ကျွန်ုပ်တို့၏ ခုခံ တော်လှန်မှု အတွက် သတ္တိ နှင့် အီမာန် ရှေ့ ဝယ် ဤ ကောက်ကျစ် ကြံစည်မှု နှင့်မောက်မာဆိုးသွမ်းမှု၏ စစ်မျက်နှာ နှင့်အခြား ကောက်ကျစ် စဉ်းလဲ သည့် စစ်မျက်နှာတိုင်း ကို အောင်နိုင်ဖို့ မလွဲမသွေ ဖြစ်ကြောင်း ယုံကြည် ထားပါ သည်။ အလ္လာဟ်ဟို အရှင်မြတ် မိန့်ကြား တော်မူသည်မှာ -
ام یریدون کیداً، فالذین کفروا هم المکیدون. صدق اللّه العلی العظیم.[2]
အလ္လာဟ် ဟို အရှင်မြတ် ထံ ဟာဂျီများ အားလုံး အတွက် စွမ်းအားရရှိရန် ၊ ရဲဟ်မသ် နှင့်အာဖီးရသ် ရရှိရန် နှင့် အေသွာအသ် (အလ္လာဟ်အမိန့်အား နားခံကျင့်သုံးမှု) အား လက်ခံသဘောတူရန် ဒိုအာ ပြုပါသည်။
ဆရက်ဒ် အလီ ခါမေနာအီ
ဇေလ်ဟဂ်ျလမြတ် ၃ ရက် ဟီဂျရီသက္ကရာဇ် ၁၄၄၀
သြဂုတ်လ ၅ ရက်နေ့ ၊ခရစ်သက္ကရာဇ် ၂၀၁၉
[1] စူရဟ်ဟဂ်ျ ၊အာယသ်တော် ၂၇ ၏ အစိတ်အပိုင်းလေးတစ်ခု
[2] စူရဟ် သူရ် အာယသ်တော်အမှတ် ၄၂
======================
End / 251