အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
သံလွင်မြစ်ရေသည် သြဂုတ်၂၃ ရက် နံ နက် ၇ နာရီခွဲတိုင်းထွာချက်အရ ၎င်း၏စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာကျော်လွန်ကာ ၇၈၁ စင်တီမီတာသို့ ရောက်ရှိနေပြီး မွန်းတည့် ၁၂ နာရီတိုင်းထွာချက်အရ ၇၉၂စင်တီမီတာ သို့ ရောက်ရှိလာကာ ဘားအံမြို့ မြေနိမ့်ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်လာပြီးဝါခေါင်လပြည့်တက်ရေနှင့် ပေါင်းစပ်မိပါက မြစ်ရေသက်ရောက်ရာ ဘားအံမြို့၌ ရေကြီး ရေလွှမ်းမိုးမှုဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံ များ၏ပြောကြားချက်အရ သိရသည်။
“ဒီအနေအထားနဲ့ဆိုရင် မြစ်ရေကြီးမှု ဖြစ်ပေါ်လာနိုင်တယ်။ မိုးကလည်းတစ်ရက်မပျက် ရွာနေတာကြောင့် မြစ်ရေက ဆက်လက် တက်လာဖို့ပဲ ရှိတာလေ။ မြေနိမ့်ရပ်ကွက်မှာ နေထိုင်သူတွေ သတိထားနေထိုင်ဖို့ လိုအပ်ပါ တယ်။ အမြင့်ဆုံးတက်ရေဖြစ်တဲ့ ၀ါခေါင်လ ပြည့်တက်ရေက ကျန်သေးတယ်။ သံလွင်မြစ် ရေချိန်က ဆုတ်လိုက်တိုးလိုက်သဘောမှာရှိ ပေမဲ့ ယုံစားလို့တော့မရဘူး။ ၂၀၁၂ ခုနှစ်က ဆိုရင် အမြင့်ဆုံးမြစ်ရေတက်မှုက ၉၃၆ စင် တီမီတာ စံချိန်ချိုးခဲ့ပြီး၂၀၁၈ ခုနှစ်မှာ အဲဒီစံချိန်ထက် ပိုမိုမြင့်ပြီး နှစ်ပေါင်း ၅၅ နှစ်အတွင်း မှာ တစ်ခါမှမဖြစ်ဘူးတဲ့ မြစ်ရေ ၉၃၈ စင်တီ မီတာအထိ စံချိန်သစ်ချိုးပြီး ရောက်ရှိခဲ့တယ်” ဟု ဘားအံဒေသခံတစ်ဦး က ပြောကြားသည်။
သံလွင်မြစ်ရေသည်၂၀၁၂ ခုနှစ် သြဂုတ် ၁၈ ရက် တိုင်းထွာချက်အရ ၉၃၆ စင်တီမီ တာသို့ စံချိန်ချိုးရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် သြ ဂုတ် ၃၀ ရက် တိုင်းထွာချက်အရ နှစ်ပေါင်း ၅၅ နှစ်အတွင်း တစ်ကြိမ်တစ်ခါမှ မရောက်ရှိဘူး သည့်စံချိန်အဖြစ် ၉၃၈ စင်တီမီတာသို့ ရောက် ရှိခဲ့ပြီး၂၀၁၉ ခုနှစ် သြဂုတ်၂၃ရက် တိုင်းထွာ ချက်အရ ၈၆၃ စင်တီမီတာရှိခဲ့ကာ ယခုနှစ် သြဂုတ်၂၃ ရက် တိုင်းထွာချက်အရ ၇၉၂ စင် တီမီတာရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဘားအံမြို့ မြေနိမ့်ရပ် ကွက်များဖြစ်သည့် အမှတ်(၂)ရပ်ကွက်အ တွင်း ဆယ်အိမ်စုရပ်ကွက်၊ ရွှေနှင်းဆီရပ် ကွက်၊ အမှတ် (၁) ရပ်ကွက်အတွင်းရှိ အုတ်ဖို ရပ်ကွက်နှင့် အမှတ် (၅) ရပ်ကွက်အတွင်းရှိ ရော်ဘာခြံ ၄ လမ်း၊ ရော်ဘာခြံ ၃ လမ်းတို့တွင် သံလွင်မြစ်ရေဝင်ရောက်လျက်ရှိကြောင်း သိ ရသည်။