၁၁ အောက်တိုဘာ ၂၀၂၀ - ၂၀:၁၂
အရ်ဗအီးန် ဟိုစိန်နီ ပါကစ္စတန် နိုင်ငံ တွင် အကြီးအကျယ် ပြုလုပ်

ပါကစ္စတန် နိုင်ငံ ရှိ သန်းပေါင်းများ စွာ သော ရှီအာ မွတ်စလင်မ်များ နှင့် အဲဟ်လေ့ဘိုက် (အ.စ) အား အချစ် မေတ္တာ ထားသူများ သည် ဤနှစ် ကရ်ဗလာ မြို့ တွင် ပြုလုပ် သည့် ခြေလျင် ကမ္ဘာ အရ်ဗအီးန် ဟိုစိန်နီ တွင် ကိုရိုနာ ရောဂါကပ်ဆိုးကြောင့် တက်ရောက် ခွင့် မရခဲ့သည့် အတွက် ဝမ်းနည်း ကြေကွဲ ကြောင်း ဖော်ထုတ် ခဲ့ ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

 

ပါကစ္စတန် နိုင်ငံ ရှိ သန်းပေါင်းများ စွာ သော ရှီအာ မွတ်စလင်မ်များ နှင့် အဲဟ်လေ့ဘိုက် (အ.စ) အား အချစ် မေတ္တာ ထားသူများ သည် အောက်တိုဘာ ၈ ရက်နေ့တွင် ကျရောက်လာသည့် အရ်ဗအီးန် ၊ အေမာမ် ဟိုစိန် (အ.စ) နှင့် ကိုယ်တော် ၏ သစ္စာ ရှင် သာဝကတော်များ ရှဟီးဒ် ဖြစ် ရက် ၄၀ ပြည့် အထိမ်းအမှတ် ကို ပြုလုပ်နိုင်ရန် မြို့ အသီးသီး မှ လမ်း မများ ပေါ်သို့ ထွက်လာပြီး အစ္စလာမ် မဇ်ဟဗ်များ စည်းလုံးမှု (စွန်နီ ရှီအာ ညီညွတ်မှု ) ကိုပြသရင်း ဤနှစ် ကရ်ဗလာ မြို့ တွင် ပြုလုပ် သည့် ခြေလျင် ကမ္ဘာ အရ်ဗအီးန် ဟိုစိန်နီ တွင် ကိုရိုနာ ရောဂါကပ်ဆိုးကြောင့် တက်ရောက် ခွင့် မရခဲ့သည့် အတွက် ဝမ်းနည်း ကြေကွဲ ကြောင်း ဖော်ထုတ် ခဲ့ ကြပါတယ်။

 

ပါကစ္စတန် နိုင်ငံ ၏ မြို့ များ ဖြစ်သည့် အစ္စလာမ် အာဗါဒ် ၊ လာဟိုရ် ၊ ကရာချီ ၊ ကွေတာ ၊ဟိုင်ဒဲရ် အာဗါဒ် ၊ ဗေရှာဝရ် နှင့် အက်စ်ကဒူ မြို့များ တွင် ရာပေါင်းများစွာသော အေမာမ်ဟိုစိန် (အ.စ) ၏ အဇါဒါရီပြုသူများ ကရ်ဗလာ မသွားခဲ့သူများ ကိုတွေ့ မြင် ရပါတယ်။

 

ဤနှစ် အရ်ဗအီးန် ဟိုစိန်နီ ၏ အရောင် နှင့်အနံ့ အထူး၊ထူးခြားမှု ရှိပါတယ်။ အကြောင်းမှာ ကိုရိုနာ ရောဂါကပ်ဆိုးကြောင့် ထောင်ပေါင်းများစွာသော အေမာမ်ဟိုစိန် (အ.စ) ကို ချစ်သူ ပါကစ္စတန် နိုင်ငံသားများ အီရန် ၊အီရတ်သို့ခရီးထွက်၍ အရ်ဗအီးန် ခြေလျင် ဇေယာရသ် ကို လုပ်ခွင့် မရခဲ့ကြပေ။

 

ဤအတွက်ကြောင့် ခြေလျင် ပွဲ များ ကရ်ဗလာ သို့ ခြေလျင် အရ်ဗအီးန် ခရီး သွား သည့် အနေဖြင့် ပါကစ္စတန် နိုင်ငံ မြို့တော် အစ္စလာမ်အာဗါဒ် နှင့် အခြား မြို့များ တွင် ကျင်းပခဲ့ကြ ပါတယ်။

 

ပါကစ္စတန် နိုင်ငံ ၏ အနယ်နယ် အရပ်ရပ် တွင် အရ်ဗအီးန် ဟိုစိန်နီ ကို အထူး တလည် ပြုလုပ် ခဲ့ကြ ပါတယ်။

 

အရ်ဗအီးန် ဟိုစိန်နီ သည် ပါကစ္စတန် နိုင်ငံသူ ၊နိုင်ငံသားများ ၏ စည်းရုံး ညီညွတ်မှုကိုပြရန် ပြုထားသည့် ကတိ တစ်ခု ဖြစ်ပါတယ်။

