
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
بسم الله الرحمن الرحیم.
ပထမပိုင်း
အိမ်ထောင်ပြုခြင်း၊ဘ၀သစ်တည်ဆောက်ခြင်းဆိုသည့်အမည်ဖြင့်အခက်အခဲ၊အကြပ်အတည်း၊ပြဿနာတစ်ခု
အခန်းကဏ္ဍ (၁)
အိမ်ထောင်ဖက်ရွေးရာ၌အခက်အခဲပြဿနာများ
အရွယ်ရောက်လူငယ်လူရွယ်တိုင်းသည်ဤအခက်အခဲပြဿနာနှင့်ရင်ဆိုင်ကြရပေသည်။
ကျွန်တော်တို့သိရှိထားသည့်အတိုင်းလက်ထပ်ထိမ်းမြားခြင်းစာရင်းသည်ဂရုပြုရမည့်အတိုင်း အတာအထိကျဆင်းလာပြီး၎င်းနှင့်ဆန့်ကျင်ဖက်လက်ထပ်ထိမ်းမြားရမည့်အသက်အရွယ်တွင်ထိမ်းမြားခြင်း(အသက်ကြီးမှအိမ်ထောင်ပြုခြင်း) သည်အထူးသဖြင့်မြို့ကြီးပြကြီးများတွင်နေထိုင်ကြ
သူများ၊ယဉ်ကျေးမှုများဆက်ခံသည့်မြို့များနေသူများအတွင်းများပြားလာ သည်ကိုတွေ့ရပေသည်။
မည်မျှအထိအသက်အရွယ်ကြီးပြင်းမှလက်ထပ်ထိမ်းမြားကြသည်ဆိုလျှင် လူငယ်၊လူရွယ်တို့၏ ပျော်ရွှင်ကြည်နူးမှု၊
နုပျိုလန်းဆန်းမှု၊ အရွယ်ကောင်းမှု၊လူငယ်လူရွယ်သဘာဝရှိမှုကိုယေဘုယျအားဖြင့်ဆုံးရှုံးရသည့်အချိန်၊သဘာဝတရားအရအကောင်းတကာ့အကောင်းဆုံး
အိမ်ထောင်ပြုရမည့်အချိန်ကုန်ဆုံးသွားချိန်တို့၌ဖြစ်ကြပါသည်။
အိမ်ထောင်ပြု၊လက်ထပ်ထိမ်းမြားရာတွင်နောက်ကျ၊အချိန်ကုန်ရခြင်း၏အကြောင်းအရာအမြောက်အမြားရှိလေသည်။အောက်ဖော်ပြပါအချက်လေးချက်
သည်အရေးကြီးဆုံးအချက်များပင်ဖြစ်ပါသည်။
အကြောင်းအရာ(၁) - ပညာဆည်းပူးချိန်အချိန်များကြာရှည်ရခြင်း
အကြောင်းအရာ(၂) - တရားမ၀င်ဆက်သွယ်မှု (သမီးရည်းစားဘ၀ဖြင့်)ကို
အလွယ်တကူပုံဖော်နိုင်ခြင်း
အကြောင်းအရာ(၃) - (နှလုံးသား၏တောင်းဆိုမှုနှင့်အညီ) ဘ၀အတွက်
အရေးကြီးလိုအပ်ချက်များကိုဖန်တီးပေးနိုင်ခြင်းနှင့်
လက်ထပ်ထိမ်းမြားဖို့စရိတ်ကြီးမားခြင်း။
အကြောင်းအရာ(၄) - လူငယ်၊လူရွယ်ယောက်ျားနှင့်မိန်းကလေးများ
တစ်ဦးနှင့်တစ်ဦးအပြန်အလှန်စိတ်မချမယုံကြည် ကြခြင်း၊ တို့ဖြစ်ပါသည်။
ကျွန်တော်အနေဖြင့်ဤနေရာ၌အရေးအကြီးဆုံးအခန်းကဏ္ဍတွင်ပါဝင်နေသည်ဖြစ်သည့်ပထမအကြောင်းအရာနှစ်ခုကိုအသေအချာဆွေးနွေးတင်ပြမည်ဖြစ်ပါသည်။
လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၏အချို့အကြီးအကဲ၊လူကြီးသူမများအနေဖြင့်ဤအန္တာရာယ်ကြီး၏အကြောင်းအရာများကိုလေ့လာ၊စီစစ်မှုမပြုဘဲရင်
ဆိုင်ဖြေရှင်းဖို့နည်းလမ်းကိုမရွေးချယ်တော့ဘဲ“အတင်းအဓမ္မလက်ထပ်ထိမ်းမြားမှု”စနစ်ကိုတင်ပြကြလေသည်။
ဤသို့ဖြင့်တစ်နည်းအားဖြင့်(သာဓက) အနေဖြင့်ဆိုရလျှင်လက်မ ထပ်သေးသူများ ၊အိမ်ထောင်မရှိသေးသူများထံမှ အသပြာ အခွန်
ကောက်ခံခြင်း၊၄င်းတို့ အားအတင်း အဓမ္မလက်ထပ် ပေးပြီးအိမ်ထောင် သည်ဆိုသည့်အင်္ကျီကိုဝတ်ဆင်ပေးခြင်းကိုပြုပေမည်။
သို့မဟုတ်ပါကဌာနဆိုင်ရာ၊အဖွဲ့အစည်းဆိုင်ရာအသီးသီး၌လူငယ်၊လူရွယ်များ ကိုအထူး သတ်မှတ်ထားသည့်အသက်အရွယ်အပိုင်း
အခြားနှင့် အညီအလုပ်ပေးခြင်း၊၄င်းတို့အားလက်ထပ်ထိမ်းမြားမှုဆိုင်ရာအခက်အခဲအကြပ်အတည်းမှကယ်တင်ပေးခြင်း(သို့မဟုတ်)
(အပြစ်ကျူးလွန်သူအဖြစ်)ကြီးမား လေးလံသည့် ပြစ်ဒဏ်များချမှတ်ခြင်းတို့ကိုသတ်မှတ်ကျင့်သုံးခြင်းကိုပြုရပေမည်။
အချို့လူငယ်၊လူရွယ်များအနေဖြင့်လည်းပဲကျွန်တော်တို့အားမေးမြန်းကြလေ၏
(မေးခွန်းသည်ကား-) “လူကြီးမင်းတို့၏အယူအဆ၊လမ်းညွှန်မှုအရဤလှုပ်ရှားမှု၊လုပ်ဆောင်ချက်များကို၊ကြိုးပမ်း ဆောင်ရွက်ခြင်း
သည်မှန်ကန်ပါသလားခင်ဗျား” ? ( ဖြစ်လေ၏။)
ကျွန်ုပ်တို့၏ယုံကြည်ချက်အရအကယ်၍အတင်းအဓမ္မလက်ထပ်ထိမ်းမြားခြင်းဆိုသည်မှာလူငယ်၊လူရွယ်များဌာနများ၊အဖွဲ့အစည်း
အမျိုးမျိုးများ၌အလုပ်ရရန်အတွက်မဖြစ်မနေပြုရသည့်သဘောကိုဆောင်မည်ဆိုလျှင်အကြမ်းအားဖြင့်လတ်တလောအခြေအနေ
တစ်ခုခုအထိထိရောက်အကျိုးရှိသည်ဟုဆိုနိုင်လေသည်။
သို့သော်လည်း“လက်ထပ်ထိမ်းမြားခြင်းအတွက်အန္တရာယ်များဖြေရှင်းခြင်း ”ဆိုသည့်အခြေခံတရားအဓိကဖြေရှင်းပေးသည့်နည်းလမ်းလုံးဝဖြစ်နိုင်မည်မဟုတ်ပေ။တစ်နည်းဆိုရလျှင်မဖြစ်နိုင်ချေ။မတော်တဆမမျှော်လင့်မထင်မှတ်သည့်မလိုလားအပ်သည့်အရာများနှင့်လည်းရင်ဆိုင်ရတတ်ပေသည်။
အခြေခံကျကျပြောရလျှင်“လက်ထပ်ထိမ်းမြားခြင်း”နှင့်“အတင်းအဓမ္မ”ဆိုသည့်စကားစုနှစ်ခုမှာဆန့်ကျင်ဖက်စကားစုများဖြစ်ပေသည်။
မည်သည့်အခါမျှ၎င်းစကားနှစ်လုံးတွဲဖက်ပေါင်းစည်းရန်အဆင်ပြေမည်မဟုတ်ချေ။
အတင်းအဓမ္မလက်ထပ်ထိမ်းမြားခြင်းသည်အတင်းအဓမ္မမိတ်ဆွေဖွဲ့ခြင်း၊သူငယ်ချင်းလုပ်ခြင်း၊ချစ်ခြင်းနှင့်ပမာတူလေ၏။
မနုဿလူသား၊ပုထုဇဉ်လူသားနှစ်ဦးနှစ်ယောက်အားအတင်းအဓမ္မစနစ်၊ဥပဒေ၊အာဏာစက်အားဖြင့်ချစ်ခင်မှုမေတ္တာရှိမှုကိုပြုလုပ်ဖို့ဖြစ်နိုင်ပါသလား?
လက်ထပ်ထိမ်းမြားခြင်း၏ဆိုလိုချက်အဓိပ္ပါယ်အစစ်အမှန်မှာ- အေးချမ်းစွာအတူတကွလက်တွဲနေထိုင်ရမည့်ဘ၀ခရီးတစ်ခုအတွက်နှင့်သန့်ရှင်းကြည်လင်သည့်စိတ်များဖြင့်အောင်မြင်
မှုကိုဆွတ်ခူးနိုင်ရန်အလို့ငှာခန္ဓာကိုယ်နှင့်ရူးဟ် (၀ိညာဉ်) တို့ပေါင်းစပ်ခြင်းကိုခေါ်ဆိုပါသည်။
ဤအတွက်ကြောင့်လက်ထပ်ထိမ်းမြားမှုလုပ်ရန်လုံးဝလွတ်လပ်နေသည့်အခြေအနေရှိဖို့ဆိုသည့်အထောက်အထား၊
သက်သေကိုမလွဲမသွေရရှိမည်ဖြစ်ပါသည်။မည်ကဲ့သို့သောအတင်းအဓမ္မအကြပ်ကိုင်မှုမျှမရှိဖို့လိုအပ်ပေသည်။
ထိုအတွက်ကြောင့်အစ္စလာမ်တရားတော်မှနှစ်ဦးနှစ်ဖက်သဘောတူညီကျေနပ်နှစ်မြို့မှုလုံးဝမရှိသည့်လက်ထပ်ထိမ်မြားနေကာဟ်ပြုခြင်းကို
တရားမ၀င်သည့်လက်ထပ်ထိမ်းမြားမှုအဖြစ်ပြဌာန်းထားလေသည်။
လက်ထပ်ထိမ်မြားခြင်းသည် (နိုင်ငံတစ်ခုခု၏) တပ်မတော်တာဝန်ကိုထမ်းဆောင်ရသကဲ့သို့မဟုတ်ချေ။
သာဓကအားဖြင့်( အသက် (၁၈) နှစ်ပြည့်လျှင်တပ်မတော်ထဲမ၀င်မနေရဥပဒေပြဌာန်းထား
သည့်နိုင်ငံများကဲ့သို့) တစ်ဦးတစ်ယောက်အားဥပဒေအင်အား၊အမိန့်အင်အားဖြင့်တပ်မတော်အတွင်းသို့ဝင်ခိုင်းပြီးအထူးထိန်းချုပ်ကွပ်ကဲမှုတစ်ခုခု၏အောက်၌ထား
ကာစစ်ပညာကို(လိုအပ်လာလျှင်နိုင်ငံတော်အားကာကွယ်ပေးရန်) သင်ကြားပေးရသကဲ့သို့လုပ်၍မရပေ။
ဤ နေရာ၌အံ့သြဖွယ်ကောင်းလှ ပေသည်။အကြောင်းမှာ- ဤ ပြဿနာအခက်အခဲအကြပ်အတည်းကိုဖြေရှင်းရန်၊ရှင်းလင်းနိုင်ရန်လူမှုပတ်ဝန်း
ကျင်၌မကောင်းမှု ရလာဒ်များကိုမြောက်စေ သည့် အခက်အခဲ များ အားလုံးကို ရှင်းထုတ်ပစ်ရန် အစီအစဉ်ဆွဲသူလူကြီးများ
အနေဖြင့်ဤ အခြေ အနေ အကြောင်းအရင်းအစစ်အမှန်ကိုအနည်းတကာ့ အနည်းဆုံးလေ့လာစူးစမ်းမှုမပြုဘဲကြိုးပမ်းနေခြင်းပင်ဖြစ်ပေသည်။
ကျွန်တော်၏လေ့လာသုံးသပ်ချက်အရဤဆွေးနွေးမှုများအစီအစဉ်များသည်လက်တွေ့အကောင်အထည်အဖြစ်လည်းဖော်ဆောင် မည်ဆိုခဲ့လျှင်လည်းမလွဲမသွေ၎င်းအခက်အခဲ အကြပ်အတည်းများ၏ရေသောက်မြစ်များ၊ဤရေသောက်မြစ်များ ၏အကိုင်းအခက်များကိုသိရှိရန်လိုအပ်ပေသည်။
ဤအတွက်ကြောင့်ကျွန်ုပ်တို့ပတ်ဝန်းကျင်၌မလွဲဧကန်ဖြစ်စေမည့်အထက်ဖော်ပြပါလက်ထပ်ထိမ်းမြားမှုနောက်ကျအချိန်လွန်ခြင်း
ဆိုင်ရာအချက်လေးချက်ကိုတိုက်ရိုက်ဆွေးနွေးစီစစ်ပြမည်ဖြစ်ပါသည်။
ပညာဆည်းပူးချိန်၊အချိန်များကြာရှည်ရခြင်း
လူငယ်၊လူရွယ်များအတွက်လက်ထပ်၊ထိမ်းမြားရာတွင်ပထမအကြီးမားဆုံးအခက်အခဲ၊အကြပ်အတည်းပြဿနာမှာဤပညာဆည်းပူးချိန်၊
အချိန်များကြာရှည်ရခြင်းပင်တည်း။
အမှန်တကယ်ဤအတွက်ရှင်းပြတင်ပြရန်မလိုအပ်ချေ။လူငယ်၊လူရွယ်တိုင်းသည်ပညာဆည်းပူးနေချိန်ဆိုသည့်အကြောင်းပြချက်ဖြင့်
အိမ်ထောင်မပြုနိုင်ကြချေ။အိမ်ထောင်သည်၊အိမ်ထောင်ရှင်ဘ၀ကိုမပိုင်ဆိုင်နိုင်ကြချေဖြစ်ပေသည်။
တနည်းအားဖြင့်မြောက်များစွာသောလူငယ်၊လူရွယ်များသည်ပညာသင်ယူပြီးဆုံးပြီးသည့်တိုင်အောင်လူပျိုဘ၀၊အပျိုဘ၀၌ရှိနေပေသည်။(သို့မဟုတ်)အချို့လူငယ်၊လူရွယ်များသည်လုံးဝပညာသင်ယူပြီးဆုံးချိန်ကာလကြာမြင့်သည့် တိုင်အောင်ဘွဲ့ရပြီးနှစ် အတော်ကြာမြင့် သွားသည့် အထိ အခြေအနေသို့ရောက်နေသော်လည်းလူပျိုဘ၀၊အပျို ဘ၀နှင့်သာဘ၀ တည်ဆောက်နေကြလေသည်။
သို့သော်လည်းပဲ၊ပညာဆည်းပူးသင်ယူချိန်အချိန်ကြာမြင့်ခြင်းကြောင့်မြောက်များစွာသောလူငယ်၊လူရွယ်များ၏
အိမ်ထောင်ရေးလမ်းကြောင်းကိုဟန့်တားတားဆီးမှုကြီးတစ်ခုဖြစ်နေကြောင်းကိုလည်းငြင်းမရနိုင်ပေ။
ပညာသင်ကြားဆည်းပူးရန်မြောက်မြားစွာသောဘာသာဆိုင်ရာများအတွက်ယေဘုယျအားဖြင့် (၁၈) နှစ်
(သို့မဟုတ်) (၁၈)နှစ်အောက်လို အပ်ပါသည်။ဤအတွက်ကြောင့်လူငယ်၊လူရွယ်တစ်ယောက်ကို
(ဘွဲ့တစ်ခုခုရသည်အထိ)
ပညာရေးဆုံးခန်းတိုင်သည်အထိခန့်မှန်းခြေ (၂၅)နှစ်လိုအပ်ပါသည်။ဖွာရစီစကားသုံးအရ“လူငယ်၊လူရွယ်ဆိုသည်မှာအကျိုးအမြတ်ရှိပြီး၊ကြိုးပမ်း
အားထုတ်ရှာဖွေရမည့်၊ခေါ်ဆိုရမည့်အမည်ကို ခေါ်ခြင်းဖြစ်လေ၏။
ဤအချိန်၌ကျွန်တော်အနေဖြင့်လူငယ်၊လူရွယ်ဆိုသည့်စကားလုံး၏အဓိပ္ပါယ်အစစ်အမှန်နှင့်ဆိုလိုချက်အဓိပ္ပါယ်
အစစ်အမှန်ကိုသုံးစွဲမည်ဆိုလျှင်မှန်မည်ဟုမထင်ချေ။အကြောင်းမှာတစ်နည်းဆိုရလျှင်လူငယ်၊လူရွယ်ဘ၀၏
အကောင်းတကာအကောင်းဆုံးအချိန်ကိုလက်လွတ်ပြီး၎င်းဘ၀၏အချို့အချိန်သာကျန်တော့သည်အတွက်ကြောင့်ပင်တည်း။ ”
အနာဂတ်ကမ္ဘာသည်သုတေသီဂုဏ်ထူးတန်း၊အထူးတန်းဖြစ်သဖြင့်ပညာရပ်တစ်ခုခုအားဂုဏ်ထူးတန်း၊အထူးတန်း
အထိထိရောက်ဆည်းပူးနိုင်ရန်ယေဘုယျအားဖြင့် (၃၅) နှစ်ခန့်လိုအပ်ပေသည်။
ယခုမေးခွန်းမေးစရာရှိပေသည် -
ပညာရေးခရီးမပြီးဆုံးမခြင်းအိမ်ထောင်ပြုခြင်း၊လက်ထပ်ထိမ်းမြားခြင်းကိုတားမြစ်ထားရမည်လော?
(ပညာရေးခရီးဆုံးရန်မည်မျှပင်ကြာမြင့်လျှင်ကြာမြင့်ပါစေ။) (သို့မဟုတ်)
ပညာရေးခရီးမပြီးမခြင်းအိမ်ထောင်မပြုရဆိုသည့်ဤဆက်နွယ်မှုစနစ်ကိုဖျက်ဆီးရမည်လော?
ပြီးနောက်လူငယ်၊လူရွယ်များသည်းမခံ၊မအောင့်အီးနိုင်သည့် (အထက်ပါ)
စည်းကမ်းမှလူငယ်၊လူရွယ်များကိုလွတ်မြောက်အောင်လုပ်ပေးရမည်လော? ဆိုသည့်မေးခွန်းများပင်တည်း…..
သို့သော်အခြားတဖက်၌လည်းပညာသင်လူငယ်၊လူရွယ်တစ်ယောက်၏အခြေအနေသည်
(သုံးစွဲသူ) နှင့် (စရိတ်များကိုလိုလားသူ) သာဖြစ်လေသည်။တစ်နည်းအားဖြင့် (၀င်ငွေရှိသူ) တစ်ယောက်မဟုတ်ချေ။
ဤအတွက်ကြောင့်ဤလူငယ်၊လူရွယ်အနေဖြင့်ကြီးမားလေးလံသည့်ဝန်ထုပ်၊၀န်ပိုးဖြစ်ပြီးခါးကိုချိုးပစ်မည့်လက်ထပ်ခြင်းကိုအဘယ်သို့ပြုနိုင်မည်နည်း?
ပြီးနောက်ပညာခရီးပြီးဆုံးပြီးမှအိမ်ထောင်ပြုရမည် ဆိုသည့်စနစ်ကိုချေမှုန်း၊တော်လှန်နိုင်မည်နည်း?
ကျွန်တော်၏လေ့လာတွေ့ရှိမှုအမြင်အရတင်ပြရမည်ဆိုလျှင်ကျွန်တော်တို့အနေဖြင့်အနည်းငယ်လွတ်လွတ်လပ်လပ်တွေးခေါ်၊စဉ်းစား၊
ဆင်ခြင်မည်၊လမ်းကြောင်းအမှားအယွင်းများမှရှောင်ကြဉ်မည်ဆိုလျှင်ဤပြဿနာပုဒ်စ္ဆာအတွက်အဖြေအလွန်တရာမခဲယဉ်းချေ။
အစပထမတွင်တရားဝင်ဆက်နွယ်လိုရမှုတစ်ခုခု
တရားဝင်ရှရီအီစေ့စပ်ကြောင်းလမ်းခြင်းဆိုသည့်
(သာသနာတရားတော်မှပြဌာန်းချက်နှင့်အညီနေကာဟ်ပြုခြင်းဧည့်ခံပွဲမပါဘဲ) နှင့်ဧည့်ခံပွဲအတွက်အမြောက်အများဧည့်သည်လာရောက်မှု၊အစီအစဉ်များ၊အကုန်အကျအများအပြားမလိုချေဆို
သည့်အချက်ကိုဆောင်ရွက်ထားရမည်။
လူငယ်၊လူရွယ်ယောင်္ကျားလေးနှင့်မိန်းကလေးအကြားတစ်ဦးနှင့်တစ်ဦးငါတို့သည်
တရားဝင်နေကာဟ်ဖတ်သူများဖြစ်ပြီးနောင်တွင်(ကျောင်းပြီး၊ပညာခရီးပြီးသည်နှင့်) အတူတူအေးအတူပူအမျှဘ၀ကြင်ဖော်အဖြစ်ဘ၀တည်ဆောက်ရဦးမည်ဆိုသည့်အချက်ကိုသိထားရန်သာလိုအပ်ပေသည်။
ပြီးနောက်အဆင်ပြေတတ်နိုင်သည့်အခြေအနေသို့ရောက်သည်နှင့်ပထမဦးဆုံးအခွင့်အလမ်းအဖြစ်ကျန်ရှိနေ
သည့်မင်္ဂလာအခမ်းအနားအစီအစဉ်ကိုရိုးရိုးအေးအေးသိက္ခာရှိရှိဖြင့်ဆောင်ရွက်အကောင်အထည်ဖော်သွားရန်သာဖြစ်ပေသည်။
ဤနည်းစနစ်၏ပထမဆုံးအကျိုးအမြတ်သည်ကားလူငယ်၊လူရွယ်တို့၏နာမ်ပိုင်းဆိုင်ရာချမ်းမြေ့
သာယာမှုတစ်ခုကိုရရှိမှာဖြစ်ပြီး၊၄င်းတို့၏ဘ၀တွင်မျှော်လင့်ချက်ဆိုသည့်လင်းတန်းထွန်းတောက်သွားမည်ဖြစ်ပါသည်။
ဤ အကျိုးအမြတ် နှင့် အတူအိမ်ထောင်မပြုရသေးသည့်
လူပျိုလူလွတ်များကိုအနာဂတ်ဘ၀တည်ဆောက်ရာတွင်အန္တာရာယ်ဖြစ်စေမည့်ရှိုင်တွာန်နီ
လုပ်ရပ်များမှလည်းလွတ်မြောက်မှုကိုပေးဆောင်ကြောင်းသိရပေမည်။
အခြားတဖက်တွင်လည်းဤနည်းစနစ်လမ်းစဉ်သည်လူငယ်၊လူရွယ်များ၏အမြောက်အများသောစာရိတ္တပျက်
လာမှု၊မကောင်းမှုဒုစရိုက်များထိန်းသိမ်းပေးလေသည်။အိမ်ထောင်ပြုနိုင်သည့်အခြေအနေသို့တတ်စွမ်းရောက်ရှိပြီးနောက်
အိမ်ထောင်ဖက်ရွေးရသည့်အချိန်ကိုအချိန်ပို အဖြစ်ရရှိလေသည်။ (အချိန်မကုန်တော့ချေ။) လွတ်မြောက်သည့်ဘ၀၊လွတ်လပ်သည့်
ဘ၀ကိုပိုင်ဆိုင်ရလေသည်။ ၄င်းတို့၏ ဘ၀တည် ဆောက်မှု သည်သဘာဝလမ်းကြောင်းတစ်ခုအသွင်သို့ဆောင်သွားလေသည်။
ဤနည်းလမ်းစနစ်သည်မြောက်များစွာသောလူငယ်၊လူရွယ်များအတွက်ဖြစ်နိုင်ပါသည်။
အကယ်၍မိဘများသတိဂရုပြုမည်၊လူငယ်၊လူရွယ်များကိုယ်တိုင်စစ်မှန်တည်ငြိမ်သည့်စဉ်းစားဆင်ခြင်မှုဖြင့်ဆောင်ရွက်မည်။
ဤနည်းစနစ်အားလက်တွေ့ကျင့်သုံးအကောင်အထည်ဖော်မည်ဆိုလျှင်လူငယ်၊လူရွယ်များနှင့်ပတ်သက်ဆက်နွယ်နေသည့်
အခက်အခဲ၊အကြပ်အတည်း၊ဒုက္ခမှန်သမျှသည်ပြေလည်၊ဖြေရှင်းပြီးသားဖြစ်သွားပေလိမ့်မည်။
အကျဉ်းချုပ်အနှစ်ချုပ်အားဖြင့်တင်ပြရမည်ဆိုလျှင်တရားတော်အရစေ့စပ်ကြောင်းလမ်းထားခြင်း (နေကာဟ်ဖတ်ထားပေးခြင်း) သည်ယောင်္ကျားလေးနှင့်မိန်းကလေးအားတရားဝင်ဖွဲ့နှောင်မှုကိုဖြစ်စေပြီးလူငယ်၊လူရွယ်တို့၏လိုအပ်သည့်ကာမ၊ရာဂလိင်တောင်းတမှုကိုလည်း (တရားဝင်) ဖြည့်ဆီးနိုင်ကြမည်ဖြစ်ပေသည်။
ဤအတွက်ကြောင့်ရှရ်အီစေ့စပ်ကြောင်းလမ်းထားမှုဘ၀သည်အိမ်ထောင်သည်ဘ၀၏မြောက်များစွာသော
အကျိုးအမြတ်အာနိသင်များကိုပိုင်ဆိုင်ရလေသည်။ရှင်းပြဖို့မလိုအပ်သည့်လူငယ်၊လူရွယ်တို့၏ကာမ၊ရာဂလိင်တောင်းဆိုမှုကို
လည်းတစ်ထောင့်တစ်နေရာကနေအစားထိုးဖြည့်ဆီးပြီးဖြစ်လေသည်။
ဤသို့ဖြင့်လူငယ်၊လူရွယ်တို့၏မသန့်စင်သည့်နည်းဖြင့်ကာမဖြည့်ဆီးမှု
၊မကောင်းသည့်နည်းလမ်းများဖြင့်အာသာဖြေမှု၊တရားမ၀င်လိင်ဆက်ဆံမှုတို့ကိုဖယ်ရှားပြီးဖြစ်လေသည်။
ယောင်္ကျားလေး
(သို့မဟုတ်) မိန်းကလေးတို့၏အိမ်ထောင်စုဝင်များအတွက်အပိုငွေလည်းကုန်ကျမည
မဟုတ်တော့ချေ။ကလေးမွေးဖွားရန်နှင့်ရှေ့လျှောက်ဆက်လက်ပညာဆည်းပူးရန်ဆိုသည့်အခက်အခဲအကြပ်အတည်းများမှလည်းလွတ်မြောက်ပြီးဖြစ်သွားလေသည်။
အခြားနည်းလမ်းတစ်ခုသည်ကား - လူငယ်၊လူရွယ်တို့၏ပညာသင်ယူဆည်းပူးနေချိန်၌ပင်လက်ထပ်ထိမ်းမြားမှုအခမ်းအနားကို အစအဆုံးပြုလုပ်ပေးခြင်းဆိုသည့်နည်းလမ်းပင်တည်း။
သို့သော်နည်းလမ်း
အထူးသီးသန့်လည်းဖြစ်ပြီးယနေ့ခေတ်တွင်အများသုံးနေသည့်နည်းစနစ်ကိုသုံးရပေမည်။ (ထိုနည်းလမ်းများမှနည်းလမ်းအမြောက်အများသည်လည်းရှရ်အီအရခွင့်ပြုချက်ရှိပေသည်။) ထိုနည်းလမ်းများမှတစ်နည်းမှသန္ဓေတားခြင်းပင်ဖြစ်ပါသည်။
အကြောင်းမှာအိမ်ထောင်ပြုခြင်း၏
အသီးအပွင့် ရလာဒ်ဖြစ်ပြီးလူငယ်၊လူရွယ်များကိုဤအသက်အရွယ်၌ပညာသင်ကြားမှုကိုအဟန့်အတားဖြစ်စေသည့်အခက်အခဲ၊အကြပ်အတည်းဒုက္ခဖြစ်စေ
သည့်အရာမှာသားမွေးခြင်း၊ကလေးယူခြင်းပင်ဖြစ်ပေသည်။
ဤနည်းလမ်းအစီအစဉ်စနစ်များအားလုံးသည်လူအထင်ကြီးအောင်ကျင်းပသည့်မင်္ဂလာပွဲ၊လက်ရှိခေတ်ကာလအရ ၊
ခါးကိုချိုးစေသည့်စရိတ်အများအပြား ကိုသုံးစွဲရသည့်လော်ဂျစ်မဆန်လုံးဝအရူးဆန်ဆန်ဖြစ်သည့်မင်္ဂလာပွဲများကိုရှောင်ကြဉ်ပြီးရိုးရိုးယဉ်ယဉ်လေးအဆောင်အယောင်၊
အမော်အကြွား၊ဂုဏ်ပကာသနကင်းသည့်မင်္ဂလာပွဲများကျင်းပနိုင်မှသာအကျိုးအမြတ်ရရှိမည်ဖြစ်ပေသည်။
အမှန်တစ်ကယ် မိဘများထိုနည်းတူစွာအောင်မြင်ပျော်ရွှင်မှုကိုနှစ်သက်မြတ်နိုးလိုလားသည့်လူငယ်၊
လူရွယ်များအနေဖြင့်ဤ (အထက်ဖော်ပြပါ) လမ်းစဉ်ကိုသာလိုက်နာသင့်ပေသည်။
အဆင့်မြင့်ဂုဏ်ထူးတန်းပြီးဆုံးသည်
အထိစောင့်စားခြင်းပြီးနောက်သင့်လျော်ပြီးဂုဏ်သိက္ခာရှိကာလစာ အတော်ကောင်းသည့်အလုပ်တစ်ခုခုအစီအစဉ်၊အိမ်၊ကားနှင့်အခြားအသုံးအဆောင်
ပစ္စည်းများအသုံးစရိတ်ကြီးပြီးအမော်အကြွားကိုဖြစ်စေသည့်မင်္ဂလာဧည့်ခံပွဲတို့ကိုမျှော်လင့်စောင့်စားမှု၏ရလာဒ်မှာလူငယ်၊လူရွယ်အား
(ရုပ်နှင့်နာမ်၏) အလွန်တရာညစ်ပတ်၊နွမ်းနယ်မှု၊ထောင်ပေါင်းများစွာသောလမ်းလွဲ၊လမ်းမှား၊လမ်းချော်မှုမှ အပအခြားရလာဒ်ရရှိမည်မဟုတ်ချေ။
ဤကဲ့သို့စောင့်မျှော်စောင့်စားခြင်းဖြင့်ယေဘုယျအားဖြင့်လူငယ်၊လူရွယ်၏အသက်သည်၃၇နှစ်
(သို့မဟုတ်) ၄၀နီးပါးသို့ရောက်ရှိသွားပြီးအရွယ်ကျသည့်အရွယ်ရောက်ကတဖြည်းဖြည်းနှင့်လက်ထပ်ထိမ်းမြားမှုကိုယူကြလေ၏။
ဤ ကဲ့သို့သော် လက်ထပ်ထိမ်းမြား၊မင်္ဂလာဆောင်နှင်းခြင်း
များသည်၁၀၀ရာခိုင်နှုန်းပြည့်သဘာဝမဆန်မှု၊နာမ်ပိုင်းဆိုင်ရာမအောင်မြင်မှု နှင့်စစ်မှန်သည့်မင်္ဂလာမဖြစ်မှုကိုဖြစ်ထွန်း စေလေသည်။
အကြောင်းမှာ - ဤကဲ့သို့သော်မင်္ဂလာဆောင်နှင်းခြင်းသည်လူအခွင့်အရေးနှင့်မနုဿလူသား၏အရေးကြီးလို
အပ်မှုကိုမဖြည့်ဆီးနိုင်တော့ချေ။ထို့ပြင်မင်္ဂလာဆောင်နှင်းမှု ၏အစစ်အမှန်တရားနှင့်သတ်မှတ်ထားသည့်ရည်ရွယ်ချက်
ကိုမဆွတ်ခူးနိုင်တော့ချေဖြစ်လေသည်။
* * * * *
“အကြင်မည်သူမဆိုသောကြာနေ့တိုင်းစူရဟ်အေနေစာအားသေလာဝသ်ပြုလုပ်မည်ဆိုလျှင်ကဗဲရ်ညှပ်ခြင်းမှလုံခြုံပေမည်။” (အေမာမ်အလီ (အ.စ) )
သဖ်စီးရေဗိုရ်ဟန်ကျမ်းအတွဲ၂၊စာမျက်နှာ၁၅၃
* * * * *
“အကြင်မည်သူမဆို လစဉ် လတိုင်း စူရဟ်အေ အန်ဖါလ် နှင့် စူရဟ်အေ သောင်ဗာ အား သေလာဝသ် ပြုလုပ်မည်ဆိုလျှင်
၎င်း၏ နှလုံးသား ၌ နေဖာက် (သစ္စာမဲ့မှု၊အရေခြုံမှု) ဖြစ်ထွန်းမည် မဟုတ်ချေ။ ပြီးနောက် အမီးရွလ်မိုမေနီ (အေမာမ်အလီ (အ.စ))
၏ ရှီအာများ စာရင်းတွင်ပါဝင်ခြင်း ခံရပေလိမ့်မည်။ ” (အေမာမဂျအ်ဖရ်ဆွာဒစ်က် (အစ))
စဝါးဗ်ဗိုလ် အအ်မါလ် ကျမ်း ၊ စာမျက်နှာ ၉၆
* * * * *
အခန်းကဏ္ဍ(၂)
လက်ထပ်ထိမ်းမြားမင်္ဂလာဆောင်နှင်းခြင်းလျော့ကျမှုသည်လူပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက်ကြီးမားသည့်ပြဿနာတစ်ခုပင်တည်း
လက်ထပ်ထိမ်းမြားမှုလျော့နည်းခြင်း၊လူငယ်၊လူရွယ်များအနေဖြင့်အိမ်ထောင်သည်ဘ၀အဖြစ်ဘ၀တည်ဆောက်ဖို့မနှစ်သက်ခြင်း၊
အိမ်ထောင်ပြုခြင်းထက်သဘာဝကိုဆန့်ကျင်ပြီးလူပျိုဘ၀အဖြစ်ဘ၀တည်ဆောက်ခြင်းကိုအလေးပေးခြင်းများကို
ဘ၀ဟုလုံးဝအမည်တပ်ရန်မသင့်လျော်ပေ။ဤအရာများသည်ကမ္ဘာ့လူ့အခွင့်အရေးအတွက်ပြဿနာကြီး၊။ထို့ပြင်ဤပြဿနာ၊
အရှုပ်ထုပ်နှင့်အတူအခြားအနုတ်လက္ခဏာပြအကျိုးဆုတ်ယုတ်မှုများသည်လျှင်မြန်သည့်ဘ၀ခရီးနှင့်တကွ၊ယခု ကျွန်ုပ်တို့ခေတ်လူသားများကိုဝိုင်းရံပိတ်ဆို့ထားလေသည်။
လက်ထပ်မှုနည်းသွားခြင်း၊လျော့ကျခြင်းသည်လူသားမျိုးနွယ်ကိုဖြစ်ထွန်းမှု နည်းပါးစေမှု၊မျိုးဆက်သစ်နည်းပါး မှုဆို
သည့်ပြဿနာ ကို သာ ဖြစ် စေသည် မဟုတ်ပေ။
လက်ရှိ အခြေအနေတွင်ကမ္ဘာလောကကြီး၌လူဦးရေများပြားမှုပြဿနာနှင့်ရင်ဆိုင်နေ
ရလေသည်။မကြာမီအနာဂတ်နှစ်အနည်းငယ်အတွင်းလူဦးရေ
နည်းပါးမှုနှင့်ရင်ဆိုင်ရပေမည်။ (အကြောင်းမှာလူဦးရေများလာမှုကိုစက်မှုထွန်းကားသည့်နိုင်ငံများ၌
လုံးဝထိန်းချုပ်မှုပြုလာသည့်အတွက်ကြောင့်ပင်တည်း။) ဤအတွက်ကြောင့်ရှာဒီလက်ထပ်ထိမ်းမြားမှုလျော့ကျခြင်း
သည်ဒုက္ခသောကအကြောင်းတရားကိုဖြစ်စေလေသည်။
ပို၍ဆိုးရွားလှသည့်အားနည်းမှု၊ချွတ်ယွင်းမှုမှာဤလက်ထပ်မှုနည်းလာခြင်းထက်လူပျိုများသည်
လူမှုရေးအသိုင်းအ၀ိုင်းများဆိုင်ရာတာဝန်များကိုထမ်းဆောင်ရာ၌နောက်ကျ ကျန်နေခြင်းပင်ဖြစ်ပါသည်။
၎င်းတို့သည်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနှင့်ဆက်သွယ်မှုဆိုင်
ရာအားလုံးအရာ၌ယေဘုယျအားဖြင့်ပြတ်တောက်သွားချေပြီ။
တစ်ဦးတစ်ယောက်တည်း
အထီးကျန်ဘ၀သို့ရောက်သွားပြီး၊အထိန်း အကွပ်မရှိသည့်လေဟာပြင်တွင်အလေးချိန်မရှိဘဲလွင့်မျောနေ
သည့်အရာတစ်ခုပမာမျောလွင့်နေချေ သည်။
ဤကဲ့သို့သော်ပုဂ္ဂိုလ်များသည်အသေးမွှားဆုံးအရာတစ်ခုဖြစ်သည့်မြေနှင့်ရေကိုပင်အဆက်အသွယ်ဖြတ်တောက်နိုင်ပေသည်။ပြီးနောက်
ချက်ချင်းအခြားနေရာတစ်ဖက်သို့လေလွင့်သွားလေသည်။ (စိတ်လွင့်မတည်မငြိမ်ဖြစ်နေကြောင်းကိုဆိုလိုပါသည်။)
(သို့မဟုတ်) ဒေါသအမျက်ထွက်လျက် (မိမိ) ဘ၀ကိုအဆုံးသတ်စေလေသည်။ဘ၀ကိုမျက်ကွယ်ပြုလေသည်။
မိမိကိုယ်သတ်သေသူများ၏အရေအတွက်အများအပြားသည်ဤဖြစ်ရပ်မှန်ကိုကောင်းမွန်စွာဖော်ပြနေပေသည်။
(အကြောင်းမှာ) မိမိကိုသတ်သေသူများတွင်အိမ်ထောင်သည်များထက်အိမ်ထောင်မပြုရသေးသည့်လူပျို၊အပျို၏အရေအတွက်မှာ
(အမြဲတမ်း) အများဖက်မှရှိနေလေသည်။
ရူးသွပ်သည့်လုပ်ရပ်များကိုလုပ်ဆောင်သူများအကြားတွင်လူပျို၊လူလွတ်၊အပျိုများ၊ယခုထိအိမ်ထောင်မပြုရသေး
သည့်ဘ၀ကိုတည်ထောင်နေသူများအများအပြားဖြစ်ကြောင်းမိမိတို့နိုင်ငံ၏လူမှုရေးဝန်းကျင်၌တွေ့မြင်နိုင်ပါသည်။
မြှောက်များစွာသောပြစ်မှုကျူးလွန်သူတရားခံများမှာလူပျို၊အပျို၊လူလွတ် (သို့မဟုတ်) လူလွတ်ပမာ
ဘ၀တည်ဆောက်သူများဖြစ်ကြ ပေသည်။
အမှန်တကယ် လက်ထပ်ထိမ်းမြားသည့်
ဘ၀သည်မနုဿ၊ပုထုဇဉ်လူသား၊မိမိကတိကိုသာအလေးပေးခြင်း
(တစ်ကိုယ်ကောင်းဆန်ခြင်း)၊ဟိုလိုလို၊ဒီလိုလို၊ဒွိဟ၊သံသယရောဂါများမှကယ်တင်ပေးလေသည်။ပြီးနောက်မိမိ၏သေးငယ်သည့်ပတ်ဝန်းကျင်
(ခ) မိသားစုအတွက်ကြောင့်တာဝန်များကိုခံစားတတ်လာလေသည်။ပြီးနောက်
(မိမိမိသားစုလေးကို) အမျိုးမျိုးသောအန္တာရာယ်၊အမှားအယွင်းများမှထိန်းသိမ်းစောင့်ရှောက်ပေးလေသည်။ဤ“တာဝန်ကိုမခံစားတတ်၍မကျေပွန်ခြင်း”နှင့်“
လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနှင့်အဆက်အသွယ်ပြတ်တောက်နေခြင်း”သည်လည်းပဲမကောင်းမှုဒုစရိုက်၏အခြားမျက်နှာတစ်ဖက်ပင်ဖြစ်လေသည်။
ဤကိစ္စ၌အရေးအကြီးဆုံးမှာ (မနုဿလူသားအနေဖြင့်) မိမိ၏အင်အားနှင့်စွမ်းအားအားလုံးကိုအသုံးမပြုနိုင်ခြင်းနှင့်ဘ၀အတွက်တိုးတက်၊ဖွံ့ဖြိုးစေမည့်
အင်အား၊အားလုံးကိုတစ်နေရာတည်းမစုစည်းနိုင်ခြင်းဖြစ်ပေသည်။
ဤ လုပ်ရပ်သည်တစ်ဦး
တစ်ယောက်တည်း ၏ဘ၀ကို တည်ဆောက်ဖို့ပင်ဖြစ်ပါစေ၊ထိုတစ်ယောက်တည်းဖြစ်သည့်အတွက်မည်သို့ပင်ဖြတ်သန်းရပါစေ၊၀မ်းမနည်းတော့ချေ။
အင်အားများကိုလည်းအများကြီးစုဖို့မလိုတော့ဟုယူဆလေသည်။ (ဘ၀ကိုမလေးစား၊ဂရုမပြုတော့ချေ။)
ဤအကြောင်းအရာသည်လူပျို၊လူလွတ်၊အိမ်ထောင်ဖက်မရှိသူများ၏ဘ၀ကိုပျင်းရိပျင်းတွဲဖြစ်စေလေသည်။ဂရုမပြုမှု၊
မထီမျက်မြင်ပြုမှုနှင့်အတူ၎င်း၏ဘ၀အတွက်လိုအပ်သည့်အရာများ၊၄င်းကိုယ်တိုင်နားလည်သဘောပေါက်ပြီးသုံးစွဲလာ
သည့်လိုအပ်ချက်များကိုမထိန်းသိမ်းနိုင်တော့ချေ။
ဤအထောက်အထားသက်သေကြောင့်မြောက်များစွာသောလူငယ်၊လူရွယ်၊လူပျို၊လူလွတ်များ
သည်မိမိလူပျိုဘ၀၌ပင်မိမိဘ၀ကိုမရုန်းကန်၊မလှုပ်ရှားနိုင်သဖြင့် (အမြဲလိုလို) သူတစ်ပါးအားမှီခို၍ဘ၀တည်ဆောက်ရရှာလေသည်။
လူပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၌၄င်းကိုလူဖျင်း၊လူညံ့၊လူပျော့အဖြစ်စာရင်းသွင်းကြလေသည်။သို့သော်လည်းပဲ (၄င်းသည်) အိမ်ထောင်ပြုပြီးသူအဖြစ်ဘ၀စတင်သည်နှင့်တည်ငြိမ်ဖြောင့်မတ်သည့်အကျင့်စရိုက်ရှိသူ၊အင်အားစွမ်းအားရှိသူ၊စိတ်ရှည်သူ၊တကယ်လုပ်သူ၊ရည်မှန်းချက်ရှိသူ၊ကြိုးစားသူဖြင့်ဖြတ်ထိုးဥာဏ်ရှိသူစာရင်း၌၀င်လာလေသည်။
ဤဂုဏ်ပုဒ်များအားလုံးသည်မိမိတာဝန်မိမိသိ၍ကျေပွန်စွာထမ်းဆောင်ရမည်ဆိုသည့်ခံစားမှုအသိစိတ်၏တန်ခိုးအာနိသင်ကြောင့်ဖြစ်ပါသည်။
“ရိုဇီစားနပ်ရိက္ခာသည်မိမိ၏ဇနီးကြင်ယာနှင့်အတူရှိကြောင်း”အစ္စလာမ်မီဆိုင်
ရာအကိုးအကားကျမ်းများ၌ပါရှိကြောင်း၊တိုက်တွန်းထားကြောင်းလေ့လာတွေ့ရှိနိုင်ပါသည်။ယေဘုယျအားဖြင့်ဤအဓိပ္ပါယ်
(အိမ်ထောင်သည်အဖြစ်နေဖို့ဆိုသည့်) ဖက်သို့ဖော်ညွှန်းထားခြင်းဖြစ်နိုင်ပေသည်။
ဤအတွက်ကြောင့်လူပျို၊လူလွတ်၊အိမ်ထောင်မရှိသူများကို
(တဲဖျင်များတွင်နေထိုင်သူများ၊အိမ်မရှိမြေမရှိလျှောက်သွားနေထိုင်နေသူများ(ကလေကချေများ) ဟုခေါ်ဝေါ်လျှင်မှားမည်မဟုတ်ပေ။
ဤကလေကချေပုဂ္ဂိုလ်များသည်မည်သည့်မြေကိုမျှအတည်တကျဖြစ်ပြီး၊စည်ကားသိုက်ဝန်းအောင်မပြုကြချေ။အကြောင်းမှာ၎င်းတို့အနေဖြင့်တစ်နေရာမှတစ်နေရာသို့အလျင်အမြန်ကူးပြောင်းကြသည့်အတွက်ကြောင့်ပင်ဖြစ်ပေသည်။၎င်းတို့သည်နမော်နမဲ့၊စည်းမဲ့ကမ်းမဲ့နိုင်ကြလေသည်။
စာရိတ္တပိုင်းဘာသာရပ်အရရှုမြင်သုံးသပ်လျှင်လူပျို၊လူလွတ်၊အိမ်ထောင်မရှိသူသည်“ပြီးပြည့်စုံသည့်လူ ”ဖြစ်လိမ့်မည်မဟုတ်ပေ။အကြောင်းအရင်းသည်ကား - စာရိတ္တပိုင်းဘာသာရပ်ဆိုင်ရာအရစာရိတ္တ၏အဓိပ္ပာယ်ဆိုလိုမှုကိုဆောင်ထားသည့်အမြောက်အများသောဂုဏ်ပုဒ်များ (သာဓကအားဖြင့်…) သစ္စာရှိမှု၊ခွင့်လွှတ်မှု၊ယောင်္ကျားပီသမှု (ကတိတည်မှု) ချစ်ခင်ယုယမှု၊မေတ္တာဂရုဏရှိမှု၊စတေးခံမှု၊အမှန်တရားကိုသိရှိနားလည်မှုတို့အားလုံးသည်မိသားစု၊ခင်ပွန်းနှင့်ဇနီးဘ၀၊ကလေးများနှင့်အတူနေထိုင်ရသည့်ဘ၀ဆိုသည့်ခြုံထည်အတွင်းနေထိုင်မှသာဖြစ်နိုင်ပေသည်။မည်သူမဆိုအိမ်ထောင်သည်ဘ၀နှင့်ဝေးနေမည်ဆိုလျှင် (အထက်ဖော်ပြပါ) ဂုဏ်ပုဒ်များ၏ဆိုလိုချက်အဓိပ္ပာယ်ကို (အသေအချာနည်းလည်နိုင်မည်မဟုတ်ပေ။) အနည်းငယ်သာနားလည်ပေမည်။
အိမ်ထောင်ပြုခြင်းဆိုသည်မှာလူသားအနေဖြင့်မြောက်များစွာသောတာဝန်၊၀တ္တရားများကိုထမ်းဆောင်ဖို့နှင့်အခက်အခဲ၊အကြပ်အတည်းအမြောက်အများကိုဖိတ်ခေါ်လိုက်သည်နှင့်တူသည်ဆိုသည့်စကားမှာမှန်ပေသည်။
သို့သော်မနုဿလူသား၊ပုထုဇဉ်လူသားသည်အခက်အခဲ၊အကြပ်အတည်း၊ဒုက္ခများကိုရင်မဆိုင်ဘဲ၊တာဝန်၊၀တ္တရားများကိုတာဝန်မယူဘဲပြည့်စုံသည့်လူသားတစ်ယောက်ဖြစ်နိုင်ပါ သလား?
(မနုဿလူသား) ၏ကိုယ်ခန္ဓာနှင့်ဝိဥာဉ် (ရုပ်နှင့်နာမ်) ၏သဘာဝလိုအပ်ချက်များဆိုင်ရာကိစ္စအတွက်အဖြေထွက်နိုင်မှု၊အဖြေမထွက်၊အဖြေမပေးသည့်အခြေအနေတွင်ရုပ်နှင့်နာမ်အတွက်မလို
လားအပ်သည့်တုံ့ပြန်မှုများ၊ဆိုးကျိုးများဖြစ်လာမည်မှာမလွဲပေ။ဤအတွက်သီးသန့်အခန်းကဏ္ဍ၊ဖြစ်ရပ်မှန်ရှိပေသည်။ဤကဏ္ဍ၊ဖြစ်ရပ်မှန်အတွက်သီးသန့်တင်ပြဖို့မလွဲမသွေလိုအပ်ပေသည်။
ဤအမှန်တရား၊ဖြစ်ရပ်မှန်များ၊ငြင်းမရသည့်အကြောင်းအရာများကိုအခြေခံပြီးပြောလို့ရသည့်အချက်မှာ - အကယ်၍“လူပျို၊လူလွတ်၊အိမ်ထောင်မပြုသူ”နှင့်လက်ထပ်ထိမ်းမြား၊မင်္ဂလာဆောင်နှင်းခြင်းပွဲများ၊အစီအစဉ်များမြောက်များစွာလျော့ကျ၊ကျဆင်းလာ
မည်ဆိုလျှင်လူမှုပတ်ဝန်းကျင်အတွက်ကြီးမားသည့်ကပ်ကြီးတစ်ခုဆိုက်လာပြီဟုအမည်ပေးမည်ဆိုလျှင်ရပေသည်။ဤအမည်ပေးမှုအတွက်မည်ကဲ့
သို့မျှအတိုင်းထက်အလွန်ပြောဆိုသတ်မှတ်မှုမဖြစ်နိုင်တော့ပေ။
သို့သော်အခြားတစ်ဖက်တွင်လည်းမေးစရာမေးခွန်းထွက်လာလေသည်။မေးခွန်းကား - ဤကဲ့သို့ထွက်ပေါက်မရှိသည့်လမ်း၊အင်အား၊စွမ်းအားကိုကုန်ခန်းစေသည့်အကြပ်အတည်း၊ဒုက္ခများနှင့်ရင်ဆိုင်နေရသောလူငယ်၊လူရွယ်များအနေဖြင့်ဤ(သဘာဝက ပေးအပ်လာသည့် တာဝန်(ထိမ်းမြားခြင်း) နှင့်လူမှုပတ်ဝန်းကျင်၊အသိုင်းအ၀ိုင်းကပေးဆောင်လာသည့်တာဝန် (အိမ်ထောင်ပြုခြင်း))ကိုကျေပွန်ရန်ဘာလုပ်ရမည်ဆိုသည့်အချက်ပင်တည်း?
ဘာလဲ…! ယခုလိုတိုးတက်နေသည့်ခေတ်၊အခက်အခဲ၊အကြပ်အတည်း၊ဒုက္ခများအားလုံး၊အကြောင်းမဲ့၊နေရာမဲ့မျှော်လင့်ချက်များ၊
မိဘများနှင့်လူငယ်၊လူရွယ်များအကြားရှိကွဲလွဲမှုများ၊သဘောထားမတူညီမှုများ၊လက်ရှိခေတ်ပညာသင်စနစ်နှင့်အချိန်၊ဓလေ့ထုံးစံ၇မျိုး၇သွယ် (ဓလေ့၊ထုံးတမ်းအမျိုးမျိုး)၊စားဝတ်နေရေး၊အလုပ်အကိုင်၏အခက်အခဲများ၊အဆင်မပြေမှုများ၊တစ်ဦးနှင့်တစ်ဦးအယုံအကြည်ကင်းမဲ့ မှုများ၊ (ကတိမတည်ကြမှုများ) ရှိနေသည့်အခြေအနေ အရလူငယ်၊လူရွယ်များအနေဖြင့်ဤကြီးကျယ်၊မြင့်မြတ်၊မင်္ဂလာရှိသည့်တာဝန်ကြီးတစ်ရပ်ဖြစ်သည့်လက်ထပ်၊ထိမ်းမြားခြင်းကိုသူ့အချိန်နှင့်အညီထမ်းဆောင်နိုင်မည်ဖြစ်ပါသလား?
ဤကိစ္စ (ပြဿနာ) ကိုမလွဲမသွေ၊အသေးစိတ်ဆွေးနွေးတင်ပြမှု၊စိစစ်မှုပြုရမည်ဖြစ်ပေသည်။ဤပြဿနာကိုမဖြေရှင်းမချင်း၊ဤလူနေမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၏ကြီးမားလှသည့်အခက်အခဲ၊ဒုက္ခပြဿနာအခြေအမြစ်အစစ်ကိုဖယ်ရှား၊ဖြေရှင်းနိုင်မည်မဟုတ်ချေ။
သတိပြုပြီးမလွဲမသွေဂရုပြုရမည့်အရေးကြီးအချက်တစ်ခုဤနေရာ၌ရှိပါသည်။ထိုအချက်မှာ - လက်ထပ်ထိမ်းမြားမင်္ဂလာနှင့်၎င်းအတွက်အခက်အခဲ၊ဒုက္ခများကိုဖြစ်စေသည့်တရားခံများမှာကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၊အသိုင်းအ၀ိုင်းဖြစ်ချေသည်။အမှန်တကယ်အသိုင်းအ၀ိုင်း၊ပတ်ဝန်းကျင်ဆိုသည်မှာလည်းကျွန်ုပ်တို့မှအပအခြားအရာမဟုတ်ချေ။အခြားအဓိပ္ပာယ်ဆိုလိုချက်ကိုမဆောင်ထားပေ။
ဤ (လက်ထပ်ထိမ်းမြားမှု၊အိမ်ထောင်ပြုမှု) အတွက်အခက်အခဲ၊ဒုက္ခများ၊အကြပ်အတည်းများသည်သူ့အလိုအလျောက်မိုးကောင်းကင်မှကျလာသည်မဟုတ်ပေ။မြေပထ၀ီအတွင်းမှလည်းခွဲပြီးထွက်လာသည်မဟုတ်ချေ။တစ်နည်းဆိုရလျှင်ကျွန်ုပ်တို့သာယူဆောင်လာသူများ၊ဖန်တီးသူများပင်တည်း။
ကျွန်ုပ်တို့၏မှားယွင်းသည့်ဆုံးဖြတ်ချက်၊မှားယွင်းချွတ်ချော်သည့်တွေးခေါ်၊စဉ်းစားချက်၊မှားယွင်း၊မမှန်ကန်သည့်ဓလေ့၊ထုံးထမ်းစဉ်လာများ၊ယဉ်ကျေးမှုများ၊မျက်ကန်းနောက်လိုက်ခြင်းတို့ကိုအခြေခံ၍ဖြစ်ပေါ်လာခြင်းပင်ဖြစ်ပါသည်။
ဤအတွက်ကြောင့်…
ကျွန်ုပ်တို့အနေဖြင့်ခိုင်မာပြတ်သားသည့်ရည်မှန်းချက်နှင့်အတူအစီအစဉ်ဆွဲမည်ဆိုလျှင်ဤအခက်အခဲ၊အကြပ်အတည်း၊ပြဿနာဒုက္ခများကိုအဆုံးသတ်နိုင်မည်ဖြစ်ပေသည်။
ကျွန်ုပ်တို့အနေဖြင့်အစီအစဉ်အသစ်ကိုရေးဆွဲကြရပေမည်။ထိုအစီအစဉ်သည်လည်းအဖြစ်မှန်၊အခြေမှန်၊အစစ်အမှန်တရားနှင့်စစ်မှန်၊မှန်ကန်သည့်ဘ၀တည်ဆောက်မှုကိုအခြေခံပြီးရေးဆွဲထားသည့်အစီအစဉ်ဖြစ်ဖို့လိုအပ်ပေသည်။စိတ်ကူးယဉ်များ၊ (အိမ်မက်) အထင်များ၊ (လုံးချင်း) ၀တ္ထုဆန်ဆန်၊ဒဏ္ဍာရီပုံပြင်သဖွယ်များ၊အမှားအယွင်းနောက်လိုက်မှုများအပေါ်အခြေမခံမိဖို့လိုအပ်ပါသည်။
ဤလုပ်ငန်းအတွက်လှုပ်ရှားမှုအတွက်လမ်းပိတ်နေပြီး၊ထွက်ပေါက်မရှိတော့ဟူ၍မဟုတ်ပါ။ဤလုပ်ငန်းအတွက်လုပ်ဆောင်ရန်မိုအ်ဂျေဇာ (ဘုန်းတန်ခိုးပြသခြင်း) လည်းမလိုအပ်ချေ။မဖြစ်နိုင်သည့်လုပ်ရပ်လည်းမဟုတ်ချေ။
* * * * *
အခန်းကဏ္ဍ(၃)
တရားမ၀င်ဆက်သွယ်မှုများသည်အိမ်ထောင်ပြု၊လက်ထပ်ထိမ်းမြားမှုများ၌လျော့ကျ၊ကျဆင်းမှု၏အဓိကအရေးကြီးအကြောင်းခံတစ်ခုဖြစ်လေသည်။
အမှန်တကယ်လက်ရှိလူမှုဘ၀တည်ဆောက်မှု၊လူနေမှုပတ်ဝန်းကျင်၊အသိုင်းအ၀ိုင်းအများနှင့်လုပ်ရမည့်ဘ၀၏မြောက်မြားစွာသောအစိတ်အပိုင်းများသည်သဘောသဘာဝနှင့်စစ်မှန်သည့်ဘ၀မဟုတ်တော့ချေ။ (ပြောင်းလဲသွားလေပြီ။)
၎င်းတို့အနက်မှနမူနာသာဓကတစ်ခုမှာလက်ထပ်ထိမ်းမြားမှုအလွန်တရာကျဆင်းလျော့နည်းသွားခြင်းနှင့်လူငယ်လူရွယ်များအနေဖြင့်သဘာဝနှင့်ဆန့်ကျင်သည့်ဘ၀ ( လူပျိုလူလွတ်၊အိမ်တောင်မရှိသည့်ဘ၀) ကိုအလေးပေးလာခြင်းဖြစ်ပေသည်။
လက်ထပ် ထိမ်းမြားမှု၊မင်္ဂလာဆောင်မှုလျော့ကျခြင်း၊နည်းပါးခြင်းနှင့်လူပျိုလူလွတ်၊အိမ်ထောင်ဖက်မဲ့သူများပြားကျယ်ပြန့်လာသည်နှင့်အမျှမျိုးဆက်သစ် ဖြစ်ပွားမှုကိုလည်းအဟန့်အတားပြုနေကြောင်းကျွန်တော် အနေဖြင့်အစီရင်ခံရေးသားတင်ပြထားပြီးဖြစ်ပေသည်။
(ဤသို့ဖြင့်မနုဿလူသားအနေဖြင့်) မည်သည့်တာဝန်၊၀တ္တရားကိုထမ်းဆောင်ဖို့ခံစားချက်ပင်မရှိတော့ချေ။ပတ်ဝန်းကျင်လူ့အသိုင်းအ၀ိုင်းနှင့်အဆက်အသွယ်ဖြတ်ဝေးကွာသွားကြလေသည်။လူအပေါင်းအသင်းများနှင့်စုပေါင်း၍ဘ၀တည်ဆောက်မှု၊ပတ်ဝန်းကျင်နှင့်နေထိုင်မှုကိုဥပေက္ခာပြုမထေမဲ့မြင်မြင်ပြုလာကြလေသည်။ (ဤအချက်အလက်၊လက္ခဏာများသည်) အိမ်ထောင်မရှိသည့်လူပျိုလူလွတ်များ၏ဘ၀၌လုံးဝတွေ့ရသည့်လက္ခဏာများပင်တည်း။
လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက်ကြီးမားသောရောဂါပြဿနာတစ်ခုဖြစ်ပေ သည်။ကျွန်တော်အနေဖြင့်အိမ်ထောင်မပြုရသေးသူလူပျို၊လူလွတ်အများဆုံးကျူးလွန်နေသည့်စာရိတ္တချို့ယွင်းပျက်ပြားပျက်စီးမှုများ၊မကောင်းမှုများဆွေးနွေးမှုတွင်ထည့်သွင်းဖော်ပြမည်ဆိုလျှင်ဤလူမှုရေးဆိုင်ရာအခက်အခဲ၊အကြပ်အတည်းပြဿနာများအရေးကြီးမှုပိုမို၍ ထင်ရှားသွားပေမည်။
လက်ရှိလက်တလောစာရှုသူလူကြီးမင်း အပေါင်းတို့အားလူမှု ပတ်ဝန်းကျင်အတွက်အန္တရာယ်ပြဿနာကိုဖြစ်စေသည့်အခြေခံအကြောင်းတရားများ ဖက်သို့မီးမောင်းထိုးတင်ပြပါမည်။
ဤအန္တာရာယ်ပြဿနာအကြောင်းခံများမှာတစ်ခုနှစ်ခုတည်းပေါ်ပေါက်လာခြင်းမဟုတ်သည့်ဆိုသည့်အချက်မှာငြင်းမရအောင်မှန်ပါသည်။သို့သော်၎င်းမြောက်မြားစွာသောအခြေခံအကြောင်းတရားများ၊အခြားအကြောင်းခံတရားများထက်အလွန်တရာအရေးပါအရာရောက်သည့်အကြောင်းခံတစ်ရပ်ဖြစ်ပါသည်။
ထိုအကြောင်းတစ်ရပ်မှာ (တရားမ၀င်ဆက်သွယ်မှုများဖြစ်ပွားလာခြင်း) ပင်ဖြစ်ပါသည်။
အကြောင်းမှာ -
အမျိုးသမီးများ၊မိန်းမများနှင့်အလွယ်တကူဆက်သွယ်နိုင်မှုကြောင့်ဖြစ်လေသည်။ဤအတွက်ကြောင့်လည်းမိန်းမများသည် (ယခုခေတ်) လူငယ်လူရွယ်အမြောက်အမြားတို့၏အမြင်၌သိက္ခာမရှိသူ၊တန်ဖိုးမရှိသည့်အရာ၊ယုတ်စွအဆုံးတစ်ခါတစ်လေ“အလကားရသည့်ပစ္စည်း၊အခမဲ့ရသည့်ပစ္စည်း ”ပမာဖြစ်နေပြီး အလွယ်တကူ နှင့် ဆွတ်ခူးရယူကြလေသည်။
ဤ အတွက်ကြောင့်လည်းအတိတ်ကပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင်လူငယ်လူရွယ်များကိုဆွဲဆောင်စိတ်ဝင်စားစေခဲ့သည့်အမျိုးသမီးများ၏တန်ဖိုး၊အရှက်သိက္ခာ၊အိနြေ္ဒ၊အဆင့်အတန်းပျက်စီးခဲ့ရလေပြီ။ထို့ပြင် (ဤအဆင့်အတန်းပိုင်ရှင်မလေးများကို) ပိုင်ဆိုင်ဖို့ကြီးမားသည့်ကြိုးပမ်းမှုနှင့်စတေးမှုကိုလူငယ်လူရွယ်များအနေဖြင့်ပြုခဲ့ရပါသည်။ (သို့သော်) အားလုံးပျက်စီးရေစုံမျောသွားရလေပြီ။
ယနေ့မျက်မှောက်ခေတ်၌အမျိုးသမီးများ၏မလုံမခြုံဟိုပေါ်ဒီပေါ်ဝတ်စားဆင်ယင်မှုပေါများလာသည်နှင့်အမျှမကောင်းမှုဒုစရိုက်၊စာရိတ္တပျက်ပြားလာမှုသည်လည်းတိုးပွားလာလေသည်။
အကယ်၍ဤလုပ်ရပ်အားအစပထမကတည်းကသတိပြုသူ၊ဂရုပြုသူများ၏စိတ်ဝင်စားအာရုံထားခြင်းခံရမည်ဆိုလျှင်နောက်ဆုံးရလာဒ်အဖြေမှာရှုပ်ထွေးပွေလီသည့်ပြဿနာများနှင့်အမျိုးသမီးများ၏တန်းဖိုးကျမှုကိုလျော့နည်းစေမှာဖြစ်ပါသည်။ပြီးနောက်အမျိုးသမီးများမျှော်လင့်ထားသည့်အတိုင်းဖြစ်လာမည်ဖြစ်ပေသည်။
ဤ အထောက် အထားကြောင့်အတိတ်ခေတ်ကာလ၌နေကာဟ်နှင့်အက်ဒ် (တရားဝင်နေကာဟ်ဖြစ်ရန်ရှရီအသ်မှသတ်မှတ်ထားသည့်ဝါကျကိုရွတ်ဆိုခြင်း) တို့၏ရှေ့ပြေးဖြစ်သည့်သန့်ပြန့်သန့်စင်စင်ကြယ်သည့်“အချစ်”“မေတ္တာ”သည်ယနေ့ခေတ်ကာလတွင်မည်သည့်အာနိသင်အစွမ်းမျှမရှိတော့ချေ။
အကြောင်းသည်ကား - မနုဿပုထုဇဉ်လူသားသည်အမြဲတမ်းလွယ်လွယ်နှင့်မရသည့်အရာကိုသာလျှင်တန်ဖိုးထားချစ်ခင်မြတ်နိုးတတ်ကြလေသည်။
အားနည်းသည့် အရာတစ်ခု၊အလကားအခမဲ့၊တန်ဖိုးမဲ့သည့် အရာကိုမနုဿလူသားအနေဖြင့်ချစ်ခင်မြတ်နိုးခြင်းသည်အဓိပ္ပာယ်မရှိချေ။ဤအချစ်သည် (အချစ်မီး (ခ) တဏှာမီး) ပင်တည်း။
အခြားတစ်ဖက်၌လည်းမြောက်မြားစွာသောဒုစရိုက်သမား၊ကလေကချေ ၊အုတ်ကြားမြက်ပေါက်ယဉ်ကျေးမှုမရှိတဏှာရူးများအနေဖြင့်ပြောကြားလေသည်။
“အမျိုးသမီးတစ်ယောက်ကိုပိုင်ဆိုင်ဖို့၊ရယူနိုင်ဖို့ယောင်္ကျားတစ်ယောက်အနေဖြင့်ထောင်ပေါင်းများစွာသော (စည်းမျဉ်း၊စည်းကမ်းများ၊တာဝန်ဝတ္တရားများ) ကိုလက်ခံပြီးလက်ထပ်ထိမ်းမြားပြီးယူဖို့ဘာအရေးကြီးလို့လဲ၊ (ဘာအလုပ်ရှုပ်ခံမှာလဲ) တကယ်ဆိုဒီလိုစည်းမျဉ်းစည်းကမ်း၊တာဝန်ဝတ္တရားတွေကိုလက်ခံဖို့တာဝန်ယူဖို့မလိုဘဲမိန်းမအမြောက်အမြားကိုဖန်တီးနိုင်ပါတယ်…”
ဤကဲ့သို့ပြောရခြင်းမှာဤပုဂ္ဂိုလ်များသည်လိင်နှင့်စာရိတ္တပျက်ပြားမှုတို့၏ရလာဒ်အကျိုးဆိုး၊ဒုက္ခဆိုးများကိုမသိသောကြောင့်ပင်ဖြစ်ပေသည်။
၎င်းတို့၏အမြင်၌လက်ထပ်ထိမ်းမြားခြင်းနှင့်အမျိုးသမီးသည်လိင်ပြဿနာ ကိုသာဖြေရှင်းပေးသည့်တန်ဆာတစ်ခုတည်းဟုထင်မြင် နေကြလေသည်။လက်ထပ်ထိမ်းမြားမှုနှင့်သက်ဆိုင်သည့်စည်းမျဉ်း စည်းကမ်းများ၊တာဝန်ဝတ္တရားများအားလုံးသည်အရူးအလုပ်ဟုသတ်မှတ် ထားကြလေသည်။
ဤ အတွက်ကြောင့်လည်းဤ ကဲ့သို့သောပုဂ္ဂိုလ်များသည်ဘ၀တစ်ခုလုံး(သို့မဟုတ်) ဘ၀၏အချိန်တော်တော်များများကိုလူပျိုလူလွတ်ဘ၀ဖြင့်ကုန်စေလေသည်။
အထက်ဖော်ပြပါဖြစ်ရပ်မှန် (တရားမ၀င်ဆက်သွယ်မှုများလွယ်ကူပေါများလာခြင်း) ကိုဂရုပြုမည်ဆိုလျှင်လက်ထပ်ထိမ်းမြားမှုလျော့နည်းခြင်း၏အကြောင်းတရားလုံးဝရှင်းလင်းထင်ရှားသွားပေမည်။ဤ အတွက်ကြောင့်အနောက်တိုင်းပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင်မည်သည့်စည်းမျဉ်းစည်းကမ်းအကွပ်အထိန်းမျှမရှိချေ။ဤကဲ့သို့ (တိရိစ္ဆာန်များနည်းတူ) လွတ်လပ်မှုအမြောက်အမြားကိုမြင်နိုင်ပေသည်။
သို့ဖြစ်ပါ၍အိမ်ထောင်ပြုထိမ်းမြားခြင်းသည်လည်းအများအပြားနည်းရလေသည်။အကယ်၍လက်ထပ်ထိမ်းမြားအိမ်ထောင်ပြုလျှင်လည်းအသက်ရပြီးအသက်ကြီးမှပြုကြလေသည်။အမှန်တကယ်ဤအသက်ကြီး မှအိမ်ထောင်ပြုခြင်းများ သည်လည်း အရသာသိပ်မရှိတော့ချေ။ရက်ကြာ ရှည်မခံတော့ချေ။ယေဘုယျအားဖြင့်အသေးအဖွဲကိစ္စလေးကိုအကြောင်း ပြုပြီးတစ်ခါတစ်ရံနောက်ရင်းပြောင်ရင်းကွဲသွားပြတ်စဲသွားကြလေသည်။
စာရိတ္တပျက်ပြားမှုနှင့်မကောင်းသည့်နေရာများ၏ရလာဒ်
အထက်ဖော် ပြမှုအပြင်ဤအဖြစ်အပျက်သည်လည်းတင်ပြသီကုံးသင့်ပေသည်။လူပျိုလူလွတ်ဘ၀ကိုအိမ်ထောင်သည်ဘ၀ထက်ဦးစားပေးအလေးထားသည့်အသိုင်းအ၀ိုင်းပတ်ဝန်းကျင်ကိုကြည့်မည်ဆိုလျှင်အမြဲတမ်း၎င်းတို့ထံ၌ညစ်ပတ်ပြီးပုပ်ပွနေသည့်အနာရှိလေသည်။ (ထိုအနာအား) ကျွန်ုပ်တို့အနေဖြင့်ပြည့်တန်ဆာများနေရာဗဟိုဌာနချုပ်များ“မြို့သစ် ”ဟုခေါ်ဆိုနိုင်ပေသည်။
ဤ နေရာများသည်အိမ်ထောင်ပြုခြင်း၊လက်ထပ်ထိမ်းမြားခြင်းကိုလျော့ကျပေသည်။အရေးကြီးအကြောင်းခံတစ်ရပ်ဖြစ်သည်နှင့်အမျှသိက္ခာရှိဂုဏ်သရေရှိမိသားစုများ၏အရှက်ဂုဏ်သိက္ခာကိုလည်းကျစေကွဲစေလေသည်။
ဤကဲ့သို့သောညစ်နွမ်း၊ညစ်ညမ်းသည့်ပြည့်တန်ဆာများ၊မကောင်းသည့်အမျိုးသမီးများကြင်လည်ရာနေရာများကိုမကောင်းသည့်၊မသန့်စင်သည့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတိုး၌တွေ့နိုင်ပေသည်။ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းသည်ကောင်းသည့်စာရိတ္တအကျင့်စရိုက်မရှိကြောင်းသက်သေထူနေပေသည်။ကာမပျက်ပြားမှုနှင့်မကောင်းသည့်နေရာများသည်ပြဿနာများကိုပြန့်ပွားလာခြင်းနှင့်ရုပ်နှင့်နာမ်ကိုရောဂါဖြစ်စေသည်ဆိုသည့်အချက်လေးဖြစ်စေမလေ့လာသင့်ချေ။ထိုနည်းတူစွာလက်ထပ်မင်္ဂလာကိုလျော့ကျစေခြင်းနှင့်လူငယ်လူရွယ်များကိုလူပျိုလူလွတ်ဘ၀သို့ပို့ပေးသည်ဟုသည်အချက်လေးနှင့်လည်းမတင်းတိမ်သင့်ချေ။
အမှန်တကယ်ဤအကြောင်းအရာတချက်ခြင်းအတွက်များများလေ့လာသင့်ပေသည်။ထို့ပြင်မကောင်းသည့်နေရာများ၌မိမိခန္ဓာကိုယ်ဖြင့်ရင်းနှီးလုပ်စားသည့်ပြည့်တန်ဆာမများအကြောင်းစိစစ်လေ့လာမှုကိုအသေအချာအသေးစိတ်အလေးပေးပြီးလေ့လာစိစစ်သင့်ပေသည်။
ဤအကြောင်းအရာကိစ္စကိုအသေးစိတ်လေ့လာပြီးသောပုဂ္ဂိုလ်များအနေဖြင့်လည်းမိမိတို့ကျယ်ပြန့်လှသည့်သုတေသီပြုမှုနှင့်အတူစာအုပ်များရေးသားသီကုံးခဲ့ကြလေသည်။
ဤ ကဲ့သို့သော်မကောင်းသည့်အမျိုးသမီးများမှတဆင့်ကြောက်စရာအကောင်းဆုံးအန္တရာယ်၊အကြီးမားဆုံး AIDS ရောဂါကိုဖြစ်စေ၊ကူးစေကြောင်းတညီတညွတ်တည်းဝန်ခံရေးသားထားကြလေသည်။
ဤ ကဲ့သို့မသန့်မိန်းမများ၊အောက်တန်းကျသည့်မတတ်နိုင်ရှာကြသည့်မိန်းကလေးများသည်အမြဲတမ်းခေါင်းမှခြေအထိအကြွေးများ၌နစ်မွန်းနေကြလေသည်။နေနှင့်ညသူစိမ်း (တရားမ၀င်) ယောင်္ကျားများ၏လိုအင်ကာမဆန္ဒနှင့်အရသာကိုဖြည့်တင်းပေးရန်အတွက်ဖယောင်းတိုင်လေးပမာ (မိမိတို့၏ဘ၀ကို) လောင်ကျွမ်းနေစေရလေသည်။
နောက်ဆုံး (မိမိဘ၀အဆုံးခရီးအဖြစ်) အလွန်ဆိုးရွားသည့်အခြေအနေအဖြစ်လူ့အသိုင်းအ၀ိုင်းကလက်မခံသည့်ထောင့်တစ်နေရာတွင်သွားရောက်ဘ၀တည်ဆောက်ပြီးသေဆုံးရလေသည်။တစ်ခါတစ်လေဆိုလျှင်၎င်းပြည့်တန်ဆာမများ၏အလောင်းကိုပင်မြေမြှုပ်၊ဒဖှ်နာပြုပေးမည့်သူ၊သင်္ဂြုံဟ်ပေးမည့်သူတစ်ယောက်မျှပင်မတွေ့ရချေ။
မည်သည့်အသိဥာဏ်နှင့် Logic အရလက်ခံနိုင်ပါ သနည်း?
အကြောင်းမှာ…..
