အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှုမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကာကွယ်ဆေး စမ်းသပ်ဖို့ အသင့်ရှိတယ်လို့ ဘဂ်လားဒေ့ရှ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုတစ်ပတ် ဘဂ်လားဒေ့ရှ်ခရီးစဉ်မှာ ကိုဗစ်ကာကွယ်ဆေးကိစ္စကို ဆွေးနွေးခဲ့ကြတာပါ။
ဘဂ်လားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ စမ်းသပ်မှုပါအဝင် အိန္ဒိယရဲ့ Covid-19 ကာကွယ်ဆေးထုတ်လုပ်မှုမှာ ပူးပေါင်းပါဝင်ဖို့ အသင့်ရှိနေပြီး၊ အဆင်သင့်ဖြစ်တဲ့အခါ ဈေးသက်သက်သာသာနဲ့ ရရှိဖို့လည်း ရည်ရွယ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်ရာ ကုမ္ပဏီရှိတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိမှာ ကိုဗစ်အတွက် ကာကွယ်ဆေး ၃ ခုကို စမ်းသပ်နေပါတယ်။
ဘဂ်လားဒေ့ရှ်ဟာ တရုတ်က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကိုလည်း နိုင်ငံအတွင်းမှာ စမ်းသပ်အသုံးပြုနေပါတယ်။
***********************************************
END / 251