၃၁ ဇန်နဝါရီ ၂၀၂၀ - ၁၉:၀၆
မြန်မာကျောင်းသားများကို ဖေဖော်ဝါရီ ၁ ရက် ညတွင် အထူးလေယာဉ်ဖြင့် ပြန်ခေါ်မည်

တရုတ်နိုင်ငံ ဝူဟန်မြို့နှင့် ဟူပေပြည်နယ်ရှိ မြန်မာကျောင်းသားများကို ဖေဖော်ဝါရီ ၁ ရက် ညတွင် အထူးလေယာဉ်ဖြင့် ပြန်ခေါ်မည်ဟု ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ယနေ့(ဇန်နဝါရီ ၃၁ရက်)တွင် သတင်းထုတ်ပြန်သည်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

တရုတ်နိုင်ငံ ဝူဟန်မြို့နှင့် ဟူပေပြည်နယ်ရှိ မြန်မာကျောင်းသားများကို ဖေဖော်ဝါရီ ၁ ရက် ညတွင် အထူးလေယာဉ်ဖြင့် ပြန်ခေါ်မည်ဟု ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ယနေ့(ဇန်နဝါရီ ၃၁ရက်)တွင် သတင်းထုတ်ပြန်သည်။

မြန်မာကျောင်းသားများကို ပြန်လည်ခေါ်ယူမည့် အထူးလေယာဉ်ကို ဝူဟန်လေဆိပ်တွင် ဆင်းသက်ခွင့်ပြုရန်နှင့် မြန်မာကျောင်းသားများကို ခေါ်ယူနိုင်ရေး အမြန်ဆုံးခွင့်ပြုပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ယနေ့နံနက်၌ သံတမန်စာထပ်မံပေးပို့ရာ အထူးလေယာဉ်ကို ဝူဟန်လေဆိပ်သို့ ဖေဖော်ဝါရီ ၁ ရက် ညဥ့်ပိုင်းတွင် ဆင်းသက်ခွင့်ပြုသည်ဟု သံရုံးက သတင်းထုတ်ပြန်သည်။

သို့သော် လေယာဉ်ဆင်းသက်ခွင့်ပြုချိန် အပြောင်းအလဲရှိနိုင်၍ အချိန်အတိအကျသိရပါက မြန်မာကျောင်းသားများထံ ထပ်မံအကြောင်းကြားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေဆိပ်သို့ သွားနိုင်ရန် ဘတ်စ်ကားများလည်း စီစဉ်ပေးထားမည်ဟု သတင်းထုတ်ပြန်သည်။ မြန်မာကျောင်းသားများအနေဖြင့် လတ်တလောတွင် ၁၀ ကီလိုဂရမ် အလေးချိန်ရှိသည့် ခရီးဆောင်အိတ်များ ပြင်ဆင်ထားရန်၊ နိုင်ငံကူးလက်မှတ်၊ ကျောင်းသားကတ်များ တစ်ပါတည်းယူဆောင်ခဲ့ရန်၊ နှာခေါင်းစည်းများ တပ်ဆင်ခဲ့ရန်လည်း သံရုံးက အသိပေးထားသည်။

 မြန်မာကျောင်းသားများ အစားအသောက် အဆင်ပြေမှု ရှိ၊ မရှိ ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၂၉ ရက်နှင့် ယနေ့တွင် ဆက်သွယ်မေးမြန်းမှုအရ အစားအသောက် အဆင်ပြေမှုရှိကြောင်း အကြောင်းပြန်ထားပြီး အစားအသောက်အခက်အခဲကြုံရပါက သံရုံးသို့ တိုက်ရိုက် အကူအညီတောင်းနိုင်ကြောင်းလည်း ကြေညာထားသည်။
...........
END / 251