လူ့အခွင့်အရေး၊ကျွန်စနစ်ပပျောက်ရေးလို့ကြွေးကြော်အာမခံနေသည့်ဤခေတ်ကာလ၌ကျွန်တော်တို့၏ပတ်ဝန်းကျင်၌မြောက်များစွာသောကျွန်များ၊လူ့အခွင့်အရေးချိုးဖောက်မှုများခံစားနေသူများကိုမြင်တွေ့ရနိုင်ပေသည်။မည်သူမျှ၎င်းတို့လွတ်မြောက်ရန်ခြေလှမ်းမလှမ်းကြချေ။
(ကျွန်စနစ်များမှတစ်ခုမှာပြည့်တန်ဆာမိန်းမများကိုငွေပေးပြီးအသုံးပြုခြင်း၊၄င်းတို့အားငွေရနိုင်သည့်အခြားသမာအာဇီဝကျသည့်အလုပ်များမပေးခြင်း၊ပြည့်တန်ဆာခန်းများ၊ဟိုတယ်၊မိုတယ်များသည်မိန်းကလေးများခန္ဓာကိုယ်ရောင်းစားဖို့၊မိမိအရှက်အင်္ဂါကိုလူတကာကိုပေးဖို့အသင့်ဖြစ်စေပြီးမဏိကာဖြစ်သည့်နိုက်ကလပ်များကိုဖွင့်ထားခြင်းစသည်တို့လည်းအဓိကနေရာမှပါဝင်ပေသည်။) (ဘာသာပြန်ဆိုသူ)
သို့သော်ဝမ်းနည်းစရာအချက်ပင်တည်း….. မြောက်များစွာသောဤကဲ့သို့မကောင်းသည့်နေရာများကိုယနေ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းများအနေဖြင့်တမင်တကာသိလျှက်တရားဝင်ကိုင်သည့်အခြေအနေထိတွန်းပို့လက်ခံလိုကချေပြီ။ဤ အတွက်ကြောင့်လည်းတရားမ၀င်ကာမဆက်ဆံမှုများလွယ်ကူပေါများမှုကိုဖန်တီးပြီးသားဖြစ်သွားလေသည်။
ဤအတွက်ကြောင့်လည်းမကောင်းသည့်အကျင့်ပျက်ပတ်ဝန်းကျင်နှင့်အမှိုက်နွံတွင်နစ်နေသည့်မိန်းကလေးများသည်တရားမ၀င်ရှရီအသ်ကိုဆန့်ကျင်သည့်ပေါင်းသင်းဆက်ဆံမှုများ၏ရလာဒ်(ဆိုး) အဖြစ်တဆင့်ပြီးတဆင့်ဤမကောင်းသည့်နေရာသို့ရောက်ရလေတော့သည်။
ဤကဲ့သို့သောအချို့မိန်းကလေးများ၏ဖြစ်ရပ်မှန်များကိုစာအုပ်များ၌ တင်ပြထားလေသည်။ဤဖြစ်ရပ်မှန်များသည်သံသယမရှိ၊ချို့ယွင်းချက်မရှိ၊၀မ်းနည်းဖွယ်နှင့်ကြောက်လန့်ဖွယ်အကောင်းတကာ့အကောင်းဆုံးဖြစ်ရပ်မှန်များပင်တည်း။ယနေ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ၏နဖူးပြင်ရှိ ၊ မကောင်းသည့်အမာရွတ်၊ဒဏ်ရာဒဏ်ချက်အဖြစ်စာရင်းဝင် သွားလေသည်။သို့သော်ဝမ်းနည်းစရာအချက်မှာဤကိစ္စပြဿနာနှင့်ပတ်သက်ပြီးစီစစ်ဆွေးနွေးမှုအနည်းငယ်သာရှိပေသည်။
ဤအတွက်ကြောင့်လည်း………. ကျွန်ုပ်တို့နေဖြင့်
- အိမ်ထာင်စုမိသားစုဝင်များကိုပြိုကွဲပျက်စီးမှုမှကာကွယ်တားဆီးနိုင်ရန်…
-အိမ်ထောင်ပြုလက်ထပ်ထိမ်းမြားမှုကျဆင်းမှု၏လျင်မြန်မှုနှုန်းကိုထိန်းနိုင်ရန်
-(မကောင်းမှုဒုစရိုက်ကိုလုပ်နေသည့်)ကျွန်များကိုကျွန်အဖြစ်မှလွတ်မြောက် စေရန်…
ဤအထိမ်းအကွပ်မဲ့၊ကာမဆက်ယှက်မှုဆက်ခံမှု၊တရားမ၀င်ဆက်သွယ်မှုပေါ်များခြင်းကိုမလွဲမသွေတားဆီးပိတ်ပင်ရမည်ဖြစ် ပေသည်။ဤ တားဆီးပိတ်ပင်မှုအတွက်လည်းမှန်ကန်ပြီးစည်းစနစ်ရှိသည့်အစီအစဉ်များ၏အကူအညီမှအပမဖြစ်နိုင်ချေ။
ချစ်ခင်လေးစားတန်ဖိုးထားရပါသောလူငယ်၊လူရွယ်လေးများ…
အထက်ဖော်ပြပါအမှန်တရားများကိုဂရုပြုပြီးမိမိကိုယ်တိုင်အတွက်နှင့်သူငယ်ချင်းများအတွက်ထိန်းသိမ်းကာကွယ်နိုင်ရန်ပို၍ သတိရှိစွာဖြင့်ဆောင်ရွက်ကြပါလေ…..
လမ်းလွဲ၊လမ်းမှား၊လမ်းချော်အောင်ကောက်ကျစ်ဖျားယောင်းသူများဤကဲ့သို့သောမသန့်ပြန့်သည့်လွတ်လပ်မှုဖက်ဆွဲဆောင်နေသူများ (သူယုတ်မာများ) ၏စကားကိုနားမယောင်ပါလေနှင့်။ရှောင်ကြဉ်ကြပါလေ။
အကြင်မည်သူမဆိုဤအခြေအနေနှင့်မကောင်းသည့်နေရာများကိုပတ်ဝန်းကျင်လူ့အသိုင်းအ၀ိုင်းအတွက်အရေးကြီးသည့်ခေါင်းစဉ်တစ်ခုအဖြစ်တင်ပြမည်။ဤအရာကိုအကြောင်းပြုပြီးမကောင်းမှုများနှင့်မကောင်းသည့်နေရာများကိုအ၀င်အထွက်မရှိဖို့ဆိုပြီးဤ (တရားမ၀င်ဆက်ဆံမှု) ကိုသန့်စင်သန့်ပြန့်သည့်မိသားစုဝင်များကိုကာကွယ်ပေးသည့်အလုပ်၊လူငယ်၊လူရွယ်များ၏ကျန်းမာပျော်ရွှင်မှုကိုဖြစ်စေသည်ဟုဆို၍ဤဒုစရိုက်အလုပ်အားအမည်ကောင်းပေးမည်ဆိုလျှင်ကြီးမားသည့်အမှားကိုပြုနေခြင်းဖြစ်ပေသည်။
ဤမကောင်းမှု၊ရွံစရာ၊ရှက်စရာ (ကာမဆက်ဆံမှု) ကြောင့်လူမှုပတ်ဝန်း၌မြောက်များစွာသောစာရိတ္တပျက်ပြားမှု၊ချို့ယွင်းမှုများကိုပြန့်ပွားနေစေပြီး၊ကိုယ်ခန္ဓာကိုပါရောဂါဝေဒနာမဖြစ်စေပါသလော?
ဤအထောက်အထားအတွက်ကြောင့်ပင်ဤမကောင်းမှုကိုပတ်ဝန်းကျင်နှင့်ဝေးဝေးထားကြလေသည်။၎င်းအကျဉ်းထောင် (မကောင်းမှု၊ကာမဆက်ဆံမှုအား) တံတိုင်းမြင့်များလေးဖက်လေးတန်ထူထောင်ပြီးဤမကောင်းဆိုးကျိုးအားနိသင်အားအိမ်ထောင်စု၊မိသားစုအတွင်းမရောက်လာကြစေရန်၊မကူးစက်လာစေရန်တားမြစ်နိုင်ပေသည်။
လူမှုအသိုင်းအ၀ိုင်း၏အရေးကြီးလိုအပ်မှုတစ်ခုအသွင်အဖြစ်ထိုမသန့်မကောင်းသည့်နေရာများကိုအ၀င်အထွက်ပြုခြင်းဖြင့် (ရုပ်နှင့်နာမ်) သာယာငြိမ်းမြေ့မှုဖြစ်စေနိုင်ပါသလား?
* * * * *
လူကြီးမင်း၏ လက်ဝယ် အတွင်းရှိ ဤကျမ်းငယ် နှင့် အတိတ်က ထုတ်ဝေလှူဒါန်းခဲ့သည့် ကျမ်းငယ်များ (စာအုပ်များ) သည် (အခမဲ့ ဓမ္မဒါန ) ဆိုပေမဲ့ ဘာသာပြန် ရေးသား ပြန်ဆိုမှု ၊ ပုံနှိပ်မှု၊ဝေငှလှူဒါန်းမှုစသည်တို့အတွက်အချိန်များ၊ငွေအသပြာ များနှင့်ကြိုးပမ်းအားထုတ်မှုများကို သုံးစွဲထားရပါသဖြင့် ကျွန်ုပ်တို့ (မူရင်းရေးသားသူများ ၊ဘာသာပြန်ဆိုသူ နှင့် အလှူရှင်များ ) အပေါ် ကိုယ်ချင်းစာတရား ထားပေးပြီး၊တန်ဖိုးထားအားပေး ကာ တတ်နိုင်သည့်နေရာမှ ဖေးမ ကူညီကြပါရန် ရိုသေလေးစားစွာ နှိုးဆော်အပ်ပါသည်။
အခန်းကဏ္ဍ(၄)
လူငယ်လူရွယ်တို့၏လက်နှင့်ခြေများကိုတုတ်နှောင်ထားသည့်သံကြိုးများ
ကျွန်ုပ်တို့ အိမ်ထောင်ပြုရမည့်သဘာဝအချိန်၊သင့်လျော် သည့် အချိန်ကုန်ဆုံးသွားသည်မှာအမှန်ပင်တည်း…သို့သော်လည်းကျွန်ုပ်တို့ သည်မည်ကဲ့သို့အိမ်ထောင်ပြုကြမည်နည်း…..
အမှန်တကယ်ယခုလက်ရှိအခြေအနေအရ
- ယခုအချိန်အထိကျွန်ုပ်တို့ကိုယ်ပိုင်အိမ်မရှိသေးချေ…..
- ယခုအချိန်အထိစီးစရာကိုယ်ပိုင်ယာဉ်မရှိသေးပေ…..
- ယခုအချိန်အထိဝင်ငွေကောင်းသည့်အလုပ်အကိုင်မရှိသေးချေ…..
- ယခုအချိန်အထိအိမ်ထောင်ပြု၍မင်္ဂလာဧည့်ခံပွဲအတွက်ကုန်ကျမည့် ကြီးမားသည့်ကုန်ကျစရိတ်လည်းမစုဆောင်းနိုင်သေးချေ…..
- ယခုအချိန်အထိကြီးကျယ်ခမ်းနားထည်ဝါပြီးကျက်သရေမင်္ဂလာရှိသည့်သင့်လျော်သည့်မင်္ဂလာခန်းမနေရာလည်းမရွေးရသေး…..
- ယခုအချိန်အထိ……………………. ယခုအချိန်အထိ………………………
ကျွန်ုပ်တို့အနေဖြင့်မိမိတို့၏သမီးများကိုမည်ကဲ့သို့အောင်မြင်အောင်စီစဉ်ကြမည်နည်း? အမှန်တကယ်အခြေအနေအရ……
လက်ရှိအချိန်အထိအတတ်ပညာကျွမ်းကျင်သည့်ယောက်ကျား (ခင်ပွန်း) ကောင်းတစ်ယောက် ၊ ၀င်ငွေကောင်းပြီး ၊သိက္ခာဂုဏ်ရှိသည့်အလုပ်ရှိသူ၊ကောင်းသည့်ရာထူးပိုင်ရှင်၊မျိုးကောင်းမျိုးသန့်ကောင်လေး၊ကောင်းသည့်ကိုယ်ခန္ဓာအချိုးအစားရှိသူ၊ကောင်းသည့်အိမ်ထောင်စုဝင်ရှိသူ၊……စသည်ဖြင့်ပိုင်ရှင်သည်သမီးကို လာမတောင်း သေးချေ။လာတောင်းသည့်လူငယ်တိုင်းလည်းယေဘုယျအားဖြင့်အထက် ဖော်ပြပါစည်းမျဉ်းစည်းကမ်းများမှတစ်ခု ၊နှစ်ခုသာပိုင်ဆိုင်သူများဖြစ်လေသည်။
ထို့အပြင်လက်ရှိအချိန်အထိအရေးကြီးမင်္ဂလာခန်းဝင်ပစ္စည်းများမစီစဉ်နိုင်သေးပေ။ပြီးနောက်အိမ်တွင်းပစ္စည်းများ၊ကော်ဇောအခင်း၊ဆိုဖာထိုင်ခုံ၊ရေခဲသေတ္တာ၊အ၀တ်လျှော်စက်၊စားသောက်စရာများအတွက်ဆိုက်စုံခွက်များ၊ပန်းကန်များ၊လျှပ်စစ်မီးပူ၊လျှပ်စစ်တံမြက်စီး၊အ၀တ်ချုပ်စက်စသည်ဖြင့်မရှိသေးပေ။နှစ်မျိုးလုံးသာရှိလေသည်။
အကယ်၍ကျွန်ုပ်တို့အနေဖြင့်မိမိတို့၏ဤအခြေအနေပင်သမီး များကို အိမ်ထောင်ချပေးမည်ဆိုလျှင်သိက္ခာချအရှက်ကွဲယုံသာအဖတ်တင်ပေမည်။
အိုမြတ်အလ္လာဟ်….. နောက်ဆုံးရလာဒ်အဖြေက…..
လက်ရှိပတ်ဝန်းကျင်အခြေအနေအသိုင်းအ၀ိုင်းကဤအရာများရှိဖို့(အရေးကြီးလိုအပ်ကြောင်း) ကျွန်ုပ်တို့ကိုချုပ်နှောင်လိုက်ချေပြီ။…..
ဤကဲ့သို့ကြီးမားလေးလံသည့် (လူလုပ်) စည်းမျဉ်းစည်းကမ်းများဒုက္ခသောကကြပ်တည်းမှုကိုဖြစ်စေသည့်စည်းမျဉ်းများကကျွန်ုပ်တို့ကိုအလွတ်မပေးချေ။ကျွန်ုပ်တို့ဘာလုပ်ကြရမည်နည်း……….?
ဤကဲ့သို့သော်နှလုံးသားကိုထိခိုက်မှု၊ (သို့မဟုတ်) မှန်ကန်သည်ထက်မှန်ကန်သောအကြောင်းပြချက်များနှင့်ဘနီအစ္စရာအီတို့၏အကြောင်းပြမှုများ သည် မြောက်များစွာသောလူငယ်လူရွယ်များ ၊ ကောင်လေး များ၊ကောင်မလေးများ၊အဖေများနှင့်အမေများကိုအိမ်ထောင်ပြုဖို့လှမ်းမည့်ခြေလှမ်းများတားမြစ်ပိတ်ပင်သလိုဖြစ်နေလေ၏။
အသိပညာဥာဏ်များကဆိုကြလေသည်…………
“ဘ၀ဟာအစိတ်အပိုင်းနှစ်ခုဖြစ်တည်ဆောက်ထားမှုမှအပမရှိချေ။ပထမအစိတ်အပိုင်းသည်ဒုတိယအစိတ်အပိုင်းအတွက်မျှော်လင့် ချက်ထားရသည့်ဘ၀ဖြစ်ပြီး၊ဒုတိယအစိတ်အပိုင်းသည်ပထမ အစိတ်အပိုင်းအတွက်နောင်တရ၊ယူကျုံးမရခံစားရသည့်ဘ၀ပင်ဖြစ်ပေသည်။ ”
အကယ်၍ (မျှော်လင့်ချက်) ဆိုသည့်စကား၏နေရာ၌ (အိမ်မက်စိတ်ကူး) ဟုအစားထိုးသုံးလျှင်ပို၍တောင်အဓိပ္ပာယ်ဆောင်ပြီးသားဖြစ်သွားနိုင်ချေသည်။ပြောရမည်ဆိုလျှင်…..
“ဘ၀၏ပထမတစ်ဝက် သည်ဒုတိယတစ်ဝက်အတွက်စိတ်ကူးယဉ်အိမ်မက်များဖြစ်ပြီးဘ၀၏ဒုတိယတစ်ဝက်သည်ပထမဘ၀တစ်ဝက် ဖြုန်းတီးလိုက်မှု အတွက် နောင်တ၊ယူကျိုး မရ ဖြစ်ရ သည့်ဘ၀ဖြစ် ပေသည်။ ”
ဤခေါင်းစဉ်အကြောင်းအရာအတွက်ထင်ရှားပြတ်သားသည့်နမူနာမှာဤကျွန်ုပ်တို့၏လူငယ်လူရွယ်အမြောက်အများ၏အိမ်ထောင်ပြုခြင်းကိစ္စပင်တည်း……….
၎င်းလူငယ်လူရွယ်များ၏အသက်တစ်ဝက်သည်အိမ်ထောင်ဖက်ကောင်းရဖို့ကြိုးပမ်းရမှုအတွက်အချိန်ဖြုန်းလိုက်ရပြီး၊ကျန်တစ်ဝက်မှာပထမအသက်တစ်ဝက်၏လုပ်ရပ်များအပေါ်နောင်တရခြင်းဖြင့်ကုန်ဆုံးစေရခြင်းဖြစ်ပေသည်။
မည်သို့ဆိုစေ………ဤကဲ့သို့သောလူငယ်လူရွယ်များနှင့်၎င်းတို့၏မိဘနှစ်ပါးတို့အားမလွဲမသွေ၊မပြောမဖြစ်စကား တစ်ခု ပြောပါစေ….
ဤကဲ့သို့သောလွဲမှား၊မှားယွင်းသည့်စည်းမျဉ်းစည်းကမ်းများ၊သတ်မှတ်ချက်များ၊သောက၊ဒုက္ခရောက်စရာများကိုခင်ဗျားတို့ကိုယ်တိုင်မှအပမည်သူမျှလုပ်ထား၊ဖန်တီးထားခြင်းမဟုတ်ချေ။…………..
အသင်တို့ကိုယ်တိုင်အနေဖြင့်အိမ်ထောင်ပြုခြင်းကိုအခေါင်းပေါက်တစ်ခုဆောင်သည့်ဆိုလိုချက်၊၁၀၀ရာခိုင်နှုန်းအိမ်မက်အတွေးအဖြစ်အဓိပ္ပာယ်ဖော်ခဲ့ကြလေသည်။
စိတ်ကူးယဉ်အိမ်မက်၊အတုအယောင်ပျော်ရွှင် ကြည်နူးမှုအောင်မြင်မှုဘ၀အတွက်စစ်မှန်သည့်အောင်မြင်မှုဘ၀၊ပျော်ရွှင်ကြည်နူးမှုဘ၀အစစ်အမှန်ကိုလဲလိုက်ကြပေသည်။
စိတ်ချ၊ယုံကြည်လိုက်ပါလေ……….
ဤမိမိဘ၀အောင်မြင်ဖို့အတွက် (စိတ်ကူးစိတ်သန်း) ဖြင့်ကိုယ်တိုင်ရေးဆွဲထားမှုများအစီအစဉ်များသည်အသင်တို့အားလုံးဝဥဿုန်အောင်မြင်မှုဘ၀သို့ပို့ပေးနိုင်လိမ့်မည်မဟုတ်ချေ။
စမ်းသပ်မှုအားလုံးနှင့်အတွေ့အကြုံများအားလုံးသည်လည်းဤအမှန်တရားကိုထောက်ခံသက်သေထွက်ဆိုထားပြီးဖြစ်လေသည်။
ဤကဲ့သို့သောမျက်လုံးများ၏မကောင်းမြင်မှု၊တစ်ဦးဦး၏မျက်ကန်းသက္က်လီး၌၊အရေးမကြီးသည်ကိုအရေးကြီးသည်ဟုပြုလုပ်(ပြောဆို)မှု၊ဤသို့သောစစ်မှန်သည့်ဘ၀တွင်လမ်းလွဲလမ်းမှားအမြင်များနှင့်ဤကဲ့သို့သောမပြည့်နိုင်၊မတင်းတိမ်နိုင်သည့်လိုအင်ဆန္ဒများ၊အိမ်မက်တု၊စိတ်ကူးယဉ်တုများ၊ဤနေရာများအားလုံးသည်အသင်တို့၏ခြေနှင့်လက်တို့ကိုတုတ်နှောင်ထားသည့်လေးလံသောသံကြိုးများပင်ဖြစ်ပေသည်။
ဤ နေရာများသည်အသင်တို့အားလူငယ်လူရွယ်တစ်ဦးအတွက်အရေးအကြီးတကာ့အရေးအကြီးဆုံးအလုပ်အားမလုပ်နိုင်ရန်ဟန့်တားသည့်အရာများပင်တည်း။…………..
ချစ်ခင်လေးစားရပါသောလူငယ်လူရွယ်များနှင့်မိဘများခင်ဗျား …..
အကယ်၍အသင်တို့အနေဖြင့်အစီအစဉ်အနည်းငယ်လေး ၊သတ္တိ (ဇွဲ၊လုံ့လ) ကိုအသုံးပြုပြီး၍သံကြိုးများဖြစ်သည့်လမ်းလွဲလမ်းမှားမှုများအထင်အမြင် နှင့်စိတ်ကူးယဉ်အိမ်မက်များကိုဖျက်ပါ။ဤ မဟုတ်မမှန် သည့်ဓလေ့ဆိုးဆိုသည့်ရုပ်တုများကိုဖြိုပါ။
(ဤကဲ့သို့ပြုခဲ့မည်ဆိုလျှင်) အသင်တို့အနေဖြင့်အတိုင်းမသိသည့်နာမ်ပိုင်းဆိုင်ရာလွတ်မြောက်မှု၊လွတ်လပ်မှုနှင့်ချမ်းမြေ့မှုကိုခံစားရပေလိမ့်မည်။အောင်မြင်သည့်ဘ၀ပိုင်ရှင်များနှင့်ကံကောင်း၊ကံထူးသူများဖြစ်သွားကြပေလိမ့်မည်။
အမှန်ဆိုလျှင်….. အသင်တို့ အနေဖြင့်လူငယ်လူရွယ်စဖြစ်သည့်အရွယ်မှစပြီးအိမ်နှင့်ဘ၀အတွက်လိုအပ်သည့်အရာမှန်သမျှကိုအဆင်သင့်ရှိနေသည့်သူကိုတွေ့ဖူးပါသလော? အသင်တို့ကိုယ်တိုင်နှင့်ဇနီးများကိုကောဤကဲ့သို့အဖြစ်နှင့်တွေ့ခဲ့ဖူးပါသလော?
တွေ့ဖူးသူတိုင်းယေဘုယျအားဖြင့်“သုည ”ကနေစခဲ့ရသူများပင်ဖြစ်ပေသည်။ဆွေစဉ်မျိုးဆက်ချမ်းသာကြွယ်ဝသူများ၊သူဌေးအမျိုးအနွယ်များ၊ငွေများကိုအလကား စစ်ပွဲများမှရလာသူများကိုသာလျှင်တစ်ခါ တစ်လေ“သုည ”ကနေမစရကြောင်းတွေ့နိုင်ပေသည်။
သို့သော်ဤ ကဲ့သို့သောပုဂ္ဂိုလ်များ ကိုယ်တိုင်ယေဘုယျအားဖြင့်ကိုယ်တိုင် ကြိုးပမ်းမှုဖြင့်ငွေကြေး၊ချမ်းသာကြွယ်ဝသူများ၊မဟုတ်ကြသဖြင့်ကံကောင်း သည်ဖြစ်စေ၊ကံဆိုး သည်ဖြစ်စေဤ စွမ်းအား၊စည်းစိမ်များကိုထိန်းသိမ်း စောင့်ရှောက်နိုင်ကြ လိမ့်မည်မဟုတ်ချေ။
အလုပ်များကိုလွယ်လွယ်ကူကူလုပ်ပါ။ထိုနည်းတူစွာမင်္ဂလာဆောင်ရန်၊အိမ်ထောင်ပြုရန် အတွက်အသိဥာဏ်၊ဦးနှောက်ရှိရှိရိုးရိုး စည်းမျဉ်းစည်းကမ်းများသာထားရှိဖန်တီးကြပြီး၊ဖြစ်မြောက်လာရန်ကြိုးပမ်းအားထုတ်ကြပါလေ။
ကျွန်ုပ်၏ယုံကြည်ချက်အရဆိုလျှင်အိမ်ထောင်ပြုခြင်း၊လက်ထပ်ထိမ်းမြားခြင်းသည်ရိုးရိုးအေးအေးနှင့်အစီအစဉ်အများ အပြားဆွဲရန်မလိုဘဲဖြစ်နိုင်ပါသည်။အကယ်၍မအံ့သြဘူးဆိုလျှင်ပင်….. ယုတ်စွအဆုံးပညာသင် ဘ၀၌ ပင်အိမ်ထောင်သည် ဘ၀ဖြင့်လုံးဝဘ၀ တည်ဆောက် နိုင်ပေသည်။ တခုခုတော့ရှိပေသည်။သတို့သားဖက်သတို့သမီးဖက်နှစ်ဦးနှစ်ဖက်မှအိမ်ထောင်ပြုခြင်း၏ဆိုလိုချက်အဓိပ္ပာယ်ကိုမှန်မှန်ကန်ကန်သိဖို့ရန်လိုအပ်ပေသည်။ထိုနည်းတူစွာကမ္ဘာ့အဖန်ဆင်းခံအရာများသည်လည်းတဆင့်ပြီးတဆင့်တက်လာသည်ဖြစ်ရာကောင်းမြတ် သည့်ဘ၀အတွက်လိုအပ်သည့်စည်းမျဉ်းစည်းကမ်းများ သည် လည်းတဖြည်းဖြည်းချင်းဖြစ်လာမည်ဟုနှလုံးသွင်းထားဖို့လိုပေသည်။ပြီးနောက်လိုအင်ဆန္ဒများသည်လည်းအမြဲတစေ (မိမိတို့၏) အင်အားနှင့်အညီအမျှဖြစ်ဖို့မလွဲမသွေလိုအပ်ပေသည်။
အယောင်အဆောင်များ၊စိတ်ကူးယဉ်အိမ်မက်များ၊မလိုအပ်သည့်အစီအစဉ်များကိုအကောင်အထည်ဖော်ရန်ကြိုးပမ်းနေကြသည့်လူငယ်လူရွယ်များသည်တစ်နည်းအားဖြင့်အိမ်ထောင်ပြုခြင်း၏အရေးကြီးမှု၊အရေးပါမှုနှင့် ပင်မအရင်းအမြစ်ရည်ရွယ်ချက်ကိုမေ့လျော့ သွားကြ လေ သည်။
(အိမ်ထောင်ပြုခြင်း၏ရည်ရွယ်ချက်မှန်မှာ) “မနုဿပုထုဇဉ်လူသားနှစ်ဦး”အနေဖြင့်တစ်ဦးနှင့်တစ်ဦးကိုနားလည်သဘောပေါက်ပေးနိုင်ကြပြီး၊ဘ၀၏စစ်မှန်သည့်အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုနားလည်သဘောပေါက်၍ဤအပေါ်အခြေခံပြီးအချစ်မေတ္တာကြိုးကိုချည်နှောင်ကြခြင်းဖြစ်ပေသည်။
အကယ်၍ဤအဓိက၊ပင်မအရင်းအမြစ်ဖြစ်သည့်အစိတ်အပိုင်းနှစ်ခု၊တစ်နည်းအားဖြင့်မနုဿပုထုဇဉ်လူသားနှစ်ဦး (သတို့သားနှင့်သတို့သမီး (သို့) ခင်ပွန်းနှင့်ဇနီး) အနေဖြင့်မှန်မှန်ကန်ကန်နည်းဖြင့်တစ်ဦးကိုတစ်ဦး၊တစ်ယောက်ကိုတစ်ယောက်သိရှိနားလည်ကြလျှင်ကျန်အရာများအားလုံးသည် (ဘာမှ) မဟုတ်တော့ချေ။အကယ်၍တစ်ဦးနှင့်တစ်ဦးနည်းလည်သဘောပေါက်ပေးရမည်မဟုတ်လျှင်ကျန်ကိစ္စများတွင်လည်းလုံးဝအဆင်ပြေချောမော၊သာယာမည်မဟုတ်သည်မှာဧကန်မလွဲပင်ဖြစ်ပါသည်။
ဤအထောက်အထားကိုအခြေပြုပြီးကျွန်ုပ်တို့၏ကြီးကျယ် မြင့်မြတ်သည့်ဖေရ်ကာ(မဇ်ဟဗ်) (ရှီအာအေမမ်မီယာ) ၏ဥပဒေများအရစစ်မှန်သောလက်ထပ်မှု၊ထိမ်းမြာ်းမှုအတွက်အသိဥာဏ်ရှိပြီးအရွယ်ရောက်ပြီးသည့်လူသားနှစ်ဦး (ယောင်္ကျားနှင့်မိန်းမ) ၏အပြန်အလှန်နားလည်သဘောပေါက်ပေးမှုဆိုသည့်စည်းမျဉ်းမှအပအခြားအရာများကိုစည်းမျဉ်းအဖြစ်မသတ်မှတ်ထားချေ။
သို့သော် (၀မ်းနည်းစရာပင်တည်း…..) ဤမျှ ရိုးရှင်းလွယ်ကူသည့်ကိစ္စသည်မည်သည့်အဖြစ်သို့ရောက်နေပေသနည်း? ! ….. ကိုမျက်မြင်အတွေ့ပင်ဖြစ်ပါသည်။
အရေးကြီးသည့်ပွိုင့်
သာသနာ့ပညာသင်ကျောင်းသားများ (အီရန်နိုင်ငံသားအများစု) ၏အလွန်တရားရိုးရှင်းရိုးအေးသည့်ဘ၀တည်ဆောက်မှုသည်ယနေ့ခေတ်လူငယ်လူရွယ်များအတွက်လက်တွေ့အတုယူဖွယ်စံနမူနာတစ်ခုဖြစ်ပေသည်။ (အသေးစိတ်ဂရုပြုသင့်ပေသည်။)
(အီရန်ရှိ) ဟောင်ဇာယေအေလ်မီယေတွင်ပညာသင်ယူဆည်းပူးနေသောသာသနာ့ကျောင်းသား၉၉ရာခိုင်နှုန်းသည်ပညာသင်ယူနေစဉ်ကာလအတွင်း၌ပင်လက်ထပ်ထိမ်းမြားမှုကိုပြုကြလေသည်။
အမှန် တကယ်ဆိုလျှင်ဟောင်ဇာယေအေလ်မီယေများရှိသင်ရိုးညွှန်းတမ်းများသည်လုံးဝခက်ခဲလှပေသည်။တစ်ချိန်လုံး၊အချိန်ပေးကြိုးပမ်းမှုတွင်နှစ်မြုပ်ရလေသည်။
အကြောင်းမှာဤပတ်ဝန်းကျင်အသိုင်းအ၀ိုင်း (မောင်လာနာများအကြား) ဘ၀၏အခြေခံအုတ်မြစ်မှာအေလ်ဟာမ်နှင့်အစ္စလာမ်သာသနာတော်၏အမိန့်ဥပဒေသများနှင့်ညီသည့်“ဘ၀ရိုး”လေးဖြစ်နေသည့်အတွက်ကြောင့်ပင်တည်း။
၎င်းမောင်လာနာများ (သာသနာ့ကျောင်းသားများ) ကိုဘိုက်သွလ်မာလ်မှအနည်းအကျဉ်းအသုံးစရိတ် (ထောက်ပံ့ကြေး) အဖြစ် (သက်ဆိုင်ရာများဖက်မှ) ပေးကြလေသည်။အချို့မောင်လာနာများ (သာသနာ့ကျောင်းသားများ) ဆိုလျှင်လယ်ယာစိုက်ပျိုးလုပ်ငန်းလုပ်ခြင်းနှင့်သာမန်ဝင်ငွေရမည့်အလုပ်လေးလုပ်ခြင်း၊တစ်ချို့ဆိုလျှင်နွေရာသီကျောင်းပိတ်ရက်များတွင်အလုပ်လေးလုပ်ခြင်းဖြင့်၎င်း၊သို့မဟုတ်ဤကဲ့သို့သောအလုပ်များဖြင့်မိမိတို့၏ဘ၀ကိုပညာသင်ကြားနေရင်းအလွန်တရာသန့်စင်၊သန့်ပြန့်စွာ၊ရိုးရှင်းစွာဖြင့်တည်ဆောက်ကြလေသည်။
ဤ (သာသနာ့ကျောင်းသားများ) သည်ရလာဒ်ဆိုးများကိုဖြစ်စေသည့်လူပျိုလူလွတ်ဘ၀ဖြစ်( အချိန်တန်လျှင်လည်း) အိမ်ထောင်မပြုပဲနေခြင်းကိုမပြုကြပေ။ဤအတွက်ကြောင့်၎င်းတို့သည်ငြိမ်းချမ်းသာယာမှု၊အေးဆေးမှု၊ကံကောင်းမှုများကိုအပြည့်အ၀ခံစားနိုင်ကြပေလေသည်။
“အလုပ် မလုပ်ချင်ရင်အီရန်သွား၊စီးပွားမရှာတတ်လျှင်အီရန် သွားဆိုသည့် အချို့ မောင်လာနာများ နှင့်အဆင်မပြေသူများပြောသည့်စကား သည်ရယ်စရာဖြစ်သွားလေသည်။အချို့မောင်လာနာများအနေဖြင့် လည်းဂျမာအတ်များ ဤ ကဲ့သို့မထင်ကြအောင်အမြင်မမှားရအောင်သတိဖြင့်သာသနာ့အကျိုးများဆောင်၍နေပြရပေမည်။ ”ဘာသာပြန်ဆိုသူ
* * * *
အခန်းကဏ္ဍ(၅)
အိမ်ထောင်သည်ဘ၀အတွက်အဟန့်အတားကြီး (၇) ခု
* မြောက်များစွာသော“မကောင်းသည့်ရှောင်ကြဉ်ရမည့်ကိစ္စများ”ကိုကျွန်ုပ်တို့အနေဖြင့်ဘ၀ဟုအမည် (လှလှလေး) တပ်ကြပေသည်။အမှန်တကယ်ကျွန်ုပ်တို့ကိုယ်တိုင်ဖန်တီးထားသည့် Logic နှင့်ဆန့်ကျင်နေသောအလုပ်များ၊ကိစ္စများဖြစ်နေပြီးယေဘုယျသဘောအရရှောင်ကြဉ်ရှောင်ရှားရမည့်ကိစ္စများ၊လုပ်ရပ်များဖြစ်ပေသည်။
* မြောက်များစွာသောအခက်အခဲ၊ဒုက္ခများကိုကျွန်ုပ်တို့၏ဖူးစာကံကြောင့်ဖြစ်ရသည်ဟုထင်နေကြလေသည်။အမှန်တကယ်ဤ ကဲ့သို့သောသောကဒုက္ခအခက်အခဲဆိုသည့်သံကြိုးများကိုကျွန်ုပ်တို့၏လက်ဖြင့်ကိုယ်တိုင်ပြုလုပ်ခဲ့ကြခြင်းဖြစ်လေသည်။
( မြန်မာစကားအရဒုက္ခကိုဒုက္ခခံပြီးရှာခဲ့သည်ဟုဆိုနိုင်လေသည်။) ဘာသာပြန်ဆိုသူ
* ကျွန်ုပ်တို့၏ဘ၀၌မြောက်များစွာသောဒုက္ခအခက်အခဲအကြပ်အတည်းများသည်ကျွန်ုပ်တို့၏စောဒကတက်မှုများ၊အကြောင်းပြချက်များခေါင်းမာမှုများ၊လက်ခံသင့်သည်ကိုလက်မခံမှုများတို့၏ရလာဒ်ကြောင့်ပေါ်ပေါက်လာရခြင်းဖြစ်လေသည်။ကျွနု်ပ်တို့အနေဖြင့်ဒုက္ခအခက်အခဲများ၊ပြဿနာများအဖြစ်သတ်မှတ်ကြလေသည်။အမှန်တကယ်အခက်အခဲအကြပ်အတည်းအစစ်များမဟုတ်ကြချေ။
အီရန်နိုင်ငံ ဖြစ်ရပ်မှန်များထဲမှမင်းသားဖြစ်သည့်“ရိုစ်သမ်”နှင့်ပတ်သက်ပြီးပြောကြလေသည်။နိုင်ငံတော်၏အချို့အစိတ်အပိုင်းကိုသိမ်းပိုက်အောင်မြင် လိုလားပေ သည်။ထိုအချိန်အခါထိမည်သူတစ်ဦးတစ်ယောက်မှထိုနေရာအစိတ်အပိုင်းများကိုမသိမ်းပိုက်နိုင်သေးချေ။
၎င်းမင်းသားအနေဖြင့် (ဤလုပ်ရပ်ကိုအောင်မြင်ပြီးထိုနေရာအထိရောက်နိုင်ဖို့) မိမိ၏လမ်း၌တစ်ခုထက်တစ်ခုပိုကြီးပြီးကြောက်စရာကောင်းသည့်“အဟန့်အတားကြီး (၇) ခု”ကိုဖြတ်ကျော်ရမည်ဖြစ်ပေသည်။
(ထိုအဟန့်အတားကြီး (၇) ခုများမှ) တစ်ခါတစ်လေ“တံတိုင်းဖြူ”အသွင်၊တစ်ခါတစ်ရံသရဲတစ္ဆေခေါင်းများနှင့်နဂါးများ၊ရံဖန်ရံခါအန္တရာယ်ကြီးသည့်မှော်ဆရာ၊အောက်လမ်းဆရာများနှင့်ရင်ဆိုင်ရလေသည်။
နောက်ဆုံးမိမိ၏သတ္တိ၊ဗျတ္တိ၊ကျွမ်းကျင်မှုနှင့်အတုမရှိပြိုင်ဖက်မရှိရဲစွမ်းသတ္တိတို့ကြောင့်အားလုံးကိုကျော်လွှားနိုင်ပြီးအဟန့်အတားကြီး (၇) ခုလုံးကိုကျော်လွှား၍အောင်မြင်မှုကိုဆွတ်ခူးနိုင်ခဲ့လေသည်။ဤအကြောင်းအရာကိုအီရန်နိုင်ငံနှင့် (ကမ္ဘာကျော်) ကဗျာဆရာကြီးဖေရ်ဒူစီမှကဗျာအဖြစ်သီဆိုပြီးလှလှပပသရုပ်ဖော်ခဲ့လေသည်။
ဤ“ဖြစ်ရပ်မှန်”သည်ဘ၀တွင်ရောက်ရှိလာမည့်အခက်အခဲအကြပ်အတည်း၊ဒုက္ခများ၏အစုလိုက်အပုံလိုက်ကိုကဗျာပညာဖြင့်သရုပ်ဖော်၊ပုံသွင်းထားပေသည်။ဒုက္ခအခက်အခဲများပြားခြင်းသည်အောင်မြင်မှု၏လမ်းများကိုပြသနေပြီး၊အခက်အခဲများကိုကျော်လွှား၊ဖြတ်ကျော်ရမည့်ဖက်သို့လမ်းညွှန်ပြနေလေသည်။ယနေ့လက်ရှိမျက်မှောက်ခေတ်ကာလရှိအိမ်ထောင်ပြုရေး၊မင်္ဂလာဆောင်နှင်းခြင်းနှင့်၎င်း၏အခက်အခဲများကိစ္စသည်လည်း“ရိုစ်သမ်”အနေဖြင့်အခက်အခဲကြီးအဟန့်အတားကြီး (၇) ခုကိုကျော်လွှားရသလောက်၊ဖြတ်ကျော်ရသလောက်မခက်ခဲချေ။မခဲယဉ်းပေ။
လူငယ်လူရွယ်များအားလုံး၌“ရိုစ်သမ်”ကဲ့သို့ရဲစွမ်းသတ္တိ၊အင်အားအဟန့်အတားကြီး(၇)ခုကိုကျော်လွှား၊ဖြတ်ကျော်နိုင်စွမ်းပင်၊ မရှိနေပါစေ (သို့မဟုတ်) ဤ ကဲ့သို့ရှိရမည်လုံးဝအစီအစဉ်မဆွဲထားလျှင်လည်းနေပါစေ (အိမ်ထောင်ပြုဖို့အခက်အခဲများကိုကျော်လွှားနိုင်ပါသည်။)
ကျွန်ုပ်အနေဖြင့်လည်းလူမှုရေးကိစ္စများ၊ထိုကိစ္စကဲ့သို့သောကိစ္စများသည်အနည်းနှင့်အများဆိုသလိုမိမိတို့၏အခြေအနေအမှန်၊အခြေအနေအစစ်၊သဘာဝနေရာမှအပြင်ထွက်သွားကြောင်းတင်ပြရေးသားထားပြီးဖြစ်ပါသည်။ဤသို့ထွက်သွားခြင်းကြောင့်ဒုက္ခနှင့်ဆုံးရှုံးမှုများ၊အခက်အခဲ၊သောကဒုက္ခများကိုသာပေးသည့်အသွင်ဆောင်သွားလေတော့သည်။
လူငယ်လူရွယ်များ၊အဖေများ၊အမေများတို့အများစု၏ ညည်းတွားညည်းညူသံများ၊တိုင်တန်းသံများမှမင်္ဂလာဆောင်ဖို့စရိတ်စကကြီးသည်ဟုအချက်ပင်တည်း။
အမှန်တကယ်ဤပြဿနာကိစ္စ၏အခြေနှင့်ပင်ရင်းအမြစ်ဖြစ်သည့်ရိုးရှင်းမှု၊သန့်ပြန့်၊သန့်စင်မှုကိုသာစဉ်းစားသင့်ပေသည်။ကံဆိုး မိုးမှောင်ကျမှု များ၊အခက်အခဲအကြပ် အတည်းများ အားလုံး ကို ထည့်ပြီး မစဉ်းစားသင့်ချေ။(မလိုချေ။)(လက်ရှိ အခြေအနေ အရ)အိမ်ထောင် ပြုရေး ကိစ္စ အတွက်စည်းမျဉ်း၊စည်းကမ်းများသည်မြောက်များစွာသော (လူငယ်လူရွယ်များ) အဖို့ရွှေတွင်းမှရွှေဖော်ရသကဲ့သို့ဖြစ်နေလေသည်။မည်မျှအထိအပိုများ၊အခြားမဆိုင်သည့်ပစ္စည်းများရောနှောသွားသည့်ဆိုလိုလျှင်အပင်ပန်း၊အဆင်းရဲဒုက္ခခံပြီး“ရွှေ”ဖော်လျှင်တောင်အကျိုး အမြတ်မရှိတော့ချေ။
ဤကဲ့သို့ရောထွေး၊ရောနှောနေခြင်းကိုအိမ်ထောင်ပြုခြင်း၌သာဓကအဖြစ်ပြနိုင်ပေသည်။မသင့်တော်မလျောက်ပတ်မှုများ၊အယောင်ဆောင်ထည်ဝါခမ်းနားမှုများ၊မှားယွင်းနေသည့်ဓလေ့ထုံးတမ်းများ၊တဏှာနှင့်လိုအင်ဆန္ဒနောက်လိုက်မှုများ၊ဂုဏ်လိုချင်မှုများ၊စိတ်ကူးယဉ်ဂုဏ်ထူးရာထူးများ (စသည်ဖြင့်) ရောနှောနေလေသည်။
အိမ်ထောင်ပြုခြင်း၊မင်္ဂလာဆောင်နှင်းခြင်းသည်ဤမျှအခက်အခဲ၊အကြပ်အတည်းအစုလိုက်အပုံလိုက်၏၀ိုင်းရံပိတ်ဆို့ထားမှုကြောင့်မိမိ၏ပကတိ၊နဂိုမူလအခြေအနေကိုလုံးဝလက်လွှတ်လိုက်ရလေသည်။“တောရိုင်းလူဝံသူရဲ၊ကြောက်စရာလန့်စရာအကောင်တစ်ကောင်”ပမာအသွင်ဆာင်သွားလေပြီ။၎င်းနှင့်ရင်ဆိုင်ဖို့လူငယ်လူရွယ်တိုင်းနှင့်မဖြစ်နိုင်တော့သည့်အခြေအနေဖြစ်သွားလေပြီ။
မကောင်းတကာမကောင်းဆုံးအခြေအနေမှာဤမဟုတ်မမှန်မှု၊အဓိပ္ပာယ်မဲ့ မှုတွေနှင့်ချည်နှောင်ထားသည့်မိစ္ဆာကောင် ကဲ့သို့သောအိမ်ထောင် ပြုခြင်းကိုသတ္တိရှိရှိနှင့်ရင်ဆိုင်နိုင်သူနည်းနေခြင်းဖြစ်ပေသည်။
ဤ တိုက်ပွဲ၌စာတတ် ပေတတ် ပုဂ္ဂိုလ်များဟာစာမတတ်ပေမတတ်ပုဂ္ဂိုလ်များထက်ပိုပြီးဆိုးရွားနေသည်ကိုတွေ့နိုင်ပါသည်။ထို့ပြင်ယခုခေတ်ကလူများသည်အရင်ခေတ်ကလူများလောက်တိုက်ပွဲဝင်ဖို့၊တော်လှန်ဖို့စွမ်းအားမရှိတော့ချေ။
မြောက်များစွာသောပုဂ္ဂိုလ်များသည်မိမိတို့၏အမှားအယွင်း၊အထောက်အထားကိုတင်ပြပြီးပျော်ရွှင်နေကြလေသည်။၎င်းတို့မှားယွင်းသည့်သက်သေကတော့“မနုဿလူသားအနေဖြင့်တစ်သက်မှာဘယ်နှစ်ကြိမ်များလက်ထပ်ရလို့လဲ၊ရိုးရိုးရှင်းရှင်းလေးလုပ်ရအောင်? ငါတို့ကိုမိမိတို့၏ဘ၀၊နောက်ဆုံးလိုအင်ဆန္ဒများ၊တပ်မက်မှုများအတိုင်းလက်တွေ့အကောင်အထည်ဖော်နိုင်အောင်လွတ်ပေးပါအုန်း…..”
