အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
တောင်ကိုရီးယားဘဏ် Shinhan Bank ရန်ကုန်ဘဏ်ခွဲရဲ့ ကြိုပို့ယာဉ်ကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ရာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့ ဘဏ်ဝန်ထမ်း မစုစုကြည်ရဲ့ နာရေးကို ဧပြီ ၂ရက်နေ့ ကပြုလုပ်ခဲ့ပါတယ်။
မတ်လ ၃၁ ရက်ညနေပိုင်းက မစုစုကြည် လိုက်ပါလာတဲ့ ဘဏ်ဝန်ထမ်းကြိုပို့ယာဉ်မှာ ရန်ကုန် ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းအတိုင်း မောင်းနှင်လာစဉ် အကြမ်းဖက်စစ်တပ်က ပစ်ခတ်ရာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရခဲ့တာပါ။
မစုစုကြည်ကို ရန်ကုန်ဆေးရုံကြီးမှာ ပို့ဆောင်ကုသနေစဉ် ယနေ့ ဧပြီ ၂ ရက် မနက် ၉ နာရီခန့်လောက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
******************************************
END / 251
၂ ဧပြီ ၂၀၂၁ - ၁၈:၅၇
News ID: 1128179
တောင်ကိုရီးယားဘဏ် Shinhan Bank ရန်ကုန်ဘဏ်ခွဲရဲ့ ကြိုပို့ယာဉ်ကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ရာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့ ဘဏ်ဝန်ထမ်း မစုစုကြည်ရဲ့ နာရေးကို ဧပြီ ၂ရက်နေ့ ကပြုလုပ်ခဲ့ပါတယ်။