
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
လုပ္ငန္းလိုင္စင္မရွိဘဲ ေျပးဆြဲေနသည့္ယာဥ္မ်ားကိုအေရးယူေပးရန္အပါအဝင္အခ်က္ငါးခ်က္ကိုအငွားယာဥ္ ေမာင္းမ်ားကဇန္နဝါရီ ၁၁ ရက္ တြင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ ႕၌ ဆႏၵျပေတာင္းဆိုသည္။
တရားဝင္ေျပးဆြဲလုပ္ကိုင္ ေနသည့္အငွားယာဥ္မ်ားသည္ အခြင့္အေရးခ်ိဳးေဖာက္ခံရမႈ၊ေငြ ေၾကးနစ္နာမႈမ်ားရွိသျဖင့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာအငွားယာဥ္ေမာင္းမ်ားသမဂၢ(UTD) က ဦး ေဆာင္၍ ယာဥ္ေမာင္း ၁၀၀ ခန႔္ က ဆႏၵျပေတာင္းဆိုျခင္း ျဖစ္ သည္။
‘‘ကြၽန္ေတာ္တို႔ ေတာင္းဆိုခ်က္ေတြကအငွားယာဥ္ေမာင္း ေတြတကယ္လိုအပ္ေနတဲ့အဓိကအခ်က္ေတြျဖစ္ပါတယ္။သက္ဆိုင္သူေတြအေနနဲ႔ဒါေတြကိုသိ ေစခ်င္လို႔ ေတာင္းဆို ရျခင္းလည္း ျဖစ္တယ္’’ ဟု ျမန္မာႏိုင္ငံလုံး ဆိုင္ရာအငွားယာဥ္ေမာင္းမ်ား သမဂၢ (UTD) ဥကၠ႒ဦးေ႐ႊႀကီးက ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕(YRTA) ကအငွားယာဥ္ႏွင့္အငွားယာဥ္ေမာင္းမ်ားကို လက္ရွိထက္ ပိုမိုအက်ိဳးရွိေအာင္ ေဆာင္ ႐ြက္ ေပးရန္၊ ခရီးသည္မ်ားအတင္အခ် ျပဳလုပ္ရန္ ရပ္၊ တင္၊ခ်ေနရာ (Taxi Stand) မ်ား ၿမိဳ႕နယ္မ်ား တြင္ ပိုမိုေဖာ္ေဆာင္ေပးရန္၊ လုပ္ ငန္းလိုင္စင္မရွိဘဲ အငွားေျပးဆြဲ ေနသည့္ ယာဥ္မ်ားကို ဥပေဒျဖင့္ ထိထိေရာက္ေရာက္ အေရးယူ ထိန္းခ်ဳပ္ေပးရန္ အငွားယာဥ္ ေမာင္းမ်ားက ေတာင္းဆိုသည္။
ထို႔အျပင္သင့္တင့္မွ်တ ေသာ ေနပူခံစတစ္ကာမ်ားျပန္လည္တပ္ဆင္ခြင့္ေပးရန္၊ပို႔ ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ YRTA တာဝန္ရွိသူမ်ားက ျမန္ မာႏိုင္ငံလုံးဆိုင္ရာအငွား ယာဥ္ ေမာင္းမ်ားသမဂၢကို ေတြ႕ဆုံခြင့္ ျပဳရန္လည္း ေတာင္းဆိုထား သည္။
‘‘လက္ရွိအငွားယာဥ္ေမာင္း ေတြလမ္းမထြက္မွာႀကဳံေတြ႕ေနရတဲ့အခက္အခဲေတြကိုပြင့္ပြင့္လင္းလင္းေဆြးေႏြးတင္ျပႏိုင္ဖို႔အတြက္ ေတြ႕ဆုံခြင့္ေတာင္းရတာပါ’’ဟု UTD ဒုတိယ ဥကၠ႒ကိုေဇ ႀကီးက ေျပာသည္။
ထို႔အျပင္ အငွားယာဥ္တြင္ လိုက္ပါသည့္ခရီးသည္ထံမွ မူး ယစ္ေဆးဝါးစစ္ေဆးေတြ႕ရွိပါက ယာဥ္ေမာင္းကိုပါဖမ္းဆီးအေရး ယူခံရျခင္းမ်ားရွိသျဖင့္ တာဝန္ ရွိသူမ်ားက အကာ အကြယ္ေပး ရန္ ဆက္လက္ေတာင္းဆိုမည္ ဟု အငွားယာဥ္ေမာင္းအခ်ိဳ႕က ဆိုသည္။
