
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားမှုအပေါ် ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်လိုက်ပြီး အဆိုပါအမိန့်အရ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရန် မြန်မာအစိုးရ အနေဖြင့် ကြားဖြတ်အမိန့် ၄ ချက် ချက်ချင်းလုပ်ဆောင်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင်းရှိ ရိုဟင်ဂျာလူမျိုးစုများကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီး ကျူးလွန်သူများကို ထိရောက်သော ဟန့်တားမှုများ မလုပ်ဆောင်နိုင်ခဲ့သဖြင့် အောက်ပါ အမိန့် ၄ ချက်ပါ အမိန့်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။
(၁) လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် အပိုဒ်(၂)အရ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စေနိုင်သည့် အရာအားလုံးကို မြန်မာ အစိုးရက ရပ်တန့်အောင် ဆောင်ရွက်ရန်
(၂) မြန်မာစစ်တပ်၊ပြည်သူ့စစ်နှင့် တခြား လက်နက်ကိုင်တပ်ဖွဲများက ဂျီနိုဆိုက် ထပ်မကျုးလွန်နိုင်စေရေး မြန်မာအစိုးရက ထိရောက်စွာ ဟန့်တားရန်
(၃) ဂျီနိုဆိုက်သက်သေများကို ဖျက်ဆီးမှုများမရှိစေရန် မြန်မာအစိုးရက ဆောင်ရွက်ရန်
(၄) ယခု အမိန့်ချမှတ်သည့်နေ့မှစ၍ ၄ လအတွင်း ဆောင်ရွက်မှုများအားလုံးကို အစီရင်ခံစာတင်ပြရန်နှင့် နောက်ဆုံးအမိန့်မချမှတ်မီ ၆ လတိုင်း အစီရင်ခံစာ တရားရုံးသို့ တင်သွင်းရန်တို့ဖြစ်သည်။
ဂမ်ဘီယာက တင်ပြချက် ၆ ချက်အနက် ၄ ချက်ကို ICJ ဘက်က အမိန့်ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရဘက်က ICJ သို့ တင်ပြ တောင်းဆိုခဲ့သော အချက် ၂ ချက်ဖြစ်သည့်
(၁) ဂမ်ဘီယာက တရားစွဲဆိုသည့် အမှုကို လုံးဝပယ်ဖျက်ရန်
(၂) အမှုကို မပယ်ဖျက်ပေးနိုင်ပါက ဂမ်ဘီယာဘက်က တောင်းဆိုထားသည့် ကြားဖြတ်စီမံချက်ကို အမိန့်ထုတ်ပေးခြင်းမပြုရန် တို့ကိုမူ ICJ ဘက်က ပယ်ချခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားသော သတ်ဖြတ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု မြောက်၊ မမြောက်မှာမူ ICJ တရားရုံး တွင် ဆက်လက် တရားရင်ဆိုင်သွားရမည်ဖြစ်သည်။
................
END / 251