၂၇ ဇန်နဝါရီ ၂၀၂၀ - ၁၉:၂၅
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလေးဦးထိရှိလာပြီဖြစ်ကြောင်း မလေးရှားအတည်ပြု

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လေးဦးမြောက်ရှိလာပြီဖြစ်ကြောင်း မလေးရှားကစနေနေ့နှောင်းပိုင်းမှာ အတည်ပြုပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ်အသစ်ဟာ နမိုးနီးယားအဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး လူပါသေဆုံးစေတဲ့ထိပြင်းထန်ပါတယ်။ ဘယ်လောက်ထိအန္တရာယ်ကြီးမားလဲဆိုတာနဲ့ လူများကြားဘယ်လောက်မြန်မြန်ပျံ့နှံ့နိုင်လဲဆိုတာ ရှင်းလင်းမှုမရှိသေးပါဘူး။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လေးဦးမြောက်ရှိလာပြီဖြစ်ကြောင်း မလေးရှားကစနေနေ့နှောင်းပိုင်းမှာ အတည်ပြုပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ်အသစ်ဟာ နမိုးနီးယားအဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး လူပါသေဆုံးစေတဲ့ထိပြင်းထန်ပါတယ်။ ဘယ်လောက်ထိအန္တရာယ်ကြီးမားလဲဆိုတာနဲ့ လူများကြားဘယ်လောက်မြန်မြန်ပျံ့နှံ့နိုင်လဲဆိုတာ ရှင်းလင်းမှုမရှိသေးပါဘူး။

ဗိုင်းရပ်စ်ကူးစက်ခံရမှုနောက်ဆုံးတစ်ယောက်ဟာ တရုတ်နိုင်ငံ ၀ူဟန်ကအသက်၄၀အရွယ်အမျိုးသားဖြစ်ပြီး သူဟာစင်္ကာပူကနေ ဂျိုဟိုရ်တောင်ပိုင်းပြည်နယ်ကိုဘတ်စ်ကားနဲ့ခရီးထွက်လာတဲ့ ခရီးသွားအဖွဲ့ထဲမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ မလေးရှားကျန်းမာရေးကြီး ဇူကလ်ဖလိုင်အာမက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တရုတ်နိုင်ငံသားသုံးဦးကို အစောပိုင်းကအတည်ပြုကြေငြာခဲ့တာဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းလေဆိပ်တွေမှာ တရုတ်နိုင်ငံကနေရောက်ရှိလာတဲ့ခရီးသည်တွေကို သေချာစစ်ဆေးမှုတွေအလေးထားလုပ်ဆောင်နေကြောင်း မလေးရှားလေဆိပ်တွေကတာဝန်ရှိသူတွေကပြောကြားထားပါတယ်။

Reuters သတင်းဌာနပါ Joseph Sipalan ရေးသားသည့် “Malaysia confirms fourth case of coronavirus infection” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။