၃ ဇွန် ၂၀၂၀ - ၁၈:၄၆
အီရန်နိုင်ငံ တွင် ဇွန်လ ၃ ရက်နေ့ သတင်းအရ ကိုရိုနာ ကြောင့်  ၇၀ ဦး သေဆုံး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါ နှင့်ပတ်သက်သည့် နောက်ဆုံး သတင်းကို ယနေ့ ဇွန်လ 3 ရက်နေ့ အထိ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဒေါက်တာ ကီယာနိုရှ် ဂျဟန်ပူရ် မှ မနေ့ မှ စ၍ ယနေ့ ဇွန်လ ၂ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၃၁၁၇ ဦး ဖြစ်ပြီး ၎င်းတို့အနက်မှ ၅၄၁ ဦးအား ဆေးရုံတင်ထားပြီး ဦးမှ ပြင်ပ ၂၅၆၇ လူနာ များ ဖြစ်ကြ ကြောင်း ၊ ကိုရိုနာ ရောဂါသည်များ နှင့် ထိတွေ့မှုကြောင့် ဖြစ်ပွားခဲ့ကြောင်း သို့ဖြစ်ပါ၍ စုစုပေါင်း ရော ဂါသည်မှာ ၁၅၇၅၆၂ ဦးရှိသွားပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

 

ဆက်လက်ပြီး ဒေါက်တာ အနေဖြင့် ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၆၄ ဦး အလ္လာဟ် ဟို အရှင်မြတ် အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူ ဦးရေမှာ ၇၉၄၂ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

 

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ - ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၁သိန်း ၅သောင်း ၇ ထောင် ၅ ရာ ၆၂ ဦး ပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွား သည့် အတွက်နှင့် ဤ အစီ အစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။

 

၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၂၅၆၅ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

 

ဒေါက်တာ ကီယာနိုရှ် ဂျဟန်ပူရ် မှ ဆက်လက်ပြောကြား သည်မှာ လက်ရှိ အခြေအနေ အထိ အီရန် ပြည်သူ ပြည်သား ၉သိန်း ၇သောင်း ၅ထောင် ၉ ရာ ၃၆ ယောက် ဦး အား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

                   

၎င်းမှဆက်လက်ပြောကြားသည်မှာ - ပြည်နယ် ၁၃ ခုသည် ကိုရိုနာရောဂါ ကြောင့် သေဆုံးသူ တစ်ယောက်မှ မရှိကြောင်း ၊ ၈ ပြည်နယ် မှ ကိုရိုနာ ရောဂါကြောင့် သေဆုံးသူ တစ်ဦး ရှိကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါတယ်။