ပါကစ္စတန် ရှီအာ အဖွဲ့များ မှ တစ်ဖွဲ့ ဖြစ်ပြီး မဂ်ျလစ်စေဝဲဟ်ဒသ်သေ မွတ်စလေမီးန် ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ အလမာ ရာဂျာ နာစေရ် အဘာစ် ဂျအ်ဖရီ မှ အစ္စလာမ် အာဗါဒ် မြို့ တွင် ပြုလုပ်သည့် အရေး ကြီး သတင်းစာ ရှင်းလင်း ပွဲ တစ်ခု တွင် အစွန်းရောက် မှု ကို မုန်းတီးရေး ၊ အစ္စလာမ်ဘုံရန်သူများ ၏ ကောက်ကျစ် ကြံစည်မှု ဖျားယောင်မှု နှင့်ပတ်သက်ပြီး အသိရှိရေး တို့ကို တိုက်တွန်းပြောကြားရင်း ရန်သူ၏ အကြံအစည်ကို ညီညွတ် စည်းလုံးရေး တစ်ခုတည်းနှင့်သာ ဖျက်စီးနိုင် ကြောင်း ပြောကြားခဲ့ပါတယ်။

 

အလမာ ရာဂျာ နာစေရ် အဘာစ် ဂျအ်ဖရီ မှ ဆက်လက်ပြီး တိုက်တွန်းပြောကြား သည်မှာ - အစ္စလာမ် ဘုံရန်သူများ ၏ အဓိက လိုလား ချက်မှာ ပါကစ္စတန် အသိုင်းအဝိုင်း အကြား ကြင်နာ သနားတတ်သည့်မျက်နှာတော် ရှင် အစ္စလာမ် ၏ မျက်နှာတော် နှင့် ငြိမ်းချမ်းရေးကို လိုလားသည့် မွတ်စလင်အသိုင်းအဝိုင်းများ အကြား ပုံပျက်ပန်းပျက် ဖြစ်အောင် လုပ်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

၎င်းအနေဖြင့် ဆက်လက်ပြီး အရ်ဗအီးန် နေ ဟိုစိန်နီ အား စွန်နီ ရှီအာ ညီညွတ်ရေးနေ့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကွဲပြား ခြားနားနေသည့် အလွှာ အသီးသီး မှ ပါကစ္စတန် နိုင်ငံသားများ ကို ဆဖရ်လ ၂၀ ရက်နေ့ အေမာမ် ဟိုစိန် (အ.စ) နှင့် ကိုယ်တော် ၏ သစ္စာ ရှင် သာဝကတော်များ ရှဟီးဒ် ဖြစ် ရက် ၄၀ ပြည့်သည့်နေ့ အရ်ဗအီးန် နေ့ တွင် မြို့ ကြီး မြို့ ငယ်များ မှ အင်တိုက်အားတိုက် တက်ရောက် ပါဝင်ကြရန် မေတ္တာ ရပ်ခံ ပြောကြားခဲ့ပါတယ်။

 

အလမာ ရာဂျာ နာစေရ် အဘာစ် ဂျအ်ဖရီ မှ ဆက်လက်ပြီးပြောကြားသည်မှာ - ဆွန်နီ ရှီအာ စည်းလုံး ညီညွတ်ရေး သည် သာဓကအားဖြင့် အစဉ်အမြဲ စည်းလုံးရေး ရန်သူများ နှင့် အစွန်းဖက်သူများ မဇ်ဟဗ်ဘီ ပြဿနာ လုပ်သူများ ကို နှုတ်မဟ နိုင်အောင် လက် တုံပြန် အဖြေပေးမှု တစ်ခုဖြစ်ကြောင်း ဤရည်ရွယ်ချက် ဖြင့် ပါကစ္စတန် တွင် ရှိနေသည့် အစ္စလာမ် ဘာသာဝင် ဂိုဏ်း အသီးသီး ၊ မဇ်ဟဗ် အသီးသီး တို့ စည်းလုံးညီညွတ်မှုဖြင့် ရှိရှိသမျှ အစ္စလာမ်ဘုံရန်သူများ ၏ အကြံအစည်ကို အဆုံးသတ်ပေးနိုင် မည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါ တယ်။

 

ဤအတွက်ကြောင့် အရ်ဗအီးန် ဟိုစိန် နီ အား ရှိရှိ သမျှ ကျက်သရေမင်္ဂလာ အပြည့် နှင့် မြို့ အများစု တွင် ပြုလုပ် နိုင်ခဲ့ပါတယ်။ အထူး ငြိမ်းချမ်း ငြိပ်ဝပ်မှု ကို သရုပ် ပြ နိုင်ခဲ့ပါတယ်။

အစ္စလာမ်အာဗါဒ် အပါအဝင် အခြား မြို့ ရှိ ရဲများ အနေဖြင့် အသင့်အနေအထား တွင် ရှိနေပြီး မသမာသူများ ကြံစည်၍ မရရန် ဖုန်းလိုင်းများ ကို တစ်ည လုံး ဖြတ်တောက်ထားကြောင်း သိရှိ ရပါတယ်။

 

ကွေတာ ၊ကရာချီ ၊လာဟိုရ် ၊ဗေရှာဝရ် မြို့ များတွင် ငြိမ်ဝပ်ပိပြားမှု အေးချမ်းမှု အပြည့် ဖြင့် အရ်ဗအီးန် ပြုလုပ်နိုင်ခဲ့ကြပါတယ်။

 

အရ်ဗအီးန် နေ့ တွင် ပါကစ္စတန် နိုင်ငံ ရှိ အေမာမ်ဘာရာများ ဘာသာရေး အဆောက်အဦးများတွင် လူပြည့် စည်းကားလျက် အဇါဒါရီ ပြုကြပါတယ်။

*************************************************

END/251