အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ထိုင်းနိုင်ငံ၌ အရေးပေါ် အခြေအနေ ကြေညာလိုက်၍ ထိုင်းရောက် မြန်မာလုပ်သားများ နေရပ်ပြန်ခွင့်ရှိတော့မည်မဟုတ် ပေ။
မြန်မာအပါအဝင် ရွှေ့ ပြောင်း လုပ်သားအားလုံးကို လကုန်အထိ ဗီဇာကင်းလွတ်ခွင့် ပြုထားသဖြင့် မြန်မာလုပ်သား များအနေဖြင့် ဗီဇာသက်တမ်းကုန် ဆုံးတော့မည့်အပေါ် စိုးရိမ်မှုမရှိ ရန် ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးမှ အလုပ်သမား သံအရာရှိ ဦးဝေလင်းအောင်က ပြောသည်။
‘‘နယ်ကျော်ထွက်တာတို့ကို လက်ခံတော့မှာ မဟုတ်ပါဘူး။ ပြန်လာတဲ့လူတွေ မရှိသလောက် ရှားသွားပါပြီ။ လမ်းမှာလည်း ပြန် လာရင် နေထိုင်ရာဒေသကို ပြန် သွားဖို့ဆိုပြီးတော့ နောက် ကြောင်း ပြန်လှည့်ခိုင်းမယ့်သ ဘောရှိပါတယ်။ လာလို့ရတော့ မှာမဟုတ်ပါဘူး’’ ဟု ၎င်းကပြော သည်။
သို့သော် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားသူများ၊ ဗီ ဇာသက်တမ်းကုန်ဆုံးသူများ၊ အ လုပ်ပါမစ်သက်တမ်း ကုန်ဆုံးသူ များ၊ အလုပ်ရှင်မတူသူများအနေ ဖြင့် စိုးရိမ်စရာမလိုကြောင်း၊ ၎င်း တို့အားလုံးကို ထိုင်းနိုင်ငံအစိုးရက ဇွန်လကုန်အထိ ဗီဇာကင်းလွတ် ခွင့်ပေးထားမည်ဖြစ်ကာ မည် သည့်ဒဏ်ကြေးမျှလည်း ကောက် ခံမည်မဟုတ်ကြောင်း သံအရာရှိ က ရှင်းပြသည်။
‘‘ဒီအလုပ်သမားတွေဆိုရင် အစောပိုင်းက ဒီဗီဇာကင်းလွတ် ခွင့်မရတဲ့အထဲမှာ ပါတဲ့သဘော မျိုးရှိတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံထဲ မှာ ဘယ်လိုပဲ ပိတ်မိနေနေ၊ ခြောက်လပိုင်း ၆၀ ရက်နေ့အ ထိကို ဗီဇာကင်းလွတ်ခွင့်ကို ဆောင်ရွက်ပေးထားပါတယ်’’ ဟု အလုပ်သမားသံအရာရှိ ဦးဝေ လင်းအောင်က ပြောသည်။
ထို့ကြောင့် မတ်လ ၃၁ ရက် တွင် အထောက်အထားသက် တမ်းကုန်မည့်သူများအနေဖြင့် လက်ရှိနေရာတွင် နေထိုင်ရန်လို အပ်ပြီး ယင်းအတွက် ဒဏ်ကြေး လည်း ဆောင်ရမည်မဟုတ် ကြောင်း၊ ထိုင်းနိုင်ငံနှင့် အ ကောင်းဆုံး ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ၎င်းကပြော သည်။
ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသော မြန်မာလုပ်သားများ မတ်လ၂၅ရက်က မြဝတီမြို့သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ−ရဲမင်း)
သို့သော် ယမန်နေ့တွင် မြန် မာ-ထိုင်း နယ်စပ်သို့ ထပ်မံ ရောက်ရှိလာသူများအား ချစ် ကြည်ရေးတံတားပိတ်ထားသော် လည်း နှစ်ဖက် လဝက ညှိနှိုင်းကာ မြဝတီ အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ဝင်ရောက်ခွင့် ပေးခဲ့သည်။
ယမန်နေ့တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတား မှတစ်ဆင့် နေရပ်ပြန်လာသည့် မြန်မာလုပ်သား ၃,၀၀၀ ကျော် ရှိပြီး မတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ ယင်းနယ်စပ်ဂိတ်မှတစ် ဆင့် နေရပ်ပြန်လာသည့် မြန်မာ လုပ်သား ၁၆,၀၀၀ ကျော် ရှိ သည်။ နိုင်ငံရပ် ခြားမှ ပြန်လာသူများသည် အိမ် တွင်းအသွားအလာကန့်သတ်မှု ၁၄ ရက် ခံယူရမည်ဟု အစိုးရ က ထုတ်ပြန်ထားသည်။
...................................
END / 251