အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဒေါက်တာ ကီယာနိုရှ် ဂျဟန်ပူရ် မှ မနေ့ မှ စ၍ ယနေ့ မေလ ၂၄ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၁၇၈၇ ဦး ဖြစ်ပြီး ၎င်းတို့အနက်မှ ၃၅၂ ဦးအား ဆေးရုံတင်ထားပြီး ၁၄၃၅ ဦးမှ ပြင်ပ လူနာ များ ဖြစ်ကြ ကြောင်း ၊ ကိုရိုနာ ရောဂါသည်များ နှင့် ထိတွေ့မှုကြောင့် ဖြစ်ပွားခဲ့ကြောင်း သို့ဖြစ်ပါ၍ စုစုပေါင်း ရော ဂါသည်မှာ ၁၃၉၅၁၁ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။
၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ - ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၁၀၉၄၃၇ ဦး ပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွားသည့်အတွက်နှင့် ဤ အစီ အစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်းမှဆ၆၇ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။