
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ဌာနဆိုင္ရာေတြနဲ႔တိုက္ႀကီးၿမိဳ႕နယ္ အတြင္းကျပည္သူေတြေတြ႕ဆုံပြဲမွာလမ္းတံတား ေဆာက္လုပ္ေပးဖို႔၊လွ်ပ္စစ္မီတာခမမွန္မကန္ေကာက္ခံေန မႈနဲ႔မူးယစ္ေဆးဝါး ျပႆနာေတ ေျဖရွင္းေပးဖို႔ တင္ျပခဲ့ၾကပါတယ္။
ေတြ႕ဆုံပြဲကိုတိုက္ႀကီးၿမိဳ႕နယ္၊ ေ႐ႊဂ်ိဳးျဖဴခန္းမမွာ ဇန္နဝါရီ ၁၂ ရက္ေန႔က မနက္ ၉ နာရီအခ်ိန္က ျပဳလုပ္ခဲ့တာျဖစ္ၿပီး ေဒသခံျပည္သူ ၃၀၀ ေလာက္ တက္ေရာက္ခဲ့ၾကပါ တယ္။
အဆိုပါေတြ႕ဆုံပြဲမွာတက္ေရာက္လာတဲ့ ျပည္သူေတြကရပ္ကြက္၊ ေက်း႐ြာေတြမွာလမ္းတံတားေတြ လုပ္ေဆာင္ေပးဖို႔၊ လွ်ပ္စစ္မီးရရွိေရးနဲ႔ မီတာခ မမွန္မကန္ ေကာက္ခံမႈေတြ ကိုစိစစ္ေပးဖို႔၊သစ္ေတာေျမအျဖစ္ကပယ္ဖ်က္ထားတဲ့ ေက်း႐ြာေတြကို ျပည္ထဲေရးအမည္ေပါက္ရရွိေရး၊လူငယ္ေတြၾကားပ်ံ႕ႏွံ႔ေနတဲ့ မူးယစ္ေဆးဝါး ကိစၥေတြ၊ ၿမိဳ႕နယ္အတြင္းရွိ တရားမဝင္ KTV ဆိုင္ေတြအေရးယူေဆာင္႐ြက္ျခင္းရွိမရွိ၊ယာဥ္တိုက္မႈမ်ားအတြက္မီးပြိဳင့္ထားရွိေပးေရး၊လယ္ယာေျမျပႆနာစတာေတြ ေျဖရွင္းေပးဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။
ေတြ႕ဆုံပြဲတက္ခဲ့တဲ့ ျပည္သူတဦးက“လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ဌာနဆိုင္ရာေတြက ေမးခြန္းေတြကိုျပန္လည္ေျဖၾကားခဲ့ေပမယ့္တာဝန္ယူမႈအျပည့္အဝမရွိဘူး။ေခါင္းေရွာင္ ၿပီးေျဖသြားတယ္။လွ်ပ္စစ္ဌာနကဆိုမီတာခပိုေကာက္ခံတာေတြ၊မီတာဖတ္တာမွားတာေတြ၊ေက်း႐ြာမီးေကာ္မတီေတြနဲ႔ျပည္သူေတြၾကားကျပႆနာေတြကိုေျဖရွင္းေပးဖို႔ေတာင္း ဆိုတဲ့ေနရာမွာ ျပန္ေျဖေတာ့သူတို႔နဲ႔မဆိုင္ဘဲမီးေကာ္မတီနဲ႔သာ ေျဖရွင္းဖို႔ျပန္ေျဖခဲ့တယ္။မူးယစ္ေဆးဝါးကိစၥေတြမွာလည္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးကဖမ္းဆီးတာေတြလုပ္ေနတယ္။တ ကယ္လို႔ တိုင္တဲ့သူရွိရင္ေတာ့ ဖမ္းေပးမယ္ဆိုတဲ့ အေျဖကို ျပန္ေပးတယ္” လို႔ ေျပာပါတယ္။
အခုလို လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဌာနဆိုင္ရာေတြရယ္ ျပည္သူလူထုနဲ႔ ေတြ႕ဆုံတာကို တိုက္ႀကီးၿမိဳ႕နယ္မွာ ပထမဆုံးအႀကိမ္ ျပဳလုပ္တာလည္း ျဖစ္ပါတယ္။
“ဒီလိုပြဲမ်ိဳးမ်ားမ်ားလုပ္ၿပီးလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဌာနဆိုင္ရာေတြက ျပည္သူေတြရဲ႕အသံေတြကို နားေထာင္းၿပီး ေျဖရွင္းေပးမယ္ဆို က်ေနာ္တို႔ လိုခ်င္တဲ့ ပြင့္လင္းျမင္ သာတဲ့ ဒီမိုကေရစီႏိုင္ငံအျဖစ္ကို ေရာက္မွာပါ” လို႔ တိုက္ႀကီးၿမိဳ႕နယ္ေန ကိုနႏၵေအာင္က ေျပာပါတယ္။
Unicode
လျှပ်စစ်မီးနှင့် မူးယစ်ဆေးပြဿနာဖြေရှင်းပေးရန် တိုက်ကြီးပြည်သူများ တင်ပြ
လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ တိုက်ကြီးမြို့နယ်အတွင်းက ပြည်သူတွေ တွေ့ဆုံပွဲမှာ လမ်းတံတား ဆောက်လုပ်ပေးဖို့၊ လျှပ်စစ်မီတာခ မမှန်မ ကန် ကောက်ခံနေမှုနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေ ဖြေရှင်းပေးဖို့ တင်ပြခဲ့ကြပါတယ်။
တွေ့ဆုံပွဲကို တိုက်ကြီးမြို့နယ်၊ ရွှေဂျိုးဖြူခန်းမမှာ ဇန်နဝါရီ ၁၂ ရက်နေ့က မနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံပြည်သူ ၃၀၀ လောက် တက်ရောက်ခဲ့ ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာတက်ရောက်လာတဲ့ပြည်သူတွေကရပ်ကွက်၊ကျေးရွာတွေမှာလမ်းတံတားတွေလုပ်ဆောင်ပေးဖို့၊လျှပ်စစ်မီးရရှိရေးနဲ့မီတာခမမှန်မကန်ကောက်ခံမှု တွေကိုစိစစ်ပေးဖို့၊သစ်တောမြေအဖြစ်ကပယ်ဖျက်ထားတဲ့ကျေးရွာတွေကိုပြည်ထဲရေးအမည်ပေါက်ရရှိရေး၊ လူငယ်တွေကြား ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး ကိစ္စတွေ၊ မြို့နယ် အတွင်းရှိ တရားမဝင် KTV ဆိုင်တွေ အရေးယူဆောင်ရွက်ခြင်း ရှိ မရှိ၊ ယာဉ်တိုက်မှုများအတွက် မီးပွိုင့်ထားရှိပေးရေး၊ လယ်ယာမြေပြဿနာ စတာတွေ ဖြေရှင်း ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲတက်ခဲ့တဲ့ ပြည်သူတဦးက“လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေက မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့ပေမယ့် တာဝန်ယူမှုအပြည့်အဝ မရှိဘူး။ ခေါင်းရှောင်ပြီးဖြေသွားတယ်။လျှပ်စစ်ဌာနကဆိုမီတာခပိုကောက်ခံတာတွေ၊မီတာဖတ်တာ မှားတာတွေ၊ ကျေးရွာမီးကော်မတီတွေနဲ့ ပြည်သူတွေကြားက ပြဿနာတွေကို ဖြေရှင်းပေးဖို့တောင်းဆိုတဲ့နေရာမှာပြန်ဖြေတော့သူတို့နဲ့မဆိုင်ဘဲ မီးကော်မတီနဲ့သာ ဖြေရှင်းဖို့ ပြန်ဖြေခဲ့တယ်။ မူးယစ်ဆေးဝါးကိစ္စတွေမှာလည်း မြို့နယ်ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးတာတွေ လုပ်နေတယ်။ တကယ်လို့ တိုင်တဲ့သူရှိရင်တော့ ဖမ်းပေးမယ်ဆိုတဲ့ အဖြေကို ပြန်ပေးတယ်” လို့ ပြောပါတယ်။
အခုလို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတွေရယ် ပြည်သူလူထုနဲ့ တွေ့ဆုံတာကို တိုက်ကြီးမြို့နယ်မှာ ပထမဆုံးအကြိမ် ပြုလုပ်တာလည်း ဖြစ်ပါတယ်။
“ဒီလိုပွဲမျိုးများများလုပ်ပြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဌာနဆိုင်ရာတွေကပြည်သူတွေရဲ့အသံတွေကိုနားထောင်းပြီးဖြေရှင်းပေးမယ်ဆိုကျနော်တို့လိုချင်တဲ့ပွင့်လင်းမြင် သာတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်ကို ရောက်မှာပါ” လို့ တိုက်ကြီးမြို့နယ်နေ ကိုနန္ဒအောင်က ပြောပါတယ်။
====================================
END / 251