
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အျပည္ျပည္ဆိုင္ရာတရား႐ုံး(အိုင္စီေဂ်)မွာ ျမန္မာႏိုင္ငံအေပၚဂမ္ဘီယာႏိုင္ငံကတရားစြဲထားတဲ့အမႈနဲ႔ပတ္သက္ၿပီးဇန္နဝါရီ ၂၃ ရက္ဆုံးျဖတ္ခ်က္ခ်မယ္လို႔ဂမ္ဘီယာတရားေရး ဝန္ႀကီးဌာနက တြစ္တာလူမႈကြန္ရက္မွာ ထုတ္ေဖာ္ေျပာထားပါတယ္။
လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုင္ရာႏိုင္ငံတကာသေဘာတူညီခ်က္ကို ျမန္မာႏိုင္ငံက ေဖာက္ဖ်က္တယ္ဆိုၿပီးၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ေတြခ်မွတ္ေပးဖို႔ဂမ္ဘီယာႏိုင္ငံကအိုင္စီေဂ် တရား႐ုံးမွာ ေတာင္းဆိုထားျဖစ္ပါတယ္။
ဒီအမႈကိုဒီဇင္ဘာ ၁၀ ရက္မွ ၁၂ ရက္ေန႔အထိ နယ္သာလန္ႏိုင္ငံ သည္ဟိတ္ၿမိဳ႕ရွိ အိုင္စီေဂ် တရား႐ုံးမွာ ႏွစ္ဖက္ၾကားနာေလွ်ာက္လဲခဲ့ၾကရာမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ကိုဦးေဆာင္သြားေရာက္ခဲ့ၿပီး ျမန္မာဘက္ကငွားရမ္းတဲ့ ေရွ႕ေနေတြကတဖက္ကစြပ္စြဲခ်က္ေတြကို ျပန္လည္ေခ်ပ ခဲ့ပါတယ္။
Unicode
ဂမ်ဘီယာနှင့် မြန်မာအမှု အိုင်စီဂျေ တရားရုံးဆုံးဖြတ်ချက်ချမည်
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) မှာ မြန်မာနိုင်ငံအပေါ်ဂမ်ဘီယာနိုင်ငံကတရားစွဲထားတဲ့အမှုနဲ့ပတ်သက်ပြီးဇန်နဝါရီ ၂၃ ရက် ဆုံးဖြတ်ချက်ချမယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးဌာနက တွစ်တာလူမှုကွန်ရက်မှာ ထုတ်ဖော်ပြောထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာနိုင်ငံတကာသဘောတူညီချက်ကိုမြန်မာနိုင်ငံကဖောက်ဖျက်တယ်ဆိုပြီး ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက အိုင်စီဂျေ တရားရုံးမှာ တောင်းဆိုထားဖြစ်ပါတယ်။
ဒီအမှုကိုဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့အထိနယ်သာလန်နိုင်ငံသည်ဟိတ်မြို့ရှိအိုင်စီဂျေတရားရုံးမှာနှစ်ဖက်ကြားနာလျှောက်လဲခဲ့ကြရာမှာ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မြန်မာကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်သွားရောက်ခဲ့ပြီးမြန်မာဘက်ကငှားရမ်းတဲ့ရှေ့နေတွေကတဖက်က စွပ်စွဲချက်တွေ ကို ပြန်လည်ချေပခဲ့ပါတယ်။
====================================
END / 251