လူသေဆုံးမှုနှုန်းကို လျှော့ချနိုင်ခြင်းမရှိသည့်အတွက် ဆေးရုံတွင်ကုသမှုခံယူနေသော COVID-19 လူနာများအား ငှက်ဖျား ရောဂါတိုက်ဖျက်ရေးဆေးဝါး ဟိုက်ဒရိုဇီကလိုရိုကွင်း နှင့် HIV ဆေးဝါးဖြစ်သော lopinavir/ritonavir ဆေးဝါးများဖြင့် စမ်းသပ်ကုသပေးနေမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် နေ့အလိုက် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်သည် ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၃ ရက် တစ် နေ့တည်းအတွင်း ကူးစက်ခံရသူ ၂၀၀ç၀၀၀ ကျော်ရှိခဲ့သည့်အနက် ကူးစက်သူ ၅၃,၂၁၃ ဦးသည် အမေရိကန်တွင် ကူးစက်ခံရခြင်း ဖြစ်ကြောင်း WHO အဖွဲ့က ထုတ်ပြန်ခဲ့ပြီး နောက် ဟိုက်ဒရိုဇီကလိုရိုကွင်းဆေးဝါးနှင့် HIV ဆေးဝါးများဖြင့် လူနာများအား စမ်း သပ်ကုသမှုကို ရပ်ဆိုင်းသည့် ထုတ်ပြန်ချက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
လောလောလတ်လတ်လုပ်ဆောင် ထားသော စမ်းသပ်ကုသမှုရလဒ်များအရ ဟိုက်ဒရိုဇီကလိုရိုကွင်းဆေးဝါးနှင့် lopinavir/ritonavir ဆေးဝါးသည် ဆေးရုံတက် ကုသမှုခံယူနေသော COVID-19 လူနာများ သေဆုံးမှုနှုန်းကို လျော့ကျသွားစေခြင်း မရှိသည်ကို ပြသနေကြောင်း၊ WHO အဖွဲ့ က ဦးဆောင်၍ နိုင်ငံအများအပြားပူးပေါင်း ပါဝင်ထားသည့် ထိုဆေးဝါးစမ်းသပ်ကုသမှု ကို ယခုထုတ်ပြန်ချက်ထွက်ရှိပြီးသည်နှင့် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း WHO ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆေးဝါးစမ်းသပ်ကုသမှုတွင် WHO ဦးဆောင်ပါဝင်သည့် နိုင်ငံတကာကော်မတီ ၏ ယခုဆုံးဖြတ်ချက်သည် ထိုဆေးဝါးများကို ကြိုတင်ကာကွယ်မှုအဖြစ် အသုံးပြုခြင်း၊ ဆေးရုံမတက်ရသည့် လူနာများအတွက် အသုံးပြုခြင်းများနှင့်ပတ်သက်သည့် အခြားသော လေ့လာစမ်းသပ်မှုများအပေါ် မသက်ရောက်ကြောင်း WHO က ဆိုသည်။
WHO က ဦးစီးဆောင်ရွက်နေသော နောက်ထပ်စမ်းသပ်ကုသမှုတစ်ခုမှာ Gilead ကုမ္ပဏီ၏ remdesivir ဆေးဝါးဖြင့် COVID-19 လူနာများအား စမ်းသပ်ကုသမှုဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခံလူနာများ မြန်မြန်ဆန်ဆန် ပြန်လည်ကျန်းမာလာသည့် အခြေအနေကို တွေ့ရှိခဲ့ပြီးနောက် ဥရောပကော်မရှင်က remdesivir ဆေးဝါးကို အသုံးပြုရန် ဇူလိုင် ၃ ရက်တွင် ယာယီ အတည်ပြုခဲ့ကြောင်း သိရသည်။
COVID-19 လူနာများအား စမ်းသပ် ကုသမှုလုပ်ဆောင်ရာတွင် အပိုင်းငါးပိုင်းခွဲ ၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းတို့မှာ စနစ် တကျကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ remdesivir ဆေးဖြင့် စမ်းသပ်ကုသခြင်း၊ ဟိုက်ဒရိုဇီကလိုရိုကွင်းဆေးဝါးဖြင့် စမ်းသပ်ကုသခြင်း၊ lopinavir/ritonavir ဆေးဝါး ဖြင့် စမ်းသပ်ကုသခြင်း၊ lopinavir/ritonavir ဆေးဝါးကို interferon ဆေးဖြင့် ပေါင်းစပ် စမ်းသပ်ကုသခြင်းတို့ဖြစ်သည်။
နိုင်ငံပေါင်း ၃၉ နိုင်ငံမှ လူနာ ၅,၅၀၀ နီးပါးကို စမ်းသပ်ကုသပေးမှုများလုပ်ဆောင် ထားပြီးဖြစ်ကာ ရလဒ်များကို သီတင်းပတ် နှစ်ပတ်အတွင်း သိရှိရမည်ဟု မျှော်လင့်ထား ကြောင်း WHO ၏အထွေထွေညွှန်ကြားရေး မှူး တီဒရော့စ်က ပြောကြားခဲ့သည်။ စမ်း သပ်တီထွင်ထားသည် COVID-19 ကာကွယ်ဆေး ၁၈ မျိုးကို လူများတွင် စမ်းသပ်ကု သမှုလုပ်ဆောင်နေပြီး ကုသမှု ၁၅၀ နီးပါး ဆောင်ရွက်နေဆဲဖြစ်သည်။
မည်သည့်အချိန်တွင် ကာကွယ်ဆေး ရရှိမည်ဆိုသည်ကို မဆင်မခြင် မခန့်မှန်းနိုင် သေးကြောင်း၊ ကာကွယ်ဆေး၏ အကျိုး သက်ရောက်မှုကို ယခုနှစ်ကုန်တွင် သိရှိရ နိုင်ဖွယ်ရှိကြောင်း WHO ၏ ထိပ်တန်း အ ရေးပေါ်ဆေးကုသမှုအဖွဲ့မှ ပါရဂူ မိုက်ရိုင် ယန်က ပြောကြားခဲ့သည်။
*********************************************
END / 251