၎င်းတို့အနေဖြင့်ဤ မှားယွင်း၊ချွတ်ချော်နေသည့်အထောက် အထားသက်သေများကြောင့်လူငယ်လူရွယ်များအားလုံး၏အောင်မြင်မှုနှင့် ကံကောင်းမှုလမ်းတွင်ယုတ်စွသက်သေထူသူများအတွင်းပင်အဟန့်အတားကြီး၊ပိတ်ဆို့မှုကြီးဖြစ်နေကြောင်းမေ့လျော့နေကြပေသည်။
လူငယ်လူရွယ်များကိုမလွဲမသွေမိမိတို့၏ရဲစွမ်းသတ္တိ၊ဗျတ္တိတို့ဖြင့်“ရိုစ်သမ်”မင်းသားအတိုင်းအဟန့်အတားကြီး (၇)ခုကိုကျော်လွှားခဲ့သလိုဤပြဿနာဆိုးကြီး၊အရှုပ်ထုပ်ကြီးကိုလည်းရင်ဆိုင်ဖြေရှင်းရဲရပေမည်။“ရိုစ်သမ်”မင်းသားမှော်ပညာ၊အောက်လမ်းဆရာများပညာပြကွက်များကိုကျော်လွှား သကဲ့သို့ကျော်လွှားပြရပေမည်။
အသင်တို့အနေဖြင့်အံ့သြဖို့မလိုချေ။ဤလမ်း၌လည်း“ရိုစ်သမ်”မင်းသား၏လမ်း၌အဟန့်အတားကြီး (၇)ခုပမာအဟန့်အတားကြီး(၇)ခုရှိပေသည်။၎င်း(၇)ခုမှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။အဆုံးမသတ်နိုင်သည့်မျှော်လင့်ချက်နှင့်အိမ်မက်များ
ကောင်မလေး များ ဖက်မှကောင်လေးများအပေါ်၊ကောင်လေး များဖက်မှ ကောင်မ လေးများအပေါ်၊နှစ်ဦးနှစ်ဖက်သောမိဘများ ဖက်မှ ဖြစ်လေသည်။
၂။မလိုလားအပ်သည့်အခက်အခဲများဖြစ်ပေါ်လာခြင်း
မြောက်များစွာသောမိဘများ၊လူမျိုးအသိုင်းအ၀ိုင်း၊မိသားစုဝင်များနှင့်သူငယ်ချင်းမိတ်ဆွေသင်္ဂဟများကြောင့်ပေါ်ပေါက်ရလေသည်။
၃။ခါးကိုကျိုးစေသည့်မဟာငွေများတင်ရခြင်း
၎။မလိုအပ်သည့်အစီအစဉ်များ
ထောင်ပေါင်းများစွာသောမင်္ဂလာပွဲမပြီးမည် (ရှေ့ပြေးများအသွင်) ပြီးနောက် (ပိတ်ပွဲများအသွင်) ပြုလုပ်ကြလေသည်။ဤအစီအစဉ်များသည်အန္တရာယ်ရှိပြီးမကောင်းသည့်အရာများဖြစ်ချေသည်။
၅။နှစ်ဦးနှစ်ဖက်နှင့်နှစ်ဖက်မိသားစုများအတွဲမညီ၊အဆင့်အတန်းမတူဟုဆိုသည့်မလိုအပ်သည့်စောဒကတက်မှုများ
၆။တဏှာအချစ်မီးတောက်
ထိန်းချုပ်ထိန်းသိမ်းလို့မရသည့်၊စာရင်းအင်းမရှိသည့်တဏှာအချစ် မီးတောက်ဖြစ်ပေသည်။
၇။စည်းကျော်၍သံသယဖြစ်ခြင်း
(သတို့သားနှင့်သတို့သမီး) နှစ်ဦးနှစ်ဖက်တစ်ဦးနှင့်တစ်ဦးအပြန် အလှန်အယုံအကြည်နှင့်အီမာန်မရှိကြခြင်းနှင့်သံသယ၊သစ္စာမရှိမှုဖြစ်ခြင်းတို့ဖြစ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့်ဤအဟန့်အတားကြီး(၇)ခုကိုစဉ်းစားလေ့လာသုံးသပ်ကြည့်မည်ဆိုလျှင်မြောက်များစွာသောအခက်အခဲ၊အကြပ်အတည်းများသည်လက်ထပ်ထိမ်းမြားမှု၏ကိစ္စနှင့်မဆက်နွယ်ဘဲ၊အပိုကိစ္စများ၊မလိုလားအပ်မှုကိစ္စများနှင့်သာဆက်နွယ်နေလေသည်။
သာဓကသက်သေအဖြစ်တင်ပြရမည်ဆိုလျှင်…..
“အဆင့်အတန်းတူခြင်း”ကိစ္စဖြစ်ပေသည်။ပညာရပ်ဆိုင်ရာဝေါဟာရအရပြောရမည်ဆိုလျှင်“အတွဲညီခြင်း၊စုံတွဲလိုက်ဖက်ခြင်း”ဖြစ်ပါသည်။
(ဤကိစ္စသည်ဆွေးနွေးတင်ပြဖို့သင့်ပေသည်။) ဤအကြောင်းအရာကိစ္စသည်မင်္ဂလာဆောင်နှင်းဖို့၊အိမ်ထောင်ပြုဖို့အလွန်ကြီးမားသည့်အဟန့်အတားဟု“လူထုအမြောက်အများ”ထင်နေကြလေသည်။အမှန်တကယ် (လူများ၏) ပြောင်းလဲလိုက်မှုသာဖြစ်ချေသည်။အစစ်အမှန် ဤကဲ့သို့မဟုတ်ချေ။
လူငယ်လူရွယ်တစ်ယောက်မိမိကိုယ်တိုင် ရေနံဆိုင်ရာအင်ဂျင်နီယာ ဟုကျွန်တော်(မူရင်းကျမ်းရှင်) ကိုမိတ်ဆက်ပေးလေသည်။၎င်းပြောပြချက်အရလစာကောင်းလေသည်။ယေဘုယျအားဖြင့်အသက်(၃၀) ခန့်ပြည့်နေလေပြီး။သို့သော်ယခုအချိန်အထိအိမ်ထောင်မပြုနိုင်သေးချေ။တိုင်တည်မှုများ၊ညည်းညူမှုများလုပ်နေလေ၏။
၎င်းအနေဖြင့်ကျွန်တော်ကိုပြောလေ၏ကျွန်တော်အတွက်ဇနီး (လောင်း)ကိုအိမ်တိုင်း၊အိမ်တိုင်း၊မိသားစုတိုင်းမှရွေးချယ်ဖို့မဖြစ်နိုင်ချေ။မလွဲမသွေဂုဏ်သိက္ခာရှိပြီး၊ရိုသေလေးစားထိုက်သည့်၊အဆင့်အတန်းတူသည့်မိသားစုတစ်ခုမှ“ဇနီးလောင်း”လိုက်ရှာရလေသည်။
ဒါပေမဲ့….. ဤ ကဲ့သို့သောအိမ်ထောင်စုဝင်အားတွေ့လို့သွားလျှင်လည်းအိမ်ထောင်ပြုဖို့၊မင်္ဂလာဆောင်နှင်းဖို့စကားစတင်သည်နှင့်တပြိုင်နက်မင်္ဂလာဆောင်နှင်းဖို့အတွက်စည်းမျဉ်း၊စည်းကမ်းချက်များ၊ကုန်ကျစရိတ်များ၏ စာရင်းကိုကွန်ပျူတာဦးနှောက်ပိုင်ရှင် မှအပမည်သူမျှမရေတွက်နိုင်ကြချေ။….. !
ကျွန်တော် (မူရင်းကျမ်းရှင်) မှ၎င်းလူငယ်လူရွယ်အားပြောလေသည်။မောင်ရင်အမြင်မှာ“ရိုသေလေးစားထိုက်သူ၊ဂုဏ်သရေ၊သိက္ခာရှိသူ”ဆိုသည်မှာအဘယ်နည်း ? …..
ဘာလဲစာတတ်၊ပေတတ်၊ပညာတတ်အသိုင်းအ၀ိုင်းမိသားစုကိုဆိုလိုတာလား ? …..
ကျွန်တော်အနေဖြင့်စာတတ်ပေတတ်၊ပညာတတ်မိန်းကလေးများရှိပြီးမောင်ရင်လိုသူနှင့်ဆိုသဘောတူမည့်အိမ်ထောင်စုဝင်အမြောက် အများကိုသိပါတယ်…..
(သို့မဟုတ်) မောင်ရင်အမြင်မှာ…ဂုဏ်သိက္ခာမြင့်မြင့်ပိုင်ရှင်များနှင့်တန်ဖိုးရှိသည့်စာရိတ္တပိုင်ရှင်များကိုဆိုလိုပါသလား…..?
(သို့မဟုတ်) ခန္ဓာကိုယ်အချိုးအစားသူများထက် ထူးပြီးကောင်းသူတွေကိုဆိုလိုတာလား…..?
ဤကဲ့သို့ဆိုလိုသည်ဆိုရင်လည်းဤကဲ့သို့သောမိန်းကလေးများသည်မနည်းချေ…..
ဆင်းရဲနွမ်းပါးသော်လည်းသန့်စင်သန့်ပြန့်မှု၊ရိုးသားသန့်စင်မှု၊မျိုးသန့်မှုအတွက်ပြောစရာမလိုသည့်မိန်းကလေးအမြောက်အများရှိပေသည်။…..
ဒါပေမဲ့မောင်ရင်၏ ဆိုလိုတာမြင်တာ၊အထက်ဖော်ပြထားတာတွေမဟုတ်ဘူးလို့ထင်ပါတယ်….. မောင်ရင်အမြင်အရဂုဏ်သရေသိက္ခာရှိပြီးလေးစားထိုက်သည့်အသိုင်းအ၀ိုင်းမိသားစုဆိုတာ (ဌာနဆိုင်ရာတစ်ခုခု၏) အကြီးဆုံးမန်နေဂျာနှင့်အကြီးဆုံးဥက္ကဌ၏ တူမ၊မောင်နှမတစ်ဝမ်းကွဲကိုဆိုလိုတယ်လို့ထင်ပါတယ်…..
၎င်း၏မိဘနှစ်ပါးငွေကြေးချမ်းသာသူများ၊ကားတိုက်ပိုင်ရှင်များ၊အတောက်အရောင်ဘ၀ကိုပိုင်သူများကိုဆိုလိုတာလား? ….. ကျွန်တော်ထင်ထားသည့်အတိုင်း၎င်းလူငယ်လူရွယ်၏ဆိုလိုချက်ဖြစ်နေလေသည်။
ကျွန်တော်အနေဖြင့်၎င်းလူငယ်လူရွယ်အားပြောလေ၏။
….. မောင်ရင်အနေဖြင့်မိမိဘ၀မှဤလောက်ကြီးမားတဲ့ (မိုက်မဲမှု) မှားယွင်းမှုကိုပြုခဲ့လေပြီး…..
….. မောင်ရင်အနေဖြင့်ဂုဏ်သိက္ခာ၊အရိုအသေကိုဤကဲ့သို့သောကိစ္စများတွင်၊နေရာများတွင်ရှိနေသည်ဟုထင်ပါသလား….. ?
အမှန်တကယ်မနုဿလူသား၏ဂုဏ်သိက္ခာ၊အရိုအသေအစစ်အမှန်များဟာဤကဲ့သို့မဟုတ်ပေ . . . ဤကဲ့သို့သောအချုပ်အနှောင်များမှာမလွဲမသွေမရှိဖို့လိုအပ်ပါတယ် . . .
စိတ်ဝင်စားစရာ၊ဂရုပြုစရာပွိုင့်သည်ကား . . .
ကျွန်ုပ်တို့၏အစ္စလာမ်မီရီဝါယတ်တော်များအရအတွဲညီခြင်း၊စုံတွဲညီခြင်းဆိုသည့်ကိစ္စ၌လက်ရှိခေတ်ကာလမှသတ်မှတ်ထားသည့်မှားယွင်းချွတ်ချော်သည့်သတ်မှတ်ချက်များ၊လူမျိုးစုများအကြားအပြင်းအထန်စွဲကပ်နေသည့်ထုံးထမ်းစဉ်လာအတုအယောင်အပြင်းအထန်တော်လှန်ကန့်ကွက်ထားလေသည်။
ပြည်သူလူထုရှိအမျိုးသားများ၊အမျိုးသမီးများ၊ကောင်လေးများ၊ကောင်မလေးအားလုံး အတွက်စုံတွဲညီမှု၊အတွဲညီမှုကို“အီမာန်”၌သာသတ်မှတ် ပြဌာန်း ထားလေသည်။ အစ္စလာမ်မီ ရီဝါယတ်တော်များ၌ကျွန်ုပ်တို့ဖတ်မှတ်သားရသည်မှာ ..
((المؤمنکفوالمؤمن))
“မိုမင်နှင့်အဆင့်အတန်းတူသူ၊အတွဲညီသူမှာမိုမင်ပင်ဖြစ်ပေသည်။”ဟူ၍ဖြစ်လေ၏။မိုမင်တိုင်းဟာမည်သည့်မိသားစုတိုင်း၊လူမျိုးစုတိုင်း၊အဆင့်အတန်းတိုင်းမှဖြစ်နေပါစေအခြားမိုမင်အတွက်အဆင့်တူ၊အတွဲညီ၊စုံတွဲညီဖြစ်လေသည်။
ဤ ကိုအခြေပြုပြီးကျွန်ုပ်တို့အနေဖြင့်ဆိုနိုင်သည်မှာ…အကယ်၍ကျွန်ုပ်တို့အနေဖြင့်အသိုင်းအ၀ိုင်းများအကြားရှိ (အီမာန်ရှင်အချင်းအချင်းအကြား၌) အဆင့်အတန်းလူမျိုးစုခွဲခြားမှုနှင့်ပိတ်ဆို့ ချုပ်နှောင်မှုများဖြင့်ဘ၀တည်ဆောက်ခြင်းများကိုရှင်းပစ်မည်…
အိမ်ထောင်ပြုခြင်း ကိစ္စနှင့်ပတ်သက်ပြီးနှစ်ဦးနှစ်ဖက်မှမနုဿလူသားများတန်ဖိုးအစစ်အမှန်၊ Logic နှင့်အသိဥာဏ်ခွင့်ပြုထားမှုများအပေါ်အခြေပြုမည် . . . မည်သည့်လောဘရမ္မက်မှ (ဥပမာကောင်မလေး ၏ ဦးလေး၊မောင် (သို့) အစ်ကိုတစ်ဝမ်းကွဲဘယ်ဌာနချုပ်ကအရာရှိ၊ကောင်မလေး အမေညီမအစ်မများ၊သူတို့၏သားသမီးတွေကစည်းစိမ်ချမ်းသာတာ၊ကားတိုက်ပိုင်ရှင်တွေပါလိုမထားမည် . . . ဆိုလျှင်
မုချဧကန်မလွဲအခက်အခဲအကြပ်အတည်းဒုက္ခအားလုံးသည်သူအလိုအလျောက်ပြေလည်ရှင်းလင်းသွားပေလိမ့်မည်။
ရုတ်တရက်တိုက်ဆိုင်မှုအရတင်ပြရလျှင်မြောက်များစွာသောအိမ်ထောင်ပြုခြင်း အတွက်အခြားသောအခက်အခဲ၊သောကဒုက္ခများလည်းဤကဲ့သို့ပင်ဖြစ်ပေသည်။
* * * * *
အခန်းဏ္ဍ(၆)
တင်းကြပ်သောမိဘများ
ဤကဲ့သို့မိဘများသည်မိမိတို့၏ချစ်လှစွာသောသားသမီးများ၏နောင်ရေးအနာဂတ်ကိုပြင်းထန်စွာအန္တရာယ်တွင်းသို့ပို့ခြင်းမည်လေ၏။
မြောက်များစွာသောခေတ်စကားအရတစ်ကိုယ်ကောင်းသမားမိဘများသည်မိမိတို့၏လူပျို၊အပျိုလူငယ်ဘ၀၌မြောက်များစွာသော၊များပြားလှသောအခက်အခဲ ပြဿနာများ၊၀မ်းနည်းမှုများ၊အကြပ်အတည်းများနှင့်ရင်ဆိုင်ခဲ့၍အတွေ့အကြုံရှိနေပြီးဖြစ်သော်လည်း (မိမိတို့၏) လူငယ်လူရွယ်တို့ နှင့်နှလုံးသားမှတောင်းဆိုနေသည့်လိင်ကိစ္စ၊ကာမကိစ္စတည်း ဟူသောမုန်တိုင်းကိုမှန်ကန်သည့်နည်းလမ်းဖြင့်ငြိမ်းအောင်မပြုနိုင်ကြပေ။
မိမိတို့ ၏သားသမီးများ၏အိမ်ထောင်ရေးကိစ္စနှင့်ဆက်နွယ်ပြီးအေးလွန်းသည် (သို့မဟုတ်) အလွန်တရာတင်းကြပ်လွန်းလှပေသည်။
ဤအေးလွန်းမှုနှင့်တင်းကြပ်လွန်းမှုနှစ်ခုစလုံးသည်အခြေခံမှာနာမ်ပိုင်းဆိုင်ရာအခြေခံတစ်ခုတည်းဖြစ်ပေသည်။တစ်ခါတစ်ရံမည်မျှထိဤဝေဒနာရှင်များခံယူသည်ဆိုလျှင်အိမ်ထောင်ပြုဖို့တစ်နှစ်၊ငါးနှစ်အထိကြာမြင့်သွားလျှင်လည်း၎င်းတို့၏အမြင်၌သာမန်ကိစ္စလေးနှင့်အချိန်အနည်းလေးဟုသတ်မှတ်ကြလေသည်။
“ကောင်းပြီး . . . ဒီနှစ်မဆောင်ဖြစ်လည်းအင်ရှာအလ္လာဟ့်နောက်နှစ်ပေါ့ . . . ”သို့မဟုတ်အခုမဆောင်ဖြစ်တော့လည်းနောက်နှစ်အနည်းငယ်အတွင်းပေါ့အခုထိအချိန်ရှိသေးပါတယ်လို့ . . . ဆိုတတ်ကြလေသည်။
ဤပုဂ္ဂိုလ်များသည်လူငယ်လူပျိုအပျိုဘ၀၏အရေးကြီးအချိန်၌တစ်နှစ်နောက်ကျဖို့မဆိုထားလျှင်တစ်လနောက်ကျလျှင်ပင်(သို့မဟုတ်)ရက်အနည်းငယ်နောက်ကျလျှင်ပင်လူငယ်လူရွယ်၊အပျိုလူပျိုဘ၀၏ရလာဒ်ကိုပြောင်းလဲပစ်နှိုင်ကြောင်းမေ့လျော့နေကြလေသည်။
ဤကဲ့သို့သောမိဘများသည်အဘယ်ကြောင့်မိမိတို့၏အတိတ်ကလူပျိုအပျိုဘ၀များကိုမေ့သွားကြမလဲမသိပေ။
အဘယ်အတွက်ကြောင့်မိမိတို့၏အိမ်ထောင်သည်ဘ၀မရောက်ခင်ကလူပျိုအပျိုဘ၀၏မုန်တိုင်းများ၊တက်ကြွမှုများကိုအလျှင်အမြန်မေ့သွားကြရပါသနည်း?
မည်သည့်အတွက်ကြောင့်မိမိတို့၏လူငယ်၊လူရွယ်၊အပျို၊လူပျိုများ၏နေရာတွင်အစားထိုး၍ကိုယ်ချင်းမစာကြပါသနည်း?
အမှန်တကယ်မိမိတို့၏လူငယ်၊လူရွယ်၊အပျို၊လူပျိုဘ၀များ၏ကိစ္စ(အိမ်ထောင်)နှင့်စပ်လျဉ်းပြီးသွေးအေးနေခြင်းသည်အလွန်တရာအန္တရာယ်ကြီးလှပေသည်။တစ်ခါတစ်လေမကြုံခြင်းသည်အခြေအနေများနှင့်ရင်ဆိုင်ရတတ်ပြီးတစ်ခါတစ်ရံရူးသွပ်သည်အထိဖြစ်တတ်ရလေသည်။
လူငယ်လူရွယ်များမှမိဘဆွေမျိုးမိသားစုမှထွက်ပြေးကြခြင်းများ၊ကိုယ်တိုင်အဆုံးစီရင်ကြခြင်းများ၊လမ်းလွှဲလမ်းမှားသွားကြမှုများ၊ရောဂါဝေဒနာရှင်းများဖြစ်ရမှုများစသည်ဖြင့်ဖြစ်ပွားရသည့်အခြေခံအကြောင်းအရင်းများမှတစ်ခုမှာ (အထက်ဖော်ပြပါ) သဘာဝတရား၊အမှန်တရားကိုအလေးမထားဂရုမပြုမှုကြောင့်ပင်တည်း။
အကယ်၍အထူးသဖြင့်ကျွန်တော်ဆွေးနွေးတင်ဆက်မည့်ခေါင်းစဉ်အကြောင်းအရာသည်လူငယ်လူရွယ်များ၏သီလသမာဓိရှိခြင်း၊သန့်ပြန့်သန့်စင်သည့်စာရိတ္တပိုင်ရှင်များဖြစ်ခြင်း၊အီမာန်ရှိပြစားခြင်းတို့ဖြစ်မည်ဆိုလျှင်ကျွန်ုပ်တင်ပြမှုသည်ရုတ်တရက်၎င်းအကြောင်းကိုပို၍တင်ပြသည်မည်သွားချေမည်။
မိဘနှစ်ပါးဖက်မှအလွယ်မြင်ခြင်း၊ပေါ့လျော့၊ဂရုမပြုခြင်းသည်အောက်ဖော်ပြထားသည့်လူငယ်လူရွယ်များအတွက်ညှဉ်းပန်းနှိပ်စက်မှုပြုခြင်းထက်ပိုရာရောက်သွားပေမည်။
အမှန်တရားကိုသိမြင်ခြင်း၊အစစ်အမှန်ကိုသိမြင်ခြင်းနှင့်ဝေးသွား လေသည်။
ပြီးနောက်ခွင့်လွှတ်တတ်ခြင်း၊နားလည်ပေးခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းဤလိုအပ်ဆန္ဒများအားလုံးအသွင်နှင့်ဆွေးနွေးရမည့်ခေါင်းစဉ်များအဖြစ်အခြေခံဖြစ်လာပေသည်။၎င်းအရာ၏ဆန့်ကျင်ဖက်အနေအထားအဖြစ်အကယ်၍မနုဿ၊ပုထုဇဉ်လူသားသည်အရာတစ်ခုခုကိုအရေးမပါ၊အရေးမကြီးဟုခံစား၊ခံယူမည်ဆိုလျှင်ထိုအရာသည်လူသားအားအခက်အခဲအကြပ်အတည်းကိုကြိုက်သူ၊အတင်းအကြပ်လုပ်သူအဖြစ်သို့ပို့လိုက်လေသည်။ပြီးနောက်၎င်းအရာကိုနှစ်သက်ခြင်းမှရှောင်လာလေသည်။
ကျွန်တော့်အနေဖြင့်အချို့အတင်းအကြပ်ကြိုက်သူ၊သံသယဖြစ်သူအချို့သည်ကားဝယ်ယူသည့်အချိန်ယုတ်စွအဆုံးထိုကား၏ အနံကိုပင်ရှူကြသည်ဟုဆောင်ပါးတစ်ခု၌ဖတ်ရလေသည်။
အသား (သို့) ဟင်းသီးဟင်းရွက်ကိုဝယ်ချိန် (ပုပ်မပုပ်) အနံ့ခံ၍၀ယ်ရသကဲ့သို့ပင်ဖြစ်လေသည်။
ဤကဲ့သို့သောပုဂ္ဂိုလ်များသည်ကားဝယ်ချိန်တောင်အနံခံကြသေးလျှင်မိမိခေါင်းကိုသုံးကြလျှင်မိမိတို့၏သားသမီးများအတွက်အိမ်ထောင်ဖက်ရွေးချယ်ချိန်၌ဘာတွေများလုပ်ကြမည်နည်း?
စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်၊ဂရုပြုစရာအချက်မှာ…..
ဤကဲ့သို့သော်သံသ(ကြီးသူ) မိဘများသည်မိမိတို့ကိုယ်တိုင်ရွှံ့ထဲလဲချကြပြီးလုံးဝ (မိမိရွှံ့ထဲမှာရှိကြောင်း) ခံစားမှုမရှိကြောင်းအမြောက်အများတွေ့ခဲ့ရဖူးပါသည်။
ယေဘုယျအားဖြင့်၎င်းတို့၏နာမ်ပိုင်းဆိုင်ရာမှာဤသို့ဖြစ်ပေမည်။အကြောင်းမှာကောက်ကျစ်ဖြားယောင်းသွေးဆောင်သူများ၊ကိုယ့်ကိုအထင်ကြီးအောင်နေကြသူများသည် (မိမိတို့၏) မကောင်းမှုကောင်ကျစ်မှုကျော့ကွင်းနှင့်မြှောက်ပင့်မှုစသည်တို့ဖြင့်မိမိကိုယ်ကိုသာယာစိမ်းလန်းစိုပြေသည့်ခြံတွင်ရှိနေသူအဖြစ်သံသယရှိသူများကိုပြသပြီး၎င်းတို့၏နှလုံးသား၌နေရာယူတတ်ကြလေသည်။
ဤကဲ့သို့သောလုပ်ရပ်သည်လူရိုးလူကောင်းတစ်ယောက်၊သာမန်လူတစ်ယောက်လုပ်ဖို့လုံးဝမဖြစ်နိုင်ချေ။မည်သူ့ကိုမျှဤကဲ့သို့မကောင်းသည့်နည်းစနစ်ကိုသုံးပြီးစွဲဆောင်မှာလုံးဝမဟုတ်ချေ။
အိမ်ထောင်ဖက်ရွေးချယ်ရာ၌လုံဝအသေအချာဂရုတစိုက်ရွေးချယ်ရမည်ဆိုတာမှန်ပါတယ်…..
အမှန်တကယ်အိမ်ထောင်ပြုခြင်းဆိုင်ရာအခက်အခဲများနှင့်တာဝန်ဝတ္တရားများသည်မိဘများအနေဖြင့်မိမိတို့၏လူငယ်လူရွယ်အရွယ်ရောက်သားသမီးများ၏လိင်ကာမအရသာဖြည့်စွက်ရန်လိုအပ်မှု၊တက်ကြွမှု၏အခြေအနေမှန်ကိုကောင်းကောင်းမှန်မှန်သိထားသော်လည်းတမင်တကာမေ့လျော့နေရသည့်အဖြစ်မျိုးဖြစ်သွားရအောင်တွန်းပို့လေသည်။
ပြီးနောက်၎င်း (မိဘများကို) အခုမိမိတို့ထံ၌အချိန်ရှိသေးသည်ဆိုသောယုံကြည်မှုကိုဖြစ်ထွန်းစေလေသည်။၎င်းတို့အနေဖြင့်ပြောကြ၊ဆိုကြလေသည်။
ဒီလောက်အလျှင်အမြန်ကြီးလုပ်ဖို့ဘာအရေးကြီးနေရတာလဲ…..!
အခုထိပါးစပ်မှ (အမေ) နို့အနံ့မပျောက်သေးဘူးလေ…..!
အခုထိကလေးဘဲရှိသေးတယ်လေ…..၊ကလေးတွေအတွက်မင်္ဂလာကိစ္စဆိုတာဘာအဓိပ္ပါယ်လဲဗျာ…..! အခု….. အခု…..
သို့သော်ဤ“အခု” “အခု”များသည်အန္တရာယ်ရလာဒ်အဖြစ်သို့ရောက်တတ်ပြီး၊မိဘနှစ်ပါး၏ဘ၀တစ်လျှောက်လုံး၊လက်လွတ်ရသည့်အခြေအနေသို့ရောက်တတ်ပေသည်။အစားပြန်ထိုးလို့မရသည့်လမ်းအထိရောက်သည်အခါလည်းဖြစ်တတ်လေသည်။
မိမိတို့၏လူငယ်လူရွယ်များအတွက်ဘ၀ကြင်ဖော်ရွေးချယ်ရာ၌မိဘများအနေဖြင့်အလွန်တရာအတင်းအကြပ်နည်းကိုသုံးကြလေသည်။မြောက်များစွာသောအခြေမဲ့စည်းမျဉ်း၊စည်းကမ်းသတ်မှတ်ချက်များကိုလူငယ်လူရွယ်များ၏မင်္ဂလာဆောင်ကိစ္စအတွက်သတ်မှတ်ကြလေသည်။
ယုတ်စွအဆုံးသံသယဆိုသည့်နယ်နမိတ်အထိရောက်အောင်ဖြစ်သွားကြလေသည်။
ယေဘုယျအားဖြင့်ဤအကြောင်းတရားများ၊အကြောင်းခံများကြောင့်အိမ်ထောင်ပြုခြင်း၏အရေးပါအရေးကြီးခြင်းဆိုသည့်ခံစားမှုပျောက်သွားရလေသည်။
အကြောင်းမှာမနုဿပုထုဇဉ်လူသားသည်အမြဲတမ်းသဘာဝတရားအရနေထိုင်ပြီးအကယ်၍အရာတစ်ခုခုကိုအရေးကြီး၊အရေးပါသည်ဟုခံစားခံယူလျှင်၎င်းအတွက်စည်းမျဉ်း၊စည်းကမ်းများကိုနည်းသည်ထက်နည်းအောင်၊လျော့သည်ထက်လျော့၊ပေါ့သည်ထက်ပေါ့အောင်လုပ်လေသည်။အကြောင်းသည်ကားဘ၀ကြင်ဖက်ရွေးချယ်မှုကိစ္စသည်ဘ၀တစ်ခုလုံးနှင့်သက်ဆိုင်နေပြီး၊အကျီတစ်ထည်၊အ၀တ်တစ်ခုဥပမာဝယ်ပြီးဝတ်ပြီးလွှင့်ပစ်လိုက်လို့ရသည့်အရာကိစ္စမဟုတ်ချေ။
သို့သော်လည်း“အသေးစိတ်ဂရုပြုမှု”နှင့်“တင်းကြပ်ခြင်း”“သံသယဖြစ်ခြင်း”တို့အကြားအများကြီးကွာခြားမှုရှိလေသည်။
ဤ သို့အားဖြင့်အပြင်ပိုင်းဆိုင်ရာအရာအသင့်အတွက်သင့်တင့်၊လျှောက်ပတ်သည့်ဘ၀ကြင်ဖော်ဖြစ်မည်၊ပြီးနောက်သတင်းရှိသူ (အတွင်းသိသူ) များစုံစမ်းချက်သည်လည်းပဲထောက်ခံနေမည်ဆိုလျှင် (ဤကဲ့သို့သောမိန်းကလေး) အားသံသယ၊ဒွိဟမရှိဘဲမလွဲမသွေလက်ခံရပေမည်။ကြီးကျယ်မြင့်မြတ်တော်မူသည့်မြတ်အလ္လာဟ်၏အကူအညီအဖေးအမကိုမျှော်ကိုးရပေမည်။ရလာဒ်ကောင်းထွက်လာလိမ့်မည်ဟုယုံကြည်စိတ်ချရပေမည်။
အစ္စလာမ်သာသနာတော်၏အဆိုအမိန့်များ၊အသိဥာဏ်ဦးနှောက်နှင့်အတွေ့အကြုံရင့်ကျက်သည့်လေ့လာသူများ (ပညာရှင်များ) အမြောက်အများအနေဖြင့်မိမိတို့၏သားသမီးများအတွက်အိမ်ထောင်ပြုပေးရေးကိစ္စကိုအလျင်တလို၊အလျင်အမြန်ဆောင်ရွက်ပေးရေး၊အိမ်ထောင်ရေးကိစ္စကိုသွေးအေးအေးမလုပ်ကြရန် (အချိန်မဆွဲရန်) အခက်အခဲများဖြင့်ထွက်ပေါ်လာမည့်ရလာဒ်အန္တာရာယ်ကိုသာမန်ရိုးရိုးလေးဟုမသတ်မှတ်ရန်၊မိမိတို့ချစ်လှရသောလူငယ်လူရွယ်များ၏အနာဂတ်ကိုအန္တရာယ်တွင်းသို့အရောက်မပို့မိစေရန်မိဘတိုင်းကိုဆုံးမထားပေသည်။
လူငယ်လူရွယ်များ၏ကာမတက်မက်မှု၊လိင်ပိုင်းဆိုင်ရာရာဂ၏အင်အားသည်အလွန်တရာကြီးမားပြီးဤကိစ္စအတွက်ဂရုမပြုမှု (မထီမဲ့မြင်ပြုမှု) ပြုခဲ့မည်ဆိုလျှင်အလွန်တရာကြီးမားသည့်အန္တာရာယ်တစ်ခုခုနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊မလွဲမသွေအသိရှိရပေသည်။မမေ့သင့်ချေ။
လိင်ရာဂ၊ကာမရာဂစိတ်ကြောင့်ဖြစ်သွားခဲ့သည့်အန္တရာယ်များသည်မည်သည့်အန္တရာယ်နှင့်မျှမတူကြောင်း၊လူသားအားလုံး၏သမိုင်းစာမျက်နှာနှင့်မနုဿလူသား၏နေ့စဉ်နေ့တိုင်းတွေ့ကြုံမှုများသည်အားလုံးသက်သေထွက်ဆိုနေပေသည်။မုချဧကန်ဤကိစ္စနှင့်ပြဿနာတိုင်းအရေးကြီးသည့်ပြဿနာဖြစ်ပြီးအခြေခံအကျဆုံးဖြစ်သည်။
* * * * *
အလှူမှန်သမျှတွင်တရားအလှူသည်အမြတ်ဆုးံ
“ဘဝအောင်မြင်တိုးတက်ရေး၊စိတ်ခွန်အားဖြည့်စာစုများဖတ်မှတ်လေ့လာနိုင်ရေးအတွက်ဘာသာရေးစာအုပ်ကောင်း ၊ စာပေမွန်များပေါ်ထွက်လာဖို့ကျွန်ုပ်တို့အားလုံးပူပေါင်း၍ကြိုးပမ်းအားထုတ်ကြပါစို့”
**********
အခန်းကဏ္ဍ(၇)
ဘ၀ကြင်ဖော်ကိုလူငယ်လူရွယ်တိုင်း (သို့မဟုတ်) မိဘများမှမည်သူကရွေးချယ်ရမည်နည်း?
ဤရွေးချယ်မှုကိုကျွန်တော်ကိုယ်တိုင်ပြုခဲ့တာပါ…..!
ဒါကတော့ကျွန်တော့်အဖေအမေ၏ရွေးချယ်မှု…..!
ဤဖြစ်ရပ်မှန်ကိစ္စသည်လည်းအလွန်တရာအံ့သြစရာပင်တည်း။ဤအတွက်သာဓကသည်လည်းမနည်းလှချေ၊သတင်းတစ်ခု၌ဖြစ်ရပ်မှန်တစ်ခုဤသို့လာရှိလေ၏။
၁၇-နှစ်အရွယ်သတို့သမီးလေးတစ်ဦးသည်နေကာဟ်မဖတ်မီမိနစ် အနည်းငယ် အလျှင်သတို့သမီးအ၀တ်ကို ချွတ်ပြီးအမျိုးသားအ၀တ်ကိုဝတ်ကာအခန်းပြူတင်းပေါက်မှဝရံတာသို့ခုန်ချပြီးထွက်ပြေးလေ၏။ပြီးနောက်နရ်မက်လမ်း (တီဟီရန်မြို့ရှိလမ်းတစ်လမ်းအမည်) ရှိအများသုံးရေချိုးခန်းသို့သွားပြီးမိမိလက်သွေးကြောကိုဖြတ်လိုက်လေသည်။ထို့နောက်မေ့ပြီးလဲကျသွားလေသည်။အနည်းငယ်နေပြီးနောက်အနီးအနားရှိသူများကသတိပြုမိ၍ဆေးရုံကိုပို့လိုက်ရာအသက်ချမ်းသာရာရသွားလေသည်။
ဤမိန်းကလေးသည်သေရွာပြန်လာပြီးနောက်မိမိဘ၀၏ဖြစ်စဉ်ကိုရဲအရာရှိတစ်ဦးအားဤသို့ပြောပြလေ၏။
“လွန်ခဲ့သည့်နှစ်ကသမီးအထက်တန်းကျောင်းသူလေးပါ။လူငယ်လေးတစ်ယောက်နှင့်သမီးကိုယ်တိုင်မေတ္တာမျှခဲ့၍စေ့စပ်ဖူးသူအဖြစ်လက်ခံလိုက်ပါတယ်….. သမီးကိုယ်တိုင်ရွေးခဲ့တာပါ…..”
“ပြီးသည့်နှစ်ကပဲတစ်နေ့သမီးစေ့စပ်ထား တဲ့ကောင်လေးဓာတ်ပုံကိုနရ်မက်လမ်းရှိရဲများနှင့်အတူရွှေ၊ငွေ၊ပစ္စည်းခိုးမှုကြောင့်အဖမ်းခံထားရသည့်သတင်းစာ၌တွေ့လိုက်ဖတ်လိုက်ရပါတယ်…..”
“မယုံနိုင်လို့သူအိမ်ဖုန်းဆက်ပြီးစုံစမ်းကြည့်တော့ဖြစ်ရပ်ဟာမှန်နေတာသိလိုက်ရတယ်….. သူဟာသူခိုးအုပ်စုတစ်စုနှင့်နွယ်ပြီးခိုးဝှက်လေ့ရှိသူပေါ့၊အခုသူ့ဆီမှာရှိသမျှပစ္စည်းဥစ္စာတွေအားလုံးဟာခိုးရာပါပစ္စည်းဥစ္စာတွေပေါ့…..”
“ဒါပေမယ့်သမီးကဤစုံစမ်းရရှိမှုသတင်းကိုမယုံသေးတာနဲ့သမီးကောင်လေးအလုပ်လုပ်နေတယ်လို့ပြောတဲ့ကုမ္ပဏီကတာဝန်ခံတစ်ဦးထံဆက်သွယ်ခဲ့ပါသည်။ ”
ကောင်လေးပြောသမျှဟာအလိမ်တွေချည်းဖြစ်နေတယ်လေ….. ဤကုမ္ပဏီကသူ့ကောင်လေးကိုလုံးဝမသိဘူးလေ….. (ဤကုမ္ပဏီကလူမဟုတ်ဘူးလေ….)
ဒီလိုနဲ့သမီးအဖေ၏သူငယ်ချင်းကတစ်လအလျှင်ကပေါ့….. ဇနီးဆုံးထားတာသိပ်မကြာသေးတဲ့အသက်(၄၀)နီးပါးအရွယ်ရှိသူဌေးတစ်ယောက်နှင့်အိမ်ထောင်ပြုဖို့အိမ်လာတောင်းခံခဲ့တယ်…..
သမီးအနေဖြင့်ဤကမ်းလှမ်းမှုကိုသဘောမတူခဲ့ဘူး၊သဘော မကျဘူး၊အကြိမ်မရေတွက် နိုင်အောင်သမီးအမြင်ကိုပြောခဲ့တယ်…..
သို့သော်လည်းဘယ်သူမှသမီးစကားကိုနားထောင်ဖို့အသင့် မရှိဘူးလေ…..
သမီးအဖေကတော့ဤအိမ်ထောင်ဖက်ကိုလက်ခံဖို့အကြိမ်ကြိမ်တိုက်တွန်းတယ်…..(နောက်ဆုံး) ကြည့်ရင်းကြည့်ရင်းမင်္ဂလာဆောင်ဖိတ်စာလိုက်ဝေသည့်အချိန်ရောက်လာပါရော…..
ဒါကြောင့်သမီးဆီမှာမင်္ဂလာဆောင်နေကာဟ်ပွဲကနေထွက်ပြေးဖို့ကိုယ့်ကိုကိုယ်သတ်သေဖို့လမ်းမှအပအခြားမရှိတော့ပါ….. ဟုဆိုလေ၏။
ဤကိစ္စအိမ်ထောင်ဖက်နှင့်ပတ်သက်ပြီးရွေးချယ်ဆုံးဖြတ်ဖို့မိဘနှစ်ပါး၊အိမ်သူအိမ်သား၊ဆွေမျိုးများထဲကအကြီးအကဲများရွေးချယ်ဆုံးဖြတ်ရမည်လော…..
ဤအရေးကြီးကိစ္စအတွက်မည်သူတစ်ဦးတစ်ယောက်မျှပါဝင်ပတ်သက်ခြင်းမရှိဘဲလူငယ်လူရွယ်တို့၏သဘောဆန္ဒအတိုင်းရွေးချယ်ခွင့်ပြုရမည်လော…..
ဤနေရာ၌လုံးဝတစ်ဖက်ကိုတစ်ဖက်ဆန့်ကျင်နေသည့်အမြင်နှစ်ခုရှိလေသည်။နှစ်ဖက်စလုံး၌မိမိတို့၏ကိုယ်တိုင် LOGIC နှင့်အထောက်အထားသက်သေများရှိလေ၏။
ကျွန်တော်အနေဖြင့်ပထမဦးစွာနှစ်ဖက်စလုံး၏ LOGIC သက်သေအထောက်အထားများကိုသိအောင်တင်ပြထားပါသည်။ပြီးနောက်မှန်ကန်သည့်လမ်းကိုစိစစ်ရွေးထုတ်ကြမည်။
လူငယ်လူရွယ်များ၏အုပ်စုတစုမှဆိုကြလေသည်။
ကျွန်ုပ်တို့မိဘများအနေဖြင့်အဘယ်ကြောင့်၊ဘာအတွက်ကြောင့်ကျွန်တော်တို့၏ဘ၀ကြင်ဖော်ဇနီးလောင်းရွေးချယ်ကြပါသည်။ကျွန်ုပ်တို့နားမလည်နိုင်ပါ။အမှန်တကယ်ဘ၀ကြင်ဖော်ရွေးချယ်ခွင့်ဟာကာယကံရှင်ကိုယ်တိုင်၏အခွင့်အရေးဖြစ်ပေသည်။
သာဓက၊ဥပမာအဖြစ်ပြောရမည်ဆိုလျှင်ဟိုကောင်မလေးကိုကျွန်တော်တို့၏မိဘများအမြင်တွင်နတ်သမီးလေးတစ်ပါးဟုမြင်လေ၏။အကယ်၍ကျွန်တော်တို့မနှစ်သက်၊မကြိုက်လျှင်ထိုမိန်းကလေးသည်တောထဲကငှက်(ဆိုး) တစ်ကောင်ထက်ပိုပြီးဆိုးလေသည်။
လူမှုရေးသုတေသီပညာရှင်များ၏သုတေသီပြုချက်နှင့်အတွေ့အကြုံဤအနှစ်ချုပ်မှာဤသို့ဖြစ်လေသည်။
မြောက်များစွာသောအိမ်ထောင်ပြုခြင်းများတွင်သွာလက်ခ်ကွာရှင်းပြတ်စဲမှုဆိုသည့်အခြေအနေမှာအသက်ငယ်ချိန်တွင်အိမ်ထောင်ပြုခြင်းနှင့်မိဘများသဘောတူသူတို့နှင့်လက်ထပ်ကြခြင်း၏ရလာဒ်အကြောင်းခံကြောင့်ဖြစ်ကြောင်းဆိုထားလေသည်။
အခြေခံ (သဘာဝသဘောအရ) ပြောရလျှင်မည်သည့်ဂုဏ်သရေ၊သိက္ခာရှိသည့်လူတိုင်းမဆိုမိမိတို့၏သားသမီးများမှကောင်းလေးဖြစ်စေ၊ကောင်မလေးဖြစ်စေအိမ်ကနေထွက်ပြေးတာမျိုး၊ကိုယ်တိုင်လုပ်ကြံသတ်သေတာမျိုးကိုမလိုလားမနှစ်သက်ကြပေ။
ဤသို့အဖြစ်အပျက်များသည်အုပ်ထိန်းသူ၊တာဝန်ရှိသူလူကြီးသူမများတို့ပေါ့လျော့မှုအမှားအယွင်း၊အချွတ်အချော်များကြောင့်ဖြစ်ရလေသည်။
ဤအတွက်သာဓကအထောက်အထားအဖြစ်မှုခင်းများနှင့်သတင်းများ၌အမြဲတစေတွေ့မြင်နိုင်ပေသည်။တချိန်တခါက (အရင်ခေတ်ကာလတုန်းက) လူငယ်လူရွယ်များ၏အမြင်၊နားလည်မှုမဖွံ့ဖြိုးသေး၊မိမိတို့အနေဖြင့်ကျိုးကြောင်းစဉ်းစားမှုအပေါ်မထိမ်းချုပ်နိုင်သေး၊စွမ်းအားမရှိသေးဟုဆိုနိုင်သော်လည်းယခုခေတ်လူငယ်လူရွယ်များသည်ဤကဲ့သို့မဟုတ်တော့ချေ။ဤခေတ်လူငယ်လူရွယ်များသည်အရွယ်ရောက်လာသည်နှင့်တပြိုင်နက်အရာအားလုံးကိုသိကြလေသည်။
အခြေခံအားဖြင့်မိဘနှစ်ပါး၏စဉ်းစားတွေးခေါ်ပုံမှာခေတ်နောက်ကျသွားခြင်းဖြစ်လေသည်။၎င်းတို့၏အတွေးအခေါ်သည်ယနေ့ခေတ်နှင့်မညီတော့ပေ။ဤအတွက်ကြောင့်မိဘများအနေဖြင့်ယနေ့လူငယ်လူရွယ်ကောင်လေး၊ကောင်မလေးများ၏ထူးချွန်မှုများ၊လိုအပ်မှုများကိုမခံစားတတ်တော့ချေ။
အကျဉ်းချုပ်အားဖြင့်မိဘနှစ်ပါးအနေဖြင့်ဤကိစ္စနှင့်ပတ်သက်ပြီးမိမိတို့ကိုမလွဲမသွေသီးခြားထားရပေမည်။လူငယ်လူရွယ်ကောင်လေး၊ကောင်မလေးများ၏၀ါသနာ၊နှစ်သက်မှု၊အတွေးအခေါ်ဆိုင်ရာကွင်းပြင်ကိုဖွင့်ထားပေးသင့်လေသည်။ (လွတ်လွတ်လပ်လပ်ပေးနေသင့်ပေသည်။)
သို့သော်မိဘများအနေဖြင့်ဆိုကြလေသည်။
“မနုဿလူသားသည်အကယ်၍အဖ်လာသွန်(န)(နာမည်ကျော်လောဂျစ်ပညာရှင်) နှင့်အဘူလီစိနာ (ကမ္ဘာကျော်ဆေးပညာရှင်နှင့်သမားတော်) ပင်ဖြစ်နေပါစေ၊လူပျိုစဖြစ်ချိန်၌မရင့်ကျက်သေးပေ။တစ်နည်းအားဖြင့်ဆိုရမည်ဆိုလျှင်လူငယ်လူရွယ်များအနေဖြင့်လိုအပ်သည်ထက်ပိုပြီးအမြင်ကြည်လင်ကြခြင်း၊အတွေးပွင့်ကြခြင်းနှင့်အလျင်အမြန်ယုံကြည်မှုကိုပြုကြလေသည်။မိမိစိတ်၏သန့်စင်သန့်ပြန့်မှုအတွက်အပြင်ပိုင်းဆိုင်ရာပြင်ဆင်မှုအလှများနှင့်လိမ်ညာထားသည့် (အပြင်ပိုင်း) လှပမှုရုပ်များ၏ကောက်ကျစ်၊အကွက်ချလှည့်ဖျားခြင်းကိုခံရလေသည်။
၎င်းအနေဖြင့်ဤအလှတုအပြင်ဆိုင်ရာရုပ်များ၏နောက်ကွယ်၌ကြောက်ဖွယ်၊ဆိုးရွားအကျည်းတန်ရုပ်ဆိုးသည်ကိုသတင်းမရှိကြချေ။
မြောက်များစွာသောလမ်းလွဲလမ်းမှားသူများရှိလေသည်။၎င်းတို့အနေဖြင့်လူငယ်လူရွယ်ကောင်လေး၊ကောင်မလေးများကိုမိမိတို့၏ကျော့ကွင်း၌ဖမ်းမိရန်အလို့ငှာအံ့သြဖွယ်ကောင်းသည်ချစ်ကြောင်းကြိုက်ကြောင်းဆိုင်ရာကဗျာဆန်ဆန်အသဲနှလုံးကိုခိုက်စေလန်းစေသည့်စကားလုံးများဝါကျများအလွတ်ကျက်ထားလေသည်။
အလွန်တရာပါးနပ်ကျွမ်းကျင်စွာဖြင့်ယုံအောင်လုပ်လေသည်။ပြီးနောက်အလျှင်အမြန်တိကျလှသည့်ရှိင်တွာန်နီအကွက်များနှင့်ပညာများဖြင့်လူငယ်လူရွယ်တို့၏နှလုံးသား၌နေရာရအောင်ယူလေ၏။
ရှေးခေတ်လူကြီးများပြောလေ့ရှိပေသည်။“ပထမမိမိအတွက်နေရာလုပ်ပါ၊ပြီးနောက်ကြည့်ပေါ့…ဘာတွေလုပ်ရတယ်ဆိုတာ…”
ပြီးနောက်၎င်း၏လုပ်ရပ်သည်လက်ထဲမှထွက်သွားပြီးပြန်လမ်းမရှိဖြစ်သွားလေတော့သည်။“ထင်ထားတွေးထားသည့်အတိုင်းမဟုတ်ပဲ၊ဆန့်ကျင်ဖက်ကိုတွေ့ရလေ၏။ ”
လူငယ်လူရွယ်များအနေဖြင့်မည်မျှပင်လည်လည်ဝယ်ဝယ်နှင့်အသိဥာဏ်ရှိပါကနောက်ဆုံးပထမဦးဆုံးလျှောက်လှမ်းရမည့်ဘ၀ခရီး (အိမ်ထောင်ဖက်ရွေးချယ်ခြင်း) အတွက်လမ်းညွှန်မှုလိုအပ်ပေသည်။လမ်းညွှန်သူမည်မျှအရေးကြီးလိုအပ်ကြောင်း (အထက်ဖော်ပြပါ) ဤလမ်းအတိုင်းလျှောက်ဖူးပြီးသောလူများမေးကြည့်စေချင်ပါသည်။ဖွါရစီဘာသာရပ်ဆိုင်ရာဝေါဟာရအရပြောရမည်ဆိုလျှင်“အဆင့်ဆင့်များကိုကျော်လွှားရန်ဟဇရတ် (သ)ခေဇ်ရ်အတူရှိရန်အရေးကြီးပေသည်။” (မြန်မာလိုဆရာမပြနည်းမကျ) ဟုဆိုရပေမည်။
အကြောင်းမှာ“ဤလမ်းသည်မှောင်မိုက်နေသည်။မလွဲမသွေလမ်းလွဲလမ်းမှားမှုအန္တရာယ်ကိုမလွဲမသွေကြောက်လန့်ရပေမည်။ ”
ဘာလဲ…အမှန်တကယ်မိဘနှစ်ပါးသည်မိမိတို့၏သားသမီးများ၏ရန်သူများဖြစ်ကြပါသနည်း။၎င်းတို့ဘ၀အတွက်အကောင်းတကာ့အကောင်းဆုံးပုဂ္ဂိုလ်ရွေးချယ်ပေးမှုကိုဥပက္ခာပြုကြမည်လော…။
မိဘဆိုသည်မှာသားသမီးများကိုမိမိတို့၏အသက်ထက်ပင်ပို၍နှစ်သက်မြတ်နိုးကြလေသည်။ဤအတွက်ကြောင့်လည်းမိမိတို့၏အသက်များကို (လိုအပ်လာလျှင်) စတေးကြလေသည်။
မိဘနှစ်ပါးဆိုတာဘယ်လောက်ပဲဂျာဟေလ်ဖြစ်နေပါစေ၊သတင်းမရှိပါစေ၊လောက၏အနိမ့်အမြင့်ကိုတွေ့ဖူးပြီးသူများဖြစ်ကြပါသည်။အိမ်ထောင်သည်ဘ၀အတွက်အနာဂတ်အကျိုးအာနိသင်ဖြစ်မည့်ထူးချွန်သည့်ဂုဏ်ပုဒ်များကိုသိရှိနားလည်ထားသူများဖြစ်ပြီးစိတ်ကူး၊စိတ်မှန်းနှင့်အမှန်တကယ်ဖြစ်ရပ်ကိုခွဲခြားပေးနိုင်သည့်စွမ်းအားရှင်များဖြစ်ပါသည်။
အားလုံးသော စကားကိုဖြတ်ပြီးပြောရမည်ဆိုလျှင်စာရိတ္တပိုင်း အမြင်အရဆိုလျှင်လည်းမိဘနှစ်ပါးဟာမိမိတို့၏သားသမီးများ၏ဘ၀အတွက်အပြည့်အ၀လုပ်ပိုင်ခွင့်ရှိပါသည်။သားသမီးများကိုမိမိတို့၏ရှိသမျှစွမ်းအား၊အင်အားနှင့်ပျော်ရွှင်မှုများကိုစတေးပေးခဲ့သူများဖြစ်လျှက်ဤ အိမ်ထောင်ဖက်ရွေးချယ်ရမည့်ကိစ္စအတွက်အချိန် အနာဂတ် ဘ၀အတွက်အကျိုးအမြတ်ကိုသာပြုသည့်မိဘနှစ်ပါးကိုဤကဲ့သို့သော်အရေးကြီးကိစ္စအတွက်လုံးဝသီးသန့်ဖယ်ထားရမည်ဆိုသည့်အလုပ်မှာအလွန်တရာနှလုံးသားကိုထိခိုက်ပြီးခါးသီးသည့်လုပ်ရပ်ဖြစ်ပါသည်။၎င်းမိဘနှစ်ပါး၏သန့်ရှင်းဖြူစင်သည့်ခံစားချက်များတချက်တည်းပျက်စီးရမည်လော…သားသမီးများအနေဖြင့်မိမိ၏ လိုအင် တဏှာ ကိုဖြည့်ဆည်းဖို့သာစဉ်းစားနေကြပါသလော…ပြီးတော့မိဘနှစ်ပါး၏ နှစ်သက်ကြည်ဖြူမှု မရှိဘဲ မိမိဘ၀ကြင်ဖော်အိမ်ထောင်သည်ကိုရွေးချယ်ကြမည်လော…..
သားသမီးများအပေါ်ပြုခဲ့သည့်မိဘများ၏ကျေးဇူးများကိုမေ့လိုက်ရတော့မည်လော…ဤလုပ်ရပ်သည်မည်သည့်“လူ့အခွင့်အရေး”အရ (လုံးဝ) မကိုက်ညီမအပ်စပ်ချေ။
သို့သော်ကျွန်တော်တို့၏ယုံကြည်ချက်အရမိဘနှစ်ပါးနှင့်လူငယ်လူရွယ် နှစ်ဖက်လုံး ၏အမြင်များ သည်ပြီးပြည့်စုံ သည့်အမြင်များ မဟုတ် ကြောင်း တွေ့ရှိ ရပေသည်။
(အမှန်တကယ်) လူငယ်လူရွယ်သားသမီးများ၏အိမ်ထောင်ဖက်ကိုရွေးချယ်ပြီးအိမ်ထောင်ပြုခိုင်းဖို့မိဘနှစ်ပါးတည်း၏၀တ္တရားမဟုတ်ချေ။
ဤ ကဲ့သို့အရေးကြီးကိစ္စအတွက် (မိမိတို့) တည်းသာဆုံးဖြတ်ဖို့ (သားသမီးများ) လူငယ်လူရွယ်များအတွက်လည်းမသင့်တောချေ။
တနည်းအားဖြင့်လမ်းမှန်စနစ်မှန်မှာနှစ်ဦးနှစ်ဖက်(မိဘနှစ်ပါးနှင့်သားသမီးများ) ပူးပေါင်းကြိုးပမ်းမှု၊စဉ်းစားတွေးခေါ်မှု၊အချင်းချင်းညှိနှိုင်းဆွေးနွေးမှုများဤအရေးကြီးသည့်ဘ၀ကိစ္စကိုဆောင်ရွက်ရပေမည်။
ဖခင်များ နှင့် မိခင်များကိုဘ၀ကြင်ဖော်ရွေးချယ်ဖို့အတွက် LOGIC နှင့်အထောက် အထားသက်သေတစ်ခုတည်းနှင့်ရွေးချယ်လို့ မရဆိုသောအမှန်တရားဖက်ဂရုပြုရန်မဖြစ်မနေသတိပေးရပေမည်။
တနည်းအားဖြင့်ဤအလုပ်အား ရွေးချယ်ရာ ၌ယေဘုယျ အဓိကကျသည့်အခြေခံအရာမှာလေးနက်မှုဖြစ်ပေသည်။လူသား အားလုံး၏ လေးနက်မှုသည်တစ်ခုတည်းမဟုတ်ပေ။ယုတ်စွအဆုံးညီအစ်ကို နှစ်ယောက်တောင်မတူဘဲကွဲပြားခြားနားမှုတွေအမြောက် အများရှိလေသည်။
အတင်းအဓမ္မ အစီအစဉ် ကြောင့်အိမ်ထောင်ပြုခဲ့ သည့်အိမ်ထောင်များသည်တည်တံ့ခိုင်မြဲ သည်မှာအလွန်နည်းလေသည်။နောက်ဆုံးရလဒ်ကတော့အနှေးနှင့်အမြန်ဆိုသလိုကွာရှင်းပြတ်စဲသို့ရောက်ရာလေသည်။
အားလုံးထက်အဆိုးရွားဆုံးနှင့်အန္တရာယ်အရှိဆုံးကတော့…..
မိဘနှစ်ပါးအနေဖြင့်မိမိတို့၏သားသမီးများအတွက်ဘ၀ကြင် ဖော် ရွေးချယ်ချိန်မှာမိမိတို့၏မှတ်ကျောက်အရကောင်းသည် ဆိုသူ အားရွေးချယ် ပေးခြင်းဖြစ်ပေသည်။ဤကဲ့သို့သောမိဘများသည်အလွန်တရာလမ်းလွဲလမ်းမှားနေသူများပင်တည်း။
ဒုတိယတဖက်၌လည်း“လူငယ်လူရွယ်”များအနေဖြင့်လည်းများသောအားဖြင့်လူငယ်လူရွယ်အချိန်အခါ၌အချစ်မေတ္တာပြင်းထန်မှုသည်မနုဿလူသား၏မျက်စိများအားပရ်ဒါအထူကြီး (ကန့်လန့်ကာအထူကြီး) နှင့်ဖုံးအုပ်ထားရမည်လေသည်။
(ဤအတွက်ကြောင့်) ဤကိုယ်ချင်းစာ၊စာနာတရားရှိသည့်မိခင်ဖခင်များ၊တတ်သိနားလည်သည့်သူငယ်ချင်းအပေါင်းအသင်းများ၊ဆွေမျိုးများထံမှမလွဲမသွေဤဘ၀ကြင်ဖော်ရွေးချယ်မှုကိစ္စအတွက်အကူအညီယူရပေမည်။
ပြီးနောက်လူငယ်လူရွယ်များအနေဖြင့်မည်မျှပင်အင်အားခွန်အားကြီးသူများဖြစ်ကြပါစေ၊ဘ၀မုန်တိုင်းနှင့်အဖြစ်အပျက်ပြဿနာများကိုဖြေရှင်းနိုင်ရန်မိဘနှစ်ပါး၊သူငယ်ချင်းမိတ်ဆွေများ၊ဆွေမျိုးများ၏အကူအညီအဖေးအမနှင့်မကင်းနိုင်ချေ။
အကယ်၍လူငယ်လူရွယ်များအနေဖြင့်ဤအရေးကြီးကိစ္စအတွက်မိဘများကိုဘေးချိတ်ထားမည်ဆိုလျှင်ရောက်လာမည့်အနာဂတ်၏အခက်အခဲအကျပ်အတည်းများအတွက်မိဘနှစ်ပါး၏ထောက်ပံ့ပေးမှု၊အကူအညီ၊အဖေးအမကိုရမည်မဟုတ်ချေ။အမှန်တကယ်မိဘနှစ်ပါးမှမိမိတို့အပေါ်ယုံကြည်မှု၊စိတ်ချမှုကိုဆွတ်ခူးရန်လူငယ်လူရွယ်များအတွက်အထူးအရေးကြီးလိုအပ်ပေသည်။
စာရိတ္တပိုင်းဆိုင်ရာအမြင်အရလည်းပဲလူငယ်လူရွယ်များအနေဖြင့်ဤအရေးကြီးကိစ္စ (ဘ၀ကြင်ဖော်၊ကြင်ဖက်ရွေးချယ်မှု) အတွက်ကိုယ်ချင်းစာတရားရှိသည့်မိခင်၊ဖခင်များကိုမိမိတို့အချစ်မေတ္တာနွေးထွေးမှုနှင့်အတူတွဲဖက်လုပ်ဆောင်ရမည်မှာငြင်းမရသည့်သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ်ပေသည်။
ဤ အတွက်ကြောင့်လည်းအစ္စလာမ်သာသနာတော်၏အဆုံးအမ၊အမိန့်သြ၀ါဒတော်များ၌ဤကဲ့သို့ပူးတွဲကြိုးပမ်းမှုကိုအလွန်လှပတင့်တယ်စွာဖြင့်တင်ပြထားပါသည်။
အထူးသဖြင့်မိန်းကလေးများ(အပျိုကညာလေး) များနှင့်ပတ်သက်ပြီးအမိန့်လာရှိလေသည်။အိမ်ထောင်ပြု၊ဘ၀သစ်တည်ဆောက်ဖို့ဦးစွာပထမ (ကာယကံရှင်) မိန်းကလေးများ၏သဘောတူနှစ်မြို့မှု ကိုရယူရပေမည်။ပြီးမှအုပ်ထိန်းသူများသဘောတူညီချက်ရယူရမည်ဖြစ်လေသည်။
သို့သော်လည်းဖခင်အနေဖြင့်မိမိ၏ပုဂ္ဂလိကကိုယ်ရေးကိုယ်တာအကျိုးအမြတ်ရှေ့ရှုပြီးမိမိသားသမီးများ၏အကျိုးအမြတ်ကိုမငဲ့ပဲအိမ်ထောင်ပြုပေးမှုကို (အလွန်တရာ) နည်းပါးစွာတွေ့ရပေမည်။ဤသည်အစ္စလာမ်ဥပဒေနှင့်သီးခြားသီးသန့်ဖြစ်လေသည်။ (မဆိုင်ချေ။)
ထိုနည်းတူစွာအိမ်ထောင်ပြုခြင်း၌သားသမီးများ၏အကျိုးအမြတ်ရှိပြီး ဤအိမ်ထောင်ပြုမှုကိစ္စအတွက်ဖခင်မှတမင်သက်သက်ပွဲပျက်သည့်အခြေအနေကိုရောက်သွားသည့်အခါမျိုးလည်းအနည်းငယ်သာရှိပေသည်။
ဤ (အထက်ဖော်ပြပါ) အခြေအနေနှစ်ခုလုံး၏အမြင်သည်တရားမ၀င်ချေ။ဤကဲ့သို့သောအခြေအနေမျိုး၌(သားသမီးများအနေဖြင့်)မိဘနှစ်ပါး၏အမိန့်ကိုလိုက်နာကျင့်သုံးရန်မလိုချေ။ (အပြစ်မရှိပေ။)
မှတ်ချက်။ ။မိဘများ၏ကိုယ်ရေးကိုယ်တာအကျိုးအမြတ်ဆိုသည့်ကိစ္စဖြစ်စေ….. ပွဲပျက်မှုဆိုသည့်ကိစ္စဖြစ်စေ….. ရှရီအသ်ကသတ်မှတ်ဖို့လိုလေသည်။ လူများ နှင့် သားသမီးတို့၏ အမြင်အရ မဖြစ်ဖို့ အထူး အရေးကြီးပေသည်။(ဘာသာပြန်ဆိုသူ)
* * * * *
အခန်းကဏ္ဍ(၈)
အချစ်မီးတောက်
လူငယ်လူရွယ်တို့၏ဘ၀၌အန္တရာယ်အပြည့်နှင့်အလွန်တရာကြမ်းတမ်းခက်ခဲသည့်လမ်း
အချစ်၏ကြီးကျယ်မှုအဆင့်အတန်း (သို့မဟုတ်) အချစ်၏အရူးထမှုရောဂါနှင့်စပ်လျဉ်းပြီးအမြောက်အများရေးသားသီကုံးပြောဆိုခဲ့ကြလေသည်။ယေဘုယျအားဖြင့်ဤစကားလုံး (အချစ်) လောက်အသွင်အမျိုးမျိုး၊ဆန့်ကျင်ဖက်မတူညီသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်များအဖြင့်အမြောက်အများမရှိသလောက်ပင်ဖြစ်ပေသည်။
အချို့စာရေးဆရာကြီးများအနေဖြင့်တစ်ခါတစ်လေ“အချစ်”အကြောင်းကိုအလွန်တရာမြှင့် တင်ပြီးရေးသားကြလေသည်။ရေးသားသည်မှာ…..
“အချစ်ဆိုတာဘ၀၏သရဖူ၊အမြဲတစေကံကောင်းမှု၏အမည်”ဖြစ်လေ၏။ (ကိုသာမ်၊ဂျာမဏီစာရေးဆရာကြီး)
(သို့မဟုတ်)
“ဟဇီယေ”၏အပြောအရဆိုလျှင်“အချစ်ဆိုတာစကြာဝဋာ၏ပိသုကာပါ”
“သို့ပါစ်”အနေဖြင့်အချစ်တန်ခိုးအာနိသင်ကိုရေးသားထားလေသည်။၎င်း၏ယုံကြည်ချက်သည်ကားအချစ်ဆိုတာဝိဥာဉ်အတွက်ခွန်အား၊မနုဿလူသား၏နှလုံးသားကိုရှင်သန်စေသည့်အရာဖြစ်ပါသည်ဟုဆိုထားလေသည်။
အချို့အရှေ့တိုင်းဖလော်ဆော်ဖာကြီးများ၏အုပ်စုမှဤထက်ပင်ခြေလှမ်းထားပေသည်။
၎င်းတို့၏ယုံကြည်ချက်သည်ကား…..
“လောကကြီး၏လှုပ်ရှားမှုတိုင်း၊အသွင်ဆောင်မှုတိုင်း၏နောက်ကွယ်၌အချစ်တစ်မျိုး (သို့မဟုတ်) တစ်မျိုးမကကြိုးကိုင်ထားလေ၏။ယုတ်စွအဆုံးဂြိုဟ်များ၏လှည့်ပတ်နေမှုသည်လည်းဤကဲ့သို့သော (အချစ်တစ်မျိုး) ကြောင့်ဖြစ်လေသည်။!”
သို့သော်အကယ်၍ဤစကားလုံး၏အဓိပ္ပါယ်နှင့်၎င်း၏ကျယ်ပြန့်မူကိုဆိုလိုသည်မှာဆွဲဆောင်မှုတိုင်းနှင့်အတိုင်းထက်အလွန်စိတ်ဝင်စားဆွဲဆောင်မှုဟုအဓိပ္ပါယ်ဖွင့်ဆိုမည်ဆိုလျှင်မလွဲမသွေ(အထက်)က၄င်းတို့၏ဆိုစကားကိုထောက်ခံရပေမည်။
ဤအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်လှပသည့်အကျယ်ဖွင့်ဆိုချက်များအားလုံးဆန့်ကျင်ပြီးအချို့စာရေးဆရာများနှင့်ဖလော်ဆော်ဖာများကအလွန်တရာပြင်းထန်စွာတိုက်ခိုက်ရေးသားထားလေသည်။အချစ်နှင့်ပတ်သက်ပြီးစွပ်စွဲမှုများကိုပြုလုပ်ခဲ့လေသည်။အချစ်ကိုရောဂါဝေဒနာတစ်ခုနှင့်ရွံ့စရာမုန်းစရာကောင်းသည်အဖိုးမဲ့အရာတစ်ခုဟုဆိုထားကြလေသည်။
အကျော်အမော်အရှေ့တိုင်းစာရေးဆရာတစ်ယောက်ကဤသို့ဆိုလေ၏။
“အချစ်ဆိုသည်မှာ….. ပမာအားဖြင့်စလ်(ခ)ကင်ဆာရောဂါတစ်မျိုးဖြစ်၍၊ကင်ဆာနှင့် နာတာရှည်ရောဂါကဲ့သို့ဖြစ်ပြီးအသိဥာဏ် ဦးနှောက်ရှိသူလူသားအနေဖြင့်မလွဲမသွေထွက်ပြေးလေ၏။”….
နိုင်ငံခြားစကားပုံတစ်ခုရှိလေသည်။
“အချစ်ဆိုတာရှာမ်ဗာနီအရက်ကဲ့သို့ပင်တည်း။ ”
အခြားအချို့ပညာရှင်များမှာပမာအားဖြင့် (နက္ခတာရာအကျော်အမော်ပညာရှင်) (ကိုပရ်နီက်) အချက်နှင့်ပတ်သက်ပြီးမိမိကိုသိက္ခာချပြီးအမ်သေဂျယ်အပြည့်နှင့်ပြောလေသည်မှာ…..
“အချစ်ဆိုတာအရူးအမျိုးအစားများထဲမှအရူးတစ်မျိုးမဟုတ်ရင်တောင်အနည်းဆုံးဦးနှောက်အားပျော့ပြီးမတတ်နိုင်သူရဲ့အနှစ်ချုပ်ရလာဒ်တစ်ခုဆိုတာသေချာပါတယ်…..”
နောက်ဆုံးအနေဖြင့်အချို့လည်းပဲ၊ဥပမာအားဖြင့်“ကာရ်လာယေလ်”အနေဖြင့်လည်းအချစ်အပေါ်တိုက်ခိုက်ပြီးပြောလေသည်မှာ…..
“အချစ်ဆိုတာ…အရူးအမျိုးအစားတစ်ခုတည်း၏အမည်မဟုတ်ဘဲမြောက်များစွာသော အရူးအမျိုးအစား များဖြင့်ဖွဲ့စည်းထားသည့်အရာဖြစ်ချေသည်…..”
ဤကဲ့သို့အလွန်တရာအပြင်းအထန်ဆန့်ကျင်ဖက်အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုအဖြစ်အပျက်တစ်ခုခုအတွက်ဟုအဆိုမပြုသင့်ချေ။အမှန်တကယ်ဤကွဲလွဲမှုများ၊ဆန့်ကျင်ဖက်များ၊တွေးခေါ်ဝေဖန်မှုများသည်ပြုလုပ်သူများ၏အမြင်ကွဲလွဲမှုသာဖြစ်ပေသည်။
ဆိုလိုသည်မှာစာရေးဆရာနှင့်ပညာရှင်တိုင်းသည်အမှန်တကယ်အချစ်၏မြောက်များစွာသောမျက်နှာများမှယေဘုယျအားဖြင့်မိမိတို့ဘ၀တွေ့ကြုံခံစားရသည့်မျက်နှာတစ်ခုတည်းကိုသာလျှင်ဆွေးနွေးတင်ပြကြလေသည်။
ဤအတွက်ကြောင့်မလွဲမသွေထောက်ခံရမည်မှာ…..
အကယ်၍အချစ်၏ဆိုလိုသည့်အဓိပ္ပါယ်မှာမနုဿလူသားနှစ်ဦး၏ (သို့မဟုတ်) ခြုံငုံပြီးပြောရလျှင်တည်ရှိနေသည့်အရာ (မနုဿ၊တရိစ္ဆာန်၊အသီး၊အခေါက်၊အရွက်များ၊အပင်များနှင့်သက်မဲ့အရာများ) အကြားအတိုင်းထက်အလွန်ဆွဲဆောင်မှုတစ်ခု၊စိတ်ဝင်စား၊စွဲမက်မှုတစ်ခုဖြစ်ပြီးကြီးကျယ်မြင့်မားသည့်ရည်ရွယ်ချက်တစ်ခုအတွက်ဆိုလျှင်ဤထက်ကောင်းသည့်အရာရှိပါဦးမည်လော? ! ဖြစ်ပေသည်။
အကြောင်းသည်ကား…..
ထို(အထက်ဖော်ပြပါအချစ်)၏ စွမ်းအား၊ခွန်အားသည်၎င်း ၏ လမ်းတွင်လာသမျှအဟန့်အတား၊အတားအဆီး၊အနှောက်အယှက်များကိုမိမိလက်အတွင်းသိမ်းပိုက်နိုင်သည်အထိအံ့သြစရာခွန်အားရှိပေသည်။ပြီးနောက်မိမိ၏ရည်မှန်းချက်ပန်းတိုင်၏ခရီးစဉ်ရှိအခက်အခဲများအားလုံးကျော်လွှားနိုင်ပေသည်။
အချစ်နှင့်ပတ်သက်၍ချီးမွမ်းထောပနာမှုများအားလုံးသည်၎င်း၏ခွန်အား၊စွမ်းအားနှင့်အတုမဲ့အင်အားကြောင့်ဖြစ်ပေသည်။ဤအတွက်ကြောင့်ပင်ကျွန်ုပ်တို့သိရှိထားသည့်အတိုင်းမြောက်များစွာသောစာပေလင်္ကာများ၊ဗိသုကာများ၊အနုပညာလက်ရာများသည် ဤ စွဲဆောင်မှု၊စိတ် ၀င်စား မှုဆို သည့်အချစ်ခွန်အား၏ရလာဒ်ကြောင့်ပင်တည်း။
သို့သော်အချစ်ဆိုသည့်ဆိုလိုချက်မှာအပြစ်ငရဲသားမနုဿလူသားနှစ်ဦးအကြား၊ညစ်ညမ်းမှု၊မကောင်းသည့်စာရိတ္တပျက်ပြားမှုများဖက်သို့ခေါ်ဆောင်စေသည့်စွဲဆောင်မှုနှင့်စိတ်ဝင်စားမှုကိုဆိုလိုပါကအချစ်နှင့်ပတ်သက်ပြီးပြစ်တင်ဝေဖန်ရှုံ့ချထားမှုသည်နည်းပင်နည်းနေသေးပေ၏။အကြောင်းမှာ….. ဤမကောင်းသည့် (ရှက်စရာ) အမာရွတ်အစွန်းအထင်းသည်ချွန်ရန်၊ပျောက်ရန်မလွယ်တော့သည့်ထင်ရှားသည့်အမာရွတ်ကြီးအစွန်းအထင်းကြီးဖြစ်လေသည်။
အကယ်၍ဤဆွဲဆောင်မှု၊စိတ်ဝင်စားမှုဆိုသည်မှာယေဘုယျအားဖြင့်အသိဥာဏ်တရားကိုပျက်စီးစေပြီးအလုပ်မလုပ်တော့သည့်အသိဥာဏ်နှင့်မနုဿလူသားအားမိုက်ရူးသည့်လုပ်ရပ်မှန်သမျှကိုလုပ်စေသည့်ရူးသွပ်မှုကိုဖြစ်စေသည့်အရာဆိုလျှင်မည်မျှပင်ချိုးနှိမ်သိက္ခာချသည် ဖြစ်ပါစေနည်းသေးပေသည်။
ပြင်သစ်စာရေးဆရာ“အေစ်သာ(န)ဒါလ်”ပြောလေသည်။
“အချစ်နှင့်ပတ်သက်သည့်ကိစ္စတွင်ကောင်းမှုနှင့်မကောင်းမှုတို့၏ကွာခြားမှုအကွာအဝေးမှာတစ်ချက်“နမ်း”သလောက်သာလျှင်ကွာဝေးနေပေသည်။
အနှစ်ချုပ်၊အတိုချုပ်ဆိုရမည်ဆိုလျှင်….
.
အမြင်စုံ၊ထောင့်စုံကိုရှုမြင်သုံးသပ်ပြီးအချစ်၏မျက်နှာအမျိုးမျိုးရှိကြောင်းဤအချက်ကိုအခြေခံပြီး၎င်းအတွက်ချီးမွမ်းထောပနာခြင်းနှင့်ပြစ်တင်ဝေဖန်ရှုံ့ချခြင်းနှစ်မျိုးစလုံးဖြစ်နိုင်ကြောင်းကိုတွေ့ရှိရပေသည်။
စာအိမ်ထဲမှကဗျာဆန်သည့်အချစ်
ဤနေရာ၌သန့်စင်သန့်ပြန့်ဖြူစင်သည့်လူငယ်လူရွယ်တို့အတွက်ဂရုပြုရန်အရေးကြီးသည့်ခေါင်းစဉ်တစ်ခုပင်ဖြစ်ပါသည်။ယနေ့မျက်မှောက်ခေတ်တွင်စာအိတ်လှလှလေးထဲမှအချစ်ကဗျာဆန်ဆန် (ရည်စားဘ၀)တွင်စာရိတ္တပျက်ပြားစေသည့်ဒုစရိုက်များ၊ပျက်စီးမှုများမဖြစ်ဘဲနေစေသည့်အကွက်ကျန်ပါသေးသနည်း။
အညစ်အကြေးအလုပ်များမသန့်မရှင်း၊တရားမ၀င်သည့် အလုပ်များ ကိုသန့်ပြန့်သည့်အချစ်စစ်အချစ်မှန်ဟုအမည်ပေးပြီးအလွဲသုံးစားပြုနေကြလေ သည်။ အပြစ်များနှင့် ကျင်လည်ကျက်စား နေသူများ၊ (တရားမ၀င်သည့်) ကာမရာဂနောက်လိုက်သူများသည်မိမိတို့ ကိုယ်ကိုစစ်မှန်သည့်အချစ်စစ်အချစ်မှန်ထားသူများ၊ခေတ် စကားအရ ဆိုလျှင်“အစိတ်စိတ်အမွှာမွှာဖြစ်သွားသည့်နှလုံးသားကိုသက်သေအဖြစ်၊ဤအစိတ်စိတ်အမွှာမွှာနှလုံးသား”မှအပစနဒ်လက်မှတ်အထောက် အထားအဖြစ်လက်တွေ့မရှိဟုဆိုသူများအဖြစ်သရုပ်ဆောင်ကြလေသည်။
ကောက်ကျစ်စဉ်းလဲသူမှန်သမျှနှင့်မိမိ၏တိရစ္ဆာန်ဆန်ဆန်ဖြစ်သည့်ကာမရာဂစိတ်ကိုဖြည့်စီးရန်သာမကောင်းသည့်နီယသ်ရှိသူများသာအချစ်အားကဗျာဆန်ဆန်စကားလုံးများအဖြစ်တင်ပြမှုများကိုအသုံးချပြီးမိမိတို့၏ရှိုင်တွာန်ဆန်သည့်ရည်ရွယ်ချက်ကိုလက်တွေ့အကောင်အထည်ဖော်ကြလေသည်။
ယေဘုယျအားဖြင့်ဤအတွက်ကြောင့်ဤကဲ့သို့သောမသန့်ရှင်းသည့်နီယသ်များ၊ရည်ရွယ်ချက်များထားရှိသူတို့သည်မိမိတို့၏မသန့်ရှင်းသည့်နီယသ်များ၊ရည်ရွယ်ချက်များကိုအောင်နိုင်ပြီးနောက်၎င်းတို့၏ရုပ်အစစ်အမှန်ကိုပြလေသည်။ပြုထားသမျှကတိက၀တ်များကိုမေ့လိုက်ကြလေသည်။
ပမာအားဖြင့်တင်ပြရမည် ဆိုလျှင်ရေအပြည့်ဖြည့် ထားသည့်ရေခွက်အားတစ်ချိန်တည်းမှာမှောက်လှန်လိုက်ရာရေတစက်ပင်မကျန်တော့သည့်အဖြစ်မျိုးအဖြစ်၎င်းတို့၏သန့်ပြန့်သန့်ရှင်း ပါသည် ဆိုသောမေတ္တာ၊ဂရုဏာများ၊အချစ်မီးတောက်များ၊အချစ်မီးလျှံများမကျန် တော့ချေ။
ဤသို့ဖြင့်၎င်းတို့နှလုံးသား၌အချစ်၊မေတ္တာ၊ဂရုဏာအချစ်အတွက်ဆိုပြီးပေးထားခဲ့သည့်ထောင်ပေါင်းများစွာသောကတိက၀တ်များမရှိတော့ချေ။
ဤအချိန်၌ (ကျိုးပဲ့၊အက်ကွဲနေသည့်နှလုံးသားပိုင်ရှင်) ချစ်သူမှကောက်ကျစ်လှည့်ဖျားမှုကိုခံလိုက်ရပြီးနောင်တရကာဝမ်းနည်းကြေကွဲပူဆွေးမှုဆိုသည့်လောကသို့ရောက်ရလေသည်။
လူငယ်လူရွယ်များအနေဖြင့်မလွဲမသွေပြင်းပြင်းထန်ထန်၊အသေးစိတ်၊ဂရုနှင့်သတိပြုနိုင်သမျှပြုပြီး၊သတိရှိနိုင်သမျှရှိပြီးဤအချစ်တုသမားများအချစ်အားသတိရှိရပေမည်။ (မြန်မာဆန်ဆန်ပြောရလျှင်ရည်းစားမထားသင့်ချေ။ထားလျှင်၉၉ရာခိုင်နှုန်းသည်မကောင်းမှုဖက်၊တရားမ၀င်မှုဖက်သာဦးတည်နေပေသည်။)
ဤလူလိမ်လူကောက်အချစ်သမားများထံဝယ်မုသား၊လိမ်လည်မှု၊ကောက်ကျစ်လှည့်ဖျားမှု၊ (ယုတ်ညံ့မှု) မှအပအခြားအရင်းအနှီးမရှိချေ။
အပြင်ပိုင်းအရအချစ်နှင့်ပြည့်နေသည့်၎င်းတို့၏နှလုံးသားသည်တစ်ချိန်တည်းတွင်နေရာအများအပြားတါင်နေရာပေးလေသည်။ပြီးနောက်ကောက်ကျစ်စဉ်းလဲမှု၊လှည့်ဖျားမှုဖြင့်မိမိကိုယ်အချစ်စစ်အချစ်မှန်ရှိသူအဖြစ်သက်သေထူကြလေ၏။
သတိရှိကိုရှိကြပါလေ။
ယခုခေတ်ကာလ၌ဤကဲ့သို့သောပုဂ္ဂိုလ်များအမြောက်အများကိုတွေ့နိုင်ပေသည်။ဤကဲ့သို့သောလူပုဂ္ဂိုလ်များသည်မုသားများ၊လိမ်ညာမှုများ၊ကောက်ကျစ်မှုများ၊လှည့်ဖျားမှုများနှင့်ပြည့်နေသည့်ရည်စားစာတစ်စောင်တည်းကိုကောင်မလေး (၄၊၅ယောက်) ပေးသည်အထိအရှက်သိက္ခာမဲ့လာကြလေသည်။
နေရာတိုင်း“အချစ်စစ်အချစ်မှန်သန့်ပြန့်ဖြူစင်သည့်အချစ်မေတ္တာကို”ပြပြပြိးလှည့်ဖျားလေသည်။ဤအချစ်စစ်အချစ်မှန်အမည်ဖြင့်ဂိုနာပေါင်းသောင်းခြောက်ထောင်ကိုကျူးကျော်ကြလေသည်။
ဤကိစ္စအတွက်ကောင်မလေး(လူငယ်လူရွယ်များ)သာသတိနှင့်နေရာမည်မဟုတ်ဘဲ၊ကောင်လေး(လူငယ်လူရွယ်များ) လည်းသတိနှင့်ပြုရပေမည်။
ယခုခေတ်ကာလ၌အချစ်မေတ္တာဆိုသည့်အမည်ဖြင့်ထောင်ချောက်ကျော့ကွင်းပေါင်းအမျိုးစုံကိုခင်းထားလေသည်။ထိုကျော့ကွင်းထောင်ချောက်၌မိခဲ့လျှင်ယေဘုယျအားဖြင့်လွတ်မြောက်ဖို့မလွယ်တော့ချေ။
ဤအတွက်ကြောင့်တခဏတာမေ့လျော့မှု၊ပေါ့ဆမှု၊အကြောင်းမဲ့အကောင်းမြင်မှုနှင့်ပြစားလှည့်စားမှုသာဖြစ်သည့်စကားလုံးလှလှလေးတွေကိုလက်ခံလိုက်မှုကြောင့်တစ်ဘ၀လုံးအစားထိုးဆပ်လို့မရသည့်အဖြစ်မျိုးတခါတလေဖြစ်ရလေ၏။
အထူးသဖြင့်အချစ်မေတ္တာငတ်နေသူများ၊ဘ၀အားအပယ်ခံရမှုများနှင့်တည်ဆောက်ရသူများသည်အချစ်မေတ္တာ၏အမည်ဖြင့်တောင်းဆိုလာမှုကိုအလျှင်အမြန်လက်ခံအဖြေပေးကြလေသည်။
ဤအပယ်ခံရမှုများကြောင့်လှည့်ဖျား၊ကောက်ကျစ်မှုကိုခံရလေသည်။ဤကဲ့သို့သောပုဂ္ဂိုလ်များ( အချစ်မေတ္တာငတ်နေသူများ၊အပယ်ခံရမှုများခံရသူများ) အနေဖြင့်သူတစ်ပါးထက်ပိုပြီးသတိ၊အသိရှိဖို့လိုအပ်ပေသည်။
လာမည့်ဆွေးနွေးမှုမှာ“အချစ်၏အန္တရာယ်များ”ခေါင်းစဉ်ဖြင့်အရေးကြီးအရေးပါသည့်အချက်အလက်များကိုတင်ပြမပါမည်။ဤကဏ္ဍ၏အဆုံးသတ်ဖြစ်ပါသည်။
* * * * *
“မိမိ၏သာသနာ့ညီနောင်များအပေါ်ကိုယ်ချင်းစာတရားထားပေးခြင်းသည်ရိုဇီ (ခ) စားနပ်ရိက္ခာပေါများခြင်းကိုဖြစ်စေလေသည်။” (အေမာမ်အလီ (အ.စ))
ဘေဟာ(ရ)ကျမ်းအတွဲ (၇၄) ၊စာမျက်နှာ (၃၉၅) ၊ ဟဒီးစ်တော်အမှတ် (၂၂)
အလှူမှန်သမျှတွင်တရားအလှူသည်အမြတ်ဆုးံ
အချိန်တန် ၍ အသိမှန် မှ အိမ်အပြန် (တမလွန်) လှပေလိမ့်မည်။
*****
အခန်းကဏ္ဍ(၉)
အချစ်၏အန္တရာယ်များ
ကျွန်တော်အနေဖြင့်“အချစ်ဆိုတာ”အလွန်တရာဆွဲဆောင်မှု၊စိတ်ဝင်စားမှုတစ်ခု၏ခွန်အား၊စွမ်းအားဖြစ်ကြောင်းတင်ပြပြီးဖြစ်ပါသည်။မနုဿလူသားနှစ်ဦး (သို့မဟုတ်) အရာနှစ်ခုအကြားယေဘုယျအားဖြင့်သန့်စင်သန့်ရှင်းသည့်ရည်ရွယ်ချက်သို့အရောက်ပို့ဆောင်ပေးသည့်အကြောင်းခံဖြစ်ပေသည်။
အချစ်(စစ်မှန်)သည်မနုဿလူသား၏၀ိဥဉ်အားအမြင့်တကာ့အမြင့်ဆုံးလင်းလက်တောက်ပမှုနှင့်ဖန်ဆင်းခံများ၏အမြင့်မြတ်ဆုံး၊ကျက်သရေအရှိဆုံးလက်ရာတစ်ခုပင်တည်း။
မုချဧကန်မင်္ဂလာဆောင်နှင်းခြင်း၊အိမ်ထောင်ပြုခြင်း၏အခြေခံသည်သန့်စင်သန့်ပြန့်သည့်အချစ်မေတ္တာအပေါ်ဇနီးမောင်နှံနှစ်ဦးမှအခြေပြုထားမည်ဆိုလျှင်အမြဲတစေ၊ထာဝရခိုင်ခံ့မြဲမြံပြီး၊မြင်ရာတိုင်းအပြစ်အနာအဆာကင်းခြင်း၊ရလာဒ်ကောင်းများပြည့်နေသည့်ရလာဒ်များရခြင်းနှင့်စိတ်ချစရာ၊စိတ်ချမ်းသာစရာများကိုသာခံစားရပေလိမ့်မည်။
သို့သော်ဤ(အထက်ဖော်ပြပါ) အားလုံးစည်လိမ်လည်၊မုသားဖြစ်တည်ဆောက်ထားသည့်အချစ်တု၊လှည့်ဖျားကောက်ကျစ်မှုများနှင့်ဖွဲ့နှောင်ထားသည့်အချစ်တုနှင့်လုံးဝဥဿုံကွာခြားလေသည်။အကြောင်းမှာဤသူများသည်အလွန်တရာအချစ်မီးအပြင်ပိုင်းအရထောက်ပြခြင်းနှင့်ထောက်ပြသူများဖြစ်ကြလေသည်။
မနုဿလူသားအားအခြားအရာများအားလုံးကိုမေ့ပစ်စေပြီးစစ်မှန်သည့်အချစ်စစ်၊အချစ်မှန်ကိုပြရမည့်အစားအခြားအရာများတွင်နှစ်မျောပိတ်မိစေသည့်အတင်းအဓမ္မကာမ၊ရာဂနှင့်တရားမ၀င်ကာမ၊ရာဂနှင့် (အထက်ဖော်ပြပါအချစ်စစ်၊အချစ်မှန်သည်) ဆန့်ကျင်နေလေသည်။
အမှန်တကယ်ထိုစစ်မှန်သည့်အချစ်၊အချစ်စစ်အချစ်မှန်များမေတ္တာများသည်ပင်ကြီးမားသည့်အန္တရာယ်များနှင့်ရင်ဆိုင်ရလေသည်။ထိုအန္တရာယ်များကိုလုံးဝဂရုသတိမပြဘဲမနေသင့်ချေ။
ပထမအန္တရာယ်
သာမန်အားဖြင့်အချစ်မေတ္တာများသညပင်အလွန်တရာချစ်မြတ်နိုးခြင်း၊စွဲလန်းခြင်းအပြစ်အနာအဆာများကိုဖုံးဖိ၊ဖုံးကွယ်ပေးခြင်းအလုပ်ကိုလုပ်လေသည်။
တနည်းအားဖြင့်သာဓကအားဖြင့်တင်ပြရမည်ဆိုလျှင်မနုဿလူသားတိုင်းသည်မိမိတို့၏မျက်လုံးနှလုံးတွင်တစ်လုံးသည်“ရေဇာ”ခေါ်နှစ်မြို့မှုနှင့်နောက်တစ်လုံးမှာ“နဖရသ်”ခေါ်မုန်းတီးရွံ့ရှာမှုကိုပိုင်ဆိုင်ကြလေသည်။အချစ်မေတ္တာထားပြီးနောက်ယေဘုယျအများအားဖြင့်မနုဿလူသားသည်“နဖရသ်”ခေါ်မုန်းတီးရွံ့ရှာမှုမျက်လုံးအားလုံးဝပိတ်ထားလိုက်လေသည်။
ယုတ်စွအဆုံးချစ်သူ၏မကောင်းတကာ့မကောင်းဆုံး(ချွတ်ယွင်းချက်၊အပြစ်အနာအဆာ) ကိုပင်အံ့သြစရာကောင်းသည့်ဖြေရှင်းချက်များ၊အကျယ်ဖွင့်ချက်များဖြင့်အကောင်းတကာ့အကောင်း“အလှဆုံး”အဖြစ်တင်စားကြလေသည်။
မည်မျှဆိုလျှင်အကယ်၍တစ်ဦးတစ်ယောက်အနေဖြင့်ဤ(အတိုင်းမဲ့၊အကွပ်မဲ့အချစ်ချစ်သူများ) အနည်းငယ်ပင်ဆိုဆုံးမသတိပေးမိလျှင်လည်းအပြင်းအထန်ဆန့်ကျင်ပုန်ကန်မှုနှင့်၎င်း၏နှလုံးသား၌အငြိုးအတေးထားမှုကိုလုပ်လေသည်။
ပြီးနောက်ဆိုဆုံးမသူအားမိမိနှင့်ရန်ငြိုးထားသူ၊မနာလိုဝန်တိုစိတ်ထားသူ၊အမြင်ကျဉ်းသူအဖြစ်မြင်လေ၏။ဤအတွက်ကြောင့်ဆိုဆုံးမသူနှင့်ရန်ဖြစ်ရန်လုပ်၊ပြဿနာလုပ်ဖို့အသင့်ဖြစ်သွားလေသည်။
ဤကဲ့သို့မျက်ကန်းအချစ်သမားများသည်အလွန်တရာလမ်းမှောင်မိုက်သို့ရောက်သွားလေသည်။ယေဘုယျအားဖြင့်ဤကဲ့သို့သောသူများသည်အချစ်ကြောင့်တလောကလုံးရှိသူများကမပိုင်ဆိုင်ရသည့်အရာကိုပိုင်ဆိုင်လိုက်ရသည်ဟုမိမိကိုယ်ကိုထင်ကြမြင်ကြလေသည်။
အကယ်၍တစ်ဦးတစ်ယောက်ကဆိုဆုံးမလျှင်လည်းထိုဆိုဆုံးမသူသည်သတင်းမဲ့မှု၊မှန်မှန်ကန်ကန်မသုံးသပ်နိုင်မှုကြောင့်၊မှားယွင်းစွာစီစစ်မှု၏ရလာဒ်ကြောင့်ဟုသတ်မှတ်နားလည်လေ၏။
ဖွာရစီဘာသာစကား၌ဆိုရိုးစကားရှိလေသည်။“မဂ်ျနူ(န)၏မျက်လုံးဖြစ်ကြည့်မည်ဆိုလျှင်လိုင်းလာ၌မည်သည့်မကောင်းမှု၊အပြစ်အနာအဆာမျှမရှိချေ။”
မြန်မာစကားအရဆိုလျှင်“ပပ၀တီမျက်လုံးဖြင့်ကြည့်မည်ဆိုလျှင်မင်းကုသ၌မည်သည့်မကောင်းမှု၊အပြစ်အနာအဆာမျှမရှိချေ။”ဖြစ်ပေသည်။
ဤကဲ့သို့သော(မျက်ကန်း)အချစ်သမားများကိုဆိုဆုံးမမှုသည်မည်သည့်အကျိုးမဖြစ်ထွန်းသည့်အပြင်တခါတရံကြီးမားသည့်အန္တရာယ်ဥပဒ်တစ်ခုပင်ဖြစ်စေပါသည်။
သို့သော်လည်းပဲ….. ဤကဲ့သို့သောအချစ်များသည်သာမန်အားဖြင့်ကာမဆက်ယှက်မှုပြုပြီးနောက်ငြိမ်းသွားကြလေသည်။ရုတ်တရက်ဖုံးကွယ်ထားမှုများအားလုံးပေါ်လာပေတော့သည်။အမှန်တရားကိုမြင်လာလေသည်။အတိုင်းမဲ့အချစ်သမားသည်တစ်နည်းအားဖြင့်နက်ရှိုင်းသည့်အရသာခံစားမှုနှင့်ကြာရှည်အိပ်ပျော်နေမှုမှနိုးထလေတော့သည်။ထိုအချိန်၎င်းသည်အထင်အမြင်စိတ်ကူးယဉ်ကမ္ဘာမှထွက်ပြီးစစ်မှန်သည့်လောကသို့ခြေလှမ်းချလိုက်သည်ဟုခံစားရလေသည်။
ဤအမြင်၌အချစ်မေတ္တာ၏အရေးကြီးမှု၊တန်ဖိုးရှိမှုမှန်သမျှကုန်ဆုံးသွားလေသည်။အရာရာတိုင်းကိုအမြင်သစ်တစ်ခုအဖြစ်မြင်လာလေသည်။အထက်ကမကောင်းမြင်ထားသည့်အရာမှန်သမျှ၊ချွတ်ယွင်းမှုမှန်သမျှကိုအကောင်းမြင်လာလေ၏။
ထိုအချိန်အခါ၌အရှက်တရား၊နောင်တတရားကိုတင်ပြမရနိုင်တော့သည့်တင်ပြမှုကိုရပ်ဆိုင်းရလေသည်။မဲမှောင်၊မဲမိုက်နေသည့်ညပမာအခက်အခဲပူဆွေးမှုများ၊အကြပ်အတည်းများအနေဖြင့်၎င်း၏၀ိညာဉ်ကိုမနေနိုင်မထိုင်နိုင်၊မအီမသာဖြစ်အောင်ကြောက်လန့်၊သဲထိတ်ရင်ဖိုအဖြစ်သို့ရောက်အောင်လုပ်ဆောင်လေ၏။
တခါတလေဤအခြေအနေနှစ်ခုအကြား၎င်း၏ဘ၀တစ်ခုလုံးကိုမြှုပ်နှံလိုက်ရသည်အထိကွာဝေးသွားလေသည်။နောက်ဆုံး၎င်းအနေဖြင့်အခက်အခဲ၊အကြပ်အတည်း၊အပူအပင်များ၊ကြောက်ရွံ့၊ထိတ်လန့်မှုများကြောင့်မိမိကိုယ်ကိုသေကြောင်းကြံသည်အဖြစ်သို့ရောက်သွားရလေသည်။
သို့သော်လည်းဤကဲ့သို့သောအခြေအနေ၊အချိန်အခါ၌အခက်အခဲ၊အကြပ်အတည်းများမှလွတ်မြောက်ဖို့ဆိုသည်မှာလွယ်ကူသည့်လုပ်ရပ်တော့မဟုတ်ချေ။အတိုင်းမဲ့အချစ်သမား၊အချစ်ရူးနှင့်၎င်းကဲ့သို့အခြားသူ၏မိတ်ဆွေများကိုကိုယ်ချင်းစာသူများအားလုံးသည်မိမိဘ၀၏စာမျက်နှာ၌အချစ်ဆိုသည့်မည်သည့်သင်ခန်းစာမျှမှတ်တမ်းမရှိစေရန်အချစ်စာမျက်နှာအားလုံးကိုဖျက်လိုက်ကြလေသည်။
ဤအတွက်ကြောင့်၎င်းတို့အဖို့မည်သည့်အသိဥာဏ်ဆိုင်ရာအထောက်အထားသက်သေများ၊ LOGIC ဆိုင်ရာအထောက်အထားသက်သေများအလုပ်မလုပ်ကြတော့ပေ။ဤနေရာ၌၄င်းတို့သည်အခြားသူများအားလုံးနှင့်မတူတော့ဘဲတစ်မျိုးတည်းထားလေတော့သည်။
ထို့ကြောင့်၎င်းတို့၏လောကနှင့်အခြားသူများ၏လောကသည်အခြေခံအားဖြင့်အများနားလည်သဘောပေါက်သည့်စကားပင်နားမလည်သဘောမပေါက်တော့သည့်အထိကွာခြားသွားလေသည်။ဤကဲ့သို့ဖြစ်နေခြင်းမှာ၎င်းတို့သည်အချစ်၏စကားကိုသာနားလည်ကြပြီးအခြားသူများမှာဦးနှောက်အသိဥာဏ်နှင့် LOGIC ၏စကားကိုပြောကြဆိုကြနားထောင်ကြသည့်အတွက်ကြောင့်ဖြစ်ပေသည်။
သို့သော်လည်းပဲဤကဲ့သို့သောပုဂ္ဂိုလ်များနှင့်ဆက်နွယ်နေသည့်မိတ်ဆွေအပေါင်းအသင်းများ (ဆွေမျိုးသွေးသားတော်စပ်သူများအနေဖြင့်) မိမိသူငယ်ချင်း(အချစ်ရူး)၏အမှားအယွင်းနှင့်အပြစ်အနာကိုသိသူများသည်စိတ်ပိုင်းဆိုင်ရာနည်းပညာအရသော်လည်းကောင်း၊အထူးသတိဂရုပြုခြင်းဖြင့်တစ်နည်း၊၄င်းပါလာအောင်ကြိုးပမ်းသင့်လေသည်။သွယ်ဝိုက်သည့်နည်းဖြင့်ပြဿနာများကို၎င်းအရှေ့တွင်ရှင်းပြရပေမည်။
၎င်းအနေဖြင့်မခံစားမရိပ်မိအောင်၊ဒဏ်ရာဟောင်းပိုပြီးနားကြည်းမှုမဖြစ်အောင်သတိပြုရပေမည်။အချစ်ရူးမှု၏အစစ်အမှန်အခြေအနေ၊စောဒကတက် မှုများနှင့်အမြင်မှားမှုများကိုမေးခွန်းပုံစံလေးဖြင့်ရှင်းပြပေးရမည်။ဤအချစ်ရူးအနေဖြင့်မိမိ၏မှားယွင်းသည့်အချစ် (ကျော့ကွင်းတွင်မိနေ) ကြောင်း(အမှားကိုသိရှိလာပြီး) ထိုအမှားတွင်းမှတဖြည်းဖြည်းဤမှားယွင်းမှုအမိုက်လမ်းလွဲလမ်းမှားမှပြန်ထွက်လာသည့်အလုပ်(မျိုး) လုပ်ပေးရပေမည်။
ပြီးနောက်၎င်းအနေဖြင့်မည်သူ၏အကူအညီအထောက်အပံ့မပါပဲ၊အမှန်တရားကိုသိရှိနားလည်ပြီးမိမိသဘောဆန္ဒဖြင့်ထိုလမ်းလွဲလမ်းချော်မှပြန်လှည့်ရခြင်း (မည်သူမှ) ၄င်းကိုလမ်းပြလိုက်သည်မဟုတ်ဟုထင်အောင်ပြုပေးရမည်။
အချစ်ရှုံးသမား၊မျက်ကန်းအချစ်သမားဘ၀အဖြစ်သို့မရောက်အောင်သာမာန်အခြေအနေ၌ပင်အန္တရာယ်မှမိမိကိုယ်ကိုကာကွယ်စောင့်ရှောက်ရန်မလွဲမသွေလူငယ်လူရွယ်တိုင်းကြိုးပမ်းသင့်ပေသည်။သတိပေးနေရပေမည်။
အကြောင်းမှာအချစ်ရူး၊မျက်ကန်းအချစ်ဘ၀သို့ရောက်ပြီးနောက်ပိုင်းမနုဿလူသားဦးနှောက်အသိဥာဏ်တံခါးသည်ပိတ်သွားသောကြောင့်ဖြစ်ပေသည်။အသိဥာဏ်နှင့် LOGIC အစွမ်းမပြနိုင်တော့ချေဖြစ်သွားလေသည်။
ဤအတွက်ကြောင့်ဤကဲ့သို့သောအချိန်အခါမျိုးတွင်၎င်းအားကူညီဖေးမပြီးထိုဆိုးရွားမှုမှလွတ်မြောက်အောင်ဆောင်ရွက်ပေးရပေမည်။
လူငယ်လူရွယ်များအနေဖြင့်မဖြစ်မနေ၊မလွဲမသွေမိမိကိုယ်ကိုသတိပေး၊အသိပေးနေရပေမည်။အမြဲတမ်း (နားလည်သဘောပေါက်ပြီးသူများ၊ပညာရှင်များ) (အာလင်မ်များ) ၏ဆိုဆုံးမမှု၊သြ၀ါဒများကိုတန်ဖိုးထားပြီးလိုက်နာရပေမည်။ပြဿနာရင်ဆိုင်ရန်၎င်းတို့ထံမှစစ်ကူရယူရပေမည်။
အချစ်ရူးမျက်ကန်းအချစ်သမားများသဘောတူလက်ခံလာစေရန်အလို့ငှာ…..
(ဤ) အချစ်ရူးများနှင့်အလွန်အမင်းစာနာစိတ်၊ကိုယ်ချင်းစာနာစိတ်ထားကြောင်း၊၄င်းတို့၏ချစ်သူများကိုချီးမွမ်းထောပနာပြုပေးခြင်း၊ရွေးချယ်ရာ၌တစ်ရာရာခိုင်နှုန်းပြည့်မမှားခဲ့ကြောင်းတို့ဖြင့်မိမိဖက်အထူးဆွဲဆောင်နိုင်လေ၏။သဘောတူလက်ခံယုံကြည်လာအောင်ပြုနိုင်လေသည်။
ဤအခြေအနေမျိုး၌လူငယ်လူရွယ်များအနေဖြင့်ဆိုဆုံးမ၊သြ၀ါဒပေးသူများ၏အတွေးအခေါ်ကိုလေးစား(တန်ဖိုးထားမှု)နှင့်ဂရုပြုပြီးနားအ၀င်ခံမှုတို့ကိုပြုလာကြပေလိမ့်မည်။
မဖြစ်မနေဂရုပြုသတိရှိရမည်မှာ…..
ဤကဲ့သို့သောအချစ်ရူး၊မျက်ကန်းအချစ်သမားများကိုအထင်အမြင်သေးပြိးသိက္ခာချခြင်း၊ချိုးနှိမ်ခြင်းဖြင့်မကောင်းသည့်အကျိုးဆိုးများကိုသာဖြစ်စေမည်ဖြစ်လေသည်။ဤအတွက်ကြောင့်ဤကဲ့သို့သောလုပ်ရပ်မျိုးမှအပြင်းအထန်ရှောင်ကျဉ်သင့်ပေသည်။
ထို့ပြင်အစကတည်းကလမ်းလွှဲလမ်းမှားပြီးအန္တရာယ်နစ်နေသူများကိုထပ်ပြီးပြစ်တင်ရှုံ့ချခြင်းနျင့်ချိုးနှိမ်ခြင်းဖြင့်ပြစ်ဒဏ်ခံခြင်းသည်တရားမမျှတချေ။တရားမျှတမှုနှင့်ဝေးသွားလေသည်။
* * * * *
အခန်းကဏ္ဍ(၁၀)
အချစ်သူပုန်! အထိန်းအကွပ်မဲ့အချစ်
“အချစ်”၏အစသည်ပုန်ကန်မှု (အထိန်းအကွပ်မဲ့ခဲ့လျှင်)ဖြစ်လျှင်လူသတ်သူပင်ဖြစ်ပေသည်။…
“အချစ်သူပုန်(ခ) အထိန်းအကွပ်မဲ့အချစ်”သည်အမြဲတမ်းစာရေးဆရာများနှင့်ကဗျာဆရာများအကြားကျော်ကြားလေသည်။
အချစ်အကယ်၍အထူးသဖြင့်မီးတောက်(အလွန်အမင်းစွဲလန်းမှု) နှင့်အတူဆိုလျှင် (ယေဘုယျအားဖြင့်မီးတောက်မပါသည့်အချစ်ကိုအချစ်ဟုမခေါ်ဆိုနိုင်ချေ။) ၏မည်သည့်အတိုင်းအတာပမာဏမျှမရှိချေ။ (တိုင်းမရချေ။)
အချစ်သည်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၏စည်းမျဉ်း၊စည်းကမ်းများချိုးပစ်လေသည်။စာရိတ္တဆိုင်ရာ ကိစ္စရပ်များ ကိုကလေး ကစားစရာ အသွင် လုပ်လိုက်လေသည်။
အကျိုးအကြောင်းသင့်တင့်လျောက်ပတ်မှု၊အဆုံးအမသြ၀ါဒများနှင့်ဘယ်တော့မှ အဆင်မပြေချေ။
ဤအတွက်ကြောင့်ယေဘုယျအားဖြင့်ဆိုနိုင်ပါသည်။“အချစ်သည်တံခါးပေါက်တစ်ခုမှဝင်လာပြီဆိုလျှင်အသိဥာဏ်ဦးနှောက်မှသည်အခြားတံခါးပေါက်တစ်ခုမှထွက်ခွာသွားလေသည်။”
“အချစ်”နှင့်“အသိဥာဏ်ဦးနှောက်”နှင့်ပတ်သက်သည့်စကား၎င်းတို့၏ဆန့်ကျင်ဖက်ဖြစ်မှုသည်ပြဿနာအသစ်အဆန်းမဟုတ်ချေ။ယေဘုယျအားဖြင့်စာပေအလင်္ကာများပင်ရှိပေသည်။
အကယ်၍ကျွန်ုပ်တို့အနေဖြင့်သာဓကအားဖြင့်လေ့လာမည်ဆိုလျှင်“ကာရ်လာယေလ်”ဆိုသည့်အကျော်အမော်အင်္ဂလိပ်ဖော်ဆော်လော်ဖာပညာရှင်ပင်တည်း။၎င်းသည်အချစ်ကိုတိုက်ခိုက်ထားပေသည်။အချစ်ကိုအရူးတစ်မျိုး (သို့မဟုတ်)(မြောက်များစွာသောအရူးများကိုစုပေါင်းထားသောအရူးဇုံ) တစ်ခုဖြစ်လေသည်။
အကယ်၍အချစ်ကိုအမှန်အတိုင်းနှင့်တရားဝင်သည့်ရည်ရွယ်ချက်အတွက်ခွန်အားတစ်ခုအသွင်နှင့်စာရိတ္တအဖြစ်ကြည့်မည်ဆိုပါက၄င်း၏ကြီးကျယ်မြင့်မြတ်မှုနှင့်ပြည့်စုံမှုကိုငြင်းဆိုနိုင်မည်မဟုတ်ချေ။
ဤလမ်းစဉ်ကိုလျှောက်လှမ်းပြီးအတိတ်ကသူများအနေဖြင့်အချစ်ကိုအရှက်ကွဲမှု၊သိက္ခာမဲ့မှုအဖြစ်သရုပ်ဖော်ထားကြလေသည်။
နှလုံးသားကွဲသူများ၊အချစ်သမားများ၏မရေမတွက်နိုင်သောဖြစ်ရပ်မှန်များမှ၎င်းတို့၏သိက္ခာမဲ့မှုကိုဖော်ကျူးနေလေသည်။ဤကဲ့သို့သောအဖြစ်အပျက်များမှာယနေ့၊မနေ့၊ခေတ်သစ်ခေတ်ဟောင်းလူများနှုတ်၌ရှိနေလေသည်။
နောက်ဆုံးနှုတ်ချိုသည့်ကဗျာဆရာ“ဖရူးကီးဗစ်သွာမီ”မှကဗျာဖြင့်ဤသို့စပ်ဆိုထားလေ၏
رسوایعالمیشدمازشورعاشقی
ترسمخدانکردهکهرسواکنمتورا
စကားပြေအဓိပ္ပါယ်….
