အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
တောင်ကိုရီးယားနိုင်ငံ Ulsan (အူဆန်မြို့) မှာ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
အူဆန်မြို့က နိုင်ငံခြား အလုပ်သမားကူညီရေးစင်တာက ကိုရီးယားတွေ၊ အူဆန် တက္ကသိုလ်က ကျောင်းသားတွေနဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာလို့ ပါဝင်သူတဦးက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့မှာ မြန်မာနိုင်ငံသားတွေ စုပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
*****************************************************************
END / 251