‘‘ဒီေန႔ ေတာင္းဆိုခ်က္ငါး ခ်က္မွာေတာ့ မပါဘူး။ ဒါေပမဲ့ ဒီကိစၥကလည္း ကြၽန္ေတာ္တို႔အ တြက္ ေတာ္ေတာ္စိုးရိမ္ေနရ တယ္။ ခရီးသည္ဆီက မူးယစ္ ေဆးမိလို႔ အဖမ္းခံရ တဲ့ယာဥ္ ေမာင္းရွိတယ္။ ကြၽန္ေတာ္တို႔က ခရီးသည္ဆီက အိတ္ေတြကို ဖြင့္ စစ္ခြင့္မွမရွိတာ။ ဖမ္းမိေတာ့မွ ယာဥ္ေမာင္းပါေရာခံရတာ မျဖစ္ သင့္ဘူး’’ ဟု ဦးေ႐ႊႀကီးက ေျပာ သည္။ထိုသို႔အငွားယာဥ္ေမာင္းမ်ားဆႏၵျပေတာင္းဆိုသည့္အခ်က္မ်ားႏွင့္ပတ္သက္၍ 7Day News Daily သတင္းစာက YRTA တာဝန္ရွိသူမ်ားထံယမန္ေန႔က ဆက္သြြယ္ ေမးျမန္းေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္းမရွိေပ။
ျမန္မာႏိုင္ငံလုံးဆိုင္ရာအငွားယာဥ္ေမာင္းမ်ားသမဂၢ(UTD)သည္အငွားယာဥ္အဖြဲ႕၁၆ဖြဲ႕ ျဖင့္ဖြဲ႕စည္းထားၿပီး တရားဝင္ ေျပးဆြဲေနသည့္ အငွားယာဥ္မ်ား ကို ကိုယ္စားျပဳေၾကာင္း ယင္း သမဂၢေခါင္းေဆာင္မ်ားက ဆို သည္။
လက္ရွိ ေတာင္းဆိုထား ေသာအခ်က္မ်ား ျဖည့္ဆည္း ေဆာင္႐ြက္ေပးျခင္းမရွိပါက ယခု ထက္ပိုေသာလႈပ္ရွားမႈမ်ားျဖင့္ ဆက္လက္ေတာင္းဆိုမည္ဟု ၎တို႔က ေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္ ယခုအခါ ေျပးဆြဲေနသည့္အငွားယာဥ္အစီး ၇,၀၀၀ ခန႔္ရွိေၾကာင္း YRTA ထုတ္ျပန္ခ်က္စာရင္းမ်ား၌ ေဖာ္ ျပထားသည္။
Unicode
လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲနေသည့် ယာဉ်များအား အရေးယူပေးရန် အပါအဝင် အချက်ငါးချက်ကို အငှားယာဉ်မောင်းများ ဆန္ဒပြတောင်းဆို
လုပ်ငန်းလိုင်စင်မရှိဘဲပြေးဆွဲနေသည့်ယာဉ်များကိုအရေးယူပေးရန်အပါအဝင်အချက်ငါးချက်ကိုအငှားယာဉ်မောင်းများကဇန်နဝါရီ ၁၁ ရက် တွင် ရန်ကုန်မြို့တော်ခန်းမ ရှေ့၌ ဆန္ဒပြတောင်းဆိုသည်။
တရားဝင်ပြေးဆွဲလုပ်ကိုင် နေသည့် အငှားယာဉ်များသည် အခွင့်အရေးချိုးဖောက်ခံရမှု၊ငွေ ကြေးနစ်နာမှုများရှိသဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအငှားယာဉ်မောင်းများ သမဂ္ဂ(UTD)က ဦး ဆောင်၍ ယာဉ်မောင်း ၁၀၀ ခန့် က ဆန္ဒပြတောင်းဆိုခြင်း ဖြစ် သည်။
‘‘ကျွန်တော်တို့တောင်းဆိုချက်တွေကအငှားယာဉ်မောင်းတွေတကယ်လိုအပ်နေတဲ့အဓိကအချက်တွေဖြစ်ပါတယ်။သက်ဆိုင်သူတွေအနေနဲ့ဒါတွေကိုသိစေချင်လို့တောင်း ဆိုရခြင်းလည်း ဖြစ်တယ်’’ ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာအငှားယာဉ်မောင်းများ သမဂ္ဂ (UTD) ဥက္ကဋ္ဌဦးရွှေကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကအငှားယာဉ်နှင့်အငှား ယာဉ်မောင်းများကို လက်ရှိထက် ပိုမိုအကျိုးရှိ အောင်ဆောင်ရွက်ပေးရန်၊ ခရီးသည်များအတင်အချ ပြုလုပ်ရန် ရပ်၊ တင်၊ချနေရာ (Taxi Stand) များ မြို့နယ်များ တွင် ပိုမိုဖော်ဆောင်ပေးရန်၊လုပ်ငန်းလိုင်စင်မရှိ ဘဲ အငှားပြေးဆွဲ နေသည့် ယာဉ်များကို ဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူ ထိန်းချုပ်ပေးရန် အငှားယာဉ် မောင်းများက တောင်းဆိုသည်။