“အချစ်အတွက်ကြောင့်အချစ်စိတ်၊အချစ်ဝေဒနာကြောင့်တလောကလုံးတွင်သိက္ခာမဲ့ခဲ့ကြလေသည်။
မြတ်အလ္လာဟ်ကိုကြောက်ပါသည်။မြတ်အလ္လာဟ်မလုပ်ပါစေနှင့်။အသင်ကိုလည်းသိက္ခာမဲ့သူ၊သိက္ခာမရှိသူအဖြစ်သို့လုပ်သည့်အဖြစ်(ဤအချစ်ကြောင့်)မရောက်သွားပါစေနှင့်။”
ဤနေရာ၌ကျွန်ုပ်အနေဖြင့်ဤခေါင်းစဉ်၏အချို့စိတ်ပိုင်းဆိုင်ရာအထူးအချက်အလက်များနှင့်အကြောင်းများဖက်သို့ညွှန်ပြပါမည်။ပြီးနောက်အချစ်၏စိတ်ပိုင်းဆိုင်ရာအခြေအမြစ်ကိုကြိုးပမ်းအားထုတ်ရပေသည်။
အချစ်ဆိုတာမီးနှင့်ပမာတူပါသည်။ချစ်သူ၏တည်ရှိမှုတစ်ခုလုံးကိုမီးတောက်တစ်ခုပမာပြုလုပ်စေသည်။၎င်းတည်ရှိနေမှု (ဘ၀တစ်ခုလုံး)ကိုအရောင်ထွက်သထက်ထွက်အောင်လုပ်လေ၏။တစ်နည်းအားဖြင့်၎င်း၏တည်ရှိနေမှု၏ခွန်အား၊စွမ်းအား၊အားလုံးကိုခွန်အားတစ်ခုတည်းအသွင်ဆောင်လေသည်။ထိုခွန်အားတစ်ခုတည်း၏အမည်မှာအချစ်ဖြစ်လေသည်။
အမှန်တကယ်အချစ်၏ခွန်အား၊စွမ်းအားပြသမှု၏လျှို့ဝှက်မှုမှာဤသို့ဖြစ်လေ၏။
၎င်းမှာတစ်ခုသည်အချစ်၏ကိုယ်ပိုင်သာမန်ခွန်အားများဖြစ်ပြီးအခြားတစ်ခုမှာခွန်အား၊စွမ်းအားများအားလုံး၏စုစည်းရာဖြစ်လေသည်။
မနုဿလူသားခွန်အား၊စွမ်းအားအမျိုးမျိုးများဥပမာအားဖြင့်အသိဥာဏ်ဦးနှောက်ဆိုင်ရာခွန်အား၊အချစ်မေတ္တာဆိုင်ရာစွမ်းအား၊မနုဿလူသား၏အတွင်းရှိကာမစိတ်စွမ်းအားတို့ဖြစ်ပါသည်။
မြစ်ကြီးတစ်ခုမှမြစ်ငယ်လေးများခွဲထွက်လာသည့်ပမာဖြစ်ပေသည်။အရေးကြီးလိုအပ်မှုနှင့်အတူမြေအသွင်အမျိုးမျိုး၌စီးနေသည်ဖြစ်ပေသည်။
အကယ်၍ကျွန်ုပ်တို့အနေဖြင့်ချောင်းငယ်၊မြစ်ငယ်များ၌စီးနေသည့်ရေများကိုရပ်စေပြီးမြစ်ကြီးတစ်ခုတည်း၌စီးဆင်းကြမည်ဆိုလျှင်ကျန်သည့်မြေအားလုံးသည်ခြောက်သွေ့သွားမည်ဖြစ်ပြီး၊မြစ်တစ်ခုတည်းရေများလာခြင်း၊မြစ်ရေကြီးခြင်းကပ်ဆိုက်လာမည်မှာသိသာထင်ရှားနေလေသည်။
ထိုနည်းတူစွာ (နှလုံးသားကွဲနေသည့်အချစ်သမားတစ်ယောက်)ကိုမိမိချစ်သူ၏စိတ်မှအပအခြားမည်သည့်ခံစားမှုနှင့်စိတ်သောကမရှိတော့ချေ။
၎င်း၏စိတ်ဆန္ဒ၊လိုအင်အာသီသမှာအမြဲတမ်းမိမိအချစ်နှင့်ပတ်သက်သည့်အကြောင်းသာကြားနေစေလိုပေသည်။
ထိုင်ဝိုင်းတိုင်း၊ပွဲတိုင်း၌လည်းပဲချစ်သူပြောသည့်အသံကိုသာကြားလိုလေ၏။မိမိတည်ရှိနေမှု၏အစတိုင်းအစတိုင်းတွင်မိမိချစ်သူကိုရှာဖွေနေလေသည်။အဖြစ်အပျက်တိုင်းကိုသာမန်အစီစဉ်များကိုလည်းပဲအချစ်၏စွမ်းအားကြောင့်နှင့်ချစ်သူနှင့်နွယ်သည်ဟုသတ်မှတ်လေသည်။
လေတိုက်ခတ်မှုတိုင်း…..
နှင်းကျတိုင်း…..
မြစ်များ၏လှိုင်းသံများ…..
သစ်ပင်များ၏သစ်ရွက်တို့၏လှုပ်ရှားမှု…..
ကျေးငှက်များ၏လှုပ်ရှား၊အတောင်ခတ်မှု…..
ကြက်များ၏အသံ…..
မနုဿလူသားများ၏သွားသည့်ပြန်သည့်အသံများ…..
အားလုံးတွင်မိမိချစ်သူကိုမြင်ရပြီးချစ်သူ့အသံကိုကြားရလေသည်။
အချစ်သမားတစ်ယောက်၏အန္တရာယ်သည်ဤနေရာမှစတင်လေသည်။အကြောင်းသည်ကား……အချစ်သည်ဤအခြေအနေ၌မည်သည့်ထိန်းချုပ်မှုနှင့်အကွပ်အထိန်းကိုလက်မခံသည့်အတွက်ကြောင့်ဖြစ်ပေသည်။
ပြီးနောက်ချစ်သူ၏ပမာသည်မြို့တစ်မြို့ကဲ့သို့ဖြစ်သွားပြီး၎င်းမြို့ အားပျက်စီး၊ချေမှုန်းမှုရန်သူတပ်သားများဝန်းရံထားပြီး၊ထိုမြို့ကိုကာကွယ် ပေးရန်မိမိထံမည်သည့်ကိရိယာ၊တန်ဆာပလာမှမရှိမိမိ၏မြို့အားအမြန်လက် မြှောက်လိုက်ရသည့်ပမာဖြစ်လေသည်။ (ထိုနည်းတူစွာ) ချစ်သူ အနေဖြင့်မိမိ၏တည်ရှိနေမှုတစ်ခုလုံးကိုအချစ်၏ရှေ့ဝယ်လက်မြှောက် ပေးလိုက်လေသည်။
ထိုအချိန်အချစ်မေတ္တာသည်၎င်း၏လည်ပင်း၌ကြိုးကွင်းစွပ်ပြီးလိုသည့်နေရာခေါ်ဆောင်သွားလေသည်။ထိုနေရာသည်တနှစ်စာဝတ်ကျောင်း တော်ပင်ဖြစ်စေ….. (သို့မဟုတ်) ရှိုင်တွာန်(နေရာ) ဖြစ်စေ! …..
ဤမြေနေရာ၌အချိန်အခါ၌အကယ်၍၄င်းအချစ်ရှုံးသမားအတွက်ကိုယ်ချင်းစာတရားရှိသည့်သူငယ်ချင်းများနှင့်စစ်မှန်သည့်လမ်းဖက်သို့ညွှန်ပြပေးမည့်သူများမရရှိပါကဘာမဆိုလုပ်ဖြစ်နိုင်ပေသည်။
အကြောင်းသည်ကား - ရှိသမျှအရာအားလုံးသည်၎င်း၏ချစ်သူမှအပအလကားဟုသတ်မှတ်ထားလေသည်။နာမည်ပျက်ခြင်း၊နာမည်ကောင်းခြင်း၊ဂိုနာအဖြစ်ငရဲ၊သန့်စင်မှု၊စသည်ဖြင့်အားလုံးသည်သူအဖို့တစ်ထပ်တည်းဖြစ်လေ၏။
အချစ်ရှုံးသမားဟာမနက်ဖန်အတွက်လည်းထည့်မစဉ်းစားထားသလိုမိမိနှင့်မိမိတို့၏မိတ်ဆွေများဆွေမျိုးများ၏ဂုဏ်သိက္ခာကိုဂရုမပြုတော့ချေ။ထို့ပြင်မည်သည့်ဓလေ့ရရိုးရာ၊စည်းမျဉ်းစည်းကမ်းကိုလည်းအလေးမထားတော့ချေ။ထိုဓလေ့ရိုးရာ၊စည်းမျဉ်းစည်းကမ်းသည်လူမှုရေးအရာဖြစ်ပါစေ၊စာရိတ္တအရာဖြစ်ပါစေ…..
သို့သော်လည်းပဲဤအခြေအနေ၌ (မှားယွင်းသည့်ရည်ရွယ်ချက်) မရှိချေ။တနည်းအားဖြင့်မိမိကိုယ်တိုင်ပင်သတင်းမရှိဖြစ်၍ဟိုဟိုဒီဒီဘ၀ဖြစ်နေလေ၏။မိမိဘ၀၏ရင်းနှီးမြှုပ်နှံမှုအားလုံးကိုဤ(အချစ်) အတွက်အသုံးချလေ၏။
၎င်းအချစ်ရှုံးသမားကိုသတိပြန်ဝင်လာသည့်အခါ…ဤသတိပြန်ဝင်လာမှုသည်အနှစ်ချုပ်သာမန်အားဖြင့်အချစ်ဖြင့်ရောထွေးနေသည့်ရာဂဖြင့်ကိုယ်လက်နှီးနှော၊လိင်ဆက်ဆံမှုပြုပြီးမှဖြစ်လေသည်။
ထိုအခါအားလုံးပျောက်ဆုံးသွားပြီးအမှားအယွင်းများကိုပြုပြီးချိန်ဖြစ်သွားသည့်အတွက်ဝမ်းနည်းကြေကွဲမှုဆိုသည့်မုန်တိုင်းထန်ပါတော့လေသည်။
အတိတ်ကာလ၏ကြောက်ဖွယ်ကောင်းလှသည့်နောင်တတရားသည်၎င်းအချစ်ရူး၏နှလုံးသားနှင့်ဦးနှောက်အတွင်းအထုပ်တစ်ထုပ်ဖြစ်သွားလေ၏။သို့သော်လည်းဝမ်းနည်းဖွယ်ပင်တည်း…ယေဘုယျအားဖြင့်ဤအချိန်ဟာအရမ်းနောက်ကျသွားလေပြီ။အချိန်ဟာလက်မှထွက်သွားလေပြီ။
ရာဇ၀တ်မှုတစ်ခုခုကျူးလွန်ပြီးနောက်မည်သည့်အကျဉ်းထောင်တစ်ခုခုအတွင်းနောတရခြင်း၊ပြန်လည်အသိဝင်ခြင်းသည်ဖြစ်နိုင်ပေသည်။ (သို့မဟုတ်) ပတ်ဝန်းကျင်နှင့်အဆက်အသွယ်ဖြတ်လိုက်ခြင်း(သို့မဟုတ်) အိမ်နှင့်ဝေးဝေးနေခြင်းပြုလုပ်၍အဝေးတစ်နေရာ၌အထီးကျန်ဘ၀ဖြင့်နေထိုင်လေသည်။
ရာဇ၀တ်မှု၊ဂိုနာအဖြစ်ဒုစရိုက်ဗဟိုဌာနများ…မှလွတ်မြောက်ပြီးနောက်အသိတရားဝင်လာခြင်းသည်လည်းရှိနိုင်ပေသည်။
လူငယ်လူရွယ်များအနေဖြင့်အစပထမပိုင်းလေးများသည်အပြင်ပိုင်းအားဖြင့်သာမန်လေးများ၊ရိုးရိုးလေးများဖြစ်သည့်အန္တရာယ်ကြီးများမှ (အမြဲတစေ) သတိ၊အသိနှင့်နေထိုင်ရပေမည်။
ဂိုနာပြစ်မှုဒုစရိုက်၊မကောင်းမှုကိုစတင်ပြီးသာမန်အကြည့်၊အမြင်လေးကြောင့်အသိတရားပြန်ဝင်လာနိုင်ပေသည်။အကြောင်းမှာ - ပထမအစတွင်ထိန်းချုပ်ရန်လွယ်ကူသည့်အတွက်ကြောင့်ဖြစ်ပါသည်။မိမိကိုယ်ကိုအန္တရာယ်ဧရိယာမှထိန်းချုပ်နိုင်ပေသည်။သို့မဟုတ်ပါကအချိန်လွန်သွားချေပြီး…..
အလုပ်ကောင်းအကိုင်ကောင်းများကိုရွေးချယ်ရပေမည်။မိမိ၏အချိန်ကိုပညာဆည်းပူးခြင်းနှင့်အားကစားစသည်ကဲ့သို့သောအလုပ်များအတွက်အသုံးပြုရပေမည်။တစ်ဦးတစ်ယောက်တည်း၏အတွေးအမြင်ကိုမေ့လိုက်ရပေမည်။အထက်ဖော်ပြထားသည့်အခက်အခဲများတွင်နှစ်မြှုပ်ပြီးမေ့လျော့နေလမ်းလွဲလမ်းမှားနေသည့်မိတ်ဆွေများ(ဆွေမျိုးသားချင်းများ) နှင့်ဝေးဝေးရှောင်ရပေမည်။
လူငယ်လူရွယ်များအနေဖြင့်မလွဲမသွေမိမိတို့၏နှလုံးသား၌အချစ်စစ်အချစ်မှန်ဖြူစင်သန့်ရှင်းသည့်အချက်အတွက်ရှိသည့်ကွက်လပ်ကလေးတစ်ခုကိုမိမိ၏ (အနာဂတ်တွင်)လာမည့်ဘ၀ကြင်ဖော်ဇနီးလောင်းလေးအတွက်သိမ်းထားရပေမည်။
တခါတလေအပြင်ပိုင်းအရဖြူစင်သန့်ရှင်းစစ်မှန်ပြီးအတွင်းပိုင်း၌တဏှာ၊ရာဂနှင့်ရောထွေးနေသည့်အချစ်များမှအပြင်းအထန်ရှောင်ကြဉ်ရပေမည်။
လူငယ်လူရွယ်တို့၏မိတ်ဆွေ၊သူငယ်ချင်းများ၏သမိုင်းပေးတာဝန်တစ်ခုမှာလည်း…..
ဤအခြေအနေ၌ပိုမို၍လေးလံတာဝန်ရှိပေသည်။ (တာဝန်ပိုကြီးပေသည်။)
မိမိသူငယ်ချင်းများကိုမိတ်ဆွေပီပီချစ်ချစ်ခင်ခင်၊ယုယုယယနည်းဖြင့်၎င်းမေ့လျော့သတိမဲ့နေမှု၊ဂရုမရှိမှုကိုနိုးထပေးရပေမည်။ဤအလုပ်ကို၎င်းအနေဖြင့်ဆုံးမ၊သြ၀ါဒ၊သတိပေးမှုလက်ခံနိုင်သည့်အရည်အသွေးပိုင်ရှင်အဖြစ်သိပြီးမှလုပ်ရပေမည်။
* * * * *
အသင် ... ဘာသာရေးစာအုပ်ကောင်း၊ စာပေမွန်များ ထွက်ပေါ်လာစေဖို့ ဘဝကို ရင်ဆိုင်ပါ ၊ထွက်မပြေးပါနှင့်။
*****
အခန်းကဏ္ဍ(၁၁)
အချစ်နှင့်စိတ်ကူးယဉ်အိမ်မက်များ
မြောက်များစွာသောပုဂ္ဂိုလ်များ၏ထွက်ပြေးမှုများ၊တစ်ဦးနှင့်တစ်ဦးကွာရှင်းပြတ်စဲခြင်း၊မိမိကိုယ်ကိုလုပ်ကြံအဆုံးစီရင်ခြင်းတို့၏အကြောင်းခံမှာအတိတ်ကချစ်သူဘ၀၏အိမ်မက်များ၊စိတ်ကူးများသည်လက်တွေ့ဘ၀နှင့်ဆန့်ကျင်နေသည့်အတွက်ကြောင့်ဖြစ်ပါသည်။
လူငယ်လူရွယ်တိုင်းတနေ့နေ့မသန့်ရှင်းသည့်အချစ်မေတ္တာ၊အချစ်မီးတောက်သည့်အခါဤအန္တရာယ်အောက်သို့အမြဲရောက်ရလေသည်။
အရာအားလုံးယုတ်စွအဆုံး၎င်းလူငယ်လူရွယ်ကိုယ်တိုင်နှင့်ခန့်မှန်းခြေအားဖြင့်လူငယ်လူရွယ်၏အချို့ဆွေမျိုးသားချင်းအရင်းနှင့်ဝေးဝေးတောသူများပင်ဤအန္တရာယ်နှင့်ရင်ဆိုင်ရရှာလေသည်။
ဤအတွက်ကြောင့်….. ဤအန္တရာယ်မှတတ်နိုင်သမျှဝေးဝေးရှောင်ပြီးနေရန်အစီအစဉ်များပြုနိုင်ရန်အတွက်လူငယ်လူရွယ်တိုင်းနှင့်၎င်းတို့၏မိဘများကိုအသိမပေးမဖြစ်ပေးသင့်ပေသည်။
“အချစ်”ဆိုသည့်ပေါင်းပင်လေးဟာအခြားပေါင်းပင်များနှင့်ယှဉ်လျှက်အလွန်လျင်မြန်ကြီးထွား၊တိုးတက်လေသည်။မိနစ်ပိုင်းအတွင်းတစ်နှစ်တာအလုပ်ကိုလုပ်လေသည်။
ပြောရရေးရမည်ဆိုလျှင်….. ကျွန်တော်တင်ပြထားပြီးသည့်အတိုင်းတခါတလေအချစ်အတွင်း (အကြည့်လေးတစ်ချက်အတွင်း) အလွန်တရာအင်အားစွမ်းအားကြီးမားသည့်သစ်ပင်ကြီးပမာအသွင်ဆောင်စေသည့်မျိုးစေ့ကိုပေးလေသည်။အထူးသဖြင့်အချစ်ကိစ္စနှင့်ပတ်သက်ပြီးစွမ်းရည်ပညာပိုင်ရှင်များအတွက်ဖြစ်ပေသည်။
ဟုတ်ပါသည်….. မှန်ပါသည်….. တခဏလေး၊တစ်ချက်အကြည့်လေး၌ပင်အလုပ်အားလုံးကိုလုပ်သွားလေသည်။
အချစ်၏အထူးအခြေအနေသဘောတရား၊နာမ်ပိုင်းဆိုင်ရာအခြေအနေနှင့်ပတ်သက်သည့်ခေါင်းစဉ်ကိုများများလေ့လာမှတ်သားရပေမည်။၎င်း၏အန္တရာယ်များကိုလုံးဝအလေးအနက်ထားရပေမည်။ယခုကျွန်တော်အနေဖြင့်ပြီးခဲ့သည့်ဆွေးနွေးခန်းအချစ်၏အန္တရာယ်များအခန်းကိုရှေ့ဆက်တိုးပြီးအချစ်၏အခြားအန္တရာယ်များကိုစီစစ်ဆွေးနွေးတင်ပြသီကုံးပါမည်။
အချစ်နှင့်စိတ်ကူးယဉ်အိမ်မက်များ!
မည်သည့်အရာမျှစိတ်ကူးယဉ်အချစ်လောက်၊စိတ်ကူးယဉ်မှုမရှိချေ။
သမိုင်းအရတင်ပြရမည်ဆိုလျှင်အချစ်နှင့်စိတ်ကူးယဉ်အိမ်မက်တို့အကြားဆက်နွယ်မှုမှအလွန်ရှေးကျလှပေသည်။
ဤကျော့ကွင်းထောင်ချောက်၌မိသူအပေါင်းတို့သည်အမြဲတစေအိမ်မက်ဘ၀ဖြင့်ဘ၀တည်ဆောက်ရလေသည်။၎င်းတို့၏အရာရာတိုင်းသည်ဤလောကနှင့်ကွာခြားလေသည်။
၎င်းတို့လောက၏တိုင်းတာမှုမှတ်ကျောက်သည်ကျွန်ုပ်လောက၏တိုင်းတာမှုမှတ်ကျောက်နှင့်မတူချေ။၎င်းတို့လောက၏ဖြစ်ပေါ်လာမှုများကို၎င်းတို့၏အပြောအရဆိုလျှင်မြင်သာမြင်နိုင်ပြီးပြောပြ၊တင်ပြလို့မရဟုဆိုထားလေသည်။မည်သို့ဆိုစေ….. ဤသာမန်ရိုးရိုးဘ၀အတွက်ပြုလုပ်ထားသည့်စကားလုံးများသည်ချစ်သူများ၏ဘ၀ကိုပုံဖော်၊သရုပ်ဖော်ဖို့စွမ်းအားမရှိဟုဆိုကြလေသည်။
“အချစ်ကဗျာဆရာများ၏”အံ့သြဖွယ်စိတ်ကူးစိတ်သန်းနှင့်၎င်းတို့၏စိတ်ဝင်စားဖွယ်ကဗျာများ၏နူးညံ့ပျော့ပြောင်းသာယာမှုသည်ယေဘုယျအားဖြင့်အချစ်စစ်အချစ်မှန် (သို့မဟုတ်) အစားထိုးအချစ်၏စိတ်ကူးယဉ်အိမ်မက်များကျေးဇူးကြောင့်အကြွေးကြောင့်ဟုဆိုလေသည်။
ဤ သက်သေ အထောက် အထားကြောင့် လည်း…..နှလုံးသား ကွဲအက်နေသည့်အချစ် သမားလေး တစ်ယောက် အနေဖြင့်ဤ စိတ်ကူး ယဉ်အိမ်မက်များလောကသို့ဝင်ရောက်သည့်အခါဤမျှလှပကောင်း မွန်သည့်အချိန်လေးချစ်သူအတွက်ဆက်သွယ်ရမှုမရှိဟုတွေးမိလေသည်။
စိတ်ကူးယဉ်အိမ်မက်လေးကြောင့်ပထ၀ီမြေကြီးနှင့်အာကာသမိုးကောင်းကင်၊ကြယ်တာရာများမြူးတူးကြလေသည်။ထိုအချိန်တွင် (စိတ်ကူးယဉ်အိမ်မက်သူအချစ်သမားလေး) အတွက်ပျော်စရာ၊ရွှင်စရာ၊မြူးစရာသာယာကြည်နူးစရာလောကကြီးနှင့်အနှိုင်းမဲ့အရသာကိုရုတ်တရက်ခံစားပိုင်ဆိုင်ရလေ၏။
သို့သော်လည်းပဲယေဘုယျအားဖြင့်ဆက်သွယ်မှုဟာမိမိ၏ချစ်သူနှင့်ဖြစ်သွားသည့်အခါသူ (စိတ်ကူးယဉ်သူ) ၏အိမ်မက်များ၊စိတ်ကူးယဉ်စိတ်များနှင့်ပတ်သက်ပြီးအလွန်အာနိသင်နည်းသွားသည်ကိုမြင်ရလေသည်။တနည်းဆိုလျှင်သဘာဝအရာရာတိုင်းသည်အမှန်တရား၏စည်းကိုအလွန်ကျော်သွားလေ၏။
ထိုအချိန်အခါ၎င်း၏ကိုယ်ခန္ဓာတစ်ခုလုံးသည်ကြောက်စရာများဖြင့်လွှမ်းမိုးသွားလေသည်။ဝမ်းနည်းကြေကွဲပြီးအချစ်ကြောင့်အရူးအမူးဖြစ်ရမည့်အစား၎င်း၏နှလုံးသား၌မာကျောမှုကိုဖြစ်စေလေသည်။ဤအခြေအနေမျိုး၌သူ့အနေဖြင့်မိမိကိုတစ်ယောက်တည်း၊တစ်ဦးတည်းအထီးကျန်ဘ၀ဖြင့်မအောင်မြင်သူဟုခံစားရလေသည်။
တစ်ခါတစ်ရံဆိုသူ့အားလှည့်စားဖြားယောင်းသွားသည်ဟုထင်မှတ်လေသည်။သို့မဟုတ်လျှို့ဝှက်ပြီးဖုံးကွယ်ပြီး၎င်းအားစိမ်းကားနေသူများ၊ရန်ငြိုးရှိသူများနှင့်မနာလိုဝန်တိုသူများကရန်ငြိုးကြောင့်ပြု ကြသည်ဟုတွေးလေသည်။
အရာတစ်ခုခုအတွက်ထင်မြင်မှုဟာဤမျှနှလုံးသားကိုနက်ရှိုင်းလေးနက်စေခဲ့လျှင်ထိုအရာအစစ်အမှန်ဟာရူဟ်(၀ိဥာဉ်) မရှိတော့ခြင်း၊တန်ဖိုးနည်းသွားခြင်းနှင့်အလေးအနက်နည်းသွားခြင်းဆိုသည်မှာဖြစ်နိုင်ပါသလား။
ဤအခြေအနေ၌ဤကဲ့သို့ဖြစ်လေ၏။လူထုအနေဖြင့်အဝေးရှိကျောက်သင်ပုန်းပေါ်လှပသည့်ပန်းချီကားတစ်ခုခုကိုတွေ့ကြသည်။ပြီးနောက်အလွန်တရာ၊အလွန်အမင်းလှပပြီးစိတ်ဝင်စားစရာစုထင်မြင်ကြလေသည်။သို့သော်ပန်းချီကားအနီးရောက်သည့်အခါသာမန်ရေးသားမှုလေးတစ်ခုဖြစ်ပြီးရိုးရိုးအရောင်လေးခြယ်ထားခြင်းမှအပအခြားဘာမျှမဟုတ်ကြောင်းတွေ့ရသကဲ့ပင်ဖြစ်လေသည်။
ဤနေရာ၌အချစ်မေတ္တာသည်ပြင်းပြင်းထန်ထန်မိမိ၏ပေါက်ကွဲမှုကိုပြလေသည်။အချစ်မေတ္တာ၏စိတ်ကူးယဉ်အိမ်မက်နှင့်လက်တွေ့အဖြစ်မှန်တွင်မည်မျှကွာခြားသွားကြောင်းမြင်ရလေသည်။၎င်း၏ရလာဒ်အနှစ်ချုပ်မှာထွက်ပြေးခြင်း၊ကွာရှင်းပြတ်စဲခြင်း၊မိမိကိုယ်ကိုလုပ်ကြံအဆုံးစီရင်ခြင်းစသည်ဖြင့်ဖြစ်လေသည်။ (သို့မဟုတ်) အခြားအစွန်းရောက်မှုတစ်ခုခုကိုလုပ်လေသည်။
အချစ်နှင့်မျှော်လင့်ထားချက်များ
နှလုံးသားလမ်းမှာကျွန်းခံနေသည့်အချစ်သမားများသည်အများအားဖြင့်မိမိချစ်သူများနှင့်အပေးအယူကိစ္စများတွင်အတိုင်းထက်အလွန်ခွင့်လွှတ်ခြင်း၊ပလပ်ခြင်းကိုပြုလေသည်။ (သို့မဟုတ်)အကယ်၍အတိုင်းထက်အလွန်ချစ်သူကိုခွင့်မလွှတ်နိုင်လျှင်လည်းအနည်းဆုံးဤအတွက်အသင့်ရှိလေသည်။
အချစ်မီးတောက်၏အပူရှိန်အေးသွားသည့်အခါအချစ်သမားဟာချစ်သူထံမှအံ့သြစရာမျှော်လင့်ထားချက်များ၊အားကိုးမှုများကိုထားလာလေသည်။
ဤမျှော်လင့်ထားချက်များ၊အားကိုးမှုများသည်လုံးဝအဖြေမပေးနိုင်တော့သည့်အခါညည်းခြင်း၊တိုင်တည်ခြင်းများကိုစတင်လေတော့သည်။
ဤရလာဒ်ကြောင့်၎င်းတို့၏အနာဂတ်ဘ၀ကိုယုတ်စွအဆုံးနှစ်ဦးပင်အတူနေရပါစေဂျဟန္ဒမ်ဘ၀အဖြစ်သို့ပြောင်းလိုက်လေပေမည်။
အချစ်နှင့်လက်စားချေမှု(ကလဲ့စားချေမှု)
အချစ်နှင့်ပတ်သက်ပြီးအန္တရာယ်ကြီးများမှနောက်အန္တရာယ်ကြီးတစ်ခုမှာကလဲ့စားချေခြင်းဖြစ်လေသည်။အချစ်သမားဟာချစ်သူနှင့်ဆက်နွယ်မှုကိစ္စတွင်ရည်မှန်းချက်အထိမရောက်တော့ပဲမျှော်လင့်ချက်ကင်းရသည့်အချိန်တွင်၎င်း၏နှလုံးသား၌ကလဲ့စားချေရန်စိတ်အပြင်းအထန်ထကြွလာလေသည်။
အတိတ်သမိုင်း၌ချစ်သူများ၏လက်ချက်ကြောင့်အင်မတန်လူမဆန်သည့်လူသတ်မှုများဖြစ်ခဲ့ကြောင်းသက်သေအထောက်အထားများရှိလေသည်။အသတ်ခံရသူသည်အခြားသူလည်းမဟုတ်ချေ။တစ်နည်းအားဖြင့်ဆိုရလျှင်မနေ့က (တချိန်က) ၄င်း၏ချစ်သူပင်ဖြစ်ပေသည်။
ဤကိစ္စအတွက်စိတ်ပိုင်းဆိုင်ရာအရရှင်းလင်းပြတ်သားနေပါသည်။ဤချစ်သူသူပုန်စိတ်သောင်းကျန်းသည့်အချစ်စိတ်ဟာမိမိ၏ခွန်အားအင်အားရှိနေသည်ကိုပင်မိမိရည်ရွယ်ချက်ကိုဆွတ်ခူးနိုင်ဖို့မျှော်လင့်ချက်အနည်းငယ်လေးပင်ရှိနေသည့်တိုင်အောင်ချစ်သူ၏ကျွန်အဖြစ်နေလေသည်။သို့သော်လုံးဝမျှော်လင့်ချက်ကင်းမဲ့သည့်အခြေအနေသို့ရောက်သွားသည့်အခါ၎င်း၏စွမ်းအား၊ခွန်အားသည်မငြိမ်းအေးသွားသည့်အပြင်အပြင်းအထန်ကလဲ့စားချေရန်အဆင့်သို့ပြောင်းသွားလေသည်။ (သာဓကအားဖြင့်အမြောက်တစ်ခုဟာအကယ်၍ရှေ့မှထွက်ဖို့တစ်ခုခုပိတ်ဆို့တားဆီးထားလျှင်အနောက်ဖက်သို့လာ၍ကွဲတတ်သကဲ့သို့ဖြစ်လေသည်။)
ချစ်သူနှင့်အချစ်ခံရသူတို့အကြားမျှော်လင့်ထားမှုကြောင့်အားကိုးမှုကြောင့်လာသမျှ၊အရာအားလုံးကိုဥပက္ခာပြုခဲ့သလို၊အခက်အခဲပြဿနာမှန်သမျှကိုခုခံရင်ဆိုင်ခဲ့သလိုမျှော်လင့်ထားချက်များအဖြေမပေးတော့ချိန်တွင်လည်းကလဲ့စားချေရန်အတွက်မည်သည့်အရာကိုမျှဂရုမပြုတော့ချေ။
ထိုအခါယေဘုယျအားဖြင့်မိမိလုပ်ရပ်၏ထိရောက်မှုကိုမမြင်ရမတွေ့ရမခြင်းအေးအေးဆေးဆေးထိုင်၍မနေချေ။
အကယ်၍မိမိကိုယ်ကိုကလဲ့စားချေဖို့ခွန်အား၊စွမ်းအားမရှိမှုခံစားရချိန်တွင်ကိုယ်ကိုအဆုံးစီရင်၊သတ်သေရန်လုပ်လေ၏။ဤကဲ့သို့သောနမူနာများအမြောက်အများရှိလေသည်။ဤနည်းအားဖြင့်ချစ်သူထံမှသို့မဟုတ်ကိုယ်တိုင်ဆီမှကလဲ့စားချေမှုကိုပြုကြလေသည်။
ဤအရာများသည်နောက်ဆုံးဆုံးရှုံးမှုဆိုသည့်ရလာဒ်ကိုသာပေးသည့်အချစ်မီး၊တဏှာ၊ရာဂမီးကြောင့်ဖြစ်ပေါ်လာရသည့်အန္တရာယ်များမှတစိတ်တဒေသဖြစ်လေသည်။
* * * * *
အသင် .... လမ်းမကြီး မဖြစ်နိုင်လည်း လမ်းသွယ်လေးတော့ ဖြစ်နိုင်ပါတယ် ... သူရိယနေမင်းကြီး မဖြစ်နိုင်လည်း ကြယ်လေးတစ်ပွင့်တော့ ဖြစ်နိုင်ပါတယ် .... ဘာသာရေး စာအုပ်၊ တစ်အုပ်လုံး အတွက် မလှူ နိုင်လည်း တစ်ရွက်လောက်အတွက်တော့ လှူနိုင်ပါတယ် ...
**********
အသင် မရှိတော့သည့်နောက်ပိုင်း အသင် အတွက် စဝါးဗ်တွေကို ထွန်းပေါက် ဖြစ်ထွန်း စေနေမဲ့ အဖိုးတန် သာသနာ့ စာပေမွန်များ ထုတ်ဝေ နိုင်ဖို့ တစ်ဖက်တစ်လမ်း၊ တစ်ထောင့်တစ်နေရာမှ အဘယ်ကြောင့်မကြိုးပမ်း၊အားထုတ် ရပါ သနည်း ?
********************
အခန်းကဏ္ဍ(၁၂)
စီးပွားရေးဆန်သည့်အိမ်ထောင်ပြုခြင်းများ
ယခုခေတ်ကာလ၏လူငယ်လူရွယ်များအတွက်မင်္ဂလာဆောင်ခြင်း၊အိမ်ထောင်ပြုခြင်းဆိုသည်မှာအခက်အခဲတကာ့အခက်ခဲဆုံးနှင့်အလွန်တရာရှုတ်ထွေးပွေလီမှုကိစ္စတစ်ခုအသွင်ဆောင်သွားလေပြီ။
အချစ်နှင့်၎င်း၏အန္တရာယ်များစပ်လျဉ်းပြီးကျွန်တော်အနေဖြင့်တင်ပြပြီးဖြစ်ပါသည်။ယခုပြီးခဲ့သည့်အရေးကြီးဆွေးနွေးမှုဖက်သို့ပြန်လှည့်ကြပါစို့။
အကယ်၍အံ့သြစရာဟုမထင်မှတ်မည်ဆိုလျှင်အိမ်ထောင်ပြုခြင်းသည်အမျိုးအစားများရှိလေသည်။
စီးပွားရေးဆန်သည့်အိမ်ထောင်ပြုခြင်းများ
မကောင်းသည့်လိုအင်ဆန္ဒအာသီသအရအိမ်ထောင်ပြုခြင်းများ
စက္ကူဆန်သည့်အိမ်ထောင်ပြုခြင်းများ
အခြားအမျိုးအစားပေါင်းများစွာရှိလေသည်။
ထိုအိမ်ထောင်ပြုခြင်းအမျိုးအစားတိုင်း၌အချို့အမှတ်အသားလက္ခဏာများရှိပေသည်။၎င်းအမှတ်အသားလက္ခဏာများကိုအခြေခံပြီးခွဲခြားသတ်မှတ်နိုင်ပေသည်။
စီးပွားရေးဆန်သည့်အိမ်ထောင်ပြုခြင်းများ၏အမှတ်အသားလက္ခဏာများမှာ…..
