၂၉ ဇန်နဝါရီ ၂၀၂၁ - ၂၀:၂၁
ရိုဟင်ဂျာ ဒုက္ခသည် တတိယ အသုပ် ကို သီးသန့် ကျွန်းဆီ ဘင်္ဂလားဒေ့ရှ် ပို့ဆောင်

ဒီလုပ်ငန်းစဉ်ကိုရပ်တန့်ဖို့လူ့အခွင့်အရေးအဖွဲ့တွေကတောင်းဆိုမှုတွေရှိပေမယ့်လည်း ရိုဟင်ဂျာဒုက္ခသည်တတိယအသုပ်ကို ဘင်္ဂလားပင်လယ်အော်က သီးသန့်ကျွန်းသစ် တစ်ကျွန်းဆီ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပို့ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ဒီလုပ်ငန်းစဉ်ကိုရပ်တန့်ဖို့လူ့အခွင့်အရေးအဖွဲ့တွေကတောင်းဆိုမှုတွေရှိပေမယ့်လည်း ရိုဟင်ဂျာဒုက္ခသည်တတိယအသုပ်ကို ဘင်္ဂလားပင်လယ်အော်က သီးသန့်ကျွန်းသစ် တစ်ကျွန်းဆီ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပို့ခဲ့ပါတယ်။


သောကြာနေ့မနက်မှာတော့ ရိုဟင်ဂျာဒုက္ခသည် ၁၇၇၈ဦးကို နိုင်ငံအရှေ့တောင်ပိုင်းဆိပ်ကမ်းမြို့ချာတိုဂရမ်ကနေ သင်္ဘောလေးစီးနဲ့ ဘာရှန်ချာကျွန်းဆီ စတင်ပို့ဆောင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရေတပ်အကြီးအကဲ အမ်မိုဇမ်မယ်ဟာ့ဂ်က ပြောကြားခဲ့ပါတယ်။ ဒုက္ခသည်စတုတ္ထအသုပ်ကိုတော့ ပြည်မကနေ ၃၄ကီလိုမီတာ(၂၁မိုင်)မှာတည်ရှိတဲ့ ကျွန်းဆီ စနေနေ့မှာပို့ဆောင်သွားမှာဖြစ်ကြောင်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။


“ဒီဇင်ဘာကတည်းက ဒီကျွန်းဆီဒုက္ခသည် ၄ထောင် ဝန်းကျင်ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်ဒုက္ခသည် ၁သိန်းဝန်းကျင်လောက်ထိ ကျွန်တော်တို့နေရာချ ထားမှုတွေလုပ်နိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်ကိုဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်သွားမှာပါ” လို့သူကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒီလိုပြန် လည်နေရာ ချထားရေးအစီအစဉ်ဟာ ဒုက္ခသည် ၁သန်းကျော် မြန်မာဆီပြန်လည်ပို့ဆောင်သွားဖို့ စီစဉ်မှုတွေဆက်လက်ဆောင်ရွက်နေတဲ့တစ်ချိန်တည်းပဲ သူတို့ အတွက်ပိုမိုကောင်းမွန်တဲ့နေထိုင်မှုဘဝအခြေအနေတွေရရှိဖို့ ရည်ရွယ်ထားခြင်းဖြစ်တယ်လို့ အစိုးရကအခိုင်အမာဆိုပါတယ်။


ကျွန်းဆီပို့ဆောင်ခံရတဲ့ ဒုက္ခသည်တွေကိုကောင်းမွန်ဆက်ဆံထားရှိသလို သူတို့အနေနဲ့ ကျွဲနွားမွေးမြူရေးနဲ့ ကြက်၊ဘဲမွေးမြူရေးတွေလုပ်ရာကနေ ဝင်ငွေတွေရရှိနိုင်သလို လက်မှုပစ္စည်းတွေဖန်တီးရင်းဝင်ငွေရရှိနိုင်ဖို့ ရွေးချယ်စရာတွေရရှိလာလိမ့်မှာဖြစ်ကြောင်း ဟာ့ဂ်ကပြောကြားခဲ့ပါတယ်။ သူတို့ကိုစီးပွားရေးပိုင်းဖွံဖြိုးတိုးတက်မှုတွေဖြစ်စေဖို့ လိုလားဆန္ဒရှိပေမယ့် သူတို့ကိုမြန်မာနိုင်ငံဆီပြန်လည်ပို့ဆောင်ရေးဟာ နောက်ဆုံးသောရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။


“ဒီကနေ့သူတို့ရောက်လာတဲ့အခါ ဆရာဝန်တွေကကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်ပေးခဲ့သလို သူတို့အတွက် အစားအစာနဲ့ နေရာထိုင်ခင်းတွေစီစဉ်ပေးသွားမှာပါ” လို့သူကဆိုပါတယ်။ ဒုက္ခသည်တစ်ချို့ဟာ ဒီကျွန်းဆီအတင်းအဓ္ဓမပို့ဆောင်ခြင်းခံရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူများအဖွဲ့တွေက ပြောဆိုထားပေမယ့် ဒုက္ခသည်တွေဟာမိမိဆန္ဒအလျောက်ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ရှိတ်ခ်ဟာစီနာရဲ့ အစိုးရက ပြောကြားခဲ့ပါတယ်။


ဒီကျွန်းဟာလွန်ခဲ့တဲ့နှစ်၂၀လောက်ကမှ ပင်လယ်ပြင်ကနေပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး ယခင်ကလူနေထိုင်ခြင်းမရှိတဲ့ကျွန်းတစ်ကျွန်းလည်းဖြစ်ပါတယ်။ မိုးတွင်းကာလဆို ရေကြီးရေလျှံလေ့ရှိပေမယ့် လက်ရှိမှာတော့ ရေကာတာတမံတွေတည်ဆောက်ထားသလို စုစုပေါင်း ဒေါ်လာ ၁၁၂သန်းကျော် ကုန်ကျခံကာ အိမ်တွေ ဆေးရုံတွေနဲ့ ဗလီတွေပါ ဘင်္ဂလားဒေ့ရှ်ရေတပ်က တည်ဆောက်ပေးခဲ့ပါတယ်။ ဒီကျွန်းမှာ ဒုက္ခသည် ၁သိန်းကျော်နေထိုင်နိုင်ဖို့ ဒီဇိုင်းဖန်တီးထားခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ဆန္ဒအလျောက် ဒုက္ခသည်တွေကိုပြန်လည်နေရာချထားမှုတွေလုပ်ဆောင်ခြင်းဖြစ်ကြောင်းနဲ့ ဘယ်လိုဖိအားပေးခြင်းမှမရှိကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။


ဒါပေမယ့်လည်း နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီက ဒီကျွန်းရွှေ့ပြောင်းနေရာချထားမှုကို ၂၀၁၅ခုနှစ်ကတည်းက ဆန့်ကျင်ကန့်ကွက်နေခဲ့တာဖြစ်ပြီး ပြင်းထန် တဲ့မုန်တိုင်းတွေက ကျွန်းကိုဝါးမြိုနိုင်ကြောင်းနဲ့ လူ့အသက်ထောင်နဲ့ချီအန္တရာယ်ရှိကြောင်း ပြောကြားခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒီအစီအစဉ်ကိုဖျက်သိမ်းဖို့ နိုင်ငံ တကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က တိုက်တွန်းထားပေမယ့် အစိုးရကတော့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂအနေနဲ့ ကောင်းမွန်တဲ့ရည်ရွယ်မှုတွေကို နားလည်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “Bangladesh sends third group of Rohingya refugees to island” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



###################################
END / 251