ထို့အပြင်သင့်တင့်မျှတသောနေပူခံစတစ်ကာများပြန် လည်တပ်ဆင်ခွင့်ပေးရန်၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာ န၊ YRTA တာဝန်ရှိသူများက မြန် မာနိုင်ငံလုံးဆိုင်ရာ အငှားယာဉ် မောင်းများသမဂ္ဂကို တွေ့ဆုံခွင့် ပြုရန်လည်း တောင်းဆိုထား သည်။
‘‘လက်ရှိ အငှားယာဉ်မောင်း တွေ လမ်းမထွက်မှာကြုံတွေ့နေ ရတဲ့အခက်အခဲတွေကို ပွင့်ပွင့် လင်းလင်းဆွေးနွေးတင်ပြနိုင်ဖို့ အတွက် တွေ့ဆုံခွင့်တောင်းရတာ ပါ’’ ဟု UTD ဒုတိယဥက္ကဋ္ဌကိုဇေ ကြီးက ပြောသည်။
ထို့အပြင် အငှားယာဉ်တွင် လိုက်ပါသည့်ခရီးသည်ထံမှ မူး ယစ်ဆေးဝါးစစ်ဆေးတွေ့ရှိပါက ယာဉ်မောင်းကိုပါဖမ်းဆီးအရေး ယူခံရခြင်းများရှိသဖြင့် တာဝန် ရှိသူများ က အကာအကွယ်ပေး ရန် ဆက်လက်တောင်းဆိုမည် ဟု အငှားယာဉ်မောင်းအချို့က ဆိုသည်။
‘‘ဒီနေ့တောင်းဆိုချက်ငါးချက်မှာတော့မပါဘူး။ဒါပေမဲ့ဒီကိစ္စကလည်း ကျွန်တော်တို့အ တွက် တော်တော်စိုးရိမ်နေရတယ်။ ခရီးသည်ဆီက မူးယစ် ဆေးမိလို့ အဖမ်းခံရ တဲ့ယာဉ်မောင်းရှိတယ်။ကျွန်တော်တို့ကခရီးသည်ဆီက အိတ်တွေကို ဖွင့် စစ်ခွင့်မှမရှိတာ။ ဖမ်းမိတော့မှ ယာဉ်မောင်းပါရောခံရတာ မဖြစ် သင့်ဘူး’’ ဟု ဦးရွှေကြီး ကပြောသည်။ ထိုသို့အငှားယာဉ်မောင်းများဆန္ဒပြတောင်းဆိုသည့်အချက်များနှင့်ပတ်သက်၍ 7Day News Daily သတင်းစာက YRTA တာဝန်ရှိသူများထံ ယမန်နေ့ က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
မြန်မာနိုင်ငံလုံးဆိုင်ရာအငှားယာဉ်မောင်းများသမဂ္ဂ(UTD)သည်အငှားယာဉ်အဖွဲ့ ၁၆ ဖွဲ့ ဖြင့်ဖွဲ့စည်းထားပြီး တရားဝင် ပြေးဆွဲနေသည့် အငှားယာဉ်များ ကို ကိုယ်စားပြု ကြောင်း ယင်း သမဂ္ဂခေါင်းဆောင်များက ဆို သည်။
လက်ရှိ တောင်းဆိုထား သောအချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းမရှိပါက ယခု ထက်ပိုသောလှုပ်ရှားမှုများဖြင့် ဆက်လက်တောင်းဆိုမည်ဟု ၎င်းတို့က ပြောသည်။
ရန်ကုန်မြို့တွင် ယခုအခါ ပြေးဆွဲနေသည့်အငှားယာဉ်အစီး ၇,၀၀၀ ခန့်ရှိကြောင်း YRTA ထုတ်ပြန်ချက်စာရင်းများ၌ ဖော် ပြထားသည်။
====================================
END / 251