မဟာငွေနှင့်ခန်းဝင်ပစ္စည်းများပြားခြင်း
ရေပိုင်၊မြေပိုင်၊အိမ်ပိုင်စသည်ဖြင့်စည်းမျဉ်းစည်းကမ်းများ
တခါတလေသတို့သမီးကြေးဆိုသည့်အမည်ဖြင့်ငွေအမြောက်အများတောင်းခံခြင်း(အမှန်တကယ်အစ္စလာမ်မီရှရီအတ်၌သတို့သမီးကြေးနှင့်ပတ်သက်ပြီးမည်သည့်စနစ်အထောက်အထားမျှမရှိချေ။)
သို့မဟုတ်အခြားအမည်များဖြင့်ငွေတောင်းခံခြင်း
(မှတ်ချက်။ ။အမိမြန်မာနိုင်ငံတွင်အီရန်နိုင်ငံကဲ့သို့သတို့သမီးကြေးမရှိသော်လည်းဟိုတယ်မှာမင်္ဂလာဆာင်မှ၊ဒီဟိုတယ်မှ၊သတို့သမီးအတွက်အ၀တ်ကဘယ်လောက်တန်မှစသည်ဖြင့်အမြောက်အများကိစ္စသည်လည်းပါဝင်ပေသည်။ဘာသာပြန်ဆိုသူ)
တနည်းအားဖြင့်ဆိုရလျှင်စီးပွားရေးဆန်သည့်အိမ်ထောင်ပြုခြင်းများ၌အခြေခံသာမန်အားဖြင့်စည်းစိမ်၊ဥစ္စာပစ္စည်းအရင်းအနှီးသည်အခြေခံမှတ်ကျောက်ဖြစ်လေသည်။
- စရ်ဝသ်မရ်အီ
- စရ်ဝသ်နာမရ်အီ
စရ်ဝသ်မရ်အီ
အဓိပ္ပာယ်မှာကောင်လေးနှင့်ကောင်မလေးတို့၏ပစ္စည်းဥစ္စာ၏စာရင်းအတိအကျနှင့်၎င်းတို့နှင့်နွယ်နေသူများ(ဥပမာအားဖြင့်မိဘနှစ်ပါး၊အစ်ကို၊ညီ၊အကျဉ်းအားဖြင့်မည်သူမဆိုကွယ်လွန်သွားရာ၎င်း၏ပစ္စည်းအားလုံး (သို့မဟုတ်) အချို့ကိုသတို့သားနှင့်သတိုးသမီးတို့မှအမွေအဖြစ်ရသည့်ဥစ္စာပစ္စည်းများ)၏စည်းစိမ်၏စာရင်းအတိအကျကိုခေါ်ဆိုပါသည်။
စီးပွားရေးဆန်သည့်ထိမ်းမြားမှုများ၌ဤဥစ္စာပစ္စည်း၊စည်းစိမ်အားလုံး၏စာရင်းအင်းအတိအကျရှိရပေသည်။ဤအတွက်ကြောင့်ရလာဒ်မှာသတို့သား၊သတို့သမီးအနေဖြင့်အမွေအနှစ်ကိုမျှော်လင့်စောင့်စားကာမိမိ၏ဆွေမျိုးသားချင်းများကွယ်လွန်မည့်ရက်ကိုတွက်နေကြလေ၏။
စရ်ဝသ်နာမရ်အီ
ဆိုသည်မှာသတို့သားနှင့်သတို့သမီး၏သွေးချင်းတော်စပ်သူဖြစ်စေ၊အဝေးမှတော်စပ်သူဖြစ်စေတို့၏ရာထူးအဆင့်အတန်းများဖြစ်ပေသည်။၎င်းကိုအကြောင်းပြုပြီးမိမိတို့၏ပတ်ဝန်းကျင်၌လမ်းဖောက်ကြလေသည်။ဤနည်းဖြင့်မိမိတို့၏ရာထူးအဆင့်အတန်းခွန်အားရှိပါတီတစ်ခုအဖြစ်အသုံးပြုလေသည်။ထိုပါတီ၏ခွန်အားအားပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၌မိမိတို့၏တိုးတက်မှုဟုသတ်မှတ်အထူးပြုကြလေသည်။
ဤစရ်ဝသ်နာမရ်အီ၏တန်ဖိုးမှာတစ်ခါတစ်လေ(သတို့သားဖြစ်စေ၊သတို့သမီးဖြစ်စေ) တဖက်ဖက်၏ဆွေမျိုးသားချင်းကိုရာထူးတစ်ခုခု (သို့မဟုတ်) အလုပ်တစ်ခုခုစသည်ဖြင့်အကျိုးအမြတ်ဖြစ်စေသည့်၎င်း၏အရေးပါမှုသည်တစ်ခါတစ်ရံအပြင်ပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုထက်ပင်ပို၍များပြားလေသည်။
ဤကိစ္စတွင်ကွာခြားမှုရှိပေသည်။ (ထိုကွာခြားမှုမှာ)
စရ်ဝသ်နာမရ်အီဆောင်ရွက်ပြီးနောက်သတို့သားနှင့်သတို့သမီးတို့အနေဖြင့်မိမိတို့၏သွေးချင်းသားချင်းများဖက်မှလာမည့်အန္တရာယ်များကိုမြတ်အလ္လာဟ်ထိန်းချုပ်နိုင်ရန်နှင့်အရေးကြီးလိုအပ်လာပါက၄င်းတို့၏တိုးတက်မှုအတွက်သွေးချင်းသားချင်းတို့၏အကူအညီဖြင့်အခြေအနေလမ်းများဖွင့်လာရန်နေ့၌ည၌အားပြုနေပေသည်။
ဤကဲ့သို့သောထိမ်းမြားမင်္ဂလာများ၌နှစ်ဦးနှစ်ဖက်မှမနုဿလူသားစိတ်ပါမှုမပါမှုသည်မှတ်ကျောက်မဟုတ်ကြောင်းတင်ပြမှုလိုမည်ဟုပင်မထင်ချေ။
စာတတ်ပေတတ်များဟုတ်မဟုတ်ဆိုသည်မှာလည်းအရေးမကြီးချေ။တစ်နည်းအားဖြင့်၎င်းတို့၏ဆွေးနွေးမှုအားလုံးစရ်ဝသ်မရ်အီဖြစ်စေ၊စရ်ဝသ်နာမရ်အီဖြစ်စေနှစ်ဦးနှစ်ဖက်လုံးအတွက် (အထူးသဖြင့်သတို့သမီးဖက်)မှစည်းစိမ်ဥစ္စာ၊ငွေသာလျှင်အဓိကဖြစ်လေသည်။
စီးပွားရေးဆန်သည့်အိမ်ထောင်ပြုခြင်းများတွင်အမျိုးသမီး(ကောင်မလေးသတို့သမီး)၏ဂုဏ်ကျက်သရေသည်ကုန်ပစ္စည်းပမာရောင်းချလိုက်သည့်အဆင့်အထိပျက်စီးသွားရလေသည်။
ဝမ်းနည်းစွာဖြင့်တင်ပြရမည်ဆိုလျှင်…..
ဤကဲ့သို့သောလက်ထပ်ထိမ်းမြားသည့်မင်္ဂလာပွဲများယနေ့ကျွန်ုပ်တို့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင်ရိုးနေချေပြီ။
မြောက်များစွာသောမိဘများ၊လူငယ်လူရွယ်များ၊၄င်းတို့၏မိတ်ဆွေများနှင့်သစ္စာရှိဆွေမျိုးများသည်ဤကဲ့သို့သောမင်္ဂလာပွဲများကိုအားပေးအားမြှောက်ပြုကြလေသည်။
ဤကဲ့သို့သောမင်္ဂလာပွဲများ၌ကြီးမားသည့်ချွတ်ယွင်းမှု၊အပြစ်အနာအဆာတစ်ခုနှစ်ခုတည်းသာမဟုတ်ချေ။အစအဆုံးအပြစ်အနာအဆာ၊ကံမ ကောင်းမှုများ၊စိတ်ဆင်းရဲ၊စိတ်တိုမှုများပြည့်နေလေသည်။
ဤအတွက်ကြောင့် ဤကဲ့သို့သော အိမ်ထောင်ရေးသည် ၄င်း၏ ရပ်တည်နေမှုအတွက် အခြေခံခဲ့သည့်အရာ (စည်းစိမ်၊ ဥစ္စာ၊ ပစ္စည်း၊ ငွေ) ရှိနေသမျှတည်တံ့နေလေသည်။
အကယ်၍ ကောင်လေး နှင့် ကောင်မလေး တစ်ယောက် နှင့် တစ်ယောက်မလိုတော့ချိန်၊ ဥစ္စာပစ္စည်းကိစ္စ၊အပေးအယူကိစ္စတွင်အဆင်မပြေ တော့သည်နှင့် တပြိုင်နက် ချက်ချင်းအိမ်ထောင်ပျက်လေတော့သည်။
ဤကဲ့သို့သော နမူနာများ အမြောက်အများတွေ့နိုင်ပါသည်။
ဤသို့ဖြင့် ယောင်္ကျားလေးများ (ခင်ပွန်း) အနေဖြင့် မိမိတို့၏ ဇနီး၊ ကြင်ဖော်များကို သစ်သီးကို သုံးဆောင်ပြီး အခွံကိုလွှင့်ပစ် လိုက်ကြသလို လွှင့်ပစ်လိုက် ကြလေသည်။
စစ်မှန်သန့်ပြန့်၊သန့်ရှင်းသည့် အချစ်သာလျှင်အိမ်ထောင်ရေးတည်မြဲ (သာယာဖို့)အတွက်အကြောင်းခံဖြစ်ပေသည်။၎င်းတို့၏ဘ၀၌ဘာမှအရေးမပါ တော့ချေ။ ထိုအခါ တစ်ဦးကိုတစ်ဦးကြည့်လျှင် အဖိုးတန်ဈေးကြီး ဘတ်စ်ကား တစ်စီးနှင့် အဖိုးတန်တိုက်ကြီးတစ်ခုလုံးကိုကြည့်သကဲ့သို့ကြည့်ကြလေသည်။
(တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် တန်ဖိုးထား လေးစားကြ လေသည်။)
မိမိအတွက် ခန်းဝင်ပစ္စည်း၊ မိသားစုဝင်များနှင့် ဆွေမျိုးများ၏ပစ္စည်း၊ ဥစ္စာ၊ စည်းစိမ်၊ အသုံးအဆောင်ပစ္စည်းများ၊ ငွေရေးကြေးရေးကို အတိုင်းထက် အလွန် မျှောက်လင့်ချက်ထားသည့် အမျိုးသမီးများ (သတို့သမီးများ) ၏ အိမ်ထောင်ရေးကို ခက်ခဲမှုနှင့် ရန်ငြိုးကြီးမှုကို ဖြစ်စေလေသည်။
ဤကဲ့သို့သော အိမ်ထောင်ပြုခြင်းများသည် ရိုးလား၊ အများဖြစ်လာ သည့်အခါ မြောက်များစွာသော လူငယ်လူရွယ်များ၊ ၄င်းတို့မိသားစုဝင်များ သည် မိမိတို့ဖက်ဆွဲဆောင်ရန် လိမ်လည်ပြီး ကြောက်စရာလှည့်ဖြားမှုများကို သုံးပြီး ကားအကောင်းစားပိုင်ရှင် တိုက်ပိုင်ရှင် စသည်ဖြင့် ဖြစ်ကြောင်းပြ၍ အိမ်ထောင်ပြုကြလေသည်။
အိမ်ကဲ့သို့ အိမ်ထောင်ပြုပြီးနောက် မိုးခုနှစ်ထပ်လုံး၌ပင် ကြယ်လေး တစ်ခုတောင်မရှိကြောင်း မြန်မာလိုဟန်သာရှိပြီး အဆံ မရှိကြောင်းလည်း သိကြရော ပြဿနာ၊ ရန်ဖြစ်မှု၊ ရိုက်ကြပုတ်ကြ၊ နောင်ချိန်များ စတင်ပါတော့ လေသည်။ သူကိုသတ်ရမှာလား၊ ကိုယ့်ကို သတ်သေရမှာလားဆိုသည့် ဒွိဟ အဆင့်သို့ရောက်လေသည်။
ကျွန်ုပ်တို့ မဇ်ဟဘ်(ဖေက်ရှီအာအေမမ်မီယာ)၏သင်ကြားပို့ချမှု များအရဤကဲ့သို့သော အိမ်ထောင်ပြုခြင်းများကို အပြင်းအထန် ဆန့်ကျင် ကန့်ကွက်တော်လှန်ထားပါသည်။ ကျွန်ုပ်မဇ်ဟဘ်၏ အကြီးအကဲ၊ ဦးသျှောင်၊ ခေါင်းဆောင်မှ ငွေရေးကြေးရေးကို (အဓိကထား)ပြီး မင်္ဂလာဆောင်သူများကို အပြင်းအထန်ကန့်ကွက် တားမြစ်ရှုံ့ချထားလေသည်။
ထိုနည်းတူစွာ မဟာငွေများခြင်းကို မင်္ဂလာဆောင်နှင်းမှုတွင်ကံဆိုး မိုးမှောင်ကျခြင်းဟု ဖွင့်ဆိုထားလေသည်။
အထူးသဖြင့် မိမိတို့၏သားသမီးများကို မဟာငွေပေါ့ပေါ့ပါးပါးနှင့် အတူရုပ်ပိုင်းဆိုင်ရာ စည်းစိမ်ထက် နာမ်ပိုင်းဆိုင်ရာ စည်းစိမ်ချမ်းသာသူများ နှင့် လက်ထပ်ထိမ်းမြားပေးခြင်းကို ပြုရပေမည်။
ဤသို့ဖြင့် ဤလုပ်ရက်လုပ်သည် လောကသူ၊လောကသားများ အတွက် သင်ခန်းစာ၊အတုယူစရာ ဖြစ်သွားလေသည်။
မဟာတမန်တော်မြတ်ကြီး မိန့်တော်မူလေသည်။
မည်သူမဆို အမျိုးသမီးတစ်ဦးနှင့် ၄င်း၏အလှအပ (တစ်ခုတည်း) အတွက် အိမ်ထောင်ပြုခဲ့မည်ဆိုလျှင် မိမိ၏ရည်ရွယ်ချက်တွင် အောင်မြင်မည် မဟုတ်ချေ။ မည်သူမဆို အမျိုးသမီးတစ်ဦးနှင့် ၄င်းပိုင်စည်းစိမ်ဥစ္စာ၊ ဓန အတွက်အိမ်ထောင်ပြုမည်ဆိုလျှင် မြတ်အလ္လာဟ်၎င်းကိုသူ့အခြေအနေ၌ လွှတ်လိုက်တော်မူလေသည်။ (မိမိ၏ဂရုဏာတော်၊ မေတ္တာတော်ကိုဖြတ် တောက်လိုက်လေသည်။)
အီမာန် သက်ဝင်ယုံကြည်သူ အမျိုးသမီးများ၊ သန့်ရှင်းသန့်ပြန့် ၊ ဖြူစင် သည့် အမျိုးသမီးများနှင့်သာ အိမ်ထောင်ပြုဖို့ ကြိုးစားပါလေ။
ညွှန်း - ၀စာအေလွရှ်ရှီအာကျမ်း၊ အတွဲ - ၃၊ စာမျက်နှာ - ၆
* * * * *
အလှူမှန်သမျှတွင်တရားအလှူသည်အမြတ်ဆုးံ
အခန်းကဏ္ဍ(၁၃)
မကောင်းသည့်လိုအင်ဆန္ဒအာသီသ(တဏှာ)အရ အိမ်ထောင်ပြုခြင်းများ
မကောင်းသည့် လိုအင်ဆန္ဒ(တဏှာ)သည် အရေးအကြီးတကာ့ အရေးကြီးဆုံးနှင့် လက်ရှိအခြေအနေတွင် အန္တရာယ်အကြီးတကာ့အကြီးဆုံး အခြေအမြစ်များအဖြစ် အိမ်ထောင်ပြုခြင်းအတွက် ဖြစ်သွားလေသည်။
မကောင်းသည့် လိုအင်ဆန္ဒ(တဏှာ)ကို တရားဝင်တရားတော်မှ ခွင့်ပြုထားသည့် လိင်အရသာများနှင့် မရောနှောသင့်ချေ။ အကြောင်းမှာ - တရားဝင်အရသာများသည် သဘာဝတရားအရ အိမ်ထောင်ပြုရန်အတွက် ရှေ့ပြေးဖြစ်ပေသည်။
မြောက်များစွာသော လူငယ်လူရွယ်များသည် အိမ်ထောင်ပြုသည့် အခါ လိင်ဆက်ဆံမှုအရသာကို ရှာဖွေကြသည်ဆိုသည်မှာ သံသယဖြစ်ဖို့ မလိုချေ။ သဘာဝတရားနှင့်ဖန်ဆင်းခံထားရသည့် သဘောတရားအခြေအနေ အရ မနုဿလူသား၏ သဘာဝတောင်းဆိုမှုဖြစ်ပါသည်။ မနုဿလူသား၏ ရပိုင်ခွင့်၊ အခွင့်အရေးလည်းဖြစ်ပေသည်။
သို့သော် မကောင်းသည့် လိုအင်ဆန္ဒ (တဏှာ၊ ရာဂ) ထက်အဆင့် မြင့်၊ မြင့်မြတ်သည့်အရာဖြစ်လေသည်။
စိတ်ကူးယဉ် အတုအယောင်များ၊ မှားယွင်းသည့်စီစစ်မှုနှင့် အသိ ဥာဏ်မဲ့သည့် လုပ်ရပ်၏အမည်မှာ လိုအင်ဆန္ဒ(တဏှာ၊ရာဂ)ဖြစ်ပါသည်။ ၄င်း အတွင်း၌ အကျိုးမဲ့၊ အချည်းနှီးအလေ့အကျင့်များ၊ မှားယွင်းလွဲမှားသည့် ရည်ရွယ်ချက်နှင့် ရှိုင်တွာန်နှင့် တိရစ္ဆာန်တို့၏ လက္ခဏာများရောထွေးနေ လေသည်။
မကောင်းသည့်လိုအင်ဆန္ဒ(တဏှာ၊ရာဂ)၏အခြေမှာ အတင်း အဓမ္မ ပြုထားသည့်တန်ဖိုး၊ အခြေခံမှုနှင့် တခါတလေ ကလေးဆန်ဆန် သို့မဟုတ် အရူးအဆန်ဆန်ဖြစ်လေသည်။
တဏှာ၊ ရာဂအပေါ်အခြေခံပြီး ဆောက်တည်ထားသည့် အိမ်ထောင် ရေးဘ၀သည် ယေဘုယျအားဖြင့် ကွာရှင်းပြတ်စဲမှုသို့ ရောက်ရလေသည်။
အကြောင်းမှာ ၄င်းအိမ်ထောင်မှုရပ်တည်ဖို့ အာမခံချက်မှာ အလွန် တရာအားနည်းပြီး ရေပေါ်မှအမြှုပ်ရေမြှုပ် (သို့မဟုတ်) မိုးကောင်းကင်မှ လျှပ်စီးတစ်ခု ပမာဖြစ်ပေသည်။
တဏှာ၊ ရာဂကြောင့်တည်ဆောက်သည့် အိမ်ထောင်ပြုခြင်းအတွက် လက္ခဏာအမှတ်အသား အမြောက်အများရှိပါသည်။ တဏှာ၊ ရာဂမဂ္ဂဇင်း တွင်ပြည့်လျှံနေပေသည်။
ဤကဲ့သို့သော အိမ်ထောင်ပြုခြင်းအတွက် နမူနာအဖြစ်တင်ပြရမည် ဆိုလျှင်တခါတရံရုပ်ရှင်ဇာတ်ကားများဖြစ်ပါသည်။ တခါတလေမင်္ဂလာဆောင် နှင်းမှုများ၊ ကွာရှင်းပြတ်စဲသူများ၊ တခါတရံ လုပ်စားကိုင်စားနေသူများ ဖြစ်လေသည်။
ဤကဲ့သို့သောပုဂ္ဂိုလ်များသည် ကုန်သည်များကဲ့သို့ မိမိစီးပွားရေး နှင့် အလုပ်ကိုထင်ပေါ် ပြောင်မြောက်လာစေရန်နေ့စဉ်နေ့တိုင်း အလုပ်အသစ် တစ်ခုမဟုတ်တစ်ခုကို လုပ်၍ ၄င်းအမည်ကို နှုတ်ဖျားမှမချရန်လုပ်နေသည် ဆိုတာမေ့နေကြလေသည်။
သို့ဖြစ်ပါ၍ မတတ်နိုင်သည့်အဆုံးတစ်နေ့မင်္ဂလာဆောင်ပြီးနောက် နေ့ကွာရှင်းပြတ်စဲလေသည်။ ဤသို့ဖြင့်ကွာရှင်းပြတ်စဲမှု၏ ဓာတ်ပုံများနှင့် အကျယ်ဈေးရှိသတင်းစာများ၊ မဂ္ဂဇင်းများတွင် တန်ဆာဆင်နေရာယူလေ တော့သည်။ ၄င်း၏အလုပ်နှင့် ကုန်ကူးမှုအတွက် ကျက်သရေအသွင်ဆောင် သွားလေသည်။
ရုပ်ရှင်ရှိမျက်နှာများသည် မျက်နှာအစစ်အမှန်မဟုတ်ဘဲ ကရီးမ်နှင့် မိတ်ကပ်ဖြင့် ချယ်ထားသည့် ရုပ်များဖြစ်ကြောင်းကိုလည်း သိထားရပေမည်။ ဤမျက်နှာများ၌ အခြားအမျိုးအစား မျက်နှာများရှိနေပေသည်။
သို့သော် တဏှာ၊ ရာဂကို ကိုးကွယ်သူ၊ မသိနားမလည်သူများ အနေဖြင့် ဤမျက်နှာများအားလုံးကို အစစ်ဟုထင်ပြီးထိုင်နေလေသည်။ မိမိ၏ ဘ၀ကို ရေနှင့်တူသောသဲပြင်နှင့်ရေပြင်ပေါ်ကအမြှုပ်ပမာကိုအခြေပြုလေ၏။ မိမိ၏တဏှာ၊ ရာဂကိုဖြည့်ဆီးရန် မိမိကိုယ်ကိုရော သူတစ်ပါးကိုပါ ထောင် ပေါင်းများစွာသော အခက်အခဲများတွင် ရောက်အောင်ပိုပလေသည်။ ကိုယ်ကိုတိုင်လည်း ဟိုရောက်ဒီရောက် သူတစ်ပါးကိုလည်းဟိုပေါက်ဒီပေါက် ဖြစ်စေလေသည်။
တဏှာ၊ ရာဂအပေါ်အခြေခံသည့် အိမ်ထောင်ပြုခြင်းများမှ နမူနာ နောက်တစ်ခုမှာ တစ်ဦးဦး၏ အကျင့်စရိုက် ပြုလုပ်လိုလျှင် ပမာအားဖြင့် အားကစား တစ်ခုခု ပြိုင်ပွဲတစ်ခုခုကိုကြည့်၍ ခံစားမှုတစ်ခုခုကို ထုတ်ဖော်ပြ သည်စသည်ဖြင့် အချိန်တွင်ပြုရသကဲ့သို့ ဖြစ်လေသည်။ (ဆိုလိုသည်မှာ မကောင်းသည့်အတုခိုးခြင်းကို အခြေခံသည်ဟုဆိုလိုခြင်းဖြစ်လေသည်။)
ဘောလုံးဖြင့်အိမ်ထောင်ပြုခြင်း
လတ်တလောအတွင်း စိတ်ဝင်စားဖွယ်၊ ၀မ်းနည်းဖွယ်သတင်း တစ်ခု ကိုတွေ့ခဲ့ရလေသည်။ အမျိုးသမီးတစ်ဦးအနေဖြင့် မိမိအမျိုးသားခင်ပွန်းနှင့် ပတ်သက်ပြီး တရားရုံးသို့ တိုင်ချက်ဖွင့်လေ၏။ ကျွန်မယောင်္ကျားဟာဘောလုံး ပြိုင်ပွဲများကို ၀ါသနာထုံသူဖြစ်ပါတယ်။ အတိုင်းထက်လွန်၍ဘောလုံးပွဲကို ချစ်ခင်နှစ်သက်၊ ပျော်မွေ့လေတယ်။ဘယ်နေရာမှာပဲ ဘောလုံးပွဲရှိရှိ ပထမဆုံး လက်မှတ်ဝယ်သူမှာ ကျွန်မယောင်္ကျားဖြစ်ပါတယ်။ အကယ်၍ (အကြောင်း ကြောင်းကြောင့်) ဘောလုံးပွဲကျင်းပသည့်နေရာမရောက်ဖြစ်ခဲ့လျှင် မည်သည့် နည်းဖြင့်မဆို တယ်လီဗေးရှင်း၌ရအောင်ကြည့်လေသည်။ (သို့မဟုတ်) ရေဒီယိုဖွင့်ပြီး နားထောင်ပါတယ်။
အထူးသဖြင့် ဖန်သားပြင်၌ ဘောလုံးပွဲများကိုကြည့်ချိန် အရာ အားလုံးကို ယုတ်စွအဆုံး ညစာ၊ အိပ်ဖို့၊ မိန်းမ၊ မိမိကလေးတွေကိုပါ မေ့သွား ပါတယ်။ တခြားအကြောင်းတွေမနှစ်သက်ပါဘူး။
သူကိုယ်တိုင်လည်း ဘောလုံးမကန်ပါဘူး။ ငွေအမြောက်အများကို ဘောလုံးပွဲလောင်းခဲ့ပါတယ်။ တခါတလေဆို အကြွေးတောင်တင်ပါတယ်။
အိုဝမ်းနည်းလေစွ! ဤဘောလုံးပွဲ အချစ်သမား၊ ဘောလုံးရူးဟာ ကျွန်မကိုလက်မထပ်ခဲ့ဘဲ ဘောလုံးနှင့်သာလက်ထပ်ခဲ့ရင် ပိုကောင်းမှာပါ။
ကျွန်မဒီလိုဘ၀၌ မောနေပါပြီ။ အခုနစ်မွန်းကြပ်တည်းနေပါတယ်!
သို့သော် ဤအမျိုးသမီးသည် ယခုမိမိယောင်္ကျားနှင့် ကလေးတစ် ယောက်ရထားလေသည်။ သူမယောင်္ကျားဟာ သူမကိုဘောလုံးကြောင့်ယူခဲ့ သည်ဆိုတာ လုံးဝမသိချေ။
သူမကိုယ်တိုင်ဝန်ခံလေ၏ ကျွန်မဘောလုံးပွဲတစ်ပွဲကို ကြည့်ဖို့သွား ခဲ့ပါတယ်။ ဘောလုံးကစားသူများ၏ အသင်းတစ်သင်းကိုကြိုက်မိပါတယ်။ဤ လူငယ်လူရွယ် (ကျွန်မယောင်္ကျား) လည်း ကျွန်မအတိုင်း ကြိုက်ပါတယ်။ဒါ ကြောင့်တစ်ယောက်နှင့်တစ်ယောက်သိခွင့်ရခဲ့ပါတယ်။နောက်ဆုံးလက်ထပ် ဖြစ်ခဲ့ကြပါသည်။ တစ်နည်းအားဖြင့် နာမ်ပိုင်းအရ ကျွန်မတို့နှစ်ဦး တစ်သင်း တည်းကြိုက်ခဲ့တာတူခဲ့ပါတယ်။
(စာရှုသူချစ်ပရိတ်သတ်ကြီးအနေဖြင့်)သူမယောင်္ကျား ဟာ ဤတိုင် ကြားမှုကို ဘာပြောခဲ့သလဲသိပါသလား ? ထင်မှတ်နေပါသနည်း ….
ပြောသည်ကား …..
မင်းမြင်တဲ့အတိုင်းပဲကွာ …..ငါကတော့ …..အဆင်ပြေမယ်ဆိုနေပေါ့ သည်းခံပေါ့။ မပြေရင်တော့ ကိုယ့်လမ်းကိုလျှောက်တော့ ….. သွားတော့ ….. ပေါ့ ….. ဖြစ်လေသည်။
စက္ကူနှင့်အိမ်ထောင်ပြုခြင်းများ
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် လက်ထပ်ထိမ်းမြားခြင်း မဂ္ဂဇင်း၏ အထူးသီးသန့် စာမျက်နှာကို ဖတ်လေ၏။
သမီးပျိုလေး(၂၉)နှစ်အရွယ်ရှိလေ၏။အရပ်အမောင်း…..စင်တီမီတာ ခါးအကျယ် ….. စင်တီမီတာ၊ ၀င်ငွေ ….. ကျပ်လစဉ်၊ ၀ါသနာရှိသည့်အရာ များမှာ တေးဂီတ၊ အကအခုန်၊ လေ့လာရေးခရီး၊ လှည့်ပတ်ခြင်းနှင့်ပျော်ပွဲစား ထွက်ခြင်းဖြစ်ပါသည်။
အိမ်ထောင်ပြုလိုသည့် ယောင်္ကျားလေးကတော့ စိမ်းလန်းပြီး ဂျုံရောင်ရှိသူ၊ အရပ်အမောင်းကတော့ ….. စင်တီမီတာ၊ ခါးအကျယ်အတိုင်း ကတော့ ….. စင်တီမီတာ၊ အသံကောင်း၊ အသံယဉ်ရမည်၊ ကောင်းသည့် ဆက်ဆံမှု၊ ကောင်းသည့်ရုပ်ရည်နှင့် စကားကောင်းတတ်သူဖြစ်ရမည်၊ ၀င်ငွေ ကတော့မပါ၊ မသိ၊ မည်သူမဆို (ဤအရည်အချင်းရှိလျှင်) ကြိုဆိုပါသည်ဟု ဖြစ်လေ။
ဤကြေငြာစာမျက်နှာလေးသည် ထိုပုဂ္ဂိုလ်အား ဂရုပြုစေပြီး ၄င်း အားဆွဲဆောင်သွားလေ၏။ အကြောင်းမှာ မိမိကိုယ်ကို ဖော်ပြထားသည့် စည်းမျဉ်း၊ စည်းကမ်းများ၏ ပိုင်ရှင်အဖြစ်တွေ့လေ၏။ အခြားတဖက်၌လည်း ထိုဖော်ပြပါရုံးအားဆက်သွယ်၍ ကောင်မလေးကို ဆက်သွယ်လေ၏။
ဤ မဂ္ဂဇင်း၏ အလယ်၌ မျောက်မင်္ဂလာပွဲ အကြောင်းလည်း ပါလာ လေ၏။
သို့သော် ဖိတ်ကြားထားသည့်အတိုင်း စိတ်ရောက်နေလေ၏။ မိမိ အတွက်သာစဉ်းစားနေလေသည်။ သို့သော်လည်းပဲ သေရ်အာလာန်ဂ်နှင့် အလ်ဝါရ်အတွက်ဝယ်လေ၏။ အရပ်အတိုင်းအတာအရှည်အကျယ်၊ အရပ် အမောင်းနှင့်ခါးအတိုင်း၊ ကခုန်မှု နှင့် အ၀တ်အစားအတွက်သာလျှင်တင်းတိမ် လေ၏။
မနုဿလူသား၏ အရည်အသွေးအစစ်အမှန်များ၏ အာမခံချက်ဖြစ် သည့် သစ္စာရှိမှုနှင့် အိမ်ထောင်ရေး တည်တံ့ခိုင်မြဲမှုကိုဖြစ်စေသည့်အရာ အားလုံးကို မေ့လိုက်လေသည်။
မှတ်ချက်။ ။ သေရ်အာဟန်ဂ် (تیرآهن) နှင့် အယ်ဝါရ် (الوار)ဆိုသည့် အဓိပ္ပါယ်ကို အီရန်နိုင်ငံ တွင် သွားရောက်ပညာသင်ဖူးသော ကျွန်တော်(ဘာသာပြန်ဆိုသူ) ၏ (သာသနာ့) ညီအစ်ကိုမောင်နှမ များထံမေးမြန်းသိရှိနိုင်ပါသည်။
အကြောင်းမှာ ဤ(အထက်ဖော်ပြပါ) အရည်အသွေး၊ အရည်အချင်း များကို တစ်ခုမျှမင်္ဂလာဆောင်ဖို့ စည်းမျဉ်း၊ စည်းကမ်း အဖြစ်မကြေငြာထား သည့်အတွက်ကြောင့်ဖြစ်ပေသည်။သတ်မှတ်ထားသည့်စည်းမျဉ်း၊ စည်းကမ်း များမှာလည်းမင်္ဂလာပွဲအတွက်ဘောင်အပြင်ရောက်နေပြီး၊ ၄င်းတို့၏ စဉ်းစား ဥာဏ်မှာ မင်္ဂလာဆောင်ရန် (တရားဝင်မှန်ကန်ရန်) အလို့ငှာမဟုတ်ချေ။ မတတ်နိုင်သည့်အဆုံး အရပ်အမောင်းအတိုင်းအတာအတိအကျ၊ ခါးအကျယ် အ၀န်း၊ ပေါင်အတိုင်းအတာ အနည်းအများသာ ကြေငြာ ကြလေသည်။ (လိုလားကြလေသည်။)ယုတ်စွအဆုံး (ခါး၊ ပေါင်အတိုင်းမှာ) တစ်စင်တီမီတာ အထိပင် ဖြစ်နေပါစေ …..
သင့်လျှောက်သည့် အထောက်အထားစာရွက်စာတမ်းကို သီးသန့် ထုတ်ကြလေသည်။ ဤမင်္ဂလာပွဲ၊ အိမ်ထောင်ပြုမှုအတွက် စနစ်၌ပါ စက္ကူကို စုတ်ပြဲလေ၏။ အဝေးသို့ပစ်လေ၏။ ဤသို့ဖြင့်ကာလများတော်တော်ကြာကြာ အကြပ်အတည်း၊ အခက်အခဲများ၊ အကြွေးများအောက်၌ နစ်မြှုပ်နေလေမည်။
(ဆိုသည်မှာ ရှရီမင်္ဂလာကို အဓိကမထားဘဲ သာမညကိစ္စများကို ဦးစားပေးသည့်အတွက် ဒုက္ခသောကရောက်မည်ဟုဆိုလိုပါသည်။ ကြေငြာ စာမျက်နှာအတိုင်းလိုက်ရှာပြီး မင်္ဂလာဆောင်ကြသဖြင့် ကျမ်းပြုဆရာတော် အနေဖြင့် စက္ကူနှင့် အိမ်ထောင်ပြုခြင်းဟု အမည်ပေးထားလေ၏။)
အချို့ အိမ်ထောင်ပြုခြင်းများတွင် တဏှာ၊ ရာဂနှင့် စီးပွားဆန်မှုနှစ်ခု စလုံးရောထွေးပါဝင်နေသဖြင့် ယေဘုယျအားဖြင့် ပြည့်လျှံများပြားစုံလင်လှ သည့် အပြစ်အနာအဆာများ၊ မကောင်းမှုကံဆိုးမှုများဆိုသည့် နှစ်မျိုးစလုံး နှင့် ရင်ဆိုင်ရလေသည်။
ဤမင်္ဂလာပွဲများထက်ဆိုးသည့် မင်္ဂလာဆောင်နှင်းမှုများမှာ နိုင်ငံရေး ဆန်သည့် မင်္ဂလာပွဲများဖြစ်လေသည်။ ခေါင်းမကိုက်တာကို မိမိကိုယ်ကိုခေါင်း ကိုက်အောင် မလုပ်တာကောင်းပါသည်။ခေါင်းအေးနေတာကို အအေးအတိုင်း ထားလျှင် ကောင်းပေသည်။
ကျွန်ုပ်တို့၏ သာသနာ့အကြီးအကဲ ဦးသျှောင်များမှ အရာရာတိုင်းကို နာမ်ပိုင်းဆိုင်ရာနှင့်အတွေးအခေါ်မှန်ကန်ပြီးစာရိတ္တကောင်းမွန်မှု ရူဟ်(၀ိဥာဉ်) နှင့် စာရိတ္တမွန် နှစ်ခုစလုံးကောင်းသည့် ဘ၀ကြင်ဖော်ကို ပိုင်ဆိုင်ရန်သာ တိုက်တွန်းထားလေသည်။
ဤသက်သေအထောက်အထားအရ မိသားစုကို သွန်သင်ဆုံးမမှု၊ အဓိကကျမှုများ၊ စစ်မှန်မှုများသည် စိတ် ပါဝင်နေသည့် ရူဟ်(၀ိဥာဉ်)၊ အချစ် မေတ္တာ(သန့်သန့်ရှင်းရှင်း)၊ ရက်ရော၊ ဖော်ရွေမှု၊ သန့်ရှင်းမှုသန့်ပြန့်သည့်ဘ၀၊ အမျိုးကောင်းမှု၊ အီမာန်သက်ဝင် ယုံကြည်မှုနှင့်သီလ၊ သမာဓိတို့ကိုအားလုံး ထက်အရေးကြီး လိုအပ်ကြောင်း ပြဆိုထားလေသည်။
“အနံ့ဆိုးနှင့်မသန့်ရှင်းမှုဖြစ်စေသည့်ရောထွေးနေသည့် ခြောက်သွေ့ ပြီးအရောင်စုံသည့် သစ်ဥ၊ သစ်ဖု၊ အရွက်၊အခေါက်များမှ ရှောင်ကြဉ်ပါလေ။!”
သာဝကတော်များမှလျှောက်ထားကြလေ၏။ ကိုယ်တော်မြတ်ဆိုလို သည့် သစ်ဥ၊ သစ်ဖု၊ အရွက်၊ အခေါက်များမှ အဘယ်အရာဖြစ်ပါသနည်း?
မိန့်တော်မူလေ၏ ကျွန်ုပ်ဆိုလိုသည်မှာ ခြောက်သွေ့ပြီးအရောင်စုံ သည့်အမျိုးသမီးများကိုဆိုလိုခြင်းဖြစ်ပါသည်။ မသန့်ပြန့်သည့် အသိုင်းအ၀ိုင်း နှင့်ဆက်နွယ်နေပြီး အပြစ်ဂိုနာများနှင့် ရောထွေးနေသည့် မိသားစုများ၏ မကောင်းသည့် သွန်သင်မှုရထားသည့် မိန်းကလေးဖြစ်ပါသည်။ (ကောင်းမွန် ကောင်းမြတ်သည့် စာရိတ္တမွန်များမရှိသည့် မိန်းကလေးဖြစ်ပေသည်။)
.............
END / 251