အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဒီနေ့ ရန်ကုန် တောင်ဒဂုံမှာ စစ်တပ်က ပစ်ခတ်လို့ အနည်းဆုံး ၃ ယောက်ကျဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဧရာဝတီဘဏ်ဝန်ထမ်း မခိုင်ဇာသွယ်က ၁၉ ရပ်ကွက်မှာ မနက်က မျက်လုံးကို ပစ်ခံရတာပါ။ လည်ပင်းထိတဲ့အကိုက ညနေ ၄ နာရီကျော်မှာ ၇၀ ရပ်ကွက် ကျန်စစ်သားလမ်းမှာ ပစ်ခံရတာပါ။ သူက ၇၁ ရပ်ကွက် မင်းရဲကျော်စွာ ၂ လမ်းမှာနေပါတယ်။ ကလေး ၃ ယောက်နဲ့ မိန်းမရှိပါတယ်။ နောက်တယောက်အကြောင်းကတော့ မသိရသေးပါဘူး" လို့ ဒေသခံတယောက်က ပြောပါတယ်။
တောင်ဒဂုံမှာ ဝိုင်ဖိုင် အင်တာနက်ကြိုးတွေ ဖြတ်ခံထားရလို့ ဆက်သွယ်ရ ခက်ခဲနေပြီး သေဆုံးသူဟာ ဒါထက်မက များနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
နောက်ထပ် သိရသလောက် ၁၉ ရပ်ကွက်မှာ အမျိုးသားတယောက် ပေါင်ကို ရာဘာကျည်ထိ၊ လှော်ကားလမ်းမပေါ် မှာ အမျိုးသားတယောက် ပေါင်ကို ကျည်အစစ်ထိ၊ ၅၆ ရပ်ကွက်မှာ အမျိုးသားတယောက် ရင်ဘတ်ကျည်အစစ်ထိတယ်လို့ သိရပြီး ဒဏ်ရာရသူတွေ ရှိသေးတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဒဏ်ရာရပြီး ဖမ်းဆီးခံရသူတွေနဲ့ တခြား ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။
******************************************
END / 251
၂၈ မတ် ၂၀၂၁ - ၁၈:၄၈
News ID: 1127090
ဒီနေ့ ရန်ကုန် တောင်ဒဂုံမှာ စစ်တပ်က ပစ်ခတ်လို့ အနည်းဆုံး ၃ ယောက်ကျဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။