၂၅ ဩဂုတ် ၂၀၂၀ - ၂၀:၅၆
 COVID-19 ပိုးတွေ့လူနာ ၆၇ ဦးရှိပြီး တစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာ ၁၂၂ ဦး ဆေးကုသမှု ခံယူနေ

သြဂုတ် ၂၅ ရက် နံနက်ပိုင်းအထိ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေသော COVID-19 ပိုးတွေ့လူနာ ၆၇ ဦးရှိပြီး တစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာ ၁၂၂ ဦး ဆေးကုသမှု ခံယူနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန



သြဂုတ် ၂၅ ရက် နံနက်ပိုင်းအထိ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေသော COVID-19 ပိုးတွေ့လူနာ ၆၇ ဦးရှိပြီး တစ်နိုင်ငံလုံးတွင် ပိုးတွေ့လူနာ ၁၂၂ ဦး ဆေးကုသမှု ခံယူနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ဆေးရုံတက်ရောက် ကုသလျက်ရှိသော COVID-19 ပိုးတွေ့ လူနာများမှာ စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် ၆၇ ဦး၊ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် ၂၆ ဦး၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးတွင် ၁၉ ဦး၊ တီးတိန်ပြည်သူ့ဆေးရုံတွင် လေးဦး၊ မြောက်ဦး ပြည်သူ့ဆေးရုံတွင် သုံးဦး၊ သံတွဲပြည်သူ့ဆေးရုံတွင် နှစ်ဦး၊ ကလေး ပြည်သူ့ဆေးရုံကြီးတွင် တစ်ဦး စုစုပေါင်း ၁၂၂ ဦးရှိကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် နှစ်ကြိမ်ဆက် ပိုးမတွေ့ရှိသူ ၃၄၁ ဦးရှိပြီး လက်ရှိ ဆေးရုံတက်ရောက် လျက်ရှိသော လူနာ ၁၂၂ ဦး၊ နှစ်ကြိမ် ပိုးမတွေ့၍ ဆေးရုံဆင်းသူ ၃၃၅ ဦးရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ် ၂၄ ရက် ညပိုင်းသတင်းထုတ်ပြန်မှုမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် လူနာ ၁၁ ဦးအနက် လူနာအမှတ် ၄၆၄ မှာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Quarantine ဝင်လာသူ တစ်ဦးဖြစ်ပြီး ကမာရွတ်မြို့နယ်မှ သူငယ်ချင်းအား လာရှာခြင်းဖြစ်သည်ဟုသိရပြီး သြဂုတ် ၂၅ ရက် ညပိုင်းအထိ စုစုပေါင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၅၀၄ ဦးအထိရှိ လာကြောင်း သိရသည်။

**************************************

END / 251



ကျန်းမာရေးဝန်ကြီးဌာနက လူနာအမှတ် ၄၆၄ မှာ ကမာရွတ်မြို့နယ်တွင် နေထိုင်ပြီး လှိုင်မြို့နယ်ရှိ Quarantine စင်တာတွင် အသွားအလာ ကန့်သတ်ထားရှိသည့် အသက် ၂၃ နှစ်ရွယ် အမျိုးသမီးတစ်ဦးဖြစ်ကာ ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိ၊ ပြည်ပခရီးသွားရာဇဝင် မရှိသူ တစ်ဦးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ် ၂၄ ရက် ညပိုင်း သတင်းထုတ်ပြန်ချက်အရ လူနာအမှတ် ၄၆၄ အပါအဝင် လူနာအမှတ် ၄၆၅ (၂၇ နှစ်အရွယ် အမျိုးသမီး)၊ ၄၇၃ (၅၇ နှစ်အမျိုးသား) ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် နေထိုင်သူတို့နှင့် ၄၆၇ (၇၅ နှစ်အရွယ်အမျိုးသား)၊ ၄၆၈  (၁၆ နှစ်အရွယ် အမျိုးသမီး)၊ ၄၆၉ (၁၅ နှစ်အရွယ် အမျိုးသမီး) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် နေထိုင်သူ စုစုပေါင်း ခြောက်ဦးသည် ရောဂါအတည်ပြု လူနာနှင့် ထိတွေ့ခြင်းမရှိ၊ ပြည်ပသို့ ခရီးသွားရာဇဝင် မရှိသူများဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ် ပေါင်မြို့နယ်တွင် နေထိုင်သူ လူနာအမှတ် ၄၆၆ သည် ရောဂါအတည်ပြု လူနာနှင့် ထိတွေ့ခြင်း မရှိသော်လည်း စင်္ကာပူနိုင်ငံသို့ ခရီးသွားရာဇဝင်ရှိသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့အတူ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသားလူနာ အမှတ် ၄၇၀၊ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးလူနာ အမှတ် ၄၇၁ နှင့် အသက် ၁၂ အရွယ်အမျိုးသမီး လူနာအမှတ် ၄၇၂၊ အသက် ၂၇ အရွယ် အမျိုးသမီးလူနာအမှတ် ၄၇၄ တို့သည် အတည်ပြုလူနာနှင့် ထိတွေ့ခဲ့ပြီး ပြည်ပခရီးသွားရာဇဝင် မရှိသူများဖြစ်ကြောင်း သိရသည်။