၂၁ အောက်တိုဘာ ၂၀၂၆ - ၁၉:၅၃
ယီမင်လက်နက်ကိုင်တပ်ဖွဲ့များက ဆော်ဒီအာရေဗျရှိ အဓိကပစ်မှတ် ၇ ခုကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာ

ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က စစ်ဆင်ရေးအများအပြား ပြုလုပ်ခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံရှိ အာရမ်ကို ကုမ္ပဏီ၊ ရေနံမြေ၊ နိုင်ငံတကာလေဆိပ်များ၊ လေတပ်စခန်းနှင့် ရေဒါစခန်းများအပါအဝင် အဓိကပစ်မှတ် ၇ ခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ်က စစ်ဆင်ရေးအများအပြားအတွင်း ဆော်ဒီအာရေဗျနိုင်ငံရှိ အဓိကပစ်မှတ် ၇ ခုကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

၎င်း၏ ပြောကြားချက်အရ စစ်ဆင်ရေးတစ်ခုတွင် ယန်ဘူမြို့ရှိ အာရမ်ကို (Aramco) ကုမ္ပဏီကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အခြားစစ်ဆင်ရေးတစ်ခုတွင် ရှိုင်ဘာ (Shaybah) ရေနံမြေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

တတိယစစ်ဆင်ရေးတွင် ရီယာ့ဒ်မြို့ရှိ ဘုရင်ခါလစ် နိုင်ငံတကာလေဆိပ် (King Khalid International Airport) ကို ပစ်မှတ်ထားခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။

ထို့အပြင် အဗ်ဟာ နိုင်ငံတကာလေဆိပ် (Abha International Airport)၊ ခမီးစ် မူရှိုက်တ် (Khamis Mushait) လေတပ်စခန်းနှင့် အလ်ဟစ်ဆွန်း (Al-Hisn)၊ အရ်ရဟ်မာ (Al-Rahmah) တောင်တန်းများရှိ ရေဒါတပ်ဆင်ရေးအဆောက်အအုံများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုပါတယ်။

ယင်းအပြင် ဆော်ဒီရေတပ်၏ စစ်ဆင်ရေးတပ်ဖွဲ့တစ်ခု၏ စခန်းနှင့် ဘီအ်ရ် အက်စ်ကာ (Bi’r Askar) ရှိ ဆော်ဒီရေဒါစခန်းတစ်ခုတို့ကိုလည်း ပစ်မှတ်များအဖြစ် သတ်မှတ်တိုက်ခိုက်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အဆိုပါစစ်ဆင်ရေးအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ရည်မှန်းထားသည့် ပစ်မှတ်များကို အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ဤတိုက်ခိုက်မှု ၏ရလဒ် ဖြစ်သည့်  ထိခိုက်ပျက်စီးမှုအခြေအနေများကို အတိအကျ တော့ မသိရသေးချေ။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha