၂၀ စက်တင်ဘာ ၂၀၂၀ - ၁၉:၅၃
မိတ္ထီလာမြို့ပေါ်ရှိ NLD ပါတီ ဝန်းရံ အားပေး သူများ အား လူစု လူဝေး ပြုလုပ်ခြင်း   မှ ရှောင်ကြဉ်ပေးရန် ကိုယ်စား လှယ်လောင်း များ မေတ္တာရပ်ခံ

မိတ္ထီလာမြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အားပေးထောက်ခံ ဝန်းရံသူများအနေဖြင့် ကျန်းမာရေးစည်းမျဉ်း စည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် မလိုလားအပ်သောကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် လူစုလူဝေးပြုလုပ်ခြင်းများရှောင်ကြဉ်ပေးရန်နှင့် နေအိမ်အဆောက်အအုံများတွင် နေထိုင်၍ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ ကာကွယ်ထိန်းချုပ်၊ တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အားပေးထာက်ခံ ဝန်းရံပေးကြရန် NLD ပါတီလွှတ်တော်ကိုယ်စားလောင်းလေးဦး၏ မေတ္တာရပ်ခံပန်ကြားချက်အား မြို့ပေါ်လူစည်ကားရာနေရာများတွင် အသံချဲ့စက်ကားဖြင့် လိုက်လံကြေညာ ပေးခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

“ကျွန်တော်တို့ကို ဝန်းရံကြတဲ့ မြို့နေ ပြည်သူလူထုကို ကျန်းမာရေးစည်းကမ်းချက်နဲ့အညီ လိုက်နာနေထိုင်ဖို့၊ အဓိက ကတော့ COVID-19 ရောဂါမပြန့်ပွားအောင်၊ လူစုလူ ဝေးနဲ့  COVID-19 ရောဂါပိုး အန္တရာယ်ရှိနိုင် တာကို ရှောင်ရှားပြီး အခြားနည်းနဲ့ကိုယ့်အိမ် ကိုယ့်ရာက ဝန်းရံထောက်ခံပေးကြဖို့ မေတ္တာ ရပ်ခံတာပါ။ အဓိကကတော့ မြို့ပေါ် ၁၄ ရပ် ကွက်နဲ့ လူစည်ကားတဲ့နေရာမြို့ထဲပိုင်းမှာ မနေ့ညက ကျွန်တော်တို့ ကိုယ်စားလှယ်လောင်း လေးယောက်ရဲ့မေတ္တာရပ်ခံချက်ကို အသံချဲ့ စက်နဲ့ လိုက်လံနှိုးဆော် တာပါ” ဟု NLD ပါတီ မှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာ ဆင့်စိုးက စက်တင်ဘာ ၂၀  ရက် နံနက်ပိုင်းက ပြောကြားသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာ လတွင် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းထိန်ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ တွင် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် (၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် (၂) စသောလွှတ်တော်ကိုယ်စားလှယ် လေးနေရာလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ ရွေး ကောက်ပွဲအနိုင်ရခဲ့ကြောင်း သိရပြီး လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည့် အထွေထွေရွေးကောက်ပွဲ အတွက် မိတ္ထီ လာမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၃၀၀၀၀ ကျော်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီမှ လွှတ်တော်ကိုယ်စား လှယ်နေရာလေးနေရာ အတွက် ကိုယ်စားလှယ်လောင်းလေးဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

***************************************

END /251