၆ အောက်တိုဘာ ၂၀၂၆ - ၁၅:၂၈
တာအစ်ဇ်မြို့ရှိ ဒေသအချို့ကို ယီမင် အန်ဆွာရိုလ္လာဟ် က သိမ်းပိုက်လွတ်မြောက်

ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် ဖွဲ့၏ နိုင်ငံရေးကောင်စီဝင်တစ်ဦးက ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ကျယ်ပြန့်သော ရှေ့တိုးစစ်ဆင်မှုကို ရည်ညွှန်းပြောကြားခဲ့ပြီး၊ တာအစ်ဇ်မြို့ အနီးတစ်ဝိုက်ရှိ ဒေသများကို လွတ်မြောက်အောင် သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် တာအစ်ဇ်မြို့ကိုလည်း လွတ်မြောက်ပြီးဖြစ်သည်ဟု သတ်မှတ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ယီမင်  အန်ဆွာရိုလ္လာဟ် အဖွဲ့၏ နိုင်ငံရေးကောင်စီဝင်ဟီဇမ် အလ်အဆဒ် က ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် တာအစ်ဇ် နှင့် အေဒင်  အကြားရှိ လမ်းကို ဖြတ်တောက်ခဲ့ခြင်းမဟုတ်ဘဲ လုံခြုံအောင် ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း၊ တစ်ဖက်အဖွဲ့ကသာ ထိုလမ်းကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်၍ တာအစ်ဇ်ဒေသအများအပြားကို လွတ်မြောက်အောင် သိမ်းပိုက်ရာတွင် ပါဝင်ခဲ့သော မြေပြင်တပ်မဟာအများစုသည် ထိုပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် သက်ဆိုင်သူများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟီဇမ်အလ်အဆဒ် က တာအစ်ဇ်မြို့ကို ယခုအခါ လွတ်မြောက်ပြီးဖြစ်သည်ဟု သတ်မှတ်နိုင်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။  အကြောင်းမှာ မြို့ပတ်ဝန်းကျင်ရှိ ဒေသများကို လွတ်မြောက်အောင် သိမ်းပိုက်ပြီးနောက် တာအစ်ဇ်မြို့သို့ ဘက်ပေါင်းစုံမှ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများအားလုံး ပိတ်ဆို့သွားပြီဖြစ်သောကြောင့် ဖြစ်ပါတယ်။

၎င်းက ယီမင်ပြည်သူများတွင် “စူပါအင်အား” တစ်ရပ် ရှိနေပြီး ယီမင်လက်နက်ကိုင်တပ်ဖွဲ့များက သင့်လျော်သည်ဟု ယူဆသည့်အချိန်တွင် ထိုအင်အားကို အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ရန်သူဘက်မှ စစ်ပွဲအပြည့်အဝ စတင်ခဲ့ပါက ၎င်းတို့အား အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေမည်ဟုလည်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha