အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ္စလာမ် အဗ္နာ) သတင်းဌာနာ
မွန်ပြည်နယ် ရေးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ဒူပလာခရိုင်၊ ဝင်းရေးမြို့နယ်မှာ မတ်လ ၂၂ ရက်နေ့က ကရင်လူငယ်တွေ ဦးဆောင်ပြီး အာဏာသိမ်း စစ်အုပ်စုကို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကရင်လူငယ် သပိတ်စစ်ကြောင်းကို KNU က လုံခြုံရေး ယူပေးခဲ့ပါတယ်။
စစ်အာဏာရှင်ကို ဆန္ဒဖော်ထုတ်ခဲ့တဲ့ ကရင်လူငယ်တွေက ဒီမိုကရေစီ ရရှိရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ မတရား ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါ တယ်။
ဒါအပြင် ဘဝတူ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံ တရပ်ပေါ်ပေါက်ရေးအတွက် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
******************************************
END / 251
၂၂ မတ် ၂၀၂၁ - ၁၈:၄၈
News ID: 1125441
မွန်ပြည်နယ် ရေးမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ဒူပလာခရိုင်၊ ဝင်းရေးမြို့နယ်မှာ မတ်လ ၂၂ ရက်နေ့က ကရင်လူငယ်တွေ ဦးဆောင်ပြီး အာဏာသိမ်း စစ်အုပ်စုကို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။