၂၅ မတ် ၂၀၂၁ - ၁၉:၁၈
ရဲချုပ် သန်းလှိုင်  ဒုဗိုလ်ချုပ်ကြီး အောင်စိုး ခြေလျင် တပ်မ ၇၇ နဲ့  တပ်မ ၃၃ တို့ကို အမေရိကန် ပိတ်ဆို့ အရေးယူ

ရဲမှူးကြီးအပါအဝင် မြန်မာစစ်အစိုးရ အဖွဲ့ဝင်နှစ်ဦးနဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြသူတွေကို လူသေဆုံးသည်ထိ ဖိနှိပ်မှုတွေလုပ်ဆောင်နေတဲ့ တပ်မနှစ်ခုကိုပါ အမေရိကန်ဘဏ္ဍာရေးဌာနရုံးက အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်လိုက်ပြီး နောက်ထပ်အရေးယူမှုတွေထပ်လာမယ်လို့ ဝါရှင်တန်က သတိပေးခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


ရဲမှူးကြီးအပါအဝင် မြန်မာစစ်အစိုးရ အဖွဲ့ဝင်နှစ်ဦးနဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြသူတွေကို လူသေဆုံးသည်ထိ ဖိနှိပ်မှုတွေလုပ်ဆောင်နေတဲ့ တပ်မနှစ်ခုကိုပါ အမေရိကန်ဘဏ္ဍာရေးဌာနရုံးက အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်လိုက်ပြီး နောက်ထပ်အရေးယူမှုတွေထပ်လာမယ်လို့ ဝါရှင်တန်က သတိပေးခဲ့ပါတယ်။


စစ်အစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့ စစ်တပ်ပိုင် ကုမ္ပဏီတစ်ချို့ကို သမ္မတဂျိုးဘိုင်ဒန်အစိုးရက အမည်ပျက်စာရင်းသွင်းခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်ကသူတို့လုပ်ရပ်တွေကို ပြောင်းလဲဖို့ငြင်းဆန်ခဲ့ပြီး စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေတိုးမြှင့်လုပ်ဆောင်လာတာကြောင့် လူပေါင်း ၂၅၀ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။


“ဒီကနေ့အရေးယူလိုက်တာတွေက စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့ အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့တာဝန်ရှိသူတွေကို အရေးယူမှုတွေဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိပြုချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ပြင်းထန်တဲ့ အမှာစကားတစ်ခုပဲဖြစ်ပါတယ်” လို့ နိုင်ငံတော်အတွင်းရေးမှူး အန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။ ဖေဖေါ်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့ဆက်နွယ်တဲ့ မြန်မာကလူပုဂ္ဂိုလ် ၁၁ဦးကို တနင်္လာနေ့က အီးယူကအရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်ရဲ့အရေးယူမှုထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။


စစ်အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့ကိုဦးဆောင်ဖို့ ခန့်အပ်ထားတဲ့ ရဲချုပ်သန်းလှိုင်နဲ့ ဖိနှိပ်မှုတွေကိုကြီးကြပ်ကွပ်ကဲနေတဲ့ ဒုဗိုလ်ချုပ်ကြီးအောင်စိုးတို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက ပစ်မှတ်ထားအရေးယူလိုက်တာဖြစ်ပါတယ်။ အမည်ပျက်စာရင်းသွင်းခံရသူတွေရဲ့ အမေရိကန်ကပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းသွားမှာဖြစ်သလို အမေရိကန်နိုင်ငံသားတွေ သူတို့နဲ့ဆက်စပ်ပတ်သက်မှုမလုပ်ဖို့ အထွေထွေအားဖြင့် ပိတ်ပင်ခံရတာဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးက ဆန္ဒပြသူတွေကိုဖိနှိပ်ဖို့ စေလွှတ်ထားတဲ့ စစ်တပ်ရဲ့ ခြေမြန်တပ်မ ၇၇နဲ့ တပ်မ ၃၃ တို့ကိုလည်း အမေရိကန်က အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။


“လုံခြုံရေးတပ်ဖွဲ့တွေဟာ ပစ်ကပ်ထရက်ကားတွေပေါ်ကနေ ကျည်အဆစ်တွေနဲ့ ပြည်သူလူထုရဲ့နေအိမ်တွေကော နေရာမျိုးစုံကိုတရားလက်လွတ်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာကို ဗီဒီယိုမှတ်တမ်းတွေမှာပြသနေပါတယ်” လို့ ဘဏ္ဍာရေးဌာနကဆိုပါတယ်။ တပ်မ ၃၃ ဟာ ရိုဟင်ဂျာမွတ်စလင်တွေကိုအကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ ၂၀၁၇ခုနှစ် စစ်တပ်ရဲ့စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့သူတို့ရဲ့အခန်းကဏ္ဍအတွက် အမေရိကန်လူ့အခွင့်အရေးဆိုင်ရာအရေးယူ ပိတ်ဆို့မှုတွေခံထားရပြီးဖြစ်တဲ့ စစ်တပ်ခြေလျင်တပ်မနှစ်ခုထဲကတစ်ခုဖြစ်ပါတယ်။


Channel News Asia သတင်းဌာနပါ “US blacklists Myanmar police chief, army units over deadly crackdown” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။




******************************